Myanmar Ethnics Organization - MEO

Myanmar Ethnics Organization - MEO Humility, Humanity, Touch in Community

📢 (၆) ကြိမ်မြောက် ARC-UNHCR မှ ကျင်းပသော Conference on Refugee Studies and Forced Displacement 2026 တွင် MEO မှ Research...
12/06/2026

📢 (၆) ကြိမ်မြောက် ARC-UNHCR မှ ကျင်းပသော Conference on Refugee Studies and Forced Displacement 2026 တွင် MEO မှ Research Poster ကို တင်ပြခွင့်ရရှိ

▶️ MEO ရုံးအနေဖြင့် (၆) ကြိမ်မြောက် ARC-UNHCR မှ ကျင်းပသော Conference on Refugee Studies and Forced Displacement 2026 တွင် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများမှတစ်ဆင့် ဒုက္ခသည်များအပေါ် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်ထားသည့် Research Poster ကို တင်ပြခွင့်ရရှိခဲ့ပါသည်။

▶️ အဆိုပါ ညီလာခံသည် ဒုက္ခသည်ရေးရာနှင့် အတင်းအကျပ် နေရပ်စွန့်ခွာမှုဆိုင်ရာ ကိစ္စရပ်များကို လေ့လာသုတေသနပြုနေကြသော ပညာရှင်များ၊ သုတေသီများနှင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ စုဝေးဆွေးနွေးကြသည့် အရေးပါသော ပညာရပ်ဆိုင်ရာ စင်မြင့်တစ်ခုဖြစ်ပါသည်။

သုတေသန အပြည်အစုံ ဖတ်ရန် - https://www.researchgate.net/publication/404886165_Refugee-Led_Organizations_and_Integration_Outcomes_among_Burmese_Refugees_in_Malaysia_Evidence_on_Social_Cohesion_Long-Term_Aspirations_and_Psychosocial_Well-Being


📜 UNHCR မှ စစ်တမ်းမေးခွန်းများ ဖြေဆိုရန် တောင်းဆိုခြင်း ဒုက္ခသည်အသိုင်းအဝိုင်းများအတွက် ဆေးခန်းများကို ပိုမိုကြိုဆိုလက်ခ...
10/06/2026

📜 UNHCR မှ စစ်တမ်းမေးခွန်းများ ဖြေဆိုရန် တောင်းဆိုခြင်း

ဒုက္ခသည်အသိုင်းအဝိုင်းများအတွက် ဆေးခန်းများကို ပိုမိုကြိုဆိုလက်ခံသော နေရာများဖြစ်လာစေရန်နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင့်အတွေ့အကြုံများကို UNHCR Malaysia က ပိုမိုနားလည်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။

သင့်၏အဖြေများကို အမည်မဖော်ဘဲ လျှို့ဝှက်စွာ သိမ်းဆည်းမည်ဖြစ်ပါသည်။

ဤလင့်ကိုနိုပ်ပါ: https://forms.office.com/Pages/ResponsePage.aspx?id=gXnD5WRmNEGKDGVD0q-AvnOpfKJyNrdBvdV51eEThtdUN1kyQk9VOUdHQ1A4VkhTWlI3RFo2S0RLSi4u

🚨 မလေးရှား DPP ဒုက္ခသည်မှတ်ပုံတင်စနစ် "ပထမအဆင့်" အကြောင်း သိကောင်းစရာ 🚨- - - - - - - - - - - - - - ပြီးခဲ့သော ဇွန်လ (၁) ...
04/06/2026

🚨 မလေးရှား DPP ဒုက္ခသည်မှတ်ပုံတင်စနစ် "ပထမအဆင့်" အကြောင်း သိကောင်းစရာ 🚨
- - - - - - - - - - - - - -

ပြီးခဲ့သော ဇွန်လ (၁) ရက်နေ့မှစတင်ပြီး မလေးရှားအစိုးရအနေဖြင့် DPP ခေါ် ဒုက္ခသည်မှတ်ပုံတင်စနစ် ပထမအသုတ် (Phase One) ကို ရွှေ့ပြောင်းထိန်းသိမ်းရေးစခန်းများတွင် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။ အစိုးရအနေဖြင့် လုံခြုံရေးအရ စနစ်တကျ ခြေရာခံခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း လူ့အခွင့်အရေးအဖွဲ့များအနေဖြင့် ဤပထမအဆင့် လုပ်ဆောင်ချက်အပေါ် စိုးရိမ်မှုများစွာ ရှိနေကြပါတယ်။ 🚩

ပထမအဆင့် (Phase 1) ဆိုတာ ဘာလဲ? ဘယ်သူတွေကို ပစ်မှတ်ထားသလဲ?
🔹 ထိန်းသိမ်းခံထားရသူ (၄,၀၀၀) ကို အရင်စစ်မည်: ယခု ဇွန်လ (၁) ရက်နေ့တွင် စတင်လိုက်သည့် ပထမအဆင့်သည် တစ်နိုင်ငံလုံးရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (အချုပ်စခန်း) များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒုက္ခသည် ၄,၀၀၀ ခန့် ကို အဓိက ပစ်မှတ်ထားခြင်း ဖြစ်ပါသည်။ ၎င်းတို့ထဲတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အများဆုံး ပါဝင်နေပါတယ်။

🔹 ဘီဒေါ (Bidor) အထူးစခန်းသို့ ရွှေ့ပြောင်းစစ်ဆေးမည်: အချုပ်စခန်းအသီးသီးရှိ အဆိုပါ ဒုက္ခသည် ၄,၀၀၀ ကို ပီရက်ခ် (Perak) ပြည်နယ်ရှိ ဘီဒေါ (Bidor) အထူးခွဲထုတ်ရေးစခန်းသို့ အသုတ်လိုက် ခွဲခြားပြောင်းရွှေ့သွားမည် ဖြစ်ပါသည်။ ဤစခန်းသည် DPP ဆိုင်ရာ ကတ် ထုတ်ပေးရန်အတွက် သီးသန့် ပြင်ဆင်ထားသော စခန်းဖြစ်သည်။

🔹 အဆင့် ၂ ဆင့်ဖြင့် စိစစ်မည့် အစိုးရကော်မတီ: ဒုက္ခသည်များသည် စခန်းတွင် အစိုးရ၏ ကော်မတီ ၂ ခု၏ စစ်ဆေးမှုကို ဖြတ်သန်းရမည် ဖြစ်ပါသည်။ ၁။ Refugee Status Assessment Committee က အမှုတွဲကို ပထမဆုံး လူတွေ့မေးမြန်း စစ်ဆေးပါမည်။ ၂။ ထိုမှတစ်ဆင့် ထောက်ခံချက်များကို Special Committee on Refugee Status Determination ထံ တင်ပြပြီး ၎င်းကော်မတီကသာ ဒုက္ခသည်ဟုတ်မဟုတ် နောက်ဆုံးအတည်ပြုချက်ကို ဆုံးဖြတ်ကာ DPP ကတ် ထုတ်ပေးသွားမည် ဖြစ်ပါသည်။

ပထမအဆင့်အပေါ် အဘယ်ကြောင့် စိုးရိမ်နေကြတာလဲ? 🛑
- Fortify Rights အဖွဲ့၏ ထောက်ပြချက်အရ အစိုးရအနေဖြင့် အဆိုပါ ဘီဒေါ (Bidor) အထူးစခန်းတွင် ဒုက္ခသည်များကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားမည်၊ စိစစ်ရေးလုပ်ငန်းစဉ် ဘယ်လောက်ကြာမြင့်မည်ဆိုသည်ကို တိတိကျကျ ချပြထားခြင်း မရှိသေးကြောင်း သိရပါသည်။

⏩️သတင်းအပြည့်အစုံ - https://www.fortifyrights.org/mly-inv-2026-06-01/

UNHCR ကတ်ဖြင့် Merchantrade (MCT) ကတ် ပြုလုပ်ထားသူများအတွက် သိထားသင့်သည့် အရေးကြီးအချက်အလက်မျာ; - -၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ...
03/06/2026

UNHCR ကတ်ဖြင့် Merchantrade (MCT) ကတ် ပြုလုပ်ထားသူများအတွက် သိထားသင့်သည့် အရေးကြီးအချက်အလက်မျာ; -

-၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ UNHCR ကတ်ဖြင့် ဖွင့်လှစ်ထားသော MCT ကတ်များ၏ ငွေလွှဲနှုန်းထား သတ်မှတ်ချက် (Limit) များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ပုံမှန်ငွေလွှဲခြင်း (Normal Remittance)
• ၁ ရက်လျှင် (တစ်ကြိမ်လျှင်): အများဆုံး RM 1,500
• ၁ လလျှင်: အများဆုံး RM 3,000

QR Code ဖြင့် ငွေလွှဲခြင်း (Via QR Code)
• ၁ ရက်လျှင် (တစ်ကြိမ်လျှင်): အများဆုံး RM 300
• ၁ လလျှင်: အများဆုံး RM 3,000
- - - - - -

UNHCR card tawh akibawl MERCHANTRADE card Zangte aa ding theih huai thu:

UN card tawh a kibawl MCT card te 01-June-2026 kipan in a nuai a bang in sumkhak limit ding hi.
- RM1,500 khatvei khak (ni 1 sung)
- RM3,000 kha khat sung

QR code tawh hi leh:
- RM300 khatvei khak (ni 1 sung)
- RM3,000 kha khat sung

📌 မလေးရှားတွင် အလုပ်လုပ်ကိုင်သူများ သိရှိထားရန် လိုအပ်သော အရေးကြီးအချက် 🇲🇾💼Malaysia Employment Act 1955 နှင့် သက်ဆိုင်ရာ...
31/05/2026

📌 မလေးရှားတွင် အလုပ်လုပ်ကိုင်သူများ သိရှိထားရန် လိုအပ်သော အရေးကြီးအချက် 🇲🇾💼

Malaysia Employment Act 1955 နှင့် သက်ဆိုင်ရာ ဥပဒေများအရ သင့်ခွင့်ပြုချက်မရှိဘဲ Passport နှင့် အခြားကိုယ်ရေးအချက်အလက်များကို မည်သူမဆို သိမ်းဆည်းထားခွင့် မရှိကြောင်း ထပ်မံ အသိပေးလိုပါသည်။ 📜⚖️

ထို့ကြောင့် Passport 🛂၊ UN Card 🪪 နှင့် အခြား ကိုယ်ရေးအချက်အလက်ဆိုင်ရာ စာရွက်စာတမ်းများကို အလုပ်ရှင်မှသော်လည်းကောင်း၊ မည်သူတစ်ဦးမျှ အတင်းအကြပ် သိမ်းဆည်းထားခြင်းသည် ဥပဒေနှင့် မညီသော လုပ်ရပ်ဖြစ်ပါသည်။ 🛑❌

ထိုသို့ ကြုံတွေ့နေရပါက ကြောက်ရွံ့ခြင်းမရှိဘဲ မိမိ၏ စာရွက်စာတမ်းများကို ရဲရဲဝံ့ဝံ့ ပြန်လည်တောင်းဆိုနိုင်ကြောင်း အသိပေးအပ်ပါသည်။ 🗣️
အခွင့်အရေးများကို သိရှိထားခြင်းသည် မိမိကိုယ်ကို ကာကွယ်ခြင်းဖြစ်ပါသည်။ 🛡️✨🛡️
- - - - - -

📌 Malaysia ah na a sem mipi khempeuh ading theih huai thute:

Malaysia thukham (Malaysia Employment Act 1955) le adang thukhamte dungjui-in, nasepna neipa/nu (Boss te) leh, mi khat peuh peuh in na phalna om lo-in na Passport te koihsak/laksak cihte hihtheilo uh hi.

Tua ahih manin, na Passport, UN Card le adang na neihsa mimal laidal (documents) tuamtuamte nasepna neite leh mi khat peuhpeuh in a zawthawh thutawh (force) a laksak/koihsak pen thukhun tawh a kikalh (illegal) ahih manin, nasem mipi te-in lau lo takin genkhia/ngen kik theih ahihlam khatvei kiphawksak kik hi hang.

မလေးရှားရှိ ဒုက္ခသည်ကွန်မြူနတီများ၏ အကျိုးသက်ရောက်မှုနှင့် မြန်မာဒုက္ခသည်များ၏ လူမှုဘဝ/စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ...
29/05/2026

မလေးရှားရှိ ဒုက္ခသည်ကွန်မြူနတီများ၏ အကျိုးသက်ရောက်မှုနှင့် မြန်မာဒုက္ခသည်များ၏ လူမှုဘဝ/စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများဆိုင်ရာ သုတေသနတွေ့ရှိချက်များ
- - - - - -
📌 လေ့လာမှုများအရ - ကွန်မြူနတီများ တည်ရှိနေခြင်းသည် ဒုက္ခသည်များအတွက် လူမှုသဟဇာတဖြစ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို အားကောင်းစေပါသည်။ ထို့ပြင် မိမိတို့ရောက်ရှိနေထိုင်ရာ လူ့အဖွဲ့အစည်းအတွင်း အစိမ်းသက်သက်မဟုတ်ဘဲ အစိတ်အပိုင်းတစ်ခုအဖြစ် နွေးထွေးစွာ ခိုလှုံခွင့်ရသည့် ခံစားချက် (Sense of Belonging) ကို ဖြစ်ပေါ်စေကာ စိတ်ဓာတ်ခွန်အားကို ပိုမိုမြှင့်တင်ပေးပါသည်။ 🤝❤️

📌 ထိရောက်သော ပံ့ပိုးမှု - ကွန်မြူနတီများအနေဖြင့် ဆေးဝါးနှင့် ကျန်းမာရေး ကူညီပံ့ပိုးမှုများကို ပိုမိုထိရောက်စွာ ပေးနိုင်လေလေ၊ ဒုက္ခသည်များအနေဖြင့် မလေးရှားရှိ လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုတစ်သားတည်းဖြစ်လာပြီး (Belong ဖြစ်လာပြီး) စည်းလုံးလာစေရန် အားအကောင်းဆုံး တွန်းအားဖြစ်စေလေလေ ဖြစ်ပါသည်။ 🏥🚑

📌 မိသားစု၏ အရေးပါပုံ - မိသားစုနှင့် အတူတကွ နေထိုင်ခွင့်ရသော ဒုက္ခသည်များသည် အနာဂတ်အတွက် ပိုမိုခိုင်မာသော မျှော်လင့်ချက်နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပိုမိုခံစားရရှိကြပါသည်။ 👨‍👩‍👧‍👦✨

📌 အချိန်ကာလအလိုက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တွေ့ရှိချက် - ဒုက္ခသည်များ စတင်ရောက်ရှိစ (၁) နှစ်အတွင်းကို အခက်ခဲဆုံး (Vulnerable ဖြစ်ဆုံး) အချိန်ဖြစ်ကြောင်း လူအများစုက ထင်မှတ်တတ်ကြသော်လည်း၊ လေ့လာမှုများအရ မလေးရှားတွင် (၂) နှစ်မှ (၅) နှစ်အတွင်း နေထိုင်နေသော ဒုက္ခသည်များသည် အနာဂတ်မျှော်လင့်ချက် လျော့နည်းလာပြီး စိတ်ပိုင်းဆိုင်ရာ အထိခိုက်ခံရဆုံး (Vulnerable ဖြစ်ဆုံး) အချိန်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ 📉

ထူးခြားသည်မှာ (၅) နှစ်ကျော်လွန်လာချိန်တွင်မူ ၎င်းတို့၏ စိတ်ဓာတ်ခွန်အားသည် နဂိုပုံမှန်အတိုင်း ပြန်မဖြစ်သေးရင်တောင် (၂) နှစ်မှ (၅) နှစ်အတွင်း နေထိုင်သူများထက် စိတ်ဓာတ်ခွန်အား ပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါသည်။ 📈
—-

📌 သုတေသနတွေ့ရှိချက်များအရ အောက်ပါအတိုင်း အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည် 📣

👉၁။ ကွန်မြူနတီအဖွဲ့အစည်းများ၊ လူမှုရေးခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များ အားလုံးအနေဖြင့် မလေးရှားသို့ ရောက်ရှိနေထိုင်သည်မှာ (၂) နှစ်မှ (၅) နှစ်ဝန်းကျင် ရှိနေသူများနှင့် ဆွေမျိုးမိသားစုမရှိဘဲ တစ်ကိုယ်ရေ နေထိုင်နေရသော ဒုက္ခသည်များ (Individual Refugees) ကို အထူးသတိပြု စောင့်ကြည့်ဖေးမကူညီပေးရန် လိုအပ်ပါသည်။ လိုအပ်ပါက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း (Counselling) ပေးခြင်းနှင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ပေးနိုင်မည့် သင်တန်းများ၊ အစီအစဉ်များနှင့် အခြားပံ့ပိုးကူညီမှုများကို အထူးပစ်မှတ်ထားပြီး (Targeted) ဝိုင်းဝန်းဖော်ဆောင်ပေးကြပါရန် အကြံပြုတင်ပြအပ်ပါသည်။ 🧠💪💼

👉၂။ ဆေးဝါးနှင့် ကျန်းမာရေး ကူညီပံ့ပိုးမှုများကို ပိုမိုထိရောက်စွာပေးခြင်းသည် ဒုက္ခသည်များအတွက် လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုတစ်သားတည်းဖြစ်လာစေရန် အဓိက မောင်းနှင်အား (Key Driver) ဖြစ်သည့်အတွက်ကြောင့် ကွန်မြူနတီများအနေဖြင့် ၎င်းကဏ္ဍကို ဦးစားပေးကိစ္စ အဖြစ်ထားရန် လိုအပ်ကြောင်း ထပ်မံဖော်ပြပေးလိုပါသည်။
(MEO မှသုတေသနစာတမ်း ပြုလုပ်ခြင်းဖြစ်သည်)

🌐 သုတေသနစာတမ်း အပြည့်အစုံကို ဖတ်ရှုလိုပါက - https://www.researchgate.net/publication/404886165_Refugee-Led_Organizations_and_Integration_Outcomes_among_Burmese_Refugees_in_Malaysia_Evidence_on_Social_Cohesion_Long-Term_Aspirations_and_Psychosocial_Well-Being 📑🔍

📢 UNHCR Digital စနစ်အပြောင်းအလဲအတွက် စစ်တမ်း (Survey) ပါဝင်ဖြေဆိုပေးရန် မေတ္တာရပ်ခံခြင်းUNHCR ရဲ့ လုပ်ငန်းစဉ်တွေကို မကြာ...
28/05/2026

📢 UNHCR Digital စနစ်အပြောင်းအလဲအတွက် စစ်တမ်း (Survey) ပါဝင်ဖြေဆိုပေးရန် မေတ္တာရပ်ခံခြင်း

UNHCR ရဲ့ လုပ်ငန်းစဉ်တွေကို မကြာခင် Digital စနစ် သို့ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး မိမိတို့၏ လိုအပ်ချက်တွေကို သိရှိနိုင်ရန် စစ်တမ်းကောက်ယူနေခြင်း ဖြစ်ပါသဖြင့် ခေတ္တအချိန်ပေးပြီး ဝင်ရောက်ဖြေဆိုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📌 စစ်တမ်းဖြေဆိုရန်လင့်ခ် ။ ။ https://survey.mymeo.space/

- - - - - -

📢 UNHCR Digital system thak tawh kisai dotna (Survey) dawng dingin ngetna

A sawt loin UNHCR zum panin Digital system thak tawh nasepna te hong kipan/laih ta ding ahih manin, tua system thak tawh kisai-in mipi te lam pan kisapna te theih nading in Dotna (Survey) pawlkhat kong d**g nuam uh ahi hi. 📝✨

Anuai-a Link sungah dot na te na dawng sak un. Lungdam.
👇
📌https://survey.mymeo.space/

📣 DPP Vai tawh kisai Update!! Malaysia gam-uk khat ahi Mr. Saifuddin in gambel mite tawh kisai DPP vai a nuai a bangin h...
19/05/2026

📣 DPP Vai tawh kisai Update!!

Malaysia gam-uk khat ahi Mr. Saifuddin in gambel mite tawh kisai DPP vai a nuai a bangin hong genkhia hi.

1. DPP pen tuulaitak in Rohingya gam-mi Thong (Detention Camp) sungah omte ading in kipan khia phot hi. Rohingya te piakna plan a man khit ciang, Sudan gam-mite leh Syria gam-mite ading in kipia toto ding hi.

2. DPP ngah gambel mite in Malaysia gam panin nasep vai khawng zong hong vaihawm pihthei ding uh hi. Ahihhang, nasepna a ngah hangin Malaysia gam ah tawntung om-suak theihna (PR – nasep tawh omtheihna) ding hi tuan lo hi.

3. Malaysia gam uk te gelna ah DPP tawh kisai in lampi thum (3) om hi:
a. Gam thumna (Third Country) a pai ma uh omtheihna ding.
b. Piangna gam (Home Country) ah ciahkik nuamte ciahkik theihna ding.
c. (Ahihkei leh) Malaysia gam in ama deihna/sawlna tawh a aciahkik ding cih te ahi hi.

4. DPP tawh kisai Security leh a thukunte a man khit ciang, DPP pen Mipi te ading in maikha lam ciang kipan toto ding ci-in gelna nei uh hi.




Theihbeh nop leh: https://www.freemalaysiatoday.com/category/nation/2026/05/18/refugee-registration-scheme-no-guarantee-of-permanent-stay-says-saifuddin?fbclid=IwY2xjawR4xmdleHRuA2FlbQIxMABicmlkETFDTXJqWVVlWlp4VXp1ZUl3c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHlpTNPtlQR2xONWhZY9mj1WbEFPV799Nq4qc_17RsOhA0ERS3GpikcS6DigP_aem_YWdncwD0Ngz1DCqd0z3uTeE3dxGd&brid=YWdncwGCVTb0QI8_Nf7pvHHkEo1-

📌 မလေးရှားရောက် ဒုက္ခသည်များ မှတ်ပုံတင်ခြင်း (DPP) အစီအစဉ်သည် အမြဲတမ်းနေထိုင်ခွင့် မဟုတ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး...
19/05/2026

📌 မလေးရှားရောက် ဒုက္ခသည်များ မှတ်ပုံတင်ခြင်း (DPP) အစီအစဉ်သည် အမြဲတမ်းနေထိုင်ခွင့် မဟုတ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး Saifuddin ပြောကြား 📌

မလေးရှားပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က ယခုနှစ် ဇန်နဝါရီလမှ စတင်ခဲ့သော ဒုက္ခသည်များမှတ်ပုံတင်ခြင်းစီမံချက် (DPP) နှင့်ပတ်သက်၍ အရေးကြီးသောအချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

၁။ အမြဲတမ်းနေထိုင်ခွင့် (PR) ပေးရန် မဟုတ်ပါ ❌
DPP အောက်တွင် မှတ်ပုံတင်ခြင်းနှင့် အလုပ်ရှင်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်သော်လည်း အမြဲတမ်းနေထိုင်ခွင့်ပေးမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဒုက္ခသည်များအတွက် နောက်ဆုံးဖြေရှင်းချက် လမ်းကြောင်း (၃) ခုကိုသာ ကြိုတင်ပြင်ဆင်ထားရှိပါသည် -

(၁) မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်း (Repatriation)
(၂) တတိယနိုင်ငံသို့ ပို့ဆောင်ခြင်း (Resettlement) သို့မဟုတ်
(၃) မွေးရပ်မြေသို့ ပြန်လည်စေလွှတ်ခြင်း (Deportation)

၂။ လက်ရှိဆောင်ရွက်မှုနှင့် ဒေတာကောက်ယူခြင်းလုပ်ငန်းစဉ်များ 📊
- ဦးစားပေးအဆင့်– လ၀ကစခန်းများရှိ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ဦးစားပေးလုပ်ဆောင်နေပြီး (ပထမအဆင့် ၄,၀၀၈ ဦး ပြီးစီး)၊ ဒုတိယအဆင့်တွင် ဆူဒန်နှင့် ဆီးရီးယားနိုင်ငံသားများကို ဆက်လက်လုပ်ဆောင်မည်။
- နည်းပညာနှင့် အချက်အလက်များ စုဆောင်းခြင်း– အစိုးရအေဂျင်စီ ၂၀ ခန့် ပူးပေါင်းကာ ကိုယ်ရေးအချက်အလက်၊ မျက်နှာနှင့် အသံဗီဒီယို (Biometrics) များကို စနစ်တကျ ကောက်ယူလျက်ရှိသည်။

၃။ အသက် (၂၀ မှ ၄၀) ကြား အလုပ်အကိုင်ချိတ်ဆက်မှု 💼
DPP စာရင်းကောက်ယူထားသောသူများ၏ ဒေတာများကို အခြေခံ၍ ကိုက်ညီမည့် လုပ်ငန်းကဏ္ဍ (၅) ခု (စက်ရုံ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဝန်ဆောင်မှု) တွင် အလုပ်လုပ်နိုင်ရန် ချင့်ချိန်စဉ်းစားပေးမည်ဖြစ်သည်။ ဤအစီအစဉ်သည် ပြည်ပအလုပ်သမားမှီခိုမှုကို ၁၀% လျှော့ချမည့် မလေးရှား၏ (၁၃) ကြိမ်မြောက် စီမံကိန်းကို အထောက်အကူပြုမည်ဖြစ်သည်။

၄။ DPP နှင့်ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမည့် ခြေလှမ်း/အစီအစဉ်များ 🚀
လက်ရှိတွင် Bidor လ၀ကစခန်း၌ DPP နှင့်ပတ်သက်ပြီး လုပ်ငန်းစဉ်စမ်းသပ်မှုများ အောင်မြင်စွာ ပြုလုပ်ထားပြီးဖြစ်ကာ၊ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများ အတည်ပြုပြီးပါက လာမည့်လအစောပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်။

Credit: malaymail


သတင်းပြည့်အစုံဖတ်ရန် - https://www.freemalaysiatoday.com/category/nation/2026/05/18/refugee-registration-scheme-no-guarantee-of-permanent-stay-says-saifuddin?fbclid=IwY2xjawR4ATlleHRuA2FlbQIxMABicmlkETFVdUFrOWw4MTdQWFZDU2R6c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHo8GyoYmIwAkqWYvVnFyV7BJ1oR6C_0_jTEma97dPzwO5s0cAirhmj-MEb1M_aem_YWdncwCEd5Bx9j9szE_Qqw5VOqw9&brid=YWdncwG55ZJu7e_-0M7Vc_uhJvkG

Home minister says the management of refugees and asylum seekers will ultimately end in repatriation, resettlement in a third country, or deportation.

📢 တောရိုင်းတိရစ္ဆာန်များအား ပစ်ခတ်ဖမ်းဆီးခြင်းဆိုင်ရာ အထူးသတိပေးချက် 🐾မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မိဘပြည်သူများနှ...
13/05/2026

📢 တောရိုင်းတိရစ္ဆာန်များအား ပစ်ခတ်ဖမ်းဆီးခြင်းဆိုင်ရာ အထူးသတိပေးချက် 🐾

မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မိဘပြည်သူများနှင့် အလုပ်သမားများအားလုံး မိမိတို့၏ အပျော်တမ်းအတွက်ဖြစ်စေ၊ စားသောက်ရန်အတွက်ဖြစ်စေ တောရိုင်းတိရစ္ဆာန်များကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများကို လုံးဝမပြုလုပ်ကြရန် အကြံပြုအပ်ပါသည်။ 🙅‍♂️🚫

မလေးရှားနိုင်ငံ၏ Wildlife Conservation Act 2010 (Act 716) ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းများသည် ကြီးလေးသော ပြစ်မှုများဖြစ်ကာ တရားရုံးတွင် အရေးယူခံရပါက ပြစ်မှုအမျိုးအစားအလိုက်: 💰 ဒဏ်ငွေ: ရင်းဂစ် ၅,၀၀၀ မှ ၁ သန်း (RM 1 Million) ထက်မက လည်းကောင်း၊ ⛓️ ထောင်ဒဏ်: ၁ နှစ်မှ ၁၅ နှစ်အထိ လည်းကောင်း ပြင်းထန်စွာ ချမှတ်ခံရနိုင်ပါသည်။

မိမိတို့၏ ကလေးငယ်များကိုလည်း တိရစ္ဆာန်များအား ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရန်နှင့် ဥပဒေကို လိုက်နာရန် စနစ်တကျ သင်ကြားပေးကြပါရန် အထူးသတိပေး တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🙏
- - - - -

📢 GAMSA TE THAH DING LE MAT DING TAWH KISAI THEISAKNA
Malaysia gamsung a om nu le pa te le nasem khempeuh te, gamsa te cimphawng ahizong, nek le dawn nading ahizong, kap/mat in na thah loh ding uh hong phawksak nuam phapha ung. 🚫

Malaysia gam thukham Wildlife Conservation Act 2010 (Act 716) dungzui in phalna (license) om lo-in gamsa mat ding, thah ding te pen bawlsiatna nam khat in kici a, thukhen zum (Court) d**gah kitung thei mawk hi.
Tua bang thukham palsatna hangin sum liau 💰 RM 5,000 pan RM teng 1val d**g liau thei mawk a, tua banah thong zong ⛓️ K*m 1 pan K*m 15 d**g kikia thei hi.

Tua ahih manin mimal khat ciat in gamsa te bawlsia/thah loh nadingin a thak in hong theisak nuam phapha ung. 🚫

Address

Bagan Lalang

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Sunday 11:00 - 17:00

Alerts

Be the first to know and let us send you an email when Myanmar Ethnics Organization - MEO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Ethnics Organization - MEO:

Shortcuts

Share