မြန်မာ့အလေးမ သတင်းနှင့် မှတ်တမ်း

  • Home
  • Myanmar
  • Yangon
  • မြန်မာ့အလေးမ သတင်းနှင့် မှတ်တမ်း

မြန်မာ့အလေးမ သတင်းနှင့် မှတ်တမ်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြန်မာ့အလေးမ သတင်းနှင့် မှတ်တမ်း, Community Organization, Aung San Stadium, Yangon.

24/07/2026

I got over 100 reactions on one of my posts last week! Thanks everyone for your support! 🎉

24/07/2026
အောင်ဆန်းအားကစားကွင်းအား ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းအတွင်း လှည့...
11/07/2026

အောင်ဆန်းအားကစားကွင်းအား ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းအတွင်း လှည့်လည်နေထိုင်လျက်ရှိသော ခွေးအကောင်ရေ (၇၀) ခန့်အား သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် နေပြည်တော် ခွေးဂေဟာသို့ လုံခြုံစွာ ပို့ဆောင်လျက်ရှိပါသည်။

ယခုဆောင်ရွက်မှုသည် အားကစားကွင်းအား သန့်ရှင်းသပ်ရပ်၍ လုံခြုံသောပတ်ဝန်းကျင်အဖြစ် ပြင်ဆင်နိုင်ရေးနှင့် အများပြည်သူ အသုံးပြုမှု ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ခွေးများကိုလည်း သင့်လျော်သော စောင့်ရှောက်မှုရရှိနိုင်မည့် နေရာသို့ ပြောင်းရွှေ့ပေးခြင်းဖြစ်ပါသည်။

သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုအား ကျေးဇူးတင်ရှိပါသည်။

Pho La Min

ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း အား မကြာမီ အဆင့်မြှင့်တင်၍ ပြန်လည်တည်ဆောက်သွားမည်ဟု သိရှိရပါသည်။ယခုအချိန်တွင် အားက...
09/07/2026

ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း အား မကြာမီ အဆင့်မြှင့်တင်၍ ပြန်လည်တည်ဆောက်သွားမည်ဟု သိရှိရပါသည်။

ယခုအချိန်တွင် အားကစားကွင်းအတွင်းရှိ ဆိုင်ခန်းများလည်း ပြောင်းရွှေ့နေကြပြီဖြစ်ပြီး၊ မကြာမီ ကွင်းဟောင်း၏ ပုံရိပ်များသည် အမှတ်တရအဖြစ်သာ ကျန်ရှိတော့မည် ဖြစ်ပါသည်။

အောင်ဆန်းအားကစားကွင်းသည် မြန်မာ့အားကစားသမိုင်းတွင် အရေးပါသော နေရာတစ်ခုဖြစ်သကဲ့သို့ အလေးမအားကစားသမားများအတွက်လည်း ကြိုးစားအားထုတ်မှုများ၊ ချွေးများနှင့် အောင်မြင်မှုများ ဖန်တီးခဲ့သည့် အမှတ်တရနေရာတစ်ခု ဖြစ်ခဲ့ပါသည်။

ဤနေရာတွင် လေ့ကျင့်ခဲ့ကြသော အလေးမသမားဟောင်းများ၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများနှင့် အားကစားလောကကို အားပေးပံ့ပိုးခဲ့ကြသူများအတွက် အောင်ဆန်းအားကစားကွင်းသည် မမေ့နိုင်သော အမှတ်တရများ ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်နေဆဲပင် ဖြစ်ပါသည်။

ထို့ကြောင့် မျိုးဆက်ဟောင်း အလေးမသမားများ ပြန်လည်ကြည့်ရှု၍ အတိတ်ကာလများကို အမှတ်ရနိုင်ရန်အတွက် အောင်ဆန်းအားကစားကွင်း၏ လက်ရှိပုံရိပ်လေးများကို အမှတ်တရအဖြစ် ရိုက်ကူးမျှဝေပေးလိုက်ရခြင်း ဖြစ်ပါသည်။

နေရာများ ပြောင်းလဲသွားနိုင်သော်လည်း အမှတ်တရများနှင့် အားကစားစိတ်ဓာတ်များကတော့ အမြဲတမ်း ရှင်သန်နေမည် ဖြစ်ပါသည်။

🏋️‍♂️ မြန်မာ့အလေးမအားကစား၏ အမှတ်တရများကို အမြဲတမ်း ဂုဏ်ယူစွာ မှတ်တမ်းတင်လျက်…

(Pho La Min)

Address

Aung San Stadium
Yangon

Telephone

+959972399988

Website

Alerts

Be the first to know and let us send you an email when မြန်မာ့အလေးမ သတင်းနှင့် မှတ်တမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to မြန်မာ့အလေးမ သတင်းနှင့် မှတ်တမ်း:

Shortcuts

Share