International Committee of the Red Cross Myanmar

International Committee of the Red Cross Myanmar The International Committee of the Red Cross (ICRC), ensuring humanitarian protection and assistance

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) သည် ဘက်လိုက်မှုကင်း၍ ကြားနေကာ ခွဲခြားမှုမရှိဘဲ လုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခနှင့် အခြားသောအကြမ်းဖက်မှုအခြေအနေများကြောင့် ထိခိုက်ခံစားရသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ် နှင့် အထောက်အပံ့ကို ပေးပါသည်။

ဂျီနီဗာသဘောတူညီချက်များအရ ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်မှာ လက်နက်ကိုင်ပဋိပက္ခနှင့် အခြားသောအကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးရန်နှင့် စစ်ပွဲကြောင့်ထိခိုက်ခံစားရသည့် သူများကို အကာအကွယ်ပေးသည့် ဥပဒေများကို အများသိရှိလာစေရေး ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့ အိုင်စီအာရ်စီ၏ အွန်လိုင်းအသိုက်အဝန်းဆိုင်ရာ လမ်းညွှန်ချက်များ။

ကြက်ခြေနီ နှင့်လခြမ်းနီလှုပ်ရှားမှု (RCRC) ၏ အစိတ်အပိုင်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ( အိုင်စီအာရ်စီ) သည် ပွင့်လင်းမြင်သာရှိမှု၊ တာဝန်သိမှု၊ အပြန်အလှန်သင်ယူမှု ရှိကြောင်း တတ်နိုင်သမျှသေချာစေရန် အပြုသဘောဆောင်ပြီး လေးစားမှုရှိသည့် ဖလှယ်မှုများကို ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်စာမျက်နှာများတွင် အများပြည်သူဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်ရန် ဆောင်ရွက်သွားပါမည်။ မတူကွဲပြားသည့်အမြင်များကို ကျွန်ုပ်တို့ ကြိုဆိုလက်ခံပြီး အသုံးပြုသူများအားလုံးကိုလည်း မိမိတို့ အမြင်များကို လေးစားသမှုရှိရှိ မျှဝေမှုပြုပါရန် တောင်းဆိုပါသည်။ အိုင်စီအာရ်စီသည် ဒစ်ဂျစ်တယ်စာမျက်နှာများပေါ်တွင် အသုံးပြုသူများက ရေးသားဖော်ပြထားသည့်အကြောင်းအရာများကို မှန်ကန်ကြောင်းစစ်ဆေးအတည်ပြုခြင်း သို့မဟုတ် တိကျမှန်ကန်ကြောင်း အာမခံခြင်းတို့ကို ပြုလုပ်မည်မဟုတ်သည့် အပြင် တစ်ဦးတစ်ယောက်ခြင်း သို့မဟုတ် အိုင်စီအာရ်စီအား ကိုယ်စားပြုသည် သို့မဟုတ်နှီးနွှယ်မှုရှိသည်ဟု ထင်ရသည့် ကိုယ်ရေးရာဇဝင်ရှိသူများ (profiles) အပါအဝင် ရေးသားဖော်ပြထားသော အကြောင်းအရာများကို အတည်ပြုထောက်ခံမည်မဟုတ်ပါ။

ကျွန်ုပ်တို့၏ ဆက်သွယ်ရေးလမ်းကြောင်း (စာမျက်နှာများ) တွင် ညစ်ညမ်းသော၊ အသရေဖျက်သော၊ ရိုင်းပြသော၊ အသရေပျက်စေသော၊ ခြိမ်းခြောက်သော၊ ထိပါးနှောင့်ယှက်သော သို့မဟုတ် အမုန်းပွားစေသော အကြောင်းအရာများအားလုံးကို တားမြစ်ထားပါသည်။ အလေးထားလေးစားမှုရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းထားနိုင်ရန် ကျွန်ုပ်တို့သည် ဤစည်းမျဥ်းများကို ချိုးဖောက်သည် သို့မဟုတ် ရိုင်းပြစော်ကားသည့်၊ အထင်အမြင်မှားစေသည့် သို့မဟုတ် ဆီလျော်မှုမရှိသည့် မှတ်ချက်ပြုရေးသားမှုများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ဖုံးကွယ်မှု (hide) ပြုလုပ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ကို ပြုလုပ်ကောင်းလုပ်နိုင်ပါသည်။ အိုင်စီအာရ်စီ၏ အထောက်အထား ကိုယ်ပိုင်လက္ခဏာ သို့မဟုတ် အမှတ်အသားများကို အသုံးပြု၍ အတုအယောင်နှင့် ရုန့်ရင်းကြမ်းတမ်းသည့် ဝက်ဘ်ဆိုဒ်စာမျက်နှာများနှင့် လိမ်လည်မှုများကို အကြုံးဝင်သည့် လမ်းကြောင်းများမှတဆင့် သတင်းပေးပို့အရေးယူခြင်းများ ဆောင်ရွက်နိုင်သကဲ့သို့ လိုအပ်ခဲ့ပါက တရားရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်နိုင်ပါသည်။ သတိပေးနှိုးဆောက်ချက်တစ်ခုအနေဖြင့် ကြက်ခြေနီ၊ လခြမ်းနီနှင့် ခရစ္စတယ်နီ အမှတ်အသားများကို တလွဲအသုံးပြုခြင်းအား တရားဥပဒေအရ တားမြစ်ထားပြီး တလွဲအသုံးပြုခဲ့ပါ တရားရေးဆိုင်ရာအရေးယူမှုများ နှင့် ဒဏ်ခတ်အရေးယူမှုများ ရှိလာနိုင်ပါသည်။ ဤစံနှုန်းများကို ထိန်းသိမ်းခြင်းဖြင့် ကျွန်ုပ်တို့သည် အဓိပ္ပါယ်ပြည့်ဝပြီး အလေးထားလေးစားမှုရှိသည့် ဖလှယ်မှုများကို ဆောင်ရွက်နိုင်မည့် နေရာတစ်ခုကို ဖန်တီး ကာကွယ်သွားရန် ရည်ရွယ်ပါသည်။ စည်းမျဥ်းများနှင့်အညီ ပံ့ပိုးကူညီသွားရန် သင်တို့၏ ထောက်ပံ့ကူညီမှုကိုလည်း အားကိုးအားထားပြုပါသည်။

Read more: https://www.icrc.org/en/community-guidelines

လက်နက်ကိုင်ပဋိပက္ခများတွင် အရပ်သားများသည် ဆက်လက်နေထိုင်သည်ဖြစ်စေ၊ သို့မဟုတ် ထွက်ခွာသည်ဖြစ်စေ၊ ၎င်းတို့အား အချိန်တိုင်းတွ...
16/09/2026

လက်နက်ကိုင်ပဋိပက္ခများတွင် အရပ်သားများသည် ဆက်လက်နေထိုင်သည်ဖြစ်စေ၊ သို့မဟုတ် ထွက်ခွာသည်ဖြစ်စေ၊ ၎င်းတို့အား အချိန်တိုင်းတွင် အကာအကွယ်ပေးရမည်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)တွင် အရပ်သားများကို ၎င်းတို့၏ဘေးကင်းလုံခြုံမှု သို့မဟုတ် စစ်ရေးလိုအပ်ချက်တို့အတွက် သတ်မှတ်ထားသော အလွန်နည်းပါးသည့် ခြွင်းချက်များမှအပ ၎င်းတို့၏နေအိမ်များမှ ထွက်ခွာရန် အမိန့်ပေးခြင်းအား တားမြစ်ထားသည်။

ပိုမိုလေ့လာရန် http://ms.spr.ly/6182ajPnr
----------------------------
In armed conflicts, civilians remain protected at all times: it doesn’t matter if they stay or if they leave.
International humanitarian law (IHL) prohibits ordering civilians to leave their homes, with narrow exceptions for their safety or military necessity.
Learn more http://ms.spr.ly/6182ajPnr

"ကျွန်မတို့ရတဲ့ပစ္စည်းအားလုံးက တကယ်ကိုအသုံးတည့်ပါတယ်။ ပဋိပက္ခအတွင်းမှာ ကျွန်မတို့ အိမ်လေးဆုံးရှုံးလိုက်ရတော့ အခု ယာယီတဲထ...
15/09/2026

"ကျွန်မတို့ရတဲ့ပစ္စည်းအားလုံးက တကယ်ကိုအသုံးတည့်ပါတယ်။ ပဋိပက္ခအတွင်းမှာ ကျွန်မတို့ အိမ်လေးဆုံးရှုံးလိုက်ရတော့ အခု ယာယီတဲထိုးပြီးနေနေရတာပါ" လို့ ပဋိပက္ခတွေနောက်ပိုင်း သူမ မူလနေထိုင်ရာကျေးရွာကို ပြန်လည်ရောက်ရှိလာတဲ့ မအိဖြူက ပြောပါတယ်။

လက်ရှိ နတ္တလင်းမြို့က ဘုန်းကြီးကျောင်းတစ်ခုမှာ နေထိုင်နေရတဲ့ နေရပ်စွန့်ခွာခဲ့ရတဲ့ မိခင်တစ်ဦးဖြစ်တဲ့ မစန္ဒာကလည်း သူမရဲ့ အခြေအနေကို ပြောပြလာပါတယ်။ "ကျွန်မတို့ ရွာပြန်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ အစားအစာတွေနဲ့ အိမ်သုံးပစ္စည်းတွေ၊ အထူးသဖြင့် ဖျာတွေ၊ ခြင်ထောင်တွေနဲ့ ဆိုလာမီးတွေက ကျွန်မတို့အတွက် အရမ်းကို အသုံးဝင်ပါတယ်။"

ဒီမိသားစုတွေက သူတို့လိုအပ်နေတဲ့ ချက်ချင်းလက်ငင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာအထောက်အကူဖြစ်စေဖို့၊ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းဒေသတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အိုင်စီအာရ်စီအဖွဲ့က လတ်တလောလေးမှာပဲ မိသားစု ၁၆၃ စုအတွက် ဆန်၊ ဆီ၊ ပဲ မျိုးစုံနဲ့ အမျိုးသမီးသုံးပစ္စည်းတွေအပါအဝင် အစားအစာတွေနဲ့ မရှိမဖြစ်အရေးကြီးတဲ့ အိမ်သုံးပစ္စည်းတွေပေးဝေခဲ့ပါတယ်။

ဒီအကူအညီရဲ့ ရည်ရွယ်ချက်ကတော့ ဒီမိသားစုတွေ ကြုံတွေ့နေရတဲ့ အချို့သောအခက်အခဲတွေ လျော့ပါးသက်သာစေဖို့နဲ့ သူတို့ရဲ့ ပြန်လည်ထူထောင်ရေးမှာ အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။
-------------------------
“Every item we received has been very useful. We lost our house during the conflict, and we are now staying in a temporary tent,” said Ma Ei Phyu, who returned to her village after the fighting.

Ma Sandar, a displaced mother currently staying at a monastery in Nattalin, also described her situation: “We are not ready to go back yet. The food and household items, especially mats, mosquito nets and solar lights, are very helpful to us.”

To help these families meet their immediate needs, the ICRC team working in southern Myanmar recently provided 163 families with food and essential household items, including rice, oil, beans and dignity kits for women.

This support aims to ease some of the challenges they are facing and support their recovery.

၁၉၈၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တဲ့ ဦးဟန်သောင်းတစ်ယောက် ပြန်လည်လှုပ်ရှားသွားလ...
14/09/2026

၁၉၈၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တဲ့ ဦးဟန်သောင်းတစ်ယောက် ပြန်လည်လှုပ်ရှားသွားလာနိုင်ဖို့အတွက် ခြေတုကို အမှီပြုခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ၊ ဦးဟန်သောင်းအတွက် လိုအပ်တဲ့ စောင့်ရှောက်မှုနဲ့ အကူအညီကို ကျိုင်းတုံကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနကပံ့ပိုးခဲ့ပါတယ်။

"ဒီလိုဌာနမျိုးက လူတွေအများကြီးအတွက် အကူအညီဖြစ်ပါတယ်။ ကျွန်တော်တို့လိုလူတွေအတွက် အချို့အရာတွေမှာ တော်တော်လေး လွယ်ကူသွားစေပါတယ်" လို့ သူက ပြောပါတယ်။

ကိုယ်ကာယပြန်လည်သန်စွမ်းရေးက လူတွေကို သူတို့ရဲ့ နေစဥ်ဘဝမှာ အမှီအခိုကင်းကင်းနဲ့ ပြန်ပြီး သွားလာနိုင်စေတဲ့အပြင် လုပ်ငန်းတွေနဲ့ အခြားအဓိပ္ပါယ်ရှိတဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်နိုင်ဖို့ ထောက်ကူပေးပါတယ်။

သင် သို့မဟုတ် သင်သိတဲ့ သူတစ်ယောက်ယောက်က ကိုယ်ကာယပြန်လည်သန်စွမ်းရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လိုအပ်နေပါက၊ အိုင်စီအာရ်စီရဲ့ လူထုအခြေပြုဆက်သွယ်ရေးဌာန ဖုန်း +၉၅ ၉ ၇၇ ၆၆၆ ၂၅၅၅ ကို ဆက်သွယ်နိုင်ပါတယ်။
........................................

After losing his leg in an incident in 1989, U Han Taung has relied on a prosthetic limb to regain his mobility. Over the years, the Kyaing Tong Physical Rehabilitation Centre has provided him with the care and support he needs.

“The fact that there is a centre like this is helpful for many people. It makes things much easier for us,” he says.

Rehabilitation helps people regain independence in their daily lives and participate in work and other meaningful activities.

If you or someone you know needs physical rehabilitation support, please contact the ICRC Community Contact Centre at +95 9 77 666 2555.

ပျောက်ဆုံးသွားတဲ့ မိသားစုဆွေမျိုးတွေ ဘယ်လိုဘယ်ပုံဖြစ်ပျက်နေလဲဆိုတာကို လူတိုင်းလူတိုင်း သိရှိခွင့်ရှိပါတယ်။  ၁၈၉၅ခုနှစ်ကတ...
11/09/2026

ပျောက်ဆုံးသွားတဲ့ မိသားစုဆွေမျိုးတွေ ဘယ်လိုဘယ်ပုံဖြစ်ပျက်နေလဲဆိုတာကို လူတိုင်းလူတိုင်း သိရှိခွင့်ရှိပါတယ်။

၁၈၉၅ခုနှစ်ကတည်းက စတင်ပြီး ကျွန်ုပ်တို့က မိသားစုတွေ အတူတကွပြန်လည်ဆုံဆည်းနိုင်အောင် ကူညီပေးနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သင့်မိသားစုတွေနဲ့ အဆက်အသွယ်ပြန်လည်ရရှိအောင် သို့မဟုတ် သူတို့ရဲ့ ကံကြမ္မာဘယ်လိုဘယ်ပုံရှိတယ်ဆိုတဲ့ သတင်းကိုပြောကြားနိုင်ဖို့ တတ်နိုင်သမျှ အစွမ်းကုန်ဆောင်ရွက်နေပါတယ်။ အချိန်ဘယ်လောက်ပဲယူရပါစေ၊ ကျွန်ုပ်တို့က သင့်အတွက်အဖြေတစ်ခု ရှာတွေ့နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။

အကယ်၍သင်က ဒီအကူအညီကို လိုအပ်နေပါက သို့မဟုတ် ဒီဝန်ဆောင်မှုအကြောင်း ပိုပြီး သိရှိလိုပါက ကျွန်ုပ်တို့ရဲ့ မိသားစုအဆက်အသွယ်များပြန်လည်ရရှိစေရေး ဝက်ဘ်ဆိုက် (http://ms.spr.ly/6184aZXM8) ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။
.....................................................

Have you lost contact with your family as a result of a humanitarian crisis, such as armed conflict, disaster or migration?
The international Red Cross and Red Crescent Movement can help you.
Our service is free, and all your information will be kept safe.
Learn more at: https://familylinks.icrc.org

နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရခြင်းက နေအိမ်တစ်လုံးဆုံးရှုံးလိုက်ရတယ်ဆိုတာထက် အများကြီးပိုပါတယ်။ ဒါက အသက်မွေးဝမ်းကျောင...
10/09/2026

နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရခြင်းက နေအိမ်တစ်လုံးဆုံးရှုံးလိုက်ရတယ်ဆိုတာထက် အများကြီးပိုပါတယ်။ ဒါက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ဝင်ငွေရလမ်းတွေကိုပါ အလျဥ်ပြတ်တောက်စေတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း၊ ကချင်ပြည်နယ်သီးသန့်အနေနဲ့ ကျွန်ုပ်တို့က လက်နက်ကိုင်ပဋိပက္ခကြောင့်ထိခိုက်ခံစားခဲ့ရတဲ့အိမ်ထောင်စု ၂၁၈ စုက လူပေါင်း ၁,၄၈၆ ဦးကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နိုင်ဖို့၊ ဝင်ငွေရှာဖွေနိုင်ဖို့ ပံ့ပိုးကူညီခဲ့ပြီး၊ ဒီမိသားစုတွေက တည်ငြိမ်ပြီး ရေရှည်ဆောင်ရွက်နိုင်မယ့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်တည်ဆောက်ရာမှာ ထောက်ကူခဲ့ပါတယ်။
.........................................

Displacement can take away more than just a home; it disrupts livelihood and the ability to earn a living. In 2025, in Kachin State alone, we helped 218 households, covering 1,486 people affected by armed conflict restore their livelihoods, generate income – supporting them in building stable and sustainable livelihoods.

🎒 ကျောင်းသူကျောင်းသားများသည် အရပ်သားများဖြစ်သည်။✏️ ဆရာ၊ ဆရာမများသည်လည်း အရပ်သားများဖြစ်သည်။ 🏫 စာသင်ကျောင်းများသည် အရပ်ဘက...
09/09/2026

🎒 ကျောင်းသူကျောင်းသားများသည် အရပ်သားများဖြစ်သည်။
✏️ ဆရာ၊ ဆရာမများသည်လည်း အရပ်သားများဖြစ်သည်။
🏫 စာသင်ကျောင်းများသည် အရပ်ဘက်အဆောက်အအုံများဖြစ်သည်။

ဤအရာအားလုံးကို စစ်ပွဲဆိုင်ရာဥပဒေက အကာအကွယ်ပေးထားသည်။

စာသင်ကျောင်းများကို စစ်ရေးရည်မှန်းချက်များအတွက် အသုံးပြုခဲ့သည်တိုင်အောင် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အရ လက်နက်ကိုင်အဖွဲ့များသည် အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများ ထိခိုက်မှုမှ ရှောင်ရှားနိုင်ရန် သို့မဟုတ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် တိုက်ခိုက်မှုများ မပြုလုပ်မီ ဖြစ်နိုင်သမျှ ကြိုတင်သတိထားဆောင်ရွက်မှုများကို ဆောင်ရွက်ရန်လိုအပ်သည်။

စစ်ပွဲများမှာပင် ကန့်သတ်ချက်များရှိပါသည်။ အမြဲတမ်း အတွက်ဖြစ်ပါသည်။
................................................

Students are civilians.
Teachers are too.
Schools are civilian buildings.

All of them are protected by the rules of war.

Even when schools are used for military purposes, international humanitarian law (IHL) still requires armed actors to take all feasible precautions prior to attack, to avoid or minimize incidental harm to civilians and civilian infrastructure.
Even wars have limits. Always.

ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံယူနိုင်မှုက အရေးကြီးပါတယ်၊ အထူးသဖြင့် အရေးပေါ်အခြေအနေတွေနဲ့ ပဋိပက္ခဖြစ်ပွားနေချိန်တွေမှာ...
08/09/2026

ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံယူနိုင်မှုက အရေးကြီးပါတယ်၊ အထူးသဖြင့် အရေးပေါ်အခြေအနေတွေနဲ့ ပဋိပက္ခဖြစ်ပွားနေချိန်တွေမှာ ပိုလို့တောင် အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ကျေးလက်ဒေသနဲ့ ပဋိပက္ခဒဏ်ခံရတဲ့ဒေသတွေမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လူနာတွေကို ဆေးရုံမရောက်ရှိမီ ကနဦး ပြုစုစောင့်ရှောက်မှုပေးရာမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။

အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ကူညီနေတဲ့ ဒီအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်မားလာစေဖို့အတွက်၊ အိုင်စီအာရ်စီက မကွေးတိုင်းဒေသကြီးတစ်ဝန်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စေတနာလုပ်အားရှင်တွေအတွက် အခြေခံအရေးပေါ်လူနာပြုစုနည်းသင်တန်းကို ပေးအပ်ခဲ့ပါတယ်။ ဒီသင်တန်းက စေတနာလုပ်အားရှင်တွေအတွက် ကျွမ်းကျင်မှုအသစ်တွေကို ရရှိစေတဲ့အပြင် အရေးပေါ်အခြေအနေတွေမှာ ယုံကြည်မှုအပြည့်နဲ့ စောင့်ရှောက်မှုတွေကို အချိန်နဲ့တပြေးညီ ထိထိရောက်ရောက် ပေးအပ်နိုင်စေမှာဖြစ်ပါတယ်။

သင်တန်းကနေ သူတို့သင်ယူတက်မြောက်ခဲ့တာတွေနဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို လေ့လာကြည့်ရအောင်။
-------------------------------
Access to healthcare is crucial, especially in times of crisis or emergencies.

In Myanmar, civil society organizations play a vital role in providing early care to patients before they reach to hospitals, particularly in rural and conflict-affected areas.

To strengthen their capacity to respond to emergencies, the ICRC recently conducted Basic Stabilization and Care training for volunteers from civil society organizations across Magway Region. The training equipped volunteers with new skills and greater confidence to provide timely and effective care in emergencies.

Let’s hear about their experiences and what they learned from the training.

နှစ်ကာလရှည် နေရပ်စွန့်ခွာခဲ့ရပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာရှိတဲ့ မိမိတို့နေထိုင်ရာကျေးရွာတွေက...
07/09/2026

နှစ်ကာလရှည် နေရပ်စွန့်ခွာခဲ့ရပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာရှိတဲ့ မိမိတို့နေထိုင်ရာကျေးရွာတွေကို ပြန်လည်ရောက်ရှိလာကြတဲ့ မိသားစုတွေက ဘေးကင်းလုံခြုံစွာနေထိုင်နိုင်မယ့် နေရာတွေ အဆောတလျင်လိုအပ်နေပါတယ်။

ဒီမိသားစုတွေကို ပံ့ပိုးကူညီဖို့အတွက် ရှမ်းပြည်နယ်မှာရှိတဲ့ အိုင်စီအာရ်စီက လတ်တလောလေးမှာပဲ မိသားစု ၇၅စုအတွက် သွပ်မိုး၊ သစ်သား၊ ဝါးထရံတွေ၊ ရေစိုခံအထပ်သားပြားတွေနဲ့ အိမ်ဆောက်ရာမှာသုံးဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို ပေးအပ်ခဲ့ပါတယ်။ သူတို့ရဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး နေ့စဥ်ဘဝမှာ ပိုပြီး အဆင်ပြေစေဖို့အတွက် အိမ်သုံးဆိုလာပစ္စည်းအစုံ ၃၅ စုံကိုလည်း ပေးအပ်ခဲ့ပါတယ်။

ရပ်ရွာလူထုအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုကြောင့် ဒီအထောက်အပံ့တွေကို ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေဆီ တိုက်ရိုက်ပေးအပ်နိုင်ခဲ့ပါတယ်။

ဒီပစ္စည်းတွေကိုအသုံးပြုပြီး မိသားစုတွေက အရှက်လုံပြီး ဘေးကင်းလုံခြုံတဲ့ အိမ်လို့ခေါ်တဲ့ နေရာတစ်ခုကို ဖန်တီးနိုင်မယ့်အပြင် မိုးဒဏ်လေဒဏ်ကနေလည်း ပိုပြီး ကာကွယ်နိုင်မှာဖြစ်ပါတယ်။
----------------
After years of displacement, families returning to their villages in Nawnghkio Township, Northern Shan State, urgently need safe and secure places to live.

To support them, the ICRC team in Shan State recently provided roofing sheets, timber, bamboo wall mats, waterproof plywood, and shelter tools and hardware to 75 families. Based on their needs, we also distributed 35 solar sets to help make daily life a little easier.

Thanks to the support of local community teams, the assistance was delivered directly to the families affected.

With these materials, families can better protect themselves from heavy rain and strong winds while creating a safe, secure, and dignified space to call home.

04/09/2026

သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေချိန်နဲ့ ဖြစ်ပွားပြီးတဲ့နောက်မှာ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေဟာ ငလျင်၊ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု ဒါမှမဟုတ် မြေပြိုမှုတွေကြောင့် နေရာရွေ့သွားနိုင်ပါတယ်။

ဒီဗီဒီယိုမှာ သင်နဲ့ သင့်မိသားစုကို ဒီပစ္စည်းတွေရဲ့အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အရေးကြီးတဲ့ အချက်အလက်တွေကို မျှဝေပေးထားပါတယ်။

ကြည့်ရှုပါ။ မျှဝေပါ။ ဘေးကင်းအောင် နေထိုင်ပါ။
........................................................

During and after natural disasters, explosive devices can shift or move due to earthquakes, heavy rain, flooding, or landslides.

The following videos share important information to help you protect yourself and your family from these risks.

Watch, share and stay safe.

03/09/2026

ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မိသားစုတွေက နေအိမ်တွေကို မဖြစ်မနေစွန့်ခွာခဲ့ရပြီးနောက် ဘေးကင်းတဲ့ဒေသတွေမှာ သူတို့ဘဝကို ပြန်လည်စတင်နေကြပါတယ်။

မြစ်ကြီးနားမှာရှိတဲ့ အိုင်စီအာရ်စီအဖွဲ့က ဒီမိသားစုတွေရဲ့ ချက်ခြင်းလက်ငင်းလိုအပ်ချက်တွေဖြည့်ဆည်းနိုင်စေဖို့ ထောက်ကူတဲ့အနေနဲ့ အရေးပေါ်အထောက်အပံ့ပစ္စည်းတွေနဲ့ မရှိမဖြစ်အရေးကြီးတဲ့ အိမ်သုံးပစ္စည်းတွေကို ပံ့ပိုးပြီး သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပံ့ပိုးနေပါတယ်။

၂၀၂၆ ခုနှစ် ယခုအချိန်အထိ ကျွန်ုပ်တို့က ကချင်ပြည်နယ်တစ်ဝန်းမှာရှိတဲ့ လူပေါင်း ၁၂,၀၀၀ နီးပါးကို အရေးအပေါ်အထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီး သူတို့ရဲ့ ပြန်လည်ထူထောင်ရေးနဲ့ သူတို့ရဲ့ ဘဝတွေကို ပြန်လည်တည်ဆောက်ရာမှာ ထောက်ပံ့ကူညီနေပါတယ်။

ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုက ဒီရပ်ရွာလူထုအတွက် ဘယ်လိုအထောက်အပံ့ဖြစ်သလဲဆိုတာ ကြည့်ရှုလိုက်ပါ။
------------------------------
Conflict in Kachin State has forced families to flee their homes and rebuild their lives in safer areas.

The ICRC team in Myitkyina supports their resilience by providing emergency relief and essential household items to help them meet their immediate needs.

So far in 2026, we reached around 12,000 people across Kachin State with this assistance, supporting their recovery and helping them rebuild their lives.

See how our work supports these communities.

Address

2/5 Kaba Aye Pagoda Road
Yangon

Alerts

Be the first to know and let us send you an email when International Committee of the Red Cross Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to International Committee of the Red Cross Myanmar:

Shortcuts

Share