Coalition of Burma Ethnics Malaysia - COBEM

Coalition of Burma Ethnics Malaysia - COBEM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Coalition of Burma Ethnics Malaysia - COBEM, Community Organization, Jalan Changkat Thamby Dollah, Kuala Lumpur.

Founded in 2007 as a Coalition group represented by Eight Refugee-led Burmese ethnic community based organisations, COBEM works to provide joint services and programmes, and coordinate advocacy efforts for refugees and asylum seekers in Malaysia.

30/07/2026

HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက် ပြောင်းလဲသတ်မှတ်ကြောင်း လေးစားစွာအသိပေးခြင်း
======================================

ကနဦးတွင် HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက်ကို (ဇူလိုင် ၃၁)ဟု သတ်မှတ်ထားသော်လည်း
လက်မှတ်ထက်ဝက်ကျော်ကျန်နေသေးသည့်အတွက် ယူအန် မလေးရှား၏ အကြံပြုချက်အရ လာမည့် (သြဂုတ် ၁၅ )ရက်နေ့ကို ရန်ပုံငွေ ကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရိုသေလေးစားစွာ အသိပေးအပ်
ပါသည်။

ယခုကဲ့သို့ ကံစမ်းမဲဖောက်မည့်ရက်အား ပြောင်းလဲလိုက်ခြင်းအပေါ် နားလည်ပေးကြမည်ဟု မျှော်လင့်မိပါသည်။

ယခုအချိန်ထိ လက်မှတ်ဝယ်ယူအားပေးခဲ့သော တစ်ဦးချင်းစီအား အထူးပင်ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ရပါသည်။ ဆက်လက်ပြီး လက်မှတ်များကို ဝယ်ယူအားပေးကြရန်လည်း တောင်းဆိုအပ်ပါသည်။

Coalition of Burma Ethnics Malaysia- COBEM

HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက် ပြောင်းလဲသတ်မှတ်ကြောင်း လေးစားစွာအသိပေးခြင်း================...
30/07/2026

HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက် ပြောင်းလဲသတ်မှတ်ကြောင်း လေးစားစွာအသိပေးခြင်း
======================================

ကနဦးတွင် HIV/ AIDS လူနာများအတွက် ရံပုံငွေကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက်ကို (ဇူလိုင် ၃၁)ဟု သတ်မှတ်ထားသော်လည်း
လက်မှတ်ထက်ဝက်ကျော်ကျန်နေသေးသည့်အတွက် ယူအန် မလေးရှား၏ အကြံပြုချက်အရ လာမည့် (သြဂုတ် ၁၅ )ရက်နေ့ကို ရန်ပုံငွေ ကံစမ်းမဲလက်မှတ်ဖွင့်မည့်ရက်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။

ယခုကဲ့သို့ ကံစမ်းမဲဖောက်မည့်ရက်အား ပြောင်းလဲလိုက်ခြင်းအပေါ် နားလည်ပေးကြမည်ဟု မျှော်လင့်မိပါသည်။

ယခုအချိန်ထိ လက်မှတ်ဝယ်ယူအားပေးခဲ့သော တစ်ဦးချင်းစီအား အထူးပင်ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ရပါသည်။ ဆက်လက်ပြီး လက်မှတ်များကို ဝယ်ယူအားပေးကြရန်လည်း တောင်းဆိုအပ်ပါသည်။

Coalition of Burma Ethnics Malaysia- COBEM

Boss: Sum up the Stand With Myanmar 2026 festival in one post.Us: Challenge acceptedIt’s been a month since the festival...
29/07/2026

Boss: Sum up the Stand With Myanmar 2026 festival in one post.

Us: Challenge accepted

It’s been a month since the festival, but there’s no better time than now to remind the people of Myanmar that many Malaysians still stand with you.

What’s your best memory of Stand With Myanmar 2026?

From the festival co-organisers Coalition of Burma Ethnics Malaysia - COBEM, Dari Dapur, Refuge For The Refugees, and The Godown Arts Centre

Big thanks to our programme partners The Fourth Greenpeace Malaysia .my Amnesty International Malaysia Gerakbudaya Asylum Access Malaysia

Supported by UN Human Rights - Asia, IOM Malaysia and Yayasan MySDG

📸 Nornaw Nsai, Yoon Nadi Maung, Ah Thar, Yap, Sze Ning

ဖိတ်ကြားချက်ဖြင့် PUBLIC SESSION OF THE GBA-ASEAN CONFERENCE 2026 တွင် COBEM ခေါင်းဆောင်အချို့တက်ရောက်ခဲ့===============...
29/07/2026

ဖိတ်ကြားချက်ဖြင့် PUBLIC SESSION OF THE GBA-ASEAN CONFERENCE 2026 တွင် COBEM ခေါင်းဆောင်အချို့တက်ရောက်ခဲ့
=========================================

ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့၊ Sunway Resort Hotel/ Kaula Lumpur တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သော GBA - ASEAN Conference 2026 တွင် COBEM အားဖိတ်ကြားခဲ့သဖြင့် ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ပါသည်။

Conference တွင် မလေးရှား ဝန်ကြီးချုပ် Anwar ကိုယ်တိုင်
တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ထို့အပြင် မလေးရှားနိုင်ငံတဝန်းလုံးရှိ INGOs / NGOs/ CSOs/ Organisations / Company ပေါင်းစုံမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်လာသော အခမ်းအနားလည်း ဖြစ်ပါသည်။

ဒုက္ခသည်အဖွဲ့အစည်းဖြစ်သော မိမိတို့ COBEM မှ ဤ THE GBA-ASEAN CONFERENCE 2026 အခမ်းအနားကြီးသို့ ဖိတ်ကြားခံရခြင်းအပေါ် အလွန်ဂုဏ်ယူမိပါသည်။

မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်များအတွက်လည်း သနားညှာတာကာ တင်းကျပ်မှုများ လျော့ပေါ့ပေးပြီး ခေတ္တခဏလုံခြုံစွာနေထိုင်ခွင့်ပေးရန် သတင်းစကားပါးခဲ့ပါသည်။
မြန်မာဒုက္ခသည်များအားလုံး အမြန်ဆုံး လုံခြုံအေးချမ်းစွာ နေထိုင်ရပါစေကြောင်း သတိရမေတ္တာပို့လိုက်ရပါသည်။

Coalition of Burma Ethnics Malaysia - COBEM

📢 မလေးရှားမှ မြန်မာဒုက္ခသည်အသိုင်းအဝိုင်း အသိပေးကြေညာချက်==========================မလေးရှားအစိုးရမှ UNHCR ဒုက္ခသည်အသစ် မ...
23/07/2026

📢 မလေးရှားမှ မြန်မာဒုက္ခသည်အသိုင်းအဝိုင်း အသိပေးကြေညာချက်
==========================

မလေးရှားအစိုးရမှ UNHCR ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်းကို ယာယီရပ်ဆိုင်းရန် ညွှန်ကြား

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ မလေးရှားအစိုးရသည် UNHCR အား ဒုက္ခသည်အသစ် (New Registration) များအားလုံးကို ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။

အစိုးရ၏ ရည်ရွယ်ချက်မှာ Refugee Registration Document (DPP) အစီအစဉ်အောက်တွင် ဒုက္ခသည်များ၏ မှတ်ပုံတင်ခြင်းနှင့် စီမံခန့်ခွဲမှုကို အစိုးရ၏စနစ်အောက်တွင် ပိုမိုစနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရန် ဖြစ်ပါသည်။

✅ လက်ရှိအချိန်တွင် အတည်ပြုနိုင်သောအချက်များ

1) UNHCR မှ ဒုက္ခသည်အသစ်များ၏ မှတ်ပုံတင်ခြင်း (New Registration) ကို ယာယီရပ်ဆိုင်းထားရန် မလေးရှားအစိုးရက ညွှန်ကြားထားပါသည်။

2) DPP အစီအစဉ်အောက်တွင် ဒုက္ခသည်များ၏ အချက်အလက်များကို အစိုးရက ကိုယ်တိုင် စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားထားပါသည်။

⚠️ လက်ရှိအချိန်တွင် မရှင်းလင်းသေးသောအချက်များ

ယခုထုတ်ပြန်ချက်တွင် အောက်ပါကိစ္စများကို ရှင်းလင်းစွာ မဖော်ပြထားသေးပါ။
• လက်ရှိ UNHCR Card ကိုင်ဆောင်ထားသူများအပေါ် သက်ရောက်မှုရှိ/မရှိ
• Card Renewal (သက်တမ်းတိုးခြင်း)
• Card Replacement (ကတ်ပျောက်/ပျက်စီး၍ အသစ်ထုတ်ပေးခြင်း)
• Family Composition ပြောင်းလဲမှုများ
• My Services မှတင်သွင်းထားပြီးသား လျှောက်လွှာများ
• UNHCR Appointment များ ဆက်လက်ဆောင်ရွက်မည်/မည်မဟုတ်
🇲🇲 မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
ထို့အပြင် ဒုတိယဝန်ကြီးက လက်ရှိ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (Immigration Detention Depot) များတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မြန်မာအစိုးရက ပြန်လည်လက်ခံရန် သဘောတူထားသဖြင့် လိုအပ်သော လုပ်ငန်းစဉ်များပြီးစီးပါက ရေတပ်သင်္ဘောများဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်
ပို့ဆောင်သွားမည် ဟုလည်း ပြောကြားခဲ့ပါသည်။

📌 မေတ္တာရပ်ခံချက်
🔹 ကောလာဟလများကို မယုံကြည်ကြပါနှင့်။
🔹 မည်သည့်သတင်းကိုမဆို မမျှဝေမီ တရားဝင်အရင်းအမြစ်ကို စစ်ဆေးပေးကြပါ။
🔹 UNHCR နှင့် မလေးရှားအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များကို ဆက်လက်စောင့်ကြည့်နေပြီး အတည်ပြုထားသော သတင်းအချက်အလက်များကိုသာ Community သို့ အချိန်နှင့်တပြေးညီ မျှဝေပေးသွားမည်ဖြစ်ပါသည်။
🙏 ကျေးဇူးပြု၍ စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြပါနှင့်။ တရားဝင်အချက်အလက်များ ထပ်မံထွက်ရှိလာပါက ချက်ချင်း အသိပေးသွားပါမည်။

https://www.astroawani.com/berita-malaysia/malaysia-arah-unhcr-henti-pendaftaran-pelarian-buat-masa-ini-lukanisman
Coalition of Burma Ethnics Malaysia (COBEM)
23 July 2026

Kerajaan arahkan UNHCR hentikan sementara pendaftaran pelarian bagi membolehkan penyusunan semula pengurusan pelarian melalui program DPP.

နှစ်ရက်တာနယ်လှည့်ဆေးကုသခြင်း အောင်မြင်စွာပြီးစီး==============================✅COBEM ၏ အဓိကလုပ်ငန်းစဥ်တစ်ခုဖြစ်သော နယ်လှ...
23/07/2026

နှစ်ရက်တာနယ်လှည့်ဆေးကုသခြင်း အောင်မြင်စွာပြီးစီး
==============================

✅COBEM ၏ အဓိကလုပ်ငန်းစဥ်တစ်ခုဖြစ်သော နယ်လှည့်ဆေးကုသခြင်းကို ၂၀၂၆၊ ဇူလိုင် ၁၇-၁၈ နှစ်ရက်တာတွင်
Kedah ပြည်နယ်အတွင်းရှိ မွန် နှင့် ဗမာတိုင်းရင်းသားအများစုလုပ်ကိုင်စားသောက်နေကြသော နေရာ နှစ်နေရာ၌ ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့ပါသည်။

✅ယခု နယ်လှည့်ဆေးကုသခြင်းခရီးစဥ်၌ ဆေးကုသခြင်းဖြင့်၊ နေရာထိုင်ခင်းအားဖြင့်၊ အချိန်အား လူအင်အားဖြင့် ပါဝင်ခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင်များနှင့် volunteer များအား ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြလိုက်ရပါသည်။

COBEM Info

“Cooking makes me happy. Seeing people enjoy my food or eat until they’re full is very satisfying."This quote from Nang ...
14/07/2026

“Cooking makes me happy. Seeing people enjoy my food or eat until they’re full is very satisfying."

This quote from Nang Kham really sums her up. She is everyone's mother. Click through to read her story, as told by Free Malaysia Today

Nang Kham was one of the pillars of the recent Stand With Myanmar 2026 festival, where journalists interviewed her as she served her famous Shan Noodles.

of Burma Ethnics Malaysia - COBEM For The Refugees Godown Arts Centre

For Nang Kham, cooking is a way to preserve her Shan heritage while building connections in the country she now calls home.

📢UNHCR Malaysia ၏ တရားဝင် Website မှ UNHCR Malaysia HELP Website နှင့် MyServices ပေါ်တယ်အဖြစ်ပြောင်းလဲခြင်းစတင်========...
14/07/2026

📢UNHCR Malaysia ၏ တရားဝင် Website မှ UNHCR Malaysia HELP Website နှင့် MyServices ပေါ်တယ်အဖြစ်ပြောင်းလဲခြင်းစတင်
======================================

➡️ UNHCR Malaysia ၏ တရားဝင် Website မှ UNHCR Malaysia HELP Website နှင့် MyServices ပေါ်တယ်
အဖြစ်သို့ ယနေ့ July 14 ရက်နေ့မှစတင်ပြီး
ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

➡️ယခင်ကကြေညာထားသည့်အတိုင်း UN လျှောက်ခြင်း/ ဖုန်းနံပါတ် Update တင်ခြင်း/မိသားစုတွဲခြင်းများအတွက် ကိုယ်ပိုင် Email အီးမေးလ်ရှိမှသာ လုက်ဆောင်နိုင်မည် ဖြစ်ပါသည်။

➡️အခက်ခဲတစ်စုံတစ်ရာရှိပါက မိမိတို့၏ သက်ဆိုင်ရာမိခင်Community ရုံးများတွင် သွားရောက်အကူအညီတောင်းခံနိုင်ပါသည်။

✅My Services မှ လျှောက်ထားရန် အလျင်စလို မလိုအပ်ပါ။
✅မိမိတို့အဆင်ပြေသည့်အချိန်တွင် Registration နှင့် Application များကို ပြုလုပ်နိုင်ပါသည်။
✅ယခင် Refugee Malaysia Website မှတစ်ဆင့် တင်သွင်းထားသော Application များအားလုံးကို UNHCR မှ လုံခြုံစွာ သိမ်းဆည်းထားပြီးဖြစ်ပါသည်။

COBEM Info

📢 UNHCR အသိပေးချက် 📢======================UNHCR မှ အသိပေးထားသည့်အတိုင်း My Services Website ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၅...
13/07/2026

📢 UNHCR အသိပေးချက် 📢
======================

UNHCR မှ အသိပေးထားသည့်အတိုင်း My Services Website ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၅) ရက် (ဗုဒ္ဓဟူးနေ့) မှ စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

✅My Services မှ လျှောက်ထားရန် အလျင်စလို မလိုအပ်ပါ။
✅မိမိတို့အဆင်ပြေသည့်အချိန်တွင် Registration နှင့် Application များကို ပြုလုပ်နိုင်ပါသည်။
✅ယခင် Refugee Malaysia Website မှတစ်ဆင့် တင်သွင်းထားသော Application များအားလုံးကို UNHCR မှ လုံခြုံစွာ သိမ်းဆည်းထားပြီးဖြစ်ပါသည်။

UNHCR မှ Community Leaders များအတွက် Briefing ကို မကြာမီ ပြုလုပ်မည်ဖြစ်ပြီး၊ အသေးစိတ်အချက်အလက်များကို COBEM Page မှ ဆက်လက်မျှဝေပေးသွားပါမည်။

ဒုက္ခသည်များအနေဖြင့် မဟုတ်မမှန်သတင်းများကို မယုံကြည်ဘဲ UNHCR နှင့် UN အသိအမှတ်ပြု Community ရုံးများမှ ထုတ်ပြန်သော တရားဝင်အသိပေးချက်များကိုသာ ကိုးကားပေးကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။

COBEM Info

မလေးရှားရောက် မြန်မာဒုက္ခသည်များအတွက် အရေးကြီးသတင်းအချက် ဝေမျှခြင်း====================================•=UNHCR Townhall ...
07/07/2026

မလေးရှားရောက် မြန်မာဒုက္ခသည်များအတွက် အရေးကြီးသတင်းအချက် ဝေမျှခြင်း
====================================•=

UNHCR Townhall Meeting (2 July 2026) အစည်းအဝေးမှ အရေးကြီးသော အချက်အလက်များ

ချစ်ခင်လေးစားရပါသော မလေးရှားရောက်မြန်မာဒုက္ခသည်
မိသားစုများခင်ဗျာ။

UNHCR Malaysia နှင့် Refugee Community Leaders များအကြား ပြုလုပ်ခဲ့သော Townhall Meeting တွင် မျှဝေခဲ့သည့် အရေးကြီးသော အချက်အလက်များကို အောက်ပါအတိုင်း ပြန်လည်အသိပေးအပ်ပါသည်။

✅၁။ UNHCR Document မရရှိသေးသူများအတွက် Website
ပြောင်းလဲခြင်း

လက်ရှိအသုံးပြုနေသော refugeemalaysia.org Website မှ Help Site နှင့် My Service Website သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပါသည်။

2026 ခုနှစ်၊ ဇူလိုင်လ (14) ရက်နေ့မှစ၍ UNHCR Document မရရှိသေးသောသူအားလုံးသည် Website အသစ်တွင် Registration ပြန်လည်ပြုလုပ်ရမည်ဖြစ်ပါသည်။

Registration ပြုလုပ်ရာတွင် -

မိမိ၏ ယခင် RM Number ကို မဖြစ်မနေ ထည့်သွင်းရမည်။
Email Address ကိုလည်း မဖြစ်မနေ ထည့်သွင်းရမည် ဖြစ်ပါသည်။

✅၂။ Case Status ကို ကိုယ်တိုင်စစ်ဆေးနိုင်ခြင်း

Website အသစ်တွင် Registration ပြုလုပ်ပြီးနောက် မိမိ၏ UNHCR Case အခြေအနေကို Website မှတစ်ဆင့် ကိုယ်တိုင် ဝင်ရောက်စစ်ဆေးနိုင်မည် ဖြစ်ပါသည်။

✅၃။ Registration ပြုလုပ်ရာတွင် အခက်အခဲရှိသူများ

Website အသစ်တွင် Registration မပြုလုပ်တတ်သူများသည် မိမိတို့၏ သက်ဆိုင်ရာ မိခင်ရုံးများတွင် သွားရောက်၍ အကူအညီ တောင်းခံနိုင်ပါသည်။ ကူညီမှုအားလုံး အခမဲ့ဖြစ်ပါသည်။

✅၄။ လုံခြုံရေးသတိပေးချက်

လတ်တလောတွင် မလေးရှားနိုင်ငံ၌ ဒုက္ခသည်များအပေါ် အမြင်မကြည်လင်မှုများကြောင့် မမျှော်လင့်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။

ထို့ကြောင့် မိသားစုဝင်များအားလုံး အပြင်သွားလာရာတွင် သတိဝီရိယရှိရှိ သွားလာကြပါရန်၊ မလိုအပ်ဘဲ လူစုလူဝေးများတွင် မနေကြပါရန်နှင့် ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ပါက သက်ဆိုင်ရာ မိခင်ရုံးများသို့ အမြန်ဆုံး ဆက်သွယ်
အကြောင်းကြားကြပါရန် အထူးလိုအပ်ပါသည်။

မှတ်ချက်။ ။ စာသေချာဖတ်ရန် ။

COBEM Info

Address

Jalan Changkat Thamby Dollah
Kuala Lumpur
55100

Website

Alerts

Be the first to know and let us send you an email when Coalition of Burma Ethnics Malaysia - COBEM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share