Khumi Refugee Community

Khumi Refugee Community 1. In response to growing social protection needs, the Sami Region Christian Fellowship convened a general meeting to provide support and structure.

"This organization, KRC, adheres to UNHCR regulations and provides assistance with specific social and refugee-related issues for ethnic groups from the Sami region in Malaysia." About the Organization
The Khumi Refugee Community (KRC) is one of the Myanmar refugee organizations based in Malaysia, operating under the guidance of UNHCR. Our organization was officially established on March 21, 2013,

following a separation from the Paletwa Khumi Community, which had faced challenges in administration and leadership. Today, we are known as the Khumi Refugee Community (KRC), headquartered in Kuala Lumpur, Malaysia.

2. Accreditation with CRC
In the year following our establishment, KRC engaged in discussions with the Executive Committee of the Chin Refugees Committee (CRC) to join their network. Shortly thereafter, we were officially welcomed as a member under CRC administration. Since then, KRC has worked collaboratively with both CRC and UNHCR to address urgent social issues affecting refugees. These include support for individuals facing medical challenges, disabilities, pregnancy, and other critical conditions.

3. Who We Are
The Khumi Refugee Community (KRC) operates in affiliation with CRC and UNHCR, with a mission to promote and support social welfare for those in need. We advocate for and assist individuals who have fled Myanmar due to war, religious persecution, political oppression, racial discrimination, and other forms of injustice. As a community of stateless and persecuted people, we believe in the power of humanity, resilience, and dignity. Our commitment is to uplift and support those who are mentally and psychologically affected, helping them rebuild their lives with hope and strength.

မနီခိုင်၏ ကျန်ကြွင်းသော ရုပ်ကလာပ်အား ၂၀/၇/၂၀၂၆ ရက်နေ့တွင် Selangor ပြည်နယ်၊ Semenyih မြို့ရှိ Christian Cemetery Broga သ...
20/07/2026

မနီခိုင်၏ ကျန်ကြွင်းသော ရုပ်ကလာပ်အား ၂၀/၇/၂၀၂၆ ရက်နေ့တွင် Selangor ပြည်နယ်၊ Semenyih မြို့ရှိ Christian Cemetery Broga သုသာန်၌ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပြီးဖြစ်ပါသည်။

20/07/2026

မနီခိုင်၏ နောက်ဆုံးခရီး ဈာပနအခမ်းအနား

၂၀/၇/၂၀၂၆

ဈာပနအစီအစဉ် အသိပေးခြင်း****************************ကွယ်လွန်သူ မနီခိုင် ၏ ကျန်ရစ်သော ရုပ်ကလာပ်အား မနက်ဖြန် (၂၀/၇/၂၀၂၆) ရက...
19/07/2026

ဈာပနအစီအစဉ် အသိပေးခြင်း
****************************
ကွယ်လွန်သူ မနီခိုင် ၏ ကျန်ရစ်သော ရုပ်ကလာပ်အား မနက်ဖြန် (၂၀/၇/၂၀၂၆) ရက်၊ တနင်္လာနေ့ ညနေ ၃ နာရီခွဲတွင် Selangor ပြည်နယ်၊ Semenyih မြို့ရှိ Christian Cemetery Broga သုသာန်၌ မြေမြှုပ်သင်္ဂြိုဟ်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဈာပနသို့ လိုက်ပါပို့ဆောင်ကြမည့် ရပ်နီးရပ်ဝေးမှ ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မိသားစုဝင် ညီအစ်ကိုမောင်နှမများအားလုံး SRCF ဘုရားကျောင်း (Pudu) မှ နေ့လည် ၂ နာရီတွင် ဘတ်စ်ကား စတင်ထွက်ခွာမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

နေ့ရက် – ၂၀/၇/၂၀၂၆ (တနင်္လာနေ့)
မြေမြှုပ်သင်္ဂြိုဟ်မည့်နေရာ – Christian Cemetery Broga
လိပ်စာ – Lot 930, Jln Broga, Broga, 71750 Semenyih, Selangor

ဝမ်းနည်းကြေကွဲခြင်း*******************ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟီဝရွာန...
18/07/2026

ဝမ်းနည်းကြေကွဲခြင်း
*******************
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟီဝရွာနေ အဖ ဦးမောင်းလုံးနှင့် အမိ ဒေါ်အောင်ကိုတို့၏ သမီး မနီခိုင်သည် ကျန်းမာရေးအခြေအနေကြောင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ HKL ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေစဉ် မနေ့က ၁၇/၇/၂၀၂၆ ရက်၊ ည ၆ နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါပြီဖြစ်ကြောင်း ညှိုးငယ်စွာဖြင့် သက်ဆိုင်သူ ဆွေမျိုး၊ မိတ်ဆွေ၊ မိသားစု ညီအစ်ကိုမောင်နှမများထံ ညှိုးငယ်စွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ သင်္ဂြိုလ်မည့်ရက်အား ပြန်လည်အသိပေးသွားပါမည်။

UNHCR Website အသစ် စတင်အသုံးပြုနိုင်ပါပြီ။___________Refugee Malaysia Website အစားထိုး Website အသစ်ဖြစ်သည့် UNHCR Malays...
14/07/2026

UNHCR Website အသစ် စတင်အသုံးပြုနိုင်ပါပြီ။
___________

Refugee Malaysia Website အစားထိုး Website အသစ်ဖြစ်သည့် UNHCR Malaysia HELP Website နှင့် My Services Portal ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်

UNHCR မှ ပြန်လည်အသိပေးခြင်း။______________________________My Services Website ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၄) ရက်မှ စပြီး ...
13/07/2026

UNHCR မှ ပြန်လည်အသိပေးခြင်း။
______________________________
My Services Website ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၄) ရက်မှ စပြီး အသုံးပြုသွား မည်ဟု UNHCR မှ အသိပေးခဲ့သော်လည်း ပြုပြင်ရန် ဆက်လက်ရှိနေသည့် အတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၅) (ဗုဒ္ဓဟူးနေ့) မှ သာ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း UNHCR မှ ပြန်လည် အသိပေးလာခဲ့ပါသည်။

- My Services မှ လျှောက်ထားရန် အလျင်စလို မလိုအပ်ပါ။

- မိမိတို့အဆင်ပြေသည့်အချိန်တွင် Registration နှင့် Application များကို ပြုလုပ်နိုင်ပါသည်။

- ယခင် Refugee Malaysia Website မှတစ်ဆင့် တင်သွင်းထားသော Application များအားလုံးကို UNHCR မှ လုံခြုံစွာ သိမ်းဆည်းထားပြီးဖြစ်ပါသည်။ UNHCR မှ Community Leaders များအတွက် Briefing ကို မကြာမီ ပြုလုပ်မည်ဖြစ်ပြီး၊ အသေးစိတ်အချက်အလက်များကို ဆက်လက်မျှဝေပေးသွားပါမည်။ ဒုက္ခသည်များအနေဖြင့် မဟုတ်မမှန်သတင်းများကို မယုံကြည်ဘဲ UNHCR နှင့် UN အသိအမှတ်ပြု Community ရုံးများမှ ထုတ်ပြန်သော တရားဝင်အသိပေးချက်များကိုသာ ကိုးကားပေးကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

ခြောက်လပတ် လူထုအစည်းအဝေး ဖိတ်ကြားခြင်း။၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်
07/07/2026

ခြောက်လပတ် လူထုအစည်းအဝေး ဖိတ်ကြားခြင်း။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

UNHCR Malaysia Q2 Community Leaders Townhall Meeting မှ ဒုက္ခသည်များ သိရှိထားသင့်သော အရေးကြီးအချက်အလက်များ______________...
02/07/2026

UNHCR Malaysia Q2 Community Leaders Townhall Meeting မှ ဒုက္ခသည်များ သိရှိထားသင့်သော အရေးကြီးအချက်အလက်များ

_________________
နှင့်
၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ မှစတင်၍ Refugee Malaysia Website နေရာတွင် Help Site နှင့် My Services Portal ကို အစားထိုး အသုံးပြုသွားမည် ဖြစ်ပါသည်။

မှတစ်ဆင့်
• ဖမ်းဆီးခံရမှု (Report Arrest)
• Fraud & Corruption တိုင်ကြားခြင်း
• Voluntary Return Counselling လျှောက်ထားခြင်း
• ဖုန်းနံပါတ် Update ပြုလုပ်ခြင်း
• Family Inclusion လျှောက်ထားခြင်း စသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပါသည်။


My Services Portal သည် UNHCR တွင် မှတ်ပုံတင်မထားရသေးသူများ အတွက် အွန်လိုင်းမှ တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်ဖြစ်ပါသည်။

#အသုံးပြုနိုင်မည့် ဝန်ဆောင်မှုများမှာ
✅ Registration Application တင်သွင်းခြင်း
✅ Appointment Date နှင့် လျှောက်လွှာအခြေအနေ စစ်ဆေးခြင်း
✅ ဖုန်းနံပါတ် ပြောင်းလဲခြင်း(အပ်ဒိတ်)
✅ Specific Needs (မသန်စွမ်းမှု၊ ကျန်းမာရေးဆိုင်ရာ အထူးလိုအပ်ချက်များ) တင်ပြခြင်း

⚠️ UNHCR တွင် မှတ်ပုံတင်ပြီးသူများ (UN ရပြီးသူများ) သည် Registration အသစ် ထပ်မံလျှောက်ထားရန် မလိုအပ်ပါ။

#သတိပြုရန်
- My Services Account ဖွင့်ရာတွင် အသုံးပြုသော Email နှင့် ဖုန်းနံပါတ် သည် အသုံးပြုနိုင်သော (Active) အခြေအနေတွင် ရှိရပါမည်။
- Email နှင့် Password ကို သေချာစွာ မှတ်သားထားပါ။
- Refugee Malaysia (RM) Reference Number ရှိသူများသည် လျှောက်လွှာဖြည့်ရာတွင် မဖြစ်မနေ ထည့်သွင်းရပါမည်။

(ရန်လိုမုန်းတီးသည့် ပြောဆိုမှုများ)
UNHCR သည် ဒုက္ခသည်များအပေါ် ရန်လိုမုန်းတီးမှုများ (Hate Speech) လျော့နည်းစေရန် မလေးရှားအစိုးရ၊ Mainstream Media၊ NGOs နှင့် လူမှုကွန်ရက်မီဒီယာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဒုက္ခသည်များအနေဖြင့်လည်း မှန်ကန်သော သတင်းအချက်အလက်များ၊ ယုံကြည်စိတ်ချရသော သတင်းများနှင့် Page များကိုသာ မျှဝေ (Share) ပေးကြရန် တိုက်တွန်းခဲ့ပါသည်။

Date: July 02, 2026

UNHCR Card နှင့် Community Card ကိုင်ဆောင်ထားသူများအတွက် သတင်းကောင်း_______________Qualitas Health နှင့် UNHCR တို့ ပူးပ...
02/07/2026

UNHCR Card နှင့် Community Card ကိုင်ဆောင်ထားသူများအတွက် သတင်းကောင်း
_______________
Qualitas Health နှင့် UNHCR တို့ ပူးပေါင်း၍ မလေးရှားနိုင်ငံရှိ Qualitas ဆေးခန်းများ တွင် UNHCR Card နှင့် Community Card ကိုင်ဆောင်ထားသူများအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများ-

အထွေထွေရောဂါကုသမှု
• ဖျားနာခြင်း
• နှာစေး၊ ချောင်းဆိုးခြင်း
• ဗိုက်နာခြင်း
• ခေါင်းကိုက်ခြင်း
• လည်ချောင်းနာခြင်း
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း
• အရေပြားရောဂါအပျော့စား စသည့် ကုသမှုအတွက် RM50 အောက်သာကျသင့်မည်ဖြစ်ပါသည်။

ဒဏ်ရာကုသမှုနှင့် အသေးစားခွဲစိတ်ကုသမှု
• ဒဏ်ရာချုပ်ခြင်း
• ဒဏ်ရာနှင့် အနာများကုသခြင်း
• ဆီးချိုကြောင့်ဖြစ်သော အနာများ ပြုစုကုသခြင်း အတွက် RM50 – RM80 ကျသင့်နိုင်ပါသည်။

သွေးစစ်ဆေးခြင်းနှင့် အခြားကျန်းမာရေးဝန်ဆောင်မှုများ
• သွေးစစ်ဆေးခြင်း
• Chest X-Ray
• ECG (နှလုံးလျှပ်စစ်လှုပ်ရှားမှုစစ်ဆေးခြင်း)
• Cholesterol၊ HbA1c နှင့် အခြားသွေးစစ်ဆေးမှုများ အတွက် အနည်းဆုံး RM50 နဲ့အထက် ကျသင့်မည်ဖြစ်ပါသည်။

အခြားဝန်ဆောင်မှုများ
• Nebulizer – RM50
• Chest X-Ray – RM40
• ECG – RM40
• Pap Smear – RM55
• Urine Pregnancy Test – RM10
• Implanon (သားဆက်ခြားပစ္စည်းထည့်သွင်းခြင်း) – RM50

Qualitas ဆေးခန်းများ ကို Kuala Lumpur, Selangor, Penang, Johor နှင့် အခြားပြည်နယ်များစွာတွင် ရရှိနိုင်ပါသည်။ လိပ်စာများကို အောက်ပါပုံတွင် ပါရှိပါသည်။

⚠️ သတ်မှတ်ထားသော Qualitas ဆေးခန်းများတွင် ဆေးကုသခွင့် ငြင်းဆိုခံရခြင်း သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါက မိမိတို့၏ Community ရုံး သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသေးစိတ်အချက်အလက်များလေ့လာရန်
www.qualitashealth.com.my

“ကမ္ဘာ့ဒုက္ခသည်များနေ့ " အထိမ်းအမှတ် " Stand With Myanmar 2026" ခေါင်းစဥ်ဖြင့် ကျင်းပပြုလုပ်သွားမည့် နှစ်ရက်တာပွဲစဥ်တွင်...
26/06/2026

“ကမ္ဘာ့ဒုက္ခသည်များနေ့ " အထိမ်းအမှတ် " Stand With Myanmar 2026" ခေါင်းစဥ်ဖြင့် ကျင်းပပြုလုပ်သွားမည့် နှစ်ရက်တာပွဲစဥ်တွင် ပါဝင်သော ဆွေးနွေးပွဲစုစုပေါင်း ခြောက်ခုအနက် “THE DISPLACEMENT IN OUR FAITHS: What do our religious teach us about refugees” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲအကြောင်းနှင့် ပါဝင်မည့်သူများကို မိတ်ဆက်ပေးပါရစေ။

ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက လုံခြုံရေးနှင့် အကာအကွယ် ရှာဖွေဖို့အတွက် နယ်စပ်
ဖြတ်ကျော်လာသူများအပေါ် ၎င်းတို့ရဲ့ ဘာသာတရားများက ဘယ်လို သင်ကြားထားသလဲဆိုတာကို အတူတကွ မျှဝေဆွေးနွေးကြမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကယုံကြည်ခြင်းရှိသူများအနေဖြင့် ယခုသင်ကြားချက်များကို တုံ့ပြန်ရာမှာ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားများက ဘယ်အရာတွေလဲ။ ယုံကြည်မှုစနစ် မတူညီမှုများကြားမှာ တူညီတဲ့ အခြေခံသဘောတရားများကို ရှာဖွေတွေ့ရှိနိုင်မလား ဆိုတာကို စိတ်ဝင်တစား နားထောင်ရမှာပါ။

💡 ဤ ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို ဦးဆောင်ပါဝင်ဆွေးနွေးသူများမှ ဆုတောင်းခြင်း / တရားထိုင်ခြင်း / ဆင်ခြင်သုံးသပ်ခြင်း အစီအစဉ်ဖြင့် စတင်မှာဖြစ်ပြီး အဲ့ဒီအစီအစဉ်နဲ့ပဲ အဆုံးသတ်မှာဖြစ်ပါတယ်။

ပွဲတော်အစီအစဉ် အပြည့်အစုံကို သိရှိနိုင်ရန် Instagram တွင် ကို follow လုပ်ထားပါ။

✍️ စာရင်းသွင်းရန် https://forms.gle/cnvPcEprJysDT9xR6 to join the conversation!

Stand With Myanmar 2026၊ Initiate.MY နှင့် Dari Dapur Coalition of Burma Ethnics Malaysia - COBEM Asylum Access Malaysia တို့ ပူးပေါင်းစီစဉ်
ကျင်းပခြင်းဖြစ်ပါတယ်။

Address

32, Jalan Kancil, Pudu
Kuala Lumpur
57100

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+60392261398

Website

Alerts

Be the first to know and let us send you an email when Khumi Refugee Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Khumi Refugee Community:

Shortcuts

Featured

Share