10/08/2026
💼 အကယ်၍ ကိုယ်သာ Company တစ်ခုရဲ့ Hiring Manager ဖြစ်မယ်ဆိုရင်ဘယ်လိုလူကို အရင်ဆုံး အလုပ်ခန့်မလဲ?
တချို့တွေက ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်တယ်၊ Project အတွေ့အကြုံရှိတယ်။
တချို့တွေက Volunteer အတွေ့အကြုံရှိပြီး ဦးဆောင်နိုင်စွမ်းရှိတယ်။
တချို့တွေက တီထွင်ဖန်တီးနိုင်စွမ်းနဲ့ Strategic Planning အတွေ့အကြုံရှိကြတယ်။
ဒီလိုမျိုး လူငယ်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်အားသာချက်တွေ မတူညီကြပေမဲ့ သူမသာကိုယ်မသာ ဖြစ်တဲ့ Skills တွေ၊ Experience တွေနဲ့ Career Goals တွေရှိတယ်။ အလုပ်အပေါ် Commitment ပေးဖို့လည်း ဆန္ဒရှိကြတယ်။ ဒါဆို ကိုယ်က recruiter တစ်ယောက်အနေနဲ့ ဘယ်သူ့ကို ရွေးမလဲ? ပြီးတော့ ဘာကိုကြည့်ပြီး ရွေးမလဲ?
Degree လား? ပေါင်းသင်းဆက်ဆံရေးကိုလား? အသက်အရွယ်လား? လုပ်ငန်းအတွေ့အကြုံလား? Attitude လား? တကယ်တော့ ဒီမေးခွန်းအတွက်အဖြေက “ဘယ် Skill က အကောင်းဆုံးလဲ?” ဆိုတာထက် ပိုရှုပ်ထွေးပြီး ဖြေရခက်ပါတယ်။
လူငယ်တွေကလည်း လုပ်ငန်းခွင်ဝင်တဲ့အခါ အသုံးဝင်မယ်လို့ထင်တဲ့ Skills တွေ၊ Experiences တွေ ကို ကြိုတင်ပြင်ဆင်ကြတယ်။ တစ်ဖက်မှာလည်း Companies တွေက သူတို့ရဲ့ လုပ်ငန်းခွင်ထဲမှာ တကယ်လိုအပ်တဲ့ Qualities တွေ၊ Skills တွေ၊ Mindsets တွေ ကို ရှာဖွေကြတယ်။
ဒါဆိုလူငယ်တွေexpectထားတဲ့ “အလုပ်ခွင်အတွက် လိုအပ်မယ့်အရာ” နဲ့ Company တွေ တကယ်မျှော်လင့်ထားတဲ့ “အလုပ်ခွင်မှာ လိုအပ်တဲ့အရာ” reality တွေကြားမှာ ဘာတွေကွာခြားနေမလဲ?
ဒီကွာဟချက်ကို နားလည်ဖို့က Youth တွေအတွက်အရေးကြီးပါတယ်။
ဒီမေးခွန်းအတွက် အဖြေကို ကိုယ်တစ်ယောက်တည်း စဉ်းစားရုံနဲ့ အဖြေထွက်လာဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် စဉ်းစားနေမယ့်အစား ကိုယ်မရောက်ဖူးသေးတဲ့ လုပ်ငန်းခွင်ကို ရောက်နေပြီးသား Professionals တွေ၊ ကိုယ်သိချင်တဲ့အရာတွေကို အတွေ့အကြုံကနေ သင်ယူပြီးသားသူတွေ၊ ကိုယ့်လိုပဲ အနာဂတ် Career အတွက် ပြင်ဆင်နေတဲ့ လူငယ်တွေ နဲ့ တွေ့ပြီး စကားပြောကြည့်သင့်ပါတယ်။
တစ်ခါတလေ ကိုယ်ရှာနေတဲ့ အဖြေတွေက တသမတ်တည်းမရှိဘဲ၊ ကိုယ်မတွေ့ဖူးသေးတဲ့ လူတွေရဲ့ အတွေ့အကြုံတွေထဲမှာ ရှိနေနိုင်ပါတယ်။
Campus မှာ စတင်ခဲ့တဲ့ အိပ်မက်တွေကို ယုံကြည်မှုရှိရှိ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ လမ်းညွှန်မှု၊ အတွေ့အကြုံ၊ Connection တွေကို YouthSpeak Forum 2026 : Campus to Corporate မှာ အတူတူ ရှာဖွေလိုက်ပါ။
Event Details
📅 Date: Saturday, 22nd August 2026
⏰ Time: From 9:00 AM to 4:30 PM (MMT)
📍 Location: Sayarsan Hotel Yangon
📖 Delegate Booklet: https://bit.ly/YSF2026DelegateBooklet
🔥 Early Bird Discount: 5000kyats (Till 12nd August)
🔗 Sign Up Here: https://bit.ly/YSF2026C2C
Since there is a limited number of delegate seats, make sure to secure your spot now!