Thadou-Kuki Refugee Community Malaysia

Directions

Thadou-Kuki Refugee Community Malaysia A community-based organisation formed by Thadou-Kuki refugees to advocate humanitarian services.

14/10/2026

MALAYSIA CHAVANG K*T 2026🌾🇲🇾
=============================

Ahunglhung ding Nov 2, 2026 ( Monday) nikho teng leh TKRC COMMUNITY tohgon na noija CHAVANG K*T nikho loupi tah'a kimang ding ahijeh chun Malaysia gamsung Sah leh Lhang aum KANAM chenkhom pi Thadou-Kuki chate jouse kipa leh thanom taha nahung lhah khom cheh nadiu vin temna leh hetsah na ahung kinei jin ahi.

Anikho : 2 November 2026 (Monday)
Aphat : 11:00 AM - 6:00 PM
Amun : Complex Desa Kepong Metro Prima , Kuala Lumpur Malaysia

ရိုးရာကောက်သစ်စားပွဲတော်အတွက်ဖိတ်ကြားခြင်း
======================================

အခုလာမယ့် နိုဝင်ဘာလ ၂၊ ၂၀၂၆ ခုနှစ် တနင်္လာနေ့တွင် TKRC COMMUNITY မှစီစဥ်ဆောင်ရွက်သော ထာဒို-ကူကီးချင်းရိုးရာကောက်သစ်စားပွဲကို မလေးရှား ကွာလာလမ်ပူ ကေပုန်းမြို့တွင်စည်ကားစွာကျင်းပမည်ဖြစ်သောကြော​င့် မလေးရှားရောက်ရှိနေသော ထာဒို-ကူကီးချင်းတိုင်းရင်းသားများအားလုံးအတူတကွလာရောက်ပါဝင်ဆင်နွဲဖို့ရန်အတွက် ကြိုတင်အသိပေးဖိတ်ကြားအပ်ပါသည်။

နေ့ရက် : 2 November 2026 ( Monday)
အချိန် : 11:00 AM - 6:00 PM
နေရာ : Complex Desa Kepong Metro Prima , Kuala Lumpur Malaysia

လေးစားစွာဖြင့်
K*T COMMITTEE 2026



TKRC MEMBERS များအတွက် အရေးကြီးအသိပေးကြေညာချက်နှင့် အရေးပေါ်ကြိုတင်ပြင်ဆင်မှု အသိပညာပေးခြင်းရက်စွဲ - ၁၃.၁၀.၂၀၂၆လေးစားအပ်...
13/10/2026

TKRC MEMBERS များအတွက် အရေးကြီးအသိပေးကြေညာချက်နှင့် အရေးပေါ်ကြိုတင်ပြင်ဆင်မှု အသိပညာပေးခြင်း

ရက်စွဲ - ၁၃.၁၀.၂၀၂၆

လေးစားအပ်ပါသော Thadou-Kuki Refugee Community Malaysia (TKRC) ၏ Members များခင်ဗျာ။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၉:၃၀ နာရီခန့်တွင် TKRC Member တစ်ဦး Kepong ဒေသ၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါ အရေးပေါ်ဖြစ်စဉ်တွင် TKRC ၏ Legal In-charge ဖြစ်သူ Sya David Laylin မှ အချိန်မီ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် အတွက် TKRC အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

လက်ရှိအခြေအနေတွင် Malaysia နိုင်ငံအတွင်း နေထိုင်လျက်ရှိသော ကျွန်ုပ်တို့၏ Community Members များအနေဖြင့် မမျှော်လင့်ထားသော ဖမ်းဆီးစစ်ဆေးမှုများနှင့် အရေးပေါ်အခြေအနေများကို ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် မိမိတို့၏ လုံခြုံရေးအတွက် သတိရှိကြရန်နှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အထူးတိုက်တွန်းအပ်ပါသည်။

✅ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရန်

• မိမိတတ်နိုင်သည့်ပမာဏအတွင်း အရေးပေါ်ငွေသားကို သီးခြားစုဆောင်းထားပါ။
• မိသားစုဝင်များနှင့် ယုံကြည်စိတ်ချရသူများ၏ ဖုန်းနံပါတ်များကို မှတ်သားထားပါ။
• အရေးပေါ်အခြေအနေကြုံတွေ့ပါက မိမိ၏အခြေအနေကို ယုံကြည်စိတ်ချရသူထံ အမြန်ဆုံးအသိပေးနိုင်ရန် ကြိုတင်စီစဉ်ထားပါ။
• ကိုယ်ရေးအထောက်အထားများနှင့် အရေးကြီးသောအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားပါ။
• အကူအညီလိုအပ်ပါက TKRC တာဝန်ရှိသူများထံ အချိန်မီဆက်သွယ်အကြောင်းကြားပါ။

အားလုံး သတိရှိကြပါ။ ကြိုတင်ပြင်ဆင်ထားကြပါ။ အချင်းချင်း ကူညီစောင့်ရှောက်ကြပါ။

🙏 TKRC Members အားလုံး ဘေးကင်းလုံခြုံကြပြီး အခက်အခဲအန္တရာယ်များမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လေးစားစွာဖြင့်၊
Thadou-Kuki Refugee Community Malaysia (TKRC)

ကျေးဇူးတင်ဂုဏ်ပြုခြင်းနှင့် Member ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုThadou-Kuki Refugee Community Malaysia (TKRC) အနေဖြ...
09/10/2026

ကျေးဇူးတင်ဂုဏ်ပြုခြင်းနှင့် Member ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု

Thadou-Kuki Refugee Community Malaysia (TKRC) အနေဖြင့် ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ကျန်းမာရေးမကောင်းဖြစ်နေသော TKRC အဖွဲ့ဝင်အချို့အား Qualitas Health Samcare Clinic သို့ ကိုယ်တိုင်လိုက်ပါပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည့် TKRC ၏ Legal In-charge ဖြစ်သူ Sya David Laylin အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

TKRC သည် အဖွဲ့ဝင်များ၏ အခွင့်အရေးနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးခြင်းသာမက ကျန်းမာရေးနှင့် လူမှုဘဝအဆင်ပြေချောမွေ့ရေးတို့ကိုလည်း အလေးထားလျက်ရှိပါသည်။

အထူးသဖြင့် ကျန်းမာရေးမကောင်းဖြစ်နေသော အဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်အချိန်တွင် တတ်နိုင်သမျှ ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်စေရန် TKRC အနေဖြင့် အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

မိမိတို့၏ အဖွဲ့ဝင်များအပေါ် စေတနာ၊ တာဝန်ယူမှုနှင့် လူသားချင်းစာနာထောက်ထားမှုတို့ဖြင့် ကူညီစောင့်ရှောက်ပေးနေကြသည့် TKRC တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

လေးစားစွာဖြင့်၊
Thadou-Kuki Refugee Community Malaysia (TKRC)


09/10/2026

ကျေးဇူးတင်ရှိကြောင်းနှင့် အသိပေးကြေညာချက်

လေးစားအပ်ပါသော TKRC Member များနှင့် ခေါင်းဆောင်များခင်ဗျာ

Thadou-Kuki Refugee Community Malaysia (TKRC) အနေဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် မိမိတို့ Member အချို့ UNHCR ကတ်များ ရရှိခဲ့သည့်အတွက်အထူး ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ထို့အပြင် Member များ၏ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများအားလုံးကိုလည်း TKRC ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။

ထို့အတူ လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် TKRC Member အချို့အတွက် UNHCR မှ Appointments စီစဉ်ပေးထားခြင်းအပေါ်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။

ယခုကဲ့သို့ UNHCR ကတ်များ ရရှိလာခြင်းနှင့် Appointments များ ရရှိလာခြင်းသည် အဖွဲ့ဝင်များ၏ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အရေးပါသော တိုးတက်မှုတစ်ရပ်ဖြစ်ပါသည်။ ယင်းတိုးတက်မှုများသည် အဖွဲ့ဝင်များအတွက် မျှော်လင့်ချက်နှင့် အားတက်မှုကို ဖြစ်ပေါ်စေသည့်အပြင် ပိုမိုလုံခြုံသော အနာဂတ်တစ်ခုဆီသို့ လျှောက်လှမ်းရာတွင်လည်း အားဖြစ်စေပါသည်။ ထို့ကြောင့် ဤလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီပေးကြသော သက်ဆိုင်ရာတာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက်ပေးသူအားလုံးကို TKRC အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။

TKRC အနေဖြင့်လည်း မိမိတို့၏ Member များအတွက် လိုအပ်သော သတင်းအချက်အလက်များကို မျှဝေပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်ပံ့ပိုးပေးခြင်းနှင့် သင့်လျော်သည့် အကူအညီများ ပေးအပ်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ UNHCR မှ Appointment ရရှိထားကြသော Member များအားလုံးအနေဖြင့် ချိန်းဆိုထားသည့် နေ့ရက်နှင့် အချိန်တို့ကို သေချာစွာ မှတ်သားထားကြပြီး UNHCR မှ ပေးပို့ထားသည့် ညွှန်ကြားချက်များကို လိုက်နာကာ လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံစွာ ယူဆောင်လျက် သတ်မှတ်ချိန်အမီ တက်ရောက်ကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ ထို့အပြင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကိုလည်း သေချာစွာ စစ်ဆေးပြင်ဆင်ထားကြပါရန် အသိပေးအပ်ပါသည်။

နောက်ဆုံးအနေဖြင့် TKRC Member များအားလုံး ဘေးကင်းလုံခြုံမှု၊ သင့်လျော်သော ကာကွယ်စောင့်ရှောက်မှုနှင့် မျှော်လင့်ချက်ပြည့်ဝသော အနာဂတ်တို့ကို ရရှိခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ Member အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အားပေးကူညီရင်း ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုဆီသို့ အတူတကွ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုအပ်ပါသည်။

လေးစားစွာဖြင့်၊
Thadou-Kuki Refugee Community Malaysia (TKRC)

🌾 K*T..K*T...CHAVANG K*T 2026 🌾==============================Malaysia gam sunga um Thadou-Kuki chate jouse nabon un K*t ...
09/10/2026

🌾 K*T..K*T...CHAVANG K*T 2026 🌾
==============================

Malaysia gam sunga um Thadou-Kuki chate jouse nabon un K*t Chibai!🤝🙏

Tu ahung lhung ding Nov 2nd, 2026 (Monday) nikho teng leh TKRC Community toh gon noi ja CHAVANG K*T nikho loupi tah chu man khom ding in aki gong in Kawl gam leh Phai gam Thadou-Kuki chate laha Musician min thang tah Pu David Kakap (Guitarist) leh best live performance Artiste Pu Maneithangja ( Jingkal bongnoi) ama ni kikou ahi in hijeh chun Malaysia gamsunga um Henu Hepa pao tho Thadou-Kuki chate jouse Pu le Pa chon dan ngai na hi che CHAVANG K*T nikho teng leh kipah leh thanom taha na hung lhah khom diu vin tem na leh hetsah na ahung ki nei in ahi.

Tukum a ki kou Special Guests teni Artiste Pu Maneithangja leh Pu David Kakap ama ni hi natoh na tham tam tah nei phat ong nei lou ahi in hi jong leh Malaysia gam sung a um Jat le nam mi te ho ngai lut na leh TKRC K*t committee hon invite bol na jal a hung kal song hon ding ahi in tukum CHAVANG K*T nikhoa na hung jao lou leh na ki sih khah ding ahi hijeh chu Malaysia gam sung sah le lhang a um nam chen khom pi jouse na bon uva na hung lhah soh kei na diu vin avel a tem na hi uve.

Kakipah uve!
K*t Committee 2026

ထာဒို-ကူကီးချင်းရိုးရာကောက်သစ်စားပွဲတော်အတွက်ဖိတ်ကြားခြင်း
==========================================
မလေးရှားရော​က် ထာဒို-ကူကီးချင်း တိုင်းရင်းသားများအားလုံး K*T CHIBAI လို့ ရှေးဦးစွာ နုတ်ခွန်းဆက်သလိုက်ပါသည်။

အခုလာမဲ့ နိုဝင်ဘာလ ၂၊ ၂၀၂၆ ခုနှစ် ( တနင်္လာနေ့) တွင် နှစ်စဥ်နှစ်တိုင်းကျင်းပလျှက်ရှိသော ရိုးရာကောက်သစ်စားပွဲကို မလေးရှား Kepong , Kuala Lumpur မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

​ဤရိုးရာကောက်သစ်စားပွဲတော်အတွ​က် SPECIAL GUESTS အထူးဧည့်သည်တော် အနေနဲ့ ထာဒို-ကူကီးလူမျိုးများအတွက် ဂီတပညာရှင် Pu David Kakap ( Guitarist ) နဲ့အတူ အဆိုရှင် Pu Maneithangja (Jingkal bongnoi) တို့ လာရောက်​ဖျော်ဖြေတင်ဆက်မှာဖြစ်တဲ့အတွက် မလေးရှားမှာရှိတဲ့ ထာဒို-ကူကီးလူမျိုးအရောက်စီတိုင်း ဤရိုးရာကောက်သစ်စားပွဲတော်နေ့တွင်အတူတကွလာရောက်ပါဝင်ဆင်နွဲရန်အတွက် အားလုံးကိုဖိတ်ခေါ်အကြောင်းကြားအပ်ပါသည်။

ကျေးဇူးတင်ပါသည်
ရိုးရာပွဲတော်ကော်မတီ



ကျေးဇူးတင်ရှိခြင်း=============ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် TKRC အဖွဲ့ဝင်ဖြစ်ကြတဲ့ Pa Pum Do Nang & Nu Dang NoySan တိ...
08/10/2026

ကျေးဇူးတင်ရှိခြင်း
=============

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် TKRC အဖွဲ့ဝင်ဖြစ်ကြတဲ့ Pa Pum Do Nang & Nu Dang NoySan တို့မှ ဘုရားကောင်းကြီးပေးတဲ့သမီးလေးကို ဒီကနေ့ အောက်တိုဘာလ ၈၊ ၂၀၂၆ (ကြာသပတေးနေ့)မှာ Sungai Buloh Hospital တွင် ကျန်းမာစွာမွေးဖွားခွင့်ပေးတဲ့အတွက် ရှေးဦးစွာကျေးဇူးတော်ချီးမွမ်းအပ်ပါသည်။

TKRC ခေါင်း​ဆောင် Saya David Laylin ( Legal In Charge ) မှ ဆေးရုံသို့ လူနာတင်ကားဖြင့်ကူညီပို့ဆောင်ပေးကာ လိုအပ်သောအကူအညီများဆောင်ရွက်ပေးခဲ့သည့်အတွက် အခုလိုမအားလပ်တဲ့ကြားထဲအကူအညီလိုအပ်တဲ့သူများအတွက် ကူညီပေးသော Sya David Laylin အပေါ်​ ကျေးဇူးတင်ရှိကြောင်းဖော်ပြအပ်ပါသည်။

ဆက်လက်ပြီး TKRC ခေါင်းဆောင်များအနေနဲ့လည်း အဖွဲ့ဝင် member များအတွက် အဖမ်းအစီး နှင့် ကျန်းမာရေး သော်လည်းကောင်း အမြဲကူညီဆော​​င်ရွက်ပေးနေသလို လာမည့်အနာဂတ်မှာလဲအကူအညီလိုအပ်သောသူများအတွက် ကူညီဆော​င်ရွက်ပေးနိုင်ရန်အတွက်ဆက်လက်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း​ပြောကြားလိုပါသည်။

အောက်တိုဘာလ ၈၊ ၂၀၂၆ ခုနှစ်

INFO : TKRC MEDIA TEAM

TKRC Members များအတွက် အသိပေးကြေညာချက်7 October 2026 တွင် UNHCR မှ ကျင်းပပြုလုပ်ခဲ့သော Q3 Community Leader Townhall Meet...
08/10/2026

TKRC Members များအတွက် အသိပေးကြေညာချက်

7 October 2026 တွင် UNHCR မှ ကျင်းပပြုလုပ်ခဲ့သော Q3 Community Leader Townhall Meeting မှ သိရှိထားသင့်သည့် အရေးကြီးသော သတင်းအချက်အလက်များကို TKRC Members များအတွက် မျှဝေပေးအပ်ပါသည်။

🔹 Registration Hotline
7 October 2026 မှစတင်၍ Registration Hotline မှတစ်ဆင့် ရက်ချိန်းရယူခြင်းကို ယာယီအားဖြင့် (၆) လခန့် ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

🔹 My Service Portal / Online Registration
အသစ်လျှောက်ထားသူများအနေဖြင့် My Service Portal မှတစ်ဆင့် Online Registration ပြုလုပ်ပြီး UNHCR ၏ Review & Processing ကို စောင့်ဆိုင်းရမည် ဖြစ်ပါသည်။
အခြားနိုင်ငံရှိ UNHCR ရုံးများမှ လျှောက်ထားခဲ့ပြီး မလေးရှားသို့ ရောက်ရှိလာသော Cases များလည်း My Service Portal မှတစ်ဆင့် အသစ်ပြန်လည်လျှောက်ထားရန် လိုအပ်ပါသည်။
ယခင် Refugees Malaysia Website မှ လျှောက်ထားခဲ့သော Applications များကိုလည်း Case Processing အလိုက် ဆက်လက် Review ပြုလုပ်သွားမည်ဖြစ်ပြီး Family Inclusion ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားပေးမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ UNHCR ရုံးသို့ Walk-in ဖြင့် လာရောက်တောင်းဆို၍ မရပါ။

🔹 Arrest & Detention / Protection
မလေးရှားအာဏာပိုင်များ၏ အဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စများကို UNHCR Help Site မှတစ်ဆင့် Report ပြုလုပ်နိုင်ပါသည်။

🔹 Health Care
UNHCR Card သို့မဟုတ် Community Card ဖြင့် Community Clinic နှင့် Qualitas Clinics များတွင် ကျန်းမာရေးဝန်ဆောင်မှုများ ရယူနိုင်ပါသည်။

🔹 အခြားအကူအညီလိုအပ်မှုများ
အခြားအခက်အခဲများရှိပါက မိမိတို့၏ Community Office / Community Leader များထံ ဆက်သွယ်တိုင်ပင်၍ အကူအညီတောင်းခံနိုင်ပါသည်။

📌 TKRC Members များအနေဖြင့် UNHCR နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ယုံကြည်ရသော Official Sources များမှသာ ရယူကြပါရန် တိုက်တွန်းအပ်ပါသည်။

Thadou-Kuki Refugee Community Malaysia (TKRC)
Serving, Supporting & Protecting Our Community

🌴 CHAVANG K*T TRIP 2026 အောင်မြင်စွာ ပြီးမြောက်ခြင်းအတွက် ကျေးဇူးတင်ရှိခြင်း 🌴လေးစားအပ်ပါသော TKRC Members များခင်ဗျာ၊ယနေ...
05/10/2026

🌴 CHAVANG K*T TRIP 2026 အောင်မြင်စွာ ပြီးမြောက်ခြင်းအတွက် ကျေးဇူးတင်ရှိခြင်း 🌴

လေးစားအပ်ပါသော TKRC Members များခင်ဗျာ၊

ယနေ့ ၅-၁၀-၂၀၂၆ (တနင်္လာနေ့) တွင် Thadou-Kuki Refugee Community Malaysia (TKRC) မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့သော Port Dickson Chavang K*t Trip 2026 ကို အားလုံး၏ ပူးပေါင်းပါဝင်မှု၊ စည်းလုံးညီညွတ်မှုနှင့် အားပေးကူညီမှုများကြောင့် အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။

ဤခရီးစဉ်တွင် အချိန်ပေး၍ လိုက်ပါပေးခဲ့ကြသော TKRC Members များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် ခရီးစဉ်တစ်လျှောက် အစီအစဉ်များကို စနစ်တကျ ဦးစီးဦးဆောင်ပေးခဲ့ကြသော Chavang K*t ခေါင်းဆောင်များနှင့် တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

အားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် စည်းလုံးညီညွတ်မှုများသည် ယခုခရီးစဉ်၏ အောင်မြင်မှုအတွက် အဓိကအင်အားတစ်ရပ် ဖြစ်ခဲ့ပါသည်။

TKRC အနေဖြင့် မိသားစုသဖွယ် စည်းလုံးညီညွတ်စွာဖြင့် အချင်းချင်း ကူညီဖေးမရင်း နောင်လာမည့် အစီအစဉ်များတွင်လည်း ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
Chavang K*t 2026 အမှတ်တရများသည် အားလုံးအတွက် ပျော်ရွှင်ဖွယ်ကောင်းသော အမှတ်တရများ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

With sincere appreciation,
Thadou-Kuki Refugee Community Malaysia (TKRC)

05/10/2026

CHAVANG K*T TRIP 2026 💥🌊

Tukum 2026 sunga ding a beach trip kihui lha na anom lheh e!


Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Thadou-Kuki Refugee Community Malaysia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Sponsored

Share