Myanmar Youth Stars

Myanmar Youth Stars Myanmar Youth Stars is a youth led network working with and for young key affected populations of HIV aged between 15 and 30 at 18 townships in Myanmar.

International Youth Day 2026 အတွက် Registration Form ကို တရားဝင်ပိတ်လိုက်ပြီ ဖြစ်ကြောင်းအသိပေးလိုပါတယ်နော်.. 🎉စိတ်ဝင်တစာ...
30/07/2026

International Youth Day 2026 အတွက် Registration Form ကို တရားဝင်ပိတ်လိုက်ပြီ ဖြစ်ကြောင်းအသိပေးလိုပါတယ်နော်.. 🎉

စိတ်ဝင်တစား ပါဝင်စာရင်းပေးသွင်းခဲ့ကြတဲ့ လူငယ်များအားလုံးကို Myanmar Youth Stars (MYS) မှ အထူးကျေးဇူးတင်ရှိပါတယ်..💜

Registration မီအောင် မဖြည့်လိုက်ရသူများ၊ အဝေးရောက်နေတဲ့ မိတ်ဆွေများအတွက်လည်း စိတ်မပူပါနဲ့နော်…💻✨

ပွဲအစီအစဉ်ကို Zoom မှတစ်ဆင့် အတူတကွ ပါဝင်နိုင်အောင် Zoom Meeting Link ကို Page မှတစ်ဆင့် မျှဝေပေးထားပါတယ်နော်…

🎭 Drag Queen Performance
🎮 Quiz Games
🎨 Booth Show
🎉 Edutainment Activities
🎶 Entertainment Program

စတဲ့ စိတ်လှုပ်ရှားဖွယ် အစီအစဉ်များစွာနဲ့ ပညာလည်းရ၊ ပျော်ရွှင်မှုလည်းရမယ့် International Youth Day 2026 ကို အတူတကွ ဖြတ်သန်းကြရအောင်နော်🎉👏

🎉လူငယ်တွေရဲ့ လူငယ်ပွဲတော် အတွက် Register လုပ်ဖို့သိပြီးပြီလား🌟သာမန်ဖြတ်သန်းနေရတဲ့ ရက်တွေကို ခဏမေ့ထားလိုက်တော့ ..❗️ လာမည်...
28/07/2026

🎉လူငယ်တွေရဲ့ လူငယ်ပွဲတော် အတွက် Register လုပ်ဖို့သိပြီးပြီလား🌟

သာမန်ဖြတ်သန်းနေရတဲ့ ရက်တွေကို ခဏမေ့ထားလိုက်တော့ ..❗️

လာမည့် August 12 ရက်နေ့ မှာ လူငယ်တွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ International Youth Day 2026 အခမ်းအနားကြီး ရောက်ရှိလို့ လာပါပြီ။

ဒီနှစ်မှာတော့ Myanmar Youth Stars (MYS) ကနေ လူငယ်တွေ ပျော်ပျော်ပါးပါး ဆုံတွေ့နိုင်ဖို့အတွက် Summit Parkview Hotel မှာ အမိုက်စား ပွဲတော်ကြီးကို ဖန်တီးပေးထားပါတယ်။

🧩အရသာရှိတဲ့ Tea Break တွေ သုံးဆောင်ရင်း ပျော်ရွှင်မှုနဲ့ ကျန်းမာရေးအသိပညာ ပေါင်းစည်းထားတဲ့ Game တွေကစားကာ ထီး၊ T-shirt နဲ့ တခြားအမှတ်တရ ဆုလက်ဆောင်ပေါင်းများစွာ ကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးလည်း ရှိလို့ လူငယ်အားလုံးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ဒါ့အပြင်

လူငယ်စွမ်းရည်များ၊ အနုပညာဖန်တီးမှုများ၊ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ပြသချင်တဲ့ မိတ်ဖက်အဖွဲ့အစည်းများ (Partners) နဲ့ Youth-led Groups များကိုလည်း Booth Show ပါဝင်ပြသနိုင်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်ပါတယ်။

((လူငယ်များ၏ စွမ်းရည်ကို ဖော်ထုတ်ခွင့်ပေးသည့် ပွဲဖြစ်၍ Booth ပြသခ မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန် မလိုအပ်ပါ! 👏))

📌 Booth ပြသလိုပါက: Myanmar Youth Stars (MYS) Page Messenger သို့ တိုက်ရိုက် လာရောက် ဆက်သွယ်နိုင်ပြီး

ပွဲနေ့မှာ အတူပါဝင်ပျော်ရွှင်မယ့် လူငယ်တွေကတော့ မည်သူမဆို ပါဝင်နိုင်ပေမဲ့ လူဦးရေ ကန့်သတ်ချက်လေးရှိတာမလို့ မြန်မြန်လေး Form ဖြည့်ပြီး Registration လုပ်ထားမှ စိတ်ချရမယ်နော်! 🏃‍♂️💨

📝 Registration

🔗 https://docs.google.com/forms/d/e/1FAIpQLScZKc-VsD0NcXyTvoMMTCGL8kr7dw69WhoA_wncKdcMe7qC2g/viewform?usp=header

Registration ပြုလုပ်ရန်

✅ အထက်ပါ link (သို့) ပုံပါ Qr ကိုဖွင့်၍ အချက်အလက်များကို ဖြည့်သွင်းပါ။

✅ Submit ကိုနှိပ်ပြီး Registration ကို အတည်ပြုပါ။

✅ Submit ပြီးပါက Confirmation Message တွင် Invitation Card ကို ရယူနိုင်ပါသည်။

🕒 ပွဲစဉ်ဇယား အစီအစဉ်
* 1:00 PM - 3:00 PM 🎮 Game & Interactive Section: ပျော်စရာဂိမ်းတွေ ကစားရင်း ဆုတွေယူမယ်၊ မိတ်ဆွေသစ်တွေနဲ့ မိတ်ဆက်ကြမယ်။
* 3:00 PM - 6:00 PM 🎶 Edutainment Section: စိတ်လှုပ်ရှားဖွယ် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်။

📅 ပွဲကျင်းပမည့် အချက်အလက်များ
* Date: Wednesday, 12 August 2026
* Time: 1:00 PM – 6:00 PM
* Venue: Summit Parkview Hotel, Yangon


📣Campaign က Hybrid ဖြစ်တာကြောင့် ရန်ကုန်ကို လာရောက်မတက်ရောက်နိုင်တဲ့လူတွေအတွက် online ကနေ တက်ရောက်ပါဝင်နိုင်ဖို့ Zoom Link စီစဉ်ပေးထားပါတယ်နော်…

Myanmar Youth Stars Network is inviting you to a scheduled Zoom meeting.

Topic: International Youth Day 2026

Join Zoom Meeting

https://us06web.zoom.us/j/84346462902?pwd=yh7etInFedSN1nGuCGGy8YvQnB40K0.1

Meeting chat link
https://us06web.zoom.us/launch/jc/84346462902

Meeting ID: 843 4646 2902
Passcode: 829396


📌 Seats are limited. Please register early to secure your participation.

"လူငယ်တွေရဲ့ ဖန်တီးမှုက အပြောင်းအလဲတစ်ခုကို စတင်နိုင်တဲ့ စွမ်းအားရှိတယ်။" 💙🎬အပြောင်းအလဲဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး။ လူင...
25/07/2026

"လူငယ်တွေရဲ့ ဖန်တီးမှုက အပြောင်းအလဲတစ်ခုကို စတင်နိုင်တဲ့ စွမ်းအားရှိတယ်။" 💙🎬

အပြောင်းအလဲဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး။ လူငယ်တစ်ယောက်ရဲ့ အတွေး၊ စိတ်ကူးပုံဖော်မှုတွေကနေ သေချာဖန်တီးလိုက်တဲ့ ဗီဒီယို Content တစ်ခုကနေလည်း စတင်နိုင်ပါတယ်။

ဒီနှစ် International Youth Day 2026 မှာ Myanmar Youth Stars (MYS) ကနေ လူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်းကို မီးမောင်းထိုးပြဖို့နဲ့ လူငယ်ထုကြား အမှန်တကယ် လိုအပ်နေတဲ့ အသိပညာပေး အကြောင်းအရာများကို ဗီဒီယိုပြိုင်ပွဲတစ်ခုအနေနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖုန်းနဲ့ဖြစ်စေ၊ ကင်မရာနဲ့ဖြစ်စေ (သို့မဟုတ်) AI နည်းပညာ (Generative AI Tool) များကို အသုံးပြု၍ဖြစ်စေ မိမိအဆင်ပြေရာ နည်းလမ်းဖြင့် ဖန်တီးယှဉ်ပြိုင်နိုင်ပါတယ်။ ဗီဒီယိုမှာ အနည်းဆုံး (၁)မိနစ်ခွဲမှ အများဆုံး (၃)မိနစ်ထိရှိရပါမယ်။

ပထမအဆင့်အနေဖြင့်

👉 ကျားမအခြေပြုအကြမ်းဖက်မှု (Gender-Based Violence)
ဒီအကြောင်းအရာအတွက် ဥပမာပေးရရင်တော့ ချစ်သူနှစ်ဦးကြားတွင် ကြုံတွေ့ရတတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အနိုင့်ကျင့်မှုတွေ၊ မိဘနဲ့သား သမီးတွေကြားက ညှိနှိုင်းဖို့ခက်ခဲနေဆဲဖြစ်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ စတာတွေပါ။

👉HIV(အသိပညာပေးနှင့် ကာကွယ်ရေး)
HIV နဲ့ ပတ်သက်ပြီး လူငယ်တွေကြားမှာ ရှိနေဆဲဖြစ်တဲ့ လွဲမှားတဲ့ အယူအဆတွေကို ခွန်အားရှိရှိ ပြင်ဆင်ပေးနိုင်မယ့် အသိပညာပေးပုံစံမျိုးပါ။ (HIV Awareness တွေ၊ PeEP/ PEP၊ Chemsex နဲ့ U=U အကြောင်းအရာတွေပါ)။

👉 ဖြစ်တည်မှုကို ခွဲခြားဆက်ဆံတာကြောင့် ဖြစ်ပေါ်လာလေ့ရှိတဲ့ လိင်မှုကျန်းမာရေးပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ကြုတွေ့နေရတဲ့ လက်ရှိ လူငယ်ဘဝကို ထင်ဟပ်စေမယ့် တင်ဆက်မှုတွေကို ရိုက်ကူးဖန်တီးနိုင်ပါတယ်။

ဒုတိယအဆင့်အနေဖြင့်

👉 ရိုက်ကူးပြီးတဲ့ ဗီဒီယိုကို မိမိရဲ့ wall ထဲမှာ
"International Youth Day"
Our Voice. Our Right. Our Future
ဆိုတဲ့ hashtag လေးတွေကို တွဲပြီး ဗီဒီယိုကို ပို့စ်တင်ပေးရမှာဖြစ်ပါတယ်။

တတိယအဆင့် အနေဖြင့်

👉 ပို့စ်တင် ပြီးရင်တော့ မိမိရဲ့ wall မှာတင်ထားတဲ့ ဗီဒီယိုရဲ့လင့်ကို copy ယူပြီး Pageရဲ့ ပြိုင်ပွဲကြေညာထားတဲ့ ဒီ Post ရဲ့ အောက်မှာ ကောမန့်လေးပေးခဲ့ပေးရုံပါပဲ…

🏆 ထိုက်တန်စွာ ပေးအပ်မည့် ဆုကြေးများကတော့
🥇 ပထမဆု – ၅၀၀,၀၀၀ ကျပ်
🥈 ဒုတိယဆု – ၃၀၀,၀၀၀ ကျပ်
🥉 တတိယဆု – ၂၀၀,၀၀၀ ကျပ်

📌 ပြိုင်ပွဲဝင် စည်းမျဉ်းနှင့် အချက်အလက်များ

📅 နောက်ဆုံးပေးပို့ရမယ့်ရက်: (၈)ရက်၊ သြဂုတ်လ၊ (၂၀၂၆)ခုနှစ်(စနေနေ့) (ည ၁၂:၀၀ နာရီအထိ)
📢 ဆုရရှိသူများ ကြေညာခြင်း – အနိုင်ရရှိသူများကို(၉)ရက်၊ သြဂုတ်လ၊ (၂၀၂၆)ခုနှစ် (တနင်္ဂနွေ) ရက်နေ့တွင် Myanmar Youth Stars Official page မှတစ်ဆင့်ထုတ်ပြန်ကြေညာပေးသွားပါမည်။

🎁 ဆုပေးပွဲ အခမ်းအနား – ရွေးချယ်ခံရသည့် ဗီဒီယိုများကို သြဂုတ်လ၊ (၁၂)ရက်နေ့တွင် ကျင်းပမည့် MYS ၏ International Youth Day အခမ်းအနား တွင် ဂုဏ်ယူစွာ ပြသသွားမည်ဖြစ်ပြီး၊ ထိုပွဲ၌ပင်ဂုဏ်ပြုဆုငွေများကို တရားဝင်ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

(အငြင်းပွားမှု တစုံတရာပေါ်ပေါက်ခဲ့ပါက ပြိုင်ပွဲကျင်းပသော အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်)

လူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်းနဲ့ အသံကနေ လူအများကြား ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် အခုပဲ ပါဝင်လိုက်ပါ။ 🚀

မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (Myanmar Youth Stars Network) မှ Communication Department အတွက် Communication Assistant ...
14/05/2026

မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (Myanmar Youth Stars Network) မှ Communication Department အတွက် Communication Assistant (1) ဦး ခေါ်ယူခြင်း

လျှောက်ထားရန် စိတ်ပါဝင်စားသူများသည်

📧 [email protected] အီးမေးလိပ်စာသို့ မိမိ၏ ကိုယ်ရေးရာဇဝင်အချက်အလက်အပြည့်အစုံဖြင့် မေလ (၁၈)ရက် ရုံးချိန် ၄ နာရီခွဲ နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။

အသေးစိတ်ကို ပုံတွင်ဖတ်ရူနိုင်ပါသည်။

‘’I Support My Friend”🤝UNICEF မှ ပံ့ပိုးပေးသော “I Support My Friend” သင်တန်းကို MYS ရဲ့ မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လ...
10/04/2026

‘’I Support My Friend”🤝

UNICEF မှ ပံ့ပိုးပေးသော “I Support My Friend” သင်တန်းကို MYS ရဲ့ မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လူငယ်များ တက်ကြွစွာနဲ့ ပူးပေါင်းပါဝင်တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းမှတစ်ဆင့် လူငယ်များအကြား အပြန်အလှန် အားပေးကူညီမှုကို တိုးမြှင့်စေခဲ့ပြီး၊ ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန် လိုအပ်သော နည်းလမ်းများကို လေ့လာခဲ့ကြပါတယ်။ 💙

မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (Myanmar Youth Stars Network) မှ  Medical Officer-KPSC (၁ဦး)Center Counsellor-KPSC (၁ဦး)...
02/01/2026

မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (Myanmar Youth Stars Network) မှ

Medical Officer-KPSC (၁ဦး)
Center Counsellor-KPSC (၁ဦး)
Project Officer (၁ဦး) ခေါ်ယူခြင်း

လျှောက်ထားရန် စိတ်ပါဝင်စားသူများသည်
📧 [email protected] အီးမေးလိပ်စာသို့ မိမိ၏ ကိုယ်ရေးရာဇဝင်အချက်အလက်အပြည့်အစုံဖြင့် အမြန်ဆုံး ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။

အသေးစိတ်ကို ပုံတွင်ဖတ်ရူနိုင်ပါသည်။

Address

Moe Kaung Street, AMPS Moe Kaung Condo, Level 2, Yankin Township
Yangon
11051

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+959798424123

Alerts

Be the first to know and let us send you an email when Myanmar Youth Stars posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Youth Stars:

Shortcuts

Share