01/06/2026
ဇွန်လ ၆ရက်နေ့ လာမယ့်စနေနေ့မှာ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) မှာ ကျင်းပမယ့် Pride Awareness Day အစီအစဉ်မှာ UNFPA Myanmar ပါဝင်သွားမှာပဲ ဖြစ်ပါတယ်🏳️🌈UNFPA ရဲ့ Booth မှာ လာရောက်စကားပြောရင်း ဝန်ဆောင်မှုတွေအကြောင်းသိရှိဖို့ ပျော်စရာ အပြန်အလှန်အစီအစဉ်လေးတွေမှာလည်း ပါဝင်ဆင်နွှဲဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်။
UNFPA Myanmar is proud to join our partners at Institut français de Birmanie this Saturday for🏳️🌈 Pride Awareness Day.
🤩Come visit our booth to chat with us, learn about our services, and participate in our interactive activities.
Pride in Yangon 2026: Awareness Day - 6 June 🏳️🌈
🇲🇲 IDAHOBIT နေ့ ဖြစ်သည့် မေလ (၁၇) ရက်နေ့၌ သက်တံရောင်စုံအလံများ လွှင့်ထူပြီးနောက် နိုင်ငံတကာ LGBTIQA+ လ ဖြစ်သည့် ဇွန်လကို ဆင်နွှဲသည့် အနေဖြင့် ရန်ကုန်မြို့ရှိ သံတမန်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အတူတကွ ပူးပေါင်းပြီး LGBTIQA+ အခွင့်အရေးများ မြှင့်တင်ရန် ရည်သန်ကာ LGBTIQA+ လအထိမ်းအမှတ် ပွဲစီအစဉ်များကို အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးတင်ဆက်မှုများ၊ အနုပညာလှုပ်ရှားမှုများ အပါအဝင် သုတရသ ကဏ္ဍစုံ တင်ဆက်မှုပေါင်းများစွာ ပါဝင်သည့် အစီအစဉ်များဖြင့် အခမဲ့ တင်ဆက်ကျင်းပသွားမည် ဖြစ်ပါသည်။
-----
လာမည့် စနေနေ့၊ ဇွန်လ (၆) ရက်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဌာန၌ ပြုလုပ်ကျင်းပသွားမည့် Awareness Day သို့ လာရောက်လေ့လာဆင်နွှဲကြပါရန် အားလုံးကို ဖိတ်ခေါ်လိုက်ရပါသည်။
📅 ၂၀၂၆ ဇွန်လ (၆) ရက်
📍 ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) (၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင်မှတ်တိုင်အနီး)
✅ အစီအစဉ်အားလုံး အခမဲ့
• မြန်မာဘာသာဖြင့် တင်ဆက်သွားမည် ဖြစ်ပါသည်။
-----
ဇွန်လ (၆) ရက်နေ့ ၊ Awareness Day အစီအစဉ်များ
11:00 a.m. - 1:00 p.m.
လူငယ်စကားဝိုင်းအစီအစဉ် - PRIDE အကြောင်း သိကောင်းစရာ (မီဒီယာစာကြည့်တိုက်)
• မတူကွဲပြားသော ဖြစ်တည်မှုများ (Identities) အပေါ် နားလည်မှုနှင့် လေးစားမှုရှိလာစေရန် ရည်ရွယ်ပြီး အသက် (၁၀) နှစ်မှ (၁၈) နှစ်အရွယ် လူငယ်များ စိတ်ဝင်စားမည် ဖြစ်သော ဆွေးနွေးမှုများ ပါဝင်ပါမည်။ ပုံပြင်ပြောပြခြင်းနှင့် မီဒီယာပိုင်းဆိုင်ရာ တင်ဆက်မှုများတွင် လူသိများသော ဖန်တီးမှုပညာရှင် TM က ဦးဆောင်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/HYvPhxcweMFanmKR8
1:00 p.m. - 5:00 p.m.
အသိပညာပေးပြခန်းကောင်တာများ (ခန်းမ)
• MAM, UNFPA, UN Women, Kumudra Network, DKT Myanmar နှင့် Manulife Myanmar တို့ ပါဝင်သည့် အသိပညာပေးကောင်တာများတွင် သွားရောက်လေ့လာပြီး အမေးအဖြေကဏ္ဍများ၊ ပညာပေးလှုပ်ရှားမှုများ၊ ဆုလက်ဆောင်များ ရရှိနိုင်မည့် “Passport Game” ဂိမ်းအစီအစဉ်များ၌ ပါဝင်လှုပ်ရှားနိုင်မည် ဖြစ်ပါသည်။
1:00 p.m. - 5:00 p.m.
ဒစ်ဂျစ်တယ်တင်ဆက်မှုများ (Micro-Folie ဒစ်ဂျစ်တယ်ပြတိုက်)
• မတူကွဲပြားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ လူမှုအသိုင်းအဝိုင်းများ၏ ဖြစ်တည်မှုဇာတ်ကြောင်းများဆီသို့ စိတ်ဝင်စားဖွယ် လေ့လာချဉ်းကပ်နိုင်မှုများ ပါဝင်သော ဒစ်ဂျစ်တယ်လှုပ်ရှားမှု အစီအစဉ်များ ဖြစ်ပါသည်။
1:00 p.m. - 3:00 p.m.
မျက်နှာဆေးရောင်ခြယ်ခြင်း (စင်မြင့်ကြီး)
• ရှင်ဒီ (Shin-D) ၏ မျက်နှာဆေးရောင်ခြယ် အစီအစဉ်၌ မည်သူမဆို ပါဝင်ဆေးခြယ်နိုင်ပါသည်။
1:00 p.m. - 3:00 p.m.
စိတ်ကျန်းမာရေးနှင့် အနုပညာအလုပ်ရုံဆွေးနွေးပွဲ (မီဒီယာစာကြည့်တိုက်)
• Counselling Corner က မိတ်ဆွေများအတွက် စိတ်ခံစားမှုများ ဖော်ထုတ်ရန်၊ ပြန်လည်သုံးသပ်ရန်နှင့် စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေရန် အနုပညာမှတစ်ဆင့် လက်တွေ့လုပ်ဆောင်ရမည့် အစီအစဉ်တစ်ခုအဖြစ် တင်ဆက်သွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/b78Ug4UUprUvjh9D9
1:00 p.m. - 3:00 p.m.
ဖက်ရှင်အလုပ်ရုံဆွေးနွေးပွဲ (ဖက်ရှင်ခန်း)
• ဒီဇိုင်နာ ဝင်းဝင်းမြတ်က ဆွေးနွေးပြသသွားမည့် ဖက်ရှင်ဖန်တီးမှုအလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပြီး၊ Grand Golden Ball ကပွဲကြီးအတွက် ဝတ်စုံများကို မိမိစိတ်ကြိုက် အလှဆင်ပြင်ဆင်နိုင်ရန် လမ်းညွှန်ပြသပေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/FQP6zw4j4mdbvq5L7
ကော့တေး အလုပ်ရုံဆွေးနွေးပွဲ (အမိုးပါ ကားပါကင်)
• ကော့တေးစပ်နည်း အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပြီး၊ ဆန်းသစ်သည့် ကော့တေးများနှင့် Pride သီးသန့် ကော့တေးများကို ကိုယ်တိုင်ဖန်တီးနိုင်ရန် ဆွေးနွေးပြသပေးသွားမည် ဖြစ်ပါသည်။
🔗 အခမဲ့ ကြိုတင်စာရင်းသွင်းရန် - https://forms.gle/smPEW3BTE7VJJxZN7
3:00 p.m. - 3:15 p.m.
အသိပညာပေးနေ့ (Awareness Day) အခမ်းအနား တရားဝင် ဖွင့်လှစ်ခြင်း
3:15 p.m. - 4:00 p.m.
ဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား (လမ်းဆုံ စင်မြင့်)
• LGBTQIA+ ဆိုင်ရာ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲဖြစ်ပြီး၊ အနိုင်ရရှိသည့် အသင်းများအတွက် ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
📝 ပါဝင်လိုပါက ပွဲအစီအစဥ်နေ့ ကြိုဆိုရေးကောင်တာ၌ လူကိုယ်တိုင် အခမဲ့ စာရင်းပေးသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
4:00 p.m. - 6:00 p.m.
Drag အကနှင့် အလှပြိုင်ပွဲ (လမ်းဆုံ စင်မြင့်)
• မြန်မာ Drag အနုပညာရှင်များ၏ တက်ကြွလှုပ်ရှားသော တင်ဆက်မှုများ ဖြစ်ပြီး၊ Grand Golden Ball ပွဲကြီးသို့ တက်ရောက်ခွင့်ရမည့် ပြိုင်ပွဲအဆင့်လည်း ဖြစ်ပါသည်။ ပြင်သစ် Drag ပညာရှင် Mofwazé·e က စီစဉ်ကြီးကြပ်ပြီး ဒိုင်လူကြီးများက နောက်ဆုံးဆန်ကာတင် (၅) ဦးကို ရွေးချယ်သွားမည် ဖြစ်ပါသည်။
📝 ပါဝင်လိုပါက https://www.facebook.com/share/p/1DEmjYs68R/ ၌ သွားရောက်လေ့လာကာ ပါဝင်လျှောက်ထားနိုင်ပါသည်။ (လျှောက်ထားရန် နောက်ဆုံးရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်)
-----
ဤအစီအစဉ်ကို အောက်ပါအဖွဲ့အစည်းများက ဂုဏ်ယူစွာ ပူးပေါင်းစီစဉ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။
Embassy of France in Myanmar & Institut français de Birmanie, Delegation of the European Union to Myanmar, Australian Embassy in Myanmar, British Embassy Yangon, Norwegian Embassy Yangon, Embassy of Switzerland in Myanmar, Embassy of Sweden in Myanmar, Embassy of Spain in Myanmar, Embassy of the Czech Republic in Yangon, UN Women, and UNFPA.
-----
လာမည့် ဇွန် (၂၀) စနေနေ့ညနေ၌ Rose Garden Hotel တွင် ကျင်းပသွားမည့် Grand Golden Ball အစီအစဉ်ကိုလည်း စောင့်မျှော်အားပေးကြပါရန် တစ်ပါတည်း အသိပေးဖိတ်ခေါ်လိုက်ရပါသည်။
----------
🏳️🌈
----------
🇬🇧 After the uplifting Pride flag‑raising on IDAHOBIT Day (17 May), we are delighted to carry that spirit forward into a full month of activities celebrating LGBTIQA+ rights, visibility, and collective strength. Throughout June, diplomatic missions and partner organisations across Yangon will join hands once again to shape a Pride Month in Yangon, bringing together engaging workshops, meaningful conversations, community‑centred initiatives, creative showcases, dazzling performances, artistry, and expression. It will be a month to connect, learn, celebrate, and stand together. Stay close and keep the momentum alive!
-----
Come along on Saturday 6 June 2026 at the Institut français de Birmanie (IFB)! Everyone is welcome!
📅 Date: Saturday 6 June 2026
📍 Location: Institut français de Birmanie (IFB), 340 Pyay Road, Sanchaung Tsp., Yangon
✅ Entry: Free Participation for all
• Language: All activities will be in Burmese
-----
PROGRAMME
AWARENESS DAY | 6 JUNE 2026 AT IFB
11:00 a.m. - 1:00 p.m.
Youth Workshop: Understanding PRIDE (Media Library)
• A conversational, youth‑friendly session (ages 10-18) promoting understanding and respect for the diverse identities, led by creative professional TM, known for work in storytelling and media representation.
🔗 Register here to reserve your place: https://forms.gle/HYvPhxcweMFanmKR8
1:00 p.m. - 5:00 p.m.
Awareness Stands (Conference Room)
• Interactive booths by MAM, UNFPA, UN Women, Kumudra Network, DKT Myanmar and Manulife Myanmar, featuring Q&A, educational activities, and a “Passport Game” with rewards.
1:00 p.m. - 5:00 p.m.
Digital Activity (Micro‑Folie Digital Museum)
• A rotating selection of showcases on diversity and human rights, offering an engaging entry point into global community narratives.
1:00 p.m. - 3:00 p.m.
Face Painting (Grand Stage)
• Expressive face art by local artist Shin‑D, encouraging visibility and celebration.
1:00 p.m. - 3:00 p.m.
Mental Health Art Workshop (Media Library)
• A therapeutic, hands‑on session led by Counselling Corner, using art for emotional expression, reflection and well‑being.
🔗 Register here to reserve your place: https://forms.gle/b78Ug4UUprUvjh9D9
1:00 p.m. - 3:00 p.m.
Fashion Workshop (Fashion Room)
• A creative class by designer Win Win Myat, guiding participants to customise outfits for the Grand Golden Ball.
🔗 Register here to reserve your place: https://forms.gle/FQP6zw4j4mdbvq5L7
1:00 p.m. - 3:00 p.m.
Cocktail Workshop (Roofed Car Park)
• A lively mixology session, teaching participants to craft signature and Pride‑themed drinks.
🔗 Register here to reserve your place: https://forms.gle/smPEW3BTE7VJJxZN7
3:00 p.m. - 3:15 p.m.
Official Opening of Awareness Day
• A welcome with acknowledgements to partners, communities, and the public.
3:15 p.m. - 4:00 p.m.
Quiz Contest & Award Ceremony (Lann Sone Stage)
• A fast‑paced LGBTQIA+ knowledge quiz, with prizes for the winning teams.
📝 To participate, free on‑site registration at the event reception countre is required.
4:00 p.m. - 6:00 p.m.
Drag Competition (Lann Sone Stage)
• A high‑energy showcase of local drag talent, serving as the decisional stage to enter the Grand Golden Ball. Curated by Mofwazé·e, with a jury selecting the top five finalists.
📝 For those who apply for this call for applications (Deadline for submission - 1 June 2026): https://www.facebook.com/share/p/1DEmjYs68R/
-----
This programme is proudly brought to you by:
Embassy of France in Myanmar & Institut français de Birmanie, Delegation of the European Union to Myanmar, Australian Embassy in Myanmar, British Embassy Yangon, Norwegian Embassy Yangon, Embassy of Switzerland in Myanmar, Embassy of Sweden in Myanmar, Embassy of Spain in Myanmar, Embassy of the Czech Republic in Yangon, UN Women, and UNFPA.
-----
Stay tuned as well for our second Pride event at the Rose Garden Hotel, Yangon, on Saturday 20 June 2026: the Grand Golden Ball Vol.2.