Our Donation For Stray Dogs & Cats

Our Donation For Stray Dogs & Cats Love stray animals & save their lives!!!
လေလွင့် တိရစ္ဆာန်လေးများကို ကိုယ်ချင်းစာတရားနဲ့ စောင့်ရှောက်ကြပါစို့

01/10/2026

ကျမ အမေက ပြောတယ်

မနက်ဖြန် Oct 1 ရက်နေ့မှာတဲ့ စျေးရောင်းပွဲတော်ရှိမယ်တဲ့
ကျမတို့ အရွယ်ဝတ် / မြောင်ဝတ် အင်္ကျီ ဆိုဒ်အသေး ၊ အကြီး ၊ ဆိုဒ်လတ် မလတ်တလတ် အို… အကုန်ပါမယ်ပေါ့ရှင်

ဒါတင်ပဲလားဆိုတော့လဲ မဟုတ်ပြန် မိုးရာသီမှာ နှပ်ဖို့ ၊ ဆောင်းရာသီမှာ ကွေးဖို့ အိပ်ယာလေးတွေပါ ပါသေးတာတဲ့တော်ရေ 🤗

အမေတို့များ ဒါတင်ပဲလားဆိုတော့လဲ မဟုတ်သေးပြန် 15,000 (ကျပ် တစ်သောင်းခွဲဖိုး ) ပြည့်တာနဲ့ ဗလာမပါ ကံစမ်းမဲတစ်စောင်တဲ့တော် …

ကျမ ရုပ်လား မပြုံးနေလို့လား ❓မပြုံးနေနိုင်ပါဘူးတော်

“ကံစမ်းမဲတွေလုပ်မနေစမ်းပါနဲ့ အမေရယ် အမေလဲ အပ်ိုကုန်ပါ့မယ် မောင်လေးတွေ က်ိုကိုတွေလာရင် Buy One Get ကျမ လုပ်လိုက်ပါလား” ဆိုတာကို ညှိမရနေဘူးလေ 🫩😏😏



#စျေးရောင်းပွဲတော်

စိတ်ထားကောင်းလိုက်တာတိချစ်သူတို့ရေ ဒီလိုဆိုင်ကို အားပေးရမှာနော် မြောက်ဒဂုံမှာပါတဲ့ မုန့်ဟင်းခါး စားချင်စရာကွယ်😍
21/09/2026

စိတ်ထားကောင်းလိုက်တာ
တိချစ်သူတို့ရေ ဒီလိုဆိုင်ကို အားပေးရမှာနော် မြောက်ဒဂုံမှာပါတဲ့ မုန့်ဟင်းခါး စားချင်စရာကွယ်😍

မနေ့က မနက် 9 နာရီ လောက် ကိုယ်တို့ ဆိုင် က မျက်နှာစာပေ ၄၀ လုံး ဖွင့် ထားတာဆိုတော့ အဲ့ နေ့စေ့လစေ့ ခွေးမကြီး က အတင်းဝင်လာပြီး ကိုယ်တို့ ရဲ့ ရေစက် အိမ် ထဲ ကလေးဝင်မွေးပါရောလား😅😅

အထီး ၅ ကောင် အမ၃ ကောင် ၈ ကောင်မွေးတယ်ရှင့်
စားသောက်ဆိုင်နဲ့ လမ်းဘေးခွေး က အဆင်မပြေပေမယ့် မီးနေသည်ကို လည်း မျက်နှာလွှဲ ခဲ ပစ်က မလုပ်နိုင်ပြန်တာမို့ လောလောဆယ်တော့ ဆိုင် အပြင် အမိုးအောက်မှာ သူတို့သားအမိတွေ ကို နေရာပေး အမေ ကို ထမင်းကျွေးထားရပါရောလား😂😂
ကလေးတွေ နို့ပြတ်ရင်တော့ မြောက်ဒဂုံ ထဲ ခြံမွေးလို မွေးချင်သူများရှိရင် လာယူ ကြပါဦးရှင့်🙏

မင်္ဂလာညချမ်းပါ 🙏🏻OD တိချစ်သူမိသားစုများရဲ့ မပျက်မကွက် လစဉ် အလှူ အဖြစ် SEPTEMBER 2026 အတွက် အလှူငွေစုစုပေါင်း 555,000 ကျ...
15/09/2026

မင်္ဂလာညချမ်းပါ 🙏🏻

OD တိချစ်သူမိသားစုများရဲ့ မပျက်မကွက် လစဉ် အလှူ အဖြစ် SEPTEMBER 2026 အတွက်

အလှူငွေစုစုပေါင်း 555,000 ကျပ်ကို

တိလေးတွေ အဆိပ်ချမခံရအောင် ကြိုးစားသားဆက်ခြားပေးပါသော Let’s Save The Strays-Myanmar အဖွဲ့အား 130,000 ကျပ်

Myo Thein Tun ဂေဟာသို့ 100,000 ကျပ်

Yangon Animal Shelter သို့ 110,000 ကျပ်

မန္တလေး တိကယ်ဆယ်ရေး မ Hay Thar Lin သို့ 55,000 ကျပ်

LOVER of PETS မိသားစု ရိပ်မြုံသို့ 60,000 ကျပ်

Alinn Yaung Cats Rescue and Shelter သို့ 100,000 ကျပ် လှူဒါန်းပါတယ်ရှင်

အမြဲတမ်း တိလေးတွေအပေါ် သနားစာနာ
မေတ္တာတရားအပြည့်နဲ့ ပါဝင်ပေးကြသော
အလှုရှင်များအားလုံးကို
ရင်ထဲကနေ ကျေးဇူးအများကြီးတင်ပါတယ်ရှင်

အလှူရှင်များအားလုံး အန္တရာယ်ခပ်သိမ်း ကင်းဝေးပြီး
စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ

ဘယ်ကတစ်ဆုပ်ကြဲလို့ ညာကတစ်လှည်းဝင်ကြပါစေ

မိမိလှူချင်စိတ်ဖြစ်တိုင်း လှူဒါန်းနိုင်ပါစေလို့
တိလေးများကိုယ်စား OD မှ ဆုတောင်းပေးပါတယ် ☘️☘️

နတ်လူ သာဓုခေါ်စေသော်

အလှူ post တင်ထားတာတွေကို Cmt မှာ ထပ်ဖြည့်ပေးပါမယ်ရှင်

14/09/2026

စက်တင်ဘာအလှူစာရင်း မနက်ဖြန်တင်ပေးပါမယ်နော်
မင်မင်ဒီရက်ပိုင်း အလုပ်ရှုပ်သွားလို့ပါ😣🙏🏻

11/09/2026

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ TNVR လို့ခေါ်တဲ့
ဖမ်းဆီး၊သင်းကွပ်၊ကာကွယ်ဆေးထိုး၊ပြန်လွှတ်တဲ့
အစီအစဉ်လေးမှာ တိချစ်သူတို့ သိရှိထားရမယ့်
အချက်ကလေးတွေကိုပြောပြပေးပါမယ်ဗျ

မြှောင်လေးတွေ အာဝုလေးတွေကိုမေ့ဆေးပေးတဲ့နေရာမှာ
အစာဖြတ်ထားရပါတယ် အနည်းဆုံး ၆နာရီကြာ
အစာဖြတ်ထားရပြီးမှ မေ့ဆေးပေးတဲ့အခါ
လွယ်ကူစွာနဲ့ သတိမေ့နိုင်ပြီး အစာဖြတ်မထားတဲ့
ကလေးတွေဟာ အသက်ရှူလမ်းကြောင်းမှာ
အစာပိတ်ဆို့ပြီးအသက်အန္တရာယ်ကိုခြိမ်းခြောက်
နိုင်ပါသေးတယ်ဗျ

နောက်တခုက ရာသီဥတု ပူပြင်းတဲ့အခါ
မြှောင်တို့အာဝုတို့ဟာ မေ့ဆေးကောင်းကောင်း
ပေးလို့မရပဲ နောက်ဆက်တွဲအဖြစ် ရုတ်တရက်
ကိုယ်ပူချိန်မြင့်တက်လာတာမျိုးဖြစ်တတ်ပါတယ်
ဒီလိုအခါမျိုးမှာလည်း အသက်အန္တရာယ်ရှိတဲ့
အတွက်ကြောင့် ရာသီဥတုအရမ်းပူတဲ့အခါမျိုးမှာ
ပိုမိုနုနယ်တဲ့မြှောင်တို့ကို လုံးဝသားကြောမဖြတ်ပဲ
ပြန်လွှတ်ပေးရတဲ့အခါမျိုးတွေကိုလည်း
နားလည်စေချင်ပါတယ်ဗျ🙏🏻🙏🏻

ရာသီဥတုကပူတဲ့အခါအရမ်းပူတာဖြစ်လို့
သားကြောဖြတ်ဖို့အတွက်ခေါ်လာမယ်ဆိုရင် စောစောလေး
ခေါ်လာခဲ့ကြဖို့နဲ့ မိုးရွာတဲ့အခါမျိုးမှာဆိုရင်လည်း
ကလေးတွေမိုးမစိုဖို့အတွက်ကို အထူးဂရုပြုပေးကြဖို့
အကြံပြုတိုက်တွန်းပါတယ်ဗျ😇🙏🏻

သားကြောဖြတ်ပြီး သတိပြန်လည်လာဖို့
နေရာမှာစောင့်ဆိုင်းနေစဉ်အချိန်အတွင်းမှာလည်း
ပိုင်ရှင်များက မိမိတို့ရဲ့ အာဝုလေး၊ မြှောင်လေးများကို
ပစ်မထားပဲ စောင့်ကြည့်ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ
သက်ဆိုင်ရာ ဆရာဝန်များက လှည့်ပတ်စစ်ဆေးပေးနေမှာ
ဖြစ်သော်လည်း မိမိတို့ရဲ့ အာဝုလေး ၊ မြှောင်လေးများကို
ကိုယ်တိုင်ပူပေါင်း ဂရုစိုက်ပေးဖို့လိုအပ်ပြီး သတိကောင်းစွာ
ပြန်လည်မှသာလျှင် မိမိတို့ရဲ့ နေရပ်သို့ ပြန်လည်ခေါ်ဆောင်
ကြဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျာ

မြို့ပေါင်းများစွာမှာလုပ်ဖို့လည်းကြိုးပမ်းနေကြပါတယ်
မန္တလေးအခြေစိုက်ဖြစ်တဲ့အပြင် ရန်ကုန်မှာလည်း
(၂၄)ကြိမ်မြောက်လုပ်ဆောင်ပေးပြီးခဲ့ပါပြီခင်ဗျ
တခြားမြို့တွေမှာပါ လုပ်ဆောင်လို့ရတာနဲ့ Page မှာ
ကြေငြာပေးသွားမှာဖြစ်ပြီး မန္တလေး၊ရန်ကုန်အပြင်
လှည်းကူးနဲ့ပုဂံမှာပါလုပ်ဆောင်ပေးနိုင်ခဲ့ပါပြီဗျ

အချိန်နဲ့နေရာကို တစ်လချင်းဆီကြေငြာပေးတာမို့
Page ကို follow သို့မဟုတ် See first လုပ်ထားပေးပါလို့
အကြံပြုပါတယ်ခင်ဗျာ

နောက်တစ်ခုဟာ အဖွဲ့အစည်းကဆရာဝန်တွေနဲ့
အခြားသောဝန်ထမ်းများဟာ ယခုအဖွဲ့အတွက်
မိမိသက်ဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းပြီးမှ
အားလပ်အောင်စုဝေးပြီး ဒီအစီအစဉ်လေးကို
အထမြောက်အောင် ကြိုးစားပြုလုပ်ပေးနေတဲ့
အတွက်ကြောင့်

“တနင်္လာနေ့မှ စနေနေ့အထိ
မနက် ၉နာရီမှ ညနေ ၅နာရီအထိ”

ရုံးချိန်အတွင်းမှာသာစုံစမ်းမေးမြန်းပေးဖို့လည်း
မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ😇

Admin တွေအားလပ်ချိန်တွေဟာလည်းမတူညီတဲ့အတွက် Autoreply လေးတွေကိုပါထည့်သွင်းပေးပြီးဖြေကြား
ပေးထားတဲ့အတွက်လည်း တခါတလေမှာ အမေးအဖြေ
မတည့်တာလေးတွေဖြစ်လာခဲ့ရင်လည်း သည်းခံပေးဖို့
ပန်ကြားလိုပါတယ်ခင်ဗျာ

သားကြောဖြတ်ဖို့အတွက်ခေါ်လာရင်ဘာလေးတွေ
သတိပြုရမယ်ဆိုတာလေးကိုသိစေချင်လို့ အခုလို
ဆောင်ရန်ရှောင်ရန်လေးတွေကို သတိပေးရေးသား
လိုက်ရပါတယ်ခင်ဗျာ

မိမိတို့ပတ်ဝန်းကျင်မှ လေလွင့်ခွေးလေးများကို
အခမဲ့လာရောက်သားကြောဖြတ်ပေးဖို့ ဖိတ်ခေါ်ပါ
တယ်ခင်ဗျာ

Let’s Save The Strays-Myanmar

02/09/2026

လမ်းမှာခွေးလေးတွေတွေ့ရင် ဟွန်းတီးပီး အရှိန်လေးလျှော့ပေးပါဗျ။ ကျနော်တို့က ခွေးတွေကို ဟွန်းတီးရင် ထပြေးမယ့် အချိန်ကိုတွက်ပီး မောင်းတတ်ကြတယ်။ တစ်ချို့ကောင်လေးတွေက ခြေထောက်နာတော့ မနည်းထ ရတာပါ။ အဲကျ အဆင်မပြေတွေ ဖြစ်သွားတတ်လို့ပါ။ ကျနော်တို့က ခြေဖဝါးတစ်ခုနဲ့ အရှိန် ပြန်တင်လို့ရပါတယ်။ သူတို့အတွက် ဘဝ တစ်ခုပါ။ ဒီကမ္ဘာကြီးကို လူသားတွေက ပဲ ပိုင်ဆိုင်တာ မဟုတ်ပါဖူး ခင်ဗျ။ ညီကိုတို့ အမြဲ ဘေးအန္တာရယ်ကင်းပါစေဗျာ

01/09/2026

Kpay ဝင်လို့ရသေးလို့ September အတွက် အလှူငွေများလွှဲလို့ရပါပြီရှင်

နောက်ရက်မှ လွှဲမယ့်အလှူရှင်များ မလွှဲခင်
မင်မင့်အကောင့်ဝင်လို့ရမရလေး တစ်ချက်မေးပေးပါနော်

ဒီလ September 9 စာရင်းပိတ်ပါရစေရှင်

28/08/2026

လမကုန်ခင် မင်မင် အသိပေးချင်လို့ပါ
ကေပေး ကလေ ပြည်ပက သုံးမရတော့ဘူးဆိုပြီး ကြားလို့ ဒီလအတွက်ငွေလွှဲတာကို မင်မင့်အကောင့်ကို မလွှဲပဲ ခဏလေးစောင့်ပေးပါလားနော်

မင်မင်လကုန်ထိအခြေအနေကြည့်ပြီး လ်ုအပ်ရင် ပြည်တွင်း အကောင့်တစ်ခုပေးပါမယ်နော် 🥺🙏🏻

ကိုယ်ချင်းစာစိတ်ထားဖို့ အဲလောက်ခက်ခဲလား
28/08/2026

ကိုယ်ချင်းစာစိတ်ထားဖို့ အဲလောက်ခက်ခဲလား

ဒီဘဝကို သူတို့ မရွေးချယ်ခဲ့ဘူး၊

သူတို့‌တွေဟာ လမ်းဘေးခွေးအဖြစ် မွေးဖွားလာခဲ့ကြတာ မဟုတ်ဘူး။

တစ်ချိန်က စောင့်ရှောက်ပါ့မယ် ဆိုပြီး ကတိပေးခဲ့တဲ့ လူသားတွေကပဲ… သူတို့ အဆင်မပြေတော့တဲ့အချိန်မှာ စွန့်ပစ်ခဲ့ကြတာပါ။

ဒါကြောင့် လမ်းပေါ်မှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ သူတို့ကို အပြစ်မတင်ခင်… သူတို့ကို လမ်းပေါ်မှာ စွန့်ပစ်ထားခဲ့တဲ့ သူတွေကိုသာ အရင်အပြစ်တင်သင့်ပါတယ်။

သူတို့ကို မစီရင်ခင် သင့်ကိုယ်သင် မှန်ထဲမှာ တစ်ခါလောက် ပြန်ကြည့်ကြည့်ပါ။

သူတို့ ဒီနေ့လို နာကျင်ခံစားနေရတာတွေဟာ သင်လဲ ကိုယ်တိုင်မသိလိုက်ဘဲ ပါဝင်နေတဲ့ လူတစ်ယောက် ဖြစ်နေနိုင်ပါတယ်။

သူတို့ဟာ လမ်းပေါ်မှာ နေဖို့ မရွေးချယ်ခဲ့ဘူး၊

ဗိုက်ဆာရင် အမှိုက်ပုံတွေထဲ လှန်လှောရှာဖွေရတဲ့ဘဝကို သူတို့ မရွေးချယ်ခဲ့ဘူး၊

မိုးရေထဲ၊ နေပူထဲမှာ အမိုးအကာမရှိဘဲ ရှင်သန်ရမယ့်ဘဝကိုလည်း သူတို့ မရွေးချယ်ခဲ့ကြပါဘူး၊

သူတို့ မရွေးချယ်ဘဲ ရခဲ့တဲ့ ဘဝတစ်ခုဟာ လူသားတွေက သူတို့အတွက် ရွေးချယ်ပေးခဲ့ခြင်းကြောင့်သာ ဖြစ်ပါတယ်။





24/08/2026

ကမ္ဘာပေါ်မှာ အယုတ်မာဆုံးက လူတွေပဲ ပစ်ရက်ကြတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Our Donation For Stray Dogs & Cats posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share