Pretty Girl-Lan Pya Kyel

Pretty Girl-Lan Pya Kyel Lan Pya Kyel (LPK), formerly known as TOP Center Myanmar, is a digital space dedicated to providing up-to-date HIV information and community support.

A nationwide community-led organization building a society in which marginalized population claim their rights and dignity and live healthy lives

HIV ပိုးရှိနေတယ်ဆိုရင် အရေးကြီးဆုံးနဲ့ မဖြစ်မနေလုပ်ရမှာကတော့ ART ဆေးကို ပုံမှန်သောက်ပေးဖို့ ပဲဖြစ်ပါတယ်။ ART ဆေးကို စနစ်...
18/09/2026

HIV ပိုးရှိနေတယ်ဆိုရင် အရေးကြီးဆုံးနဲ့ မဖြစ်မနေလုပ်ရမှာကတော့ ART ဆေးကို ပုံမှန်သောက်ပေးဖို့ ပဲဖြစ်ပါတယ်။ ART ဆေးကို စနစ်တကျ သောက်ပေးရင် ပုံမှန်ကျန်းမာသူတစ်ယောက်လိုပဲ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်သွားလို့ရပါတယ်နော်။

ART ဆေးက ဘာလို့ ဒီလောက်တောင် အရေးပါရတာလဲ?

🟢 ဗိုင်းရပ်စ်တွေ မပွားအောင် တားပေးတယ် (Viral Suppression)

ART ဆေးက သွေးထဲမှာ ရှိနေတဲ့ HIV ဗိုင်းရပ်စ်တွေ ပွားမလာအောင် ထိန်းပေးတာကြောင့် ဗိုင်းရပ်စ်ပမာဏ (Viral Load) ကို စစ်ဆေးလို့ မတွေ့နိုင်တဲ့အထိ (Undetectable) နည်းသွားအောင် လျှော့ချပေးပါတယ်။

🟢 ခုခံအားစနစ် (CD4) ကို ပြန်ကောင်းလာစေတယ်

ဗိုင်းရပ်စ်ပွားတာ ရပ်သွားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအားဆဲလ်တွေ (CD4) ပြန်မြင့်တက်လာပြီး တခြားရောဂါတွေ မဝင်နိုင်အောင် ကာကွယ်ပေးထားတာပါ။

🟢 AIDS အဆင့်ထိ မရောက်အောင် တားဆီးပေးတယ်

ART ဆေးကို စောစောစီးစီးနဲ့ ပုံမှန်သောက်သွားရင် ရောဂါလက္ခဏာတွေ မပြတော့ဘဲ AIDS အဆင့်ကို ကူးပြောင်းသွားတာမျိုး လုံးဝမဖြစ်အောင် တားပေးနိုင်ပါတယ်။

🟢 တခြားသူတွေကို မကူးစက်အောင် ကာကွယ်ပေးတယ် (U=U)

Undetectable = Untransmittable ဆိုတဲ့အတိုင်း ဆေးမှန်မှန်သောက်လို့ သွေးထဲမှာ ဗိုင်းရပ်စ်ပမာဏ စစ်ဆေးလို့ မတွေ့တော့ရင် (Undetectable ဖြစ်သွားရင်) ချစ်သူ/အိမ်ထောင်ဖက်ထံကို လိင်မှတစ်ဆင့် မကူးစက်နိုင်တော့ပါဘူး။

သတိထားရမှာကတာ့ ART ဆေးကို စတင်သောက်ပြီဆိုတာနဲ့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း နေ့စဉ် အချိန်မှန်၊ မပျက်မကွက် သောက်ဖို့ အရမ်း အရေးကြီးပါတယ်။ မိမိသဘောနဲ့ ဆေးရပ်လိုက်တာ၊ ပုံမှန်မသောက်ဘဲ သောက်ချင်တဲ့အချိန် သောက်တာမျိုးတွေ လုံးဝ မလုပ်ရပါဘူးနော်။

Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

=U

👀 "မနာ၊ မယားတဲ့အနာဆိုပြီး ပေါ့ဆမထားပါနဲ့"အရေပြားမှာ အနာတစ်ခုခု ပေါက်လာပြီဆိုရင် “သာမန်အနာပဲ” လို့ တွေးပြီး ဆေးလိမ်းကာ မေ...
17/09/2026

👀 "မနာ၊ မယားတဲ့အနာဆိုပြီး ပေါ့ဆမထားပါနဲ့"

အရေပြားမှာ အနာတစ်ခုခု ပေါက်လာပြီဆိုရင် “သာမန်အနာပဲ” လို့ တွေးပြီး ဆေးလိမ်းကာ မေ့ထားတတ်ကြပါတယ်။ ဒါပေမဲ့ နာလည်းမနာ၊ ယားလည်းမယားဘဲ ပေါက်လာတဲ့အနာ ဖြစ်နေမယ်ဆိုရင်တော့ အထူးသတိထားဖို့ လိုပါတယ်။

တချို့အခြေအနေတွေမှာ ဒါဟာ ဆစ်ဖလစ် (Syphilis) ရဲ့ အစောပိုင်းလက္ခဏာ ဖြစ်နေတတ်ပါတယ်။

🔎 ဆစ်ဖလစ်အနာဆိုတာ ဘယ်လိုမျိုးလဲ?

အဓိကအားဖြင့် နာလည်းမနာ၊ ယားလည်းမယား တဲ့အနာတွေ ဖြစ်တတ်ပါတယ်။
လိင်အင်္ဂါ၊ ပါးစပ်တစ်ဝိုက်နဲ့ အခြားနေရာတွေမှာ ပေါက်နိုင်ပါတယ်။
အနာက တစ်ခုတည်း ဖြစ်နိုင်သလို တစ်ခုထက်ပိုပြီးလည်း ပေါ်လာတတ်ပါတယ်။
အနာက အချိန်အနည်းငယ်ကြာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
👉 ဒါပေမဲ့ သတိပြုရမယ့်အချက်က...

အနာပျောက်သွားရုံနဲ့ ဆစ်ဖလစ်ပိုး ကင်းစင်သွားတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ လက်ဖဝါး၊ ခြေဖဝါးအပါအဝင် တစ်ကိုယ်လုံးမှာ အဖုအပိမ့်တွေ ပေါ်လာနိုင်သလို တချို့ကျတော့လည်း ဘာလက္ခဏာမှ မပြဘဲ နေတတ်ပါတယ်။

⚠️ အရေးကြီးဆုံးအချက်ကတော့...

အနာရဲ့ပုံစံ၊ နာ/မနာ၊ ယား/မယားကို ကြည့်ရုံနဲ့ ဆစ်ဖလစ် ဟုတ်၊ မဟုတ် အတိအကျ မသိနိုင်ပါဘူး။ တိကျတဲ့အဖြေကို သွေးစစ်ဆေးခြင်း တစ်ခုတည်းကသာ သိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ထူးခြားတဲ့အနာတစ်ခုခု ပေါက်လာပြီဆိုရင် ကိုယ့်ဘာသာ ဆေးလိမ်းပြီး ခန့်မှန်းမနေဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပါ။

❤️ ဆစ်ဖလစ်ဟာ စောစောသိရှိပြီး မှန်ကန်တဲ့ကုသမှု ခံယူမယ်ဆိုရင် ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

🏥 လမ်းပြကြယ်ဆေးခန်းမှာ ဆစ်ဖလစ်ရောဂါအတွက် အခမဲ့ စစ်ဆေးချင်တယ်ဆိုရင် အောက်ပါလင့်ခ်ကနေ ဘွတ်ကင်တင်ပြီး လာရောက်နိုင်ပါတယ်။

Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs

ဆက်သွယ်ရန် : 099 790 204 65 / 098 800 059 23 / 099 777 734 28

#အမျိုးသမီးကျန်းမာရေး

AIDS အဆင့်ရောက်သွားရင် ကုသလို့မရတော့ဘူးလား? 🤔AIDS အဆင့်ရောက်သွားပြီဆိုတာနဲ့ ကုသမှုတွေ လုပ်လို့မရတော့တာ မဟုတ်ပါဘူး။HIV ကိ...
16/09/2026

AIDS အဆင့်ရောက်သွားရင် ကုသလို့မရတော့ဘူးလား? 🤔

AIDS အဆင့်ရောက်သွားပြီဆိုတာနဲ့ ကုသမှုတွေ လုပ်လို့မရတော့တာ မဟုတ်ပါဘူး။

HIV ကို ART ဆေးနဲ့ ပုံမှန်ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။ ART က HIV ပိုးကို ခန္ဓာကိုယ်ထဲကနေ လုံးဝပျောက်အောင် မလုပ်နိုင်ပေမယ့် HIV ပိုးပမာဏကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် AIDS အဆင့်ရောက်နေသူတွေအနေနဲ့လည်း
💊 ART ကို ပုံမှန်သောက်ပါ
🏥 ကျန်းမာရေးဝန်ထမ်းနဲ့ ပုံမှန်ပြသပါ
🩺 ဖြစ်ပေါ်လာတဲ့ ရောဂါပိုးဝင်ခြင်းတွေကို အချိန်မီကုသပါ

အရေးကြီးဆုံးက ကုသမှုကို လက်မလျှော့ဖို့ပါ။
HIV/AIDS ဆိုတာ မျှော်လင့်ချက်မရှိတော့တဲ့ အဆုံးသတ်တစ်ခု မဟုတ်ပါဘူး။
အချိန်မီကုသမှုနဲ့ ကျန်းမာရေးကို ဆက်လက်စောင့်ရှောက်နိုင်ပါတယ်။ ❤️

HIV အခမဲ့စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Link ကနေ ဘိုကင်တင်ပြီး လာရောက်နိုင်ပါတယ် ။

🔗 ဘိုကင်တင်ရန်:
https://forms.cloud.microsoft/r/6RUyZZMnTs

📞 ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28

🛑 HIV စစ်ဆေးမှုအဖြေ Negative ဖြစ်ရင် စိတ်ချလို့ရပြီလား?“အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်ပြီးပြီးချင်း HIV သွားစစ်တာ Negat...
15/09/2026

🛑 HIV စစ်ဆေးမှုအဖြေ Negative ဖြစ်ရင် စိတ်ချလို့ရပြီလား?

“အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်ပြီးပြီးချင်း HIV သွားစစ်တာ Negative ထွက်တယ်။ ဒါဆို စိတ်ချရပြီလား?” ဆိုပြီး မေးတတ်ကြပါတယ်🤔

အဖြေကတော့ မသေချာသေးပါဘူး။

HIV ကူးစက်ပြီးစအချိန်မှာ စစ်ဆေးမှုကနေ မတွေ့နိုင်သေးတဲ့ Window Period (ကြားကာလ)ဆိုတာ ရှိပါတယ်။ ဒါကြောင့် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်ပြီးပြီးချင်း စစ်ထားတဲ့ Negative အဖြေတစ်ခုတည်းနဲ့ HIV မရှိဘူးလို့ အတည်ပြုလို့ မရသေးပါဘူး။

💡 ဘာလုပ်သင့်လဲ?
🚨 ၇၂ နာရီအတွင်း ဖြစ်ခဲ့ရင် PEP လိုအပ်၊ မလိုအပ်ကို ကျန်းမာရေးဝန်ထမ်းနဲ့ အမြန်ဆုံး တိုင်ပင်ပါ။
⏳ HIV test အမျိုးအစားအလိုက် Window Period မတူတာကြောင့် သတ်မှတ်ထားတဲ့အချိန်မှာ ပြန်စစ်ဖို့ လိုပါတယ်။ တိကျတဲ့အဖြေသိနိုင်ဖို့အတွက်ဆို ကူးစက်ခံရမယ့်အခြေအနေဖြစ်ပြီး အနည်းဆုံး ၃ လပြည့်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ် ။
🛡️ HIV မစစ်ခင် ကြားကာလအတွင်း လိင်ဆက်ဆံမှုရှိပါက ကွန်ဒုံးကို စနစ်တကျ အသုံးပြုပါ။

❤️ HIV စစ်တဲ့အခါ “ဘယ်အချိန်မှာ စစ်လဲ” ဆိုတာ အရေးကြီးပါတယ်။

မသေချာတာရှိရင် မရှက်ဘဲ မေးနိုင်ပါတယ်။

🔗 HIV အခမဲ့စစ်ဆေးရန် ဘိုကင် Link :
https://forms.cloud.microsoft/r/6RUyZZMnTs

📞 099 790 204 65 / 098 800 059 23 / 099 777 734 28

အလုပ်တစ်ခုက လူတစ်ယောက်ရဲ့တန်ဖိုးကို မဆုံးဖြတ်နိုင်ပါဘူး ☂️S*x Worker Pride Day ဆိုတာ လိင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း...
14/09/2026

အလုပ်တစ်ခုက လူတစ်ယောက်ရဲ့တန်ဖိုးကို မဆုံးဖြတ်နိုင်ပါဘူး ☂️

S*x Worker Pride Day ဆိုတာ လိင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ သူတွေရဲ့ လူ့ဂုဏ်သိက္ခာ၊ အခွင့်အရေးနဲ့ လေးစားခံရပိုင်ခွင့်တွေကို အသိအမှတ်ပြုတဲ့ အထူးနေ့တစ်နေ့ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ဘာအလုပ်လုပ်တယ်ဆိုတာထက် သူလည်း လူတစ်ယောက်ဖြစ်တယ်ဆိုတာ ပိုအရေးကြီးပါတယ်။

လူတိုင်းလိုပဲ -
🤍 လေးစားခံရဖို့
🤍 လုံခြုံစွာနေထိုင်ဖို့
🤍 ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့
🤍 ခွဲခြားမခံရဖို့ အခွင့်အရေးရှိပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရှက်စရာမလိုပါဘူး

HIV နဲ့ STI စစ်ဆေးဖို့၊ PrEP အကြောင်း လေ့လာမေးမြန်းဖို့၊ ကွန်ဒုံးနဲ့ Lubricant လို ကာကွယ်ရေးပစ္စည်းတွေ သုံးစွဲဖို့ဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ကိုယ့်ဘဝကိုယ် ကာကွယ်မှုတွေ ဖြစ်ပါတယ်။

လိင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေအနေနဲ့ "လူတွေ ဘယ်လိုထင်မလဲ" ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဘယ်တော့မှ ရှောင်လွှဲမသွားပါနဲ့။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာဟာ ရှက်စရာ လုံးဝမဟုတ်ပါဘူး။

ဒီလို S*x Worker Pride Day မှာ အပြစ်တင်ကဲ့ရဲ့မယ့်အစား
နားလည်ပေးကြရအောင်။ ခွဲခြားဆက်ဆံမယ့်အစား လေးစားမှုတွေ ပေးကြရအောင်။
လူတိုင်းအတွက် ကြောက်ရွံ့စရာမလိုတဲ့ လုံခြုံတဲ့ ကျန်းမာရေးဝန်ဆောင်မှုဝန်းကျင်တစ်ခုကို အတူတကွ ဖန်တီးကြပါစို့ ☂️

*xWorkerPrideDay

HIV ကြိုတင်ကာကွယ်ဖို့ ငွေကုန်ကျစရိတ် ရှိလား?“HIV မကူးစက်အောင် ကြိုတင်ကာကွယ်ချင်တယ်...💭ကာကွယ်ဖို့အတွက် ပိုက်ဆံ အများကြီး ...
13/09/2026

HIV ကြိုတင်ကာကွယ်ဖို့ ငွေကုန်ကျစရိတ် ရှိလား?

“HIV မကူးစက်အောင် ကြိုတင်ကာကွယ်ချင်တယ်...💭

ကာကွယ်ဖို့အတွက် ပိုက်ဆံ အများကြီး ကုန်ကျမှာလား...” 💸

ဒီလိုတွေ တွေးပြီး စိုးရိမ်မနေပါနဲ့တော့။

လမ်းပြကြယ် ဆေးခန်းတွေမှာ HIV ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်တဲ့ အောက်ပါဝန်ဆောင်မှုတွေကို အခမဲ့ ရရှိနိုင်ပါတယ်။

🔹PrEP (ကြိုတင်ကာကွယ်ဆေး)

🔹HIV သွေးစစ်ဆေးခြင်း:

🔹ကွန်ဒုံးနှင့် ချောဆီများအခမဲ့ ထုတ်ယူနိုင်ခြင်း

🔹မိမိနဲ့အဆင်ပြေမဲ့ ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးတိုင်ပင်နိုင်ခြင်း

ကူးစက်ခံရပြီးမှ ကုသတာထက် မကူးစက်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးနဲ့ အထိရောက်ဆုံးမို့ လမ်းပြကြယ် ဆေးခန်းတွေမှာ အခမဲ့ဝန်ဆောင်မှုတွေ ရယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#ကာကွယ်

PrEP သောက်မယ်ဆို အမျိုးသမီးတွေ ဘာတွေသိထားသင့်လဲ? 💊💗HIV ကူးစက်နိုင်ခြေကို လျှော့ချဖို့ PrEP သောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ...
12/09/2026

PrEP သောက်မယ်ဆို အမျိုးသမီးတွေ ဘာတွေသိထားသင့်လဲ? 💊💗

HIV ကူးစက်နိုင်ခြေကို လျှော့ချဖို့ PrEP သောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီအချက်လေးတွေ သိထားနော် 👇

💊 PrEP ဆိုတာ HIV မကူးစက်အောင် ကြိုတင်ကာကွယ်ပေးတဲ့ ဆေးပါ။

🩸 စမသောက်ခင် HIV ၊ ကာလသား နဲ့အခြားလိုအပ်တာတွေ စစ်ဆေးဖို့ လိုပါတယ်။

⏰ ပုံမှန်နဲ့ မှန်မှန်သောက်ဖို့ အရေးကြီးပါတယ်။
သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ သောက်မှသာ ကာကွယ်မှုကောင်းကောင်း ရရှိနိုင်မှာပါ။

🩺 PrEP သောက်နေစဉ်လည်း ပုံမှန် HIV စစ်ဆေးဖို့ လိုပါတယ်။
လိုအပ်တဲ့ STI စစ်ဆေးမှုတွေနဲ့ ကျန်းမာရေးစောင့်ကြည့်မှုတွေကိုလည်း ဆက်လုပ်သင့်ပါတယ်။

🤰 ကိုယ်ဝန်ရှိနေတယ်၊ ကိုယ်ဝန်ယူဖို့ စီစဉ်နေတယ် ဒါမှမဟုတ် နို့တိုက်နေတယ်ဆိုရင် PrEP စသောက်မယ့်အကြောင်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

💗 PrEP က HIV ကိုပဲ ကာကွယ်ပေးတာပါ။
အခြား လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန်ရနိုင်ခြေကိုတော့ မကာကွယ်ပေးပါဘူး။ လိုအပ်ရင် ကွန်ဒုံးလို အခြားကာကွယ်နည်းတွေနဲ့လည်း တွဲသုံးနိုင်ပါတယ်။

ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ကာကွယ်ဖို့ ရွေးချယ်တာ ရှက်စရာမဟုတ်ပါဘူးနော်။ 💕

လမ်းပြကြယ်ဆေးခန်းမှာ PrEP ဆေးအခမဲ့ရယူချင်တယ်ဆိုရင် အောက်ပါ Link ကနေ ဘိုကင်တင်ပြီး လာရောက်နိုင်ပါတယ် ။
🔗 ဘိုကင်တင်ရန်:
https://forms.cloud.microsoft/r/6RUyZZMnTs

📞 ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28

#အမျိုးသမီးကျန်းမာရေး

PEP သောက်နေစဉ်မှာ HIV ကူးစက်နိုင်တဲ့ အခြေအနေမျိုးထပ်ဖြစ်ခဲ့ရင် PEP သောက်နေပြီးသားမို့ မကူးနိုင်တော့ဘူးလို့ သတ်မှတ်လို့ရလ...
11/09/2026

PEP သောက်နေစဉ်မှာ HIV ကူးစက်နိုင်တဲ့ အခြေအနေမျိုးထပ်ဖြစ်ခဲ့ရင် PEP သောက်နေပြီးသားမို့ မကူးနိုင်တော့ဘူးလို့ သတ်မှတ်လို့ရလား။

(က) ရပါတယ်၊ ဆေးသောက်နေဆဲမို့ အကာအကွယ်ရှိပါတယ်။

(ခ) မရပါ၊ အခြေအနေပေါ်မူတည်ပြီး ကူးစက်နိုင်ခြေရှိတာကြောင့် ဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ရန် လိုအပ်ပါတယ်။

(ဂ) မိမိသောက်နေတဲ့PEP ကို ပမာဏကို (၂) ဆတိုးသောက်ရင် ရပါသည်။

(ဃ) ပိုးရှိမရှိ ချက်ချင်းပြန်စစ်ပြီး ပိုးမတွေ့ပါက စိတ်ချရပါသည်။

Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

HIV ကြောင့်မဟုတ်ဘဲ ခွဲခြားဆက်ဆံမှုတွေကြောင့် ဘာတွေဖြစ်လာနိုင်လဲ? 💔HIV ရှိသူတွေကို အထင်သေးတာ၊ ရှောင်ဖယ်တာ၊ ခွဲခြားဆက်ဆံတာ...
09/09/2026

HIV ကြောင့်မဟုတ်ဘဲ ခွဲခြားဆက်ဆံမှုတွေကြောင့် ဘာတွေဖြစ်လာနိုင်လဲ? 💔

HIV ရှိသူတွေကို အထင်သေးတာ၊ ရှောင်ဖယ်တာ၊ ခွဲခြားဆက်ဆံတာတွေက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအပေါ်ပါ ထိခိုက်စေနိုင်ပါတယ်။

🔴 HIV စစ်ဆေးဖို့ ကြောက်လာနိုင်တယ်
လူတွေသိသွားမှာ၊ အထင်သေးခံရမှာကို စိုးရိမ်တာကြောင့် HIV စစ်ဆေးဖို့ ဝန်လေးလာနိုင်ပါတယ်။

🔴 ကုသမှု နောက်ကျနိုင်တယ်
စစ်ဆေးမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရှောင်လာရင် လိုအပ်တဲ့ကုသမှုကို အချိန်မီ မရနိုင်တော့ပါဘူး။

🔴 စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ်
အထီးကျန်တာ၊ စိတ်ဖိစီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

🔴 ကျန်းမာရေးဝန်ဆောင်မှုနဲ့ ဝေးကွာသွားနိုင်တယ်
ခွဲခြားဆက်ဆံခံရမှာကို ကြောက်တာကြောင့် ဆေးခန်းသွားတာ၊ ဆေးကုသမှုခံယူတာတွေကို ရှောင်လာနိုင်ပါတယ်။

💡 HIV ရှိသူတွေလိုအပ်တာ ခွဲခြားမှုမဟုတ်ပါဘူး။ နားလည်မှုနဲ့ အားပေးကူညီမှုပါ။ ❤️

လမ်းပြကြယ်ဆေးခန်းမှာ HIV အခမဲ့စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းယူပြီး လာရောက်နိုင်ပါတယ်

🔗 ဘိုကင်တင်ရန်:
https://forms.cloud.microsoft/r/6RUyZZMnTs

📞 ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28

အရေးပေါ်တားဆေး မသောက်ခင် ဒါတွေသိထားပါ ⚠️ကွန်ဒုံးပေါက်သွားတာလား?အကာအကွယ်မရှိဘဲ လိင်ဆက်ဆံမိတာလား? 😟ဒီလိုအခြေအနေတွေမှာ ကိုယ...
08/09/2026

အရေးပေါ်တားဆေး မသောက်ခင် ဒါတွေသိထားပါ ⚠️

ကွန်ဒုံးပေါက်သွားတာလား?
အကာအကွယ်မရှိဘဲ လိင်ဆက်ဆံမိတာလား? 😟

ဒီလိုအခြေအနေတွေမှာ ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချဖို့ အရေးပေါ်တားဆေး ကို အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့်… အရေးပေါ်တားဆေးဆိုတိုင်း အခြေအနေတိုင်းမှာ သုံးလို့ရတာတော့ မဟုတ်ပါဘူး။

🚫 ကိုယ်ဝန်ရှိနေပြီးသားဆိုရင်
အရေးပေါ်တားဆေးက ရှိပြီးသားကိုယ်ဝန်ကို ဖျက်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ရှိနေပြီဆိုရင် အရေးပေါ် တားဆေးကို မသောက်သင့်ပါဘူး ။

🚫 ပုံမှန်တားဆေးအဖြစ် မသုံးသင့်ပါ
အရေးပေါ်တားဆေးကို ပုံမှန်တားဆေးအစား မသုံးသင့်ပါဘူး။ မကြာခဏ လိုအပ်နေတယ်ဆိုရင် ကိုယ့်အတွက် သင့်တော်တဲ့ ရေရှည်တားဆေးနည်းလမ်းကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ရွေးချယ်တာ ပိုကောင်းပါတယ်။

⚠️ HIV နဲ့ လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို မကာကွယ်ပေးပါ
အရေးပေါ်တားဆေးက ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချပေးတာသာ ဖြစ်ပါတယ်။ HIV နဲ့ အခြားလိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ နှစ်ခုလုံးကာကွယ်မယ်ဆို ကွန်ဒုံးစနစ်တကျအသုံးပြု သင့်ပါတယ် ။

💡 အရေးပေါ်တားဆေးလိုအပ်လာရင် အချိန်မဆွဲပါနဲ့။
သုံးမယ့် အမျိုးအစားပေါ်မူတည်ပြီး အချိန်မီ အသုံးပြုလေလေ ပိုထိရောက်နိုင်ပါတယ်။

ကိုယ့်အခြေအနေမှာ ဘယ်အမျိုးအစားကို ဘယ်အချိန်မှာ သုံးသင့်လဲ မသေချာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ❤️

အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သတ်ပြီး Messenger မှာလုံခြုံစိတ်ချစွာ အခမဲ့လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

#အရေးပေါ်တားဆေး #အမျိုးသမီးကျန်းမာရေး #တားဆေး

Address

Yangon
9511

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959979020465

Alerts

Be the first to know and let us send you an email when Pretty Girl-Lan Pya Kyel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Pretty Girl-Lan Pya Kyel:

Shortcuts

Share