04/03/2026
AI ခေတ်သစ်မှာ လက်လီလုပ်ငန်းတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို စိတ်ဝင်စားကြပါသလား။ အခုလို အလျှင်အမြန်ရောက်ရှိလာတဲ့ AI ခေတ်မှာ လုပ်ငန်းများ ဆက်လက်တိုးပွားလည်ပတ်ထားနိုင်ဖို့ အတူတကွ လေ့လာဆွေးနွေးကြဖို့ အစီစဥ်လေးတစ်ခု ရှိပါတယ်။
ဒီလ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (MMRA ) ရဲ့ Networking ပွဲလေးကို လက်လီလုပ်ငန်းရှင်များနဲ့ ဆက်စပ်လုပ်ငန်းနယ်ပယ်မှ သက်ဆိုင်သူများ အတွက် နည်းပညာပြောင်းလဲမှုတွေကြားက လက်လီလုပ်ငန်းအနာဂတ် အကြောင်းမျှဝေဆွေးနွေးသွားကြဖို့ရာ “AI နည်းပညာနဲ့ လက်လီလုပ်ငန်း အနာဂတ် (AI in Retail) ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ် ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲလေးမှာ AI က လက်လီလုပ်ငန်းအတွက် ဘာလဲ။ AI ကို လက်တွေ့လုပ်ငန်းအတွင်း ဘယ်လိုအသုံးချနိုင်မလဲ။ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်အောင် ဘယ်လိုပြင်ဆင်ရမလဲ စတဲ့ အကြောင်းအရာတွေကို ဦးဆောင် ပါဝင်ဆွေးနွေးပေးကြမယ့် ကျွမ်းကျင်ပညာရှင်များကတော့ —
🔹 ဒေါက်တာထွန်းသူရသက် (Chairman, Myanmar Information Technology Pte Ltd)
🔹 ဦးငြိမ်းချမ်းစိုးဝင်း (CEO, City Trust Finance)
🔹 ဦးသူရိန်ငြိမ်း (Founder & Managing Director, Myanmar Resources Network နှင့် MMRA ၏ Honorary President) တို့ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီ Networking ပွဲလေးမှာ Retail, Technology, Finance စတဲ့ ကဏ္ဍအသီးသီးမှ ခေါင်းဆောင်တွေက အနာဂတ် Retail လောကကို ဘယ်လိုမြင်နေကြလဲဆိုတာကို တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံနားထောင်နိုင်မယ့် အခွင့်အရေးတစ်ခုရရှိမှာ ဖြစ်ပါတယ်။
"AI in Future Retail" ပွဲကို မတ်လ ၁၄ ရက် စနေနေ့၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအတွင်း Chatrium Hotel Yangon တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ လုပ်ငန်းရှင်များအချင်းချင်း ရင်းနီးခင်မင်စွာပြောဆို နိုင်မယ့် Networking အချိန်လေးလည်း စီစဉ်ထားပေးပါတယ်။
MMRA အသင်းဝင်များ ရဲ့ Networking ပွဲလေးကို စိတ်ဝင်စားသူ မည်သူမဆို ဝင်ကြေးအခမဲ့ ဖြင့် ပါဝင်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ နေရာထိုင်ခင်း အကန့်အသတ်ရှိတဲ့အတွက် MMRA ရုံးချုပ် 09 457694247 သို့ကြိုတင်စာရင်းပေးသွင်းထားဖို့ ရင်းနီးခင်မင်စွာဖြင့် ဖိတ်ခေါ်လိုက်ရပါတယ်။ Google Form link https://forms.office.com/r/t61sJQYn4S မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။