13/10/2025
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ဥက္ကဌ ဒေါက်တာစုံဟန် ၊ ဒုတိယဥက္ကဌ များ ဖြစ်ကြပါသော ဦးကြည်ထွန်း ၊ ဦးညွန့်ဌေး ၊ အတွင်းရေးမှူး ဒေါက်တာဒေဝအောင် ၊ ဘဏ္ဍာရေးမှူး ဒေါက်တာ တင်ဌေးမူ ၊ အလုပ်အမှုဆောင် ဒေါက်တာ သဇင်ထက်တင် တို့သည် ယနေ့ ( ၁၃-၁၀-၂၀၂၅) နေ့တွင် ငလျင်သုတေသနဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော တိုင်းတာရေး စက်ပစ္စည်းများ ဝယ်ယူရရှိနိုင်ရေးအတွက် Amigos Co., Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီမင်း ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံကာ အသေးစိတ် တွေ့ဆုံဆွေးနွေး။
၂၀၂၅ ခုနှစ် မိုးရွာသွန်းမှုကာလအလွန်တွင် SEISMOTECTONICS AND PALEOSEISMOLOGY TRENCHING ကို စတင် လေ့လာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၊ လိုအပ်သော ငလျင် တိုင်းတာရေး ပစ္စည်းများ ရရှိနိုင်ရေးအတွက် အလျင်အမြန် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါသည်။