လောကအလင်း လူမှု့ကူညီရေးအသင်း

လောကအလင်း လူမှု့ကူညီရေးအသင်း မလေးရှားနိုင်ငံရောက် ညီကိုမောင်နှမများ၏ ကျန်းမာရေး၊နားရေးအခက်ခဲများကို တက်နိုင်သမျှ ကူညီပေးနိုင်ရန်

🙏ဝိပဿနာ ဓမ္မရိပ်သာကျောင်းသစ်အတွက်  (ရင်းဂစ် တစ်သောင်း) အသင်းဝင်များစုပေါင်းလှူဒါန်းခြင်းကုသိုလ်တော်🙏မလေးရှားနိုင်ငံ၊ဂျို...
18/01/2026

🙏ဝိပဿနာ ဓမ္မရိပ်သာကျောင်းသစ်အတွက်
(ရင်းဂစ် တစ်သောင်း) အသင်းဝင်များစုပေါင်းလှူဒါန်းခြင်းကုသိုလ်တော်🙏

မလေးရှားနိုင်ငံ၊ဂျိုဟိုးမြို့ရှိ တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ မလေးရှားစင်္ကာပူ ဌာနချုပ် (MSH)
ဝိပဿနာ ဓမ္မရိပ်သာကျောင်းသစ်
တည်ဆောက်ရေးအတွက် အသင်းဝင်များစုပေါင်း ၍(ရင်းဂစ် တစ်သောင်း)အားကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။🙏🙏🙏

အလှူရှင် လောကလင်းအသင်ဝင် မိသားစုအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဆင်းရဲနှင့်ငရဲလွတ်ကင်းကာ ပစ္စုပ္ပန်ချမ်းသာ သံသရာချမ်းသာ နိဗ္ဗာန်ချမ်းသာတိုင်အောင် အကျိုးပေးနိုင်သော အထောက်အပံ့ကောင်းသည် စင်စစ်မသွေဖြစ်ကြပါစေ။🙏🙏🙏

နေ့စွဲ--- ၁၀.၀၁.၂၀၂၆
လောကအလင်း လူမှု့ကူညီရေးအသင်း
ဘာတုပါဟတ်မြို့ မလေးရှားနိုင်ငံ

🙏အာရုဏ်ဆွမ်းနှင့်နေ့ဆွမ်း အဟာရဒါန လောကအလင်း စုပေါင်း ကုသိုလ်တော်🙏မလေးရှားနိုင်ငံ ဘာတုပါဟတ်မြို့ ဆရာကြီး ဒေါ်ခေမာနန္ဒီ ကျ...
29/12/2025

🙏အာရုဏ်ဆွမ်းနှင့်နေ့ဆွမ်း အဟာရဒါန
လောကအလင်း စုပေါင်း ကုသိုလ်တော်🙏

မလေးရှားနိုင်ငံ ဘာတုပါဟတ်မြို့ ဆရာကြီး ဒေါ်ခေမာနန္ဒီ ကျောင်းတွင် နှစ်စဥ်ကျင်းပပြုလုပ်သော ဒီဇင်ဘာ နိုင်ငံတကာ ဝိပဿနာတရားစခန်းဝင်ကြသူများအားတရားပို့ချနေသော ရွှေတောင်ကုန်း ဆရာတော်ကြီးနှင့်တကွ ဆရာကြီး၊ဆရာလေးများနှင့် နိုင်ငံတကာမှ တရားစခန်းဝင်ကြသူအပေါင်းတို့အား နဝကမ္မ အလှူငွေများနှင့်အတူ အာရုဏ်ဆွမ်း၊နေ့ဆွမ်းတို့အား အာဟာရဒါနအလှူအဖြစ် လောကအလင်း ညီကိုမောင်နှမများ စုပေါင်း၍ ကုသိုလ်ပြုလှူဒါန်းခဲ့ကြပါသည်။

ဗြဟ္မာ နတ် လူ သာဓုခေါ်စေသော်ဝ်🙏🙏🙏

နေ့စွဲ--- ၂၈.၁၂.၂၀၂၅
လောကအလင်း လူမှု့ကူညီရေးအသင်း
ဘာတုဘာဟတ်မြို့ မလေးရှားနိုင်ငံ

~ နာရေးနောက်ဆုံးခရီး ကုသိုလ် ~မလေးရှားနိုင်ငံ Yong Peng တွင် အလုပ်လုပ်ကိုင်နေပြီး (၁၀.၁၂.၂၀၂၅)ဗုဒ္ဓဟူး​နေ့တွင်း (၉၆)ပါးရ...
21/12/2025

~ နာရေးနောက်ဆုံးခရီး ကုသိုလ် ~

မလေးရှားနိုင်ငံ Yong Peng တွင် အလုပ်လုပ်ကိုင်နေပြီး (၁၀.၁၂.၂၀၂၅)ဗုဒ္ဓဟူး​နေ့တွင်း (၉၆)ပါးရောဂါဖြင့် သေဆုံးခဲ့သောဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အကွီကျေးရွာနေ ဦးထွန်မြတ်+( ဒေါ်အတင်)တို့၏ သား +မအေးသန္တာထွန်း ၏​ခင်ပွန်း ကိုကျော်ဘုန်း အသ​က် (၄၂)နှစ်၏ ကျန်ရစ်သောခန္ဓာကိုယ်အား (၂၁.၁၂.၂၀၂၅) တနဂ်နွေနေ့ မနက် (၁၁)နာရီတွင် ဘာတုပါဟတ်မြို့ ဆေးရုံးအအေးခန်းမှသယ်ဆောင်ပြီး နေ့လယ် ၁ နာရီတွင် PAGOH သုဿန်မှာ မီးသဂြိုလ်၍ ကွယ်လွန်သူ၏ နောက်ဆုံးခရီးအား သေးဆုံးသူ၏ ဆွေမျိုးသူငယ်ချင်းများနှင့်အတူ လောကအလင်း ညီကိုမောင်နှမများမှလည်း ပို့ဆောင် နုတ်ဆက်၍ ကုသိုလ်ယူခဲ့ကြပါသည်။

ကွယ်လွန်သူ ကိုကျော်ဘုန်း ကောင်းရာသုဂတိ ဘုံဘဝသို့ ရောက်ရှိပြီး ကောင်းသောစည်းစိမ် ချမ်းသာအဖြာဖြာတို့ကို ရရှိခံစားနိုင်ပါစေ။

နေ့စွဲ--- ၂၁.၁၂.၂၀၂၅
လောကအလင်း လူမှု့ကူညီရေးအသင်း
ဘာတုပါဟတ်မြို့ မလေးရှားနိုင်ငံ

Address

Batu Pahat
83300

Telephone

+60182654944

Website

Alerts

Be the first to know and let us send you an email when လောကအလင်း လူမှု့ကူညီရေးအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share