13/08/2026
စစ်ဆင်ရေးသတင်းထုတ်ပြန်ချက်
*******************************
"မိမိတို့ပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့် ရန်သူ(၆)ဦး6သဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့"
သြဂုတ်လ ၁၃ရက်၊ ၂၀၂၆ခုနှစ်။
မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့နယ်၊ အောင်သပြေရွာဟောင်းအနီးသို့ ခမရ(၅၈၈)၊အမတ(၃၁၇)၊ခလရ(၁၀၆)တပ်ရင်းတို့မှ ထုတ်နုတ်အင်အား(၁၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော ရန်သူစစ်ကြောင်းနှင့် မိမိတို့ပူးပေါင်းမဟာမိတ်တပ်များတို့ ၂၀၂၆ခုနှစ်၊သြဂုတ်လ(၈)ရက်နေ့ ၁၁း၃၀အချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိတွေ့ချိန် မိနစ်(၂၀)ခန့်ဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ(၆)ဦး6သဆုံးကား (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်၊မိမိတို့ပူးပေါင်းမဟာမိတ် ရာမညမွန်တပ်တော်(RMA)(၉၀၁)တပ်ရင်းမှရဲဘော်နှစ်ဦးမြင့်မြတ်စွာ ကြွေလွင့်ကျဆုံးခဲ့ရသည်။
အဆိုပါထိတွေ့တိုက်ပွဲတွင် YGFအမှတ်(၈၀၀၁)တပ်ရင်း/တပ်ခွဲ(၁)နှင့်ချေမှုန်းရေးတပ်ဖွဲ့၊မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ရာမညမွန်တပ်တော်(RMA)(၉၀၁)တပ်ရင်းတို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။
YE GUERRILLA FORCE Telegram Channel-https://t.me/ygf1221
#ရေးပြောက်ကျားတပ်
#အမှတ်၈၀၀၁တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#ပူးပေါင်းမဟာမိတ်