21/02/2026
အထူးဝမ်းနည်းကြေကွဲခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
၁။ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းရုံးခွဲမှ အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ မထူးချယ်ထွေးသည် မီလီမှ ပြုလုပ်သည့် မသန်စွမ်းသူများအရေး လှုပ်ရှားဆောင်ရွက်မှု များတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အုတ်တွင်းရုံးခွဲတွင် စာရင်းစစ်တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
၂။ မထူးချယ်ထွေးသည် အဖွဲ့၏ အလုပ်အမှုဆောင်များနှင့်အတူ မသန်စွမ်းသူများအကျိုးကို ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံ တစိုက်မတ်မတ် ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ မထူးချယ်ထွေး၏ မသန်စွမ်းသူများအရေး တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်မှုများကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (မီလီ)အနေဖြင့် ဂုဏ်ယူစွာ အမှတ်ရနေမည်ဖြစ်ပါသည်။
၃။ မထူးချယ်ထွေးသည် မသန်စွမ်းသူများအကျိုးအတွက် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း (၁၉.၂.၂၀၂၆) ရက်နေ့တွင် မမျှော်လင့်ဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန် သွားပါသည်။
၄။ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အနေဖြင့် မိသားစုနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲမိပါသည်။ အုတ်တွင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအကျိုး၊ မီလီနှင့် နယ်ရုံးခွဲများ၏ အကျိုးကို အားသွန်ခွန်စိုက် အတူပူးပေါင်းဆောင်ရွက်ခဲ့မှုများအပေါ် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။ မြင့်မြတ်သောဘုံဘဝသို့ ရောက်ရှိခံစားနိုင်ပါစေကြောင်း ဆုမွန်မေတ္တာပို့သ အပ်ပါသည်။
မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့