Myanmar Environmental Education Team

Directions Contact the organization

Myanmar Environmental Education Team "We cannot stop natural disasters but we can arm ourselves with knowledge: so many lives wouldn't have to be lost if there was enough disaster preparedness."

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများHelloSayarwonDr. Htet Htet Zaw Win မှ ရေးသားသည်။ · (12/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့...
17/09/2026

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

HelloSayarwon
Dr. Htet Htet Zaw Win မှ ရေးသားသည်။ · (12/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်)

ခိုဆိုတာ မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။

ဒါပေမယ့် ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။

ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ

ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။

အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ

HIV/ AIDS ရှိသူတွေ
ဆီးချိုရောဂါ ရှိသူတွေ
သွေးကင်ဆာ ရှိသူတွေ
အတွင်းအင်္ဂါအစားထိုးထားသူတွေ
ကိုယ်ခံအားထိန်းဆေး သောက်နေရတဲ့သူတွေဆို ပိုပြီး သတိထားသင့်ပါတယ်။
ကလေးငယ်လေးတွေနဲ့ ဘိုးဘိုးဘွားဘွားတွေကလည်း ကိုယ်ခံအား ချို့တဲ့တတ်လို့ ဂရုစိုက်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံလို ခိုတွေနဲ့ လက်ပွန်းတသီး နေတဲ့နိုင်ငံမှာ ခိုကနေတဆင့် ရောဂါတွေ ကူးစက်နိုင်ခြေ များပေမယ့် လက္ခဏာမပြဘူးဆိုတာ ကိုယ်ခံအားကောင်းနေသေးတဲ့သူမို့လို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကူးလို့ ကူးမှန်းမသိလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများကတော့ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။

(၁) Cryptococcosis

Cryptococcosis ဆိုတာ မှိုပိုးဖြစ်ပါတယ်။ Cryptococcus neoformans နဲ့ Cryptococcus gattii ဆိုပြီး မှိုနှစ်မျိုး ရှိပါတယ်။ Cryptococcus neoformans က ခုခံအားကျတဲ့သူတွေမှာ ဖြစ်တတ်ပေမဲ့ Cryptococcus gattii ကတော့ ကျန်းမာတဲ့သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ကျန်းမာနေတာပဲဆိုပြီး ခိုတွေနဲ့ လက်ပွန်းတသီး မနေသင့်ပါ။

လက္ခဏာများ

မှိုပိုးက ဘယ်နေရာကို ပြန့်သွားလဲဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေကလည်း ကွာခြားသွားပါတယ်။

အဆုတ်မှာဆိုရင် – ချောင်းဆိုးတာ၊ မောတာ၊ ဖျားတာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်တတ်ပါတယ်။
ဦးနှောက်မှာဆိုရင် – ဖျားတာ၊ ဇက်တောင့်တာ၊ ‌ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ အလင်းမခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။
ဒါ့ပြင် အရေပြားမှာ အပိမ့်တွေ၊ အရည်ကြည်ဖုတွေ၊ အနီစက်တွေလည်း ထွက်တတ်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

Cryptococcosisက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို ပြန့်သွားတဲ့အခါ

ဦးနှောက်တွင်းဖိအားများတာ
အမြင်ကွယ်တာ
ပြင်းထန်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ကုသမှု

မှိုပိုးကြောင့် ဖြစ်တာကြောင့် မှိုသတ်ဆေးတွေ ပေးဖို့ လိုပါတယ်။ ဦးနှောက်ထဲကို ရောက်သွားရင်တော့ အချိန်ကြာကြာကုသဖို့ လိုနိုင်ပါတယ်။ မှိုလုံးကြီး ဖြစ်သွားရင်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။

(၂) Histoplasmosis

Histoplasmosis ဆိုတာ Histoplasma capsulatum လို့ခေါ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါပါ။ သူကလည်း ခုခံအားကျနေတဲ့သူတွေ၊ ခိုတွေနဲ့ လက်ပွန်းတသီးနေတဲ့သူတွေမှာ ခိုချေးရှူမိရာကနေ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။

လက္ခဏာများ

အတွေ့ရများတာတွေကတော့

ချမ်းတုန်ဖျားတာ
ခေါင်းကိုက်တာ
ကိုယ်လက်နာတာ
ချောင်းခြောက်ဆိုးတာ
ရင်ဘတ်အောင့်တာ
နုံးတာတွေပဲ ဖြစ်ပါတယ်။
တချို့တွေမှာ အဆစ်တွေနာတာ၊ အနီစက်ထွက်တာတွေ ဖြစ်တတ်သလို အဆုတ်ပြည်တည်တာလည်း ဖြစ်တတ်ပါတယ်။

ဒီထက်ပိုဆိုးလာရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

Histoplasmosis က နောက်ဆက်တွဲဆိုးကျိုးအနေနဲ့

အဆုတ်ထိခိုက်တာ
နှလုံးအမြှေးပါးရောင်တာ
အဒရီနယ်ဂလင်း ထိခိုက်ပြီး ‌ဟော်မုန်းမထုတ်နိုင်တာ
ဦးနှောက်အမြှေးရောင်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ကုသနည်း

လက္ခဏာတွေက သိပ်မပြင်းထန်ရင် သိတောင် မသိလိုက်ပါဘူး။ လက္ခဏာတွေက ပြင်းထန်ရင် ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားရင်တော့ မှိုသတ်ဆေးတွေ ကြာကြာပေးပြီး ကုသဖို့ လိုပါတယ်။

(၃) Psittacosis

Psittacosis ကတော့ Chlamydia psittaci ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ သူကလည်း ခိုချေး၊ ကြက်တူရွေးချေးတို့ကနေ ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။

လက္ခဏာများ

လက္ခဏာတွေကတော့ သာမန်ဖျားနာတဲ့အခါ ခံစားရလေ့ရှိတဲ့

ဖျားတာ
ချောင်းဆိုးတာ
ကိုယ်လက်ကိုက်တာ
‌ခေါင်းကိုက်တာ
ဝမ်းလျှောတာ
ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

တကယ်လို့ ပိုးက တခြားနေရာကို ပြန့်သွားခဲ့ရင်တော့

အဆုတ်ရောင်တာ
နှလုံးရောင်တာ
ဦးနှောက်ရောင်တာ
အသည်းရောင်တာ
အဆုတ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

ကုသနည်း

ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုတော့ ပိုးသတ်ဆေးတွေပေးပြီး ကုလို့ရပါတယ်။ တခြားနေရာကို ပြန့်သွားခဲ့ရင်တော့ ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ ကုထုံးတွေ လိုနိုင်ပါတယ်။

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ကို သိသွားပြီဆိုရင် ဒါကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါ လေ့လာထားရတော့မှာပါ။ ကိုယ်က ခုခံအား ကောင်းနေတယ်ဆိုရင်တောင် နေ့စဉ် ခိုနဲ့ လက်ပွန်းတသီး နေနေတာကြောင့် တစ်ချိန်ချိန်မှာ ရောဂါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်..

ခိုတွေနဲ့ ဝေးဝေးနေပါ။ အိမ်မှာ အသိုက်ဖွဲ့မခံပါနဲ့။
ခိုချေးခြောက်တွေကို သန့်ရှင်းရေး လုပ်တဲ့အခါ နှာခေါင်းစည်း တပ်ပါ။ ချေးခြောက်တွေကို ရေစိုအောင် လောင်းပြီးမှ သန့်ရှင်း‌ရေး လုပ်ပါ။ ဒါဆို အမှုန်တွေ လွင့်နိုင်ခြေ နည်းသွားပါပြီ။
ခိုတွေ အနေများတဲ့ နေရာနားမှာ လှည်းကျင်းမယ်ဆို မြေကြီးကို ရေအရင်ဖြန်းပါ။
ခိုစာကျွေးတဲ့အခါ လှန့်ပြီး ထမပျံအောင် သတိထားပါ။ ထပြန်လိုက်တဲ့အခါ ဖုန်တွေနဲ့အတူ ငှက်ချေးတွေပါ လေထဲမှာ လွင့်လာနိုင်ပါတယ်။
ခိုတွေကို ထိတွေ့ပြီးတဲ့အခါ လက်ဆေးပါ။
ခုခံအားကျဆင်းနေတဲ့သူ၊ ကလေးငယ်တွေနဲ့ ဘိုးဘိုးဘွားဘွားတွေကို ခိုတွေနဲ့ ဝေးရာမှာ ထားပါ။
ခိုတွေက လူတွေရဲ့ ရင်းနှီးတဲ့ ငှက်တွေဆိုပေမဲ့ သူတို့တွေကနေ ရောဂါကူးတတ်တာကို မေ့ထားလို့ မဖြစ်ပါဘူး။ ခုခံအားကျတဲ့သူတွေမှာ အဖြစ်များတယ်ဆိုပေမဲ့ သူကနေ ကူးစက်တဲ့ ရောဂါတွေက အသက်အန္တရာယ်ဖြစ်တတ်တာကြောင့် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။

Hello Sayarwon

Today is  .🌍Forty years ago, countries came together to stop the destruction of the ozone layer under the Vienna Convent...
16/09/2026

Today is .🌍

Forty years ago, countries came together to stop the destruction of the ozone layer under the Vienna Convention for the Protection of the Ozone Layer.

That global commitment led to the Montreal Protocol, one of the most successful environmental agreements in history, which phased out nearly all ozone-depleting substances and is expected to help prevent up to 1°C of global warming by the end of the century.

As a result, the ozone layer began to heal, and these efforts became a model for global environmental action.

Yet, hydrofluorocarbons (HFCs), once designed to replace ozone-depleting agents, are still a major threat since they are highly potent greenhouse gases that exacerbate the climate crisis.

By eliminating HFCs through the Kigali Amendment, which marks 10 years, countries can avoid up to 0.5°C of temperature rise by the end of this century and show how science can drive global change .

See how global action can deliver a cooler planet for people, economies and the climate: https://ozone.unep.org/ozone-day/global-action-cooler-planet

UNEP

မိုးရာသီမှာ မိုးရွာတာက သဘာဝတရားပါပဲ ..အရင်က မုန်တိုင်း​တွေထက် အခုမုန်တိုင်း​တွေ ပိုပြင်းထန်လာတာ အရင်က မိုး​ရေချိန်​တွေထက...
13/09/2026

မိုးရာသီမှာ မိုးရွာတာက သဘာဝတရားပါပဲ ..

အရင်က မုန်တိုင်း​တွေထက် အခုမုန်တိုင်း​တွေ ပိုပြင်းထန်လာတာ အရင်က မိုး​ရေချိန်​တွေထက် အခု မိုး​ရေချိန်လက်မ​တွေ များများပိုရွာတယ်ဆိုတာက​တော့ တကမ္ဘာလုံး ရင်ဆိုင်ကြုံ​တွေ့​နေရတဲ့ ရာသီဥတု​ဖောက်ပြန်​ပြောင်းလဲခြင်း​ကြောင့်ပါ ..

ရွာချလိုက်တဲ့မိုး​ရေ​တွေက ကုန်း​ပေါ်ကို မြန်မြန်ဆန်ဆန် လျံတက်လာတာ(​ရေကြီးခြင်း)ရဲ့ အ​ကြောင်းရင်း​တွေက​တော့ သဘာဝ​ကြောင့်လည်း မဟုတ်သလို ရာသီဥတု​ဖောက်ပြန်​ပြောင်းလဲခြင်း​ကြောင့်လည်း မဟုတ်ပါဘူး ..

ဆိုးဆိုးရွားရွား​ရေကြီးရခြင်းရဲ့အဓိက အ​ကြောင်းရင်း​တွေက -

(၁) မိုး​ရေ​တွေ စီးဆင်းရတဲ့ ​ချောင်း​တွေ မြစ်​တွေ တိမ်​ကောလာလို့(​ချောင်း/မြစ်ကြမ်းပြင်​တွေ မြင့်တက်လာလို့)ဖြစ်ပါတယ်..

(၂)​ချောင်း/မြစ်ကြမ်းပြင်​တွေ မြင့်တက်လာရတာက နုံး/​မြေကြီး​တွေ အလွန်အကျွံ ​ချောင်း/မြစ်ထဲကို ​ရောက်​နေလို့၊ ​ရောက်လာလို့၊ ​ရောက်​စေလို့ပါ..

(၃)​ချောင်း/မြစ်​တွေထဲကို နုံး/​မြေကြီး​တွေ အလွန်အကျွံ​ရောက်​နေရခြင်းရဲ့အ​ကြောင်းရင်းက ​​ချောင်း/မြစ်​တွေရဲ့ ​ဘေးပတ်လည် အရပ်ရှစ်မျက်နှာက ​(ရေ​ဝေ​ရေလဲဧရိယာ water basin/watershed area) ကုန်း​မြေ​တွေက ​မြေကြီး​တွေဟာ ရွာချလိုက်တဲ့မိုး​ရေ​တွေရဲ့ တိုက်စားခြင်းကို ခံ​နေရလို့ မိုး​ရေ​တွေနဲ့အတူ​မျောပါလာပြီး ​ချောင်း/မြစ်​တွေအထဲကို ​ရောက်လာလို့ပါ ..

(၄)​မြေသား​တွေ/ ​မြေကြီး​တွေ/ စိုက်ပျိုး​ရေးလုပ်ငန်းအတွက် အင်မတန်အ​ရေးပါတဲ့ အ​ပေါ်ယံ​မြေဆီလွှာ top soil ​တွေ ​ရေတိုက်စားခြင်းကို အလွန်အကျွံခံ​နေရခြင်းရဲ့ အ​ကြောင်းရင်းက အဲဒီ​ ကုန်း​မြေ​တွေရဲ့အ​ပေါ်မှာ သစ်​တော သစ်ပင်​တွေ မရှိလို့ပါ ..

သစ်​တောသစ်ပင်​တွေသာ အဲဒီ​မြေ​ပေါ်မှာရှိ​နေမယ်ဆိုရင်-

(က) သစ်ပင်​တွေရဲ့ ရွက်အုပ် canopy ​တွေက ကာ​ကွယ်ပေးထားတဲ့အတွက် မိုး​ပေါက်​တွေဟာ ​မြေကြီးကို တိုက်ရိုက် မထိမှန်​တော့ပါဘူး..

သစ်ရွက်​တွေက​နေ တဆင့် သစ်ကိုင်း​သေး​သေး​တွေဆီ၊ သစ်ကိုင်းအ​သေး​တွေကမှ သစ်ကိုင်းကြီး​တွေဆီ၊ သစ်ကိုင်းကြီး​တွေကတဆင့် ပင်စည်၊ ပင်စည်ကတဆင့် ​မြေကြီး​ပေါ်ကို အဆင့်ဆင့်​စီးဆင်းရသလို ..

သစ်ရွက်ကို ထိမှန်ပြီးမှ တိုက်ရိုက် ​မြေကြီး​ပေါ်ကျဆင်းတယ်ဆိုရင်လည်း သစ်ရွက်က ကြားခံကာ​ပေးလိုက်တဲ့အတွက် မူလအရှိန်ထက် ​လျော့နည်း​နေပါပြီ၊

ဒါ​ကြောင့် ​မြေကြီးနဲ့ ထိ​တွေ့ချိန်မှာလည်း အရှိန်​လျော့နည်းသွားပါပြီ၊ ဒါ​ကြောင့် ​မြေတိုက်စားခြင်းကို အများကြီး သက်သာသွား​စေပါတယ်..

(ခ)​မြေကြီး​ပေါ်​ရောက်လာချိန်မှာလည်း သစ်ပင်​တွေရဲ့ အမြစ်​တွေရှိ​နေတာ​ကြောင့် မိုး​ရေ​တွေဟာ မြင့်ရာက​နေ နိမ့်ရာကို စီးဆင်းချိန်မှာ အမြစ်​တွေက တားဆီး​ပေးထားတာ​ကြောင့် ​ရေစီးတဲ့ အရှိန်လည်း ​လျော့ကျသွားပါတယ် ..

(ဂ) သစ်ပင်​တွေရဲ့ ရှုပ်​ထွေးများပြားလှတဲ့ အမြစ်ဖွဲ့စည်းပုံ​တွေ​ကြောင့် သစ်ပင်​တွေရဲ့အမြစ်​တွေဟာ ​မြေကြီးရဲ့ အ​ပေါ်ယံ​မြေဆီလွှာကို ကုပ်ဆွဲ​ပေးထားတာ​ကြောင့် အဲဒီ​မြေကြီး​တွေဟာ စီးဆင်း​နေတဲ့မိုး​ရေနဲ့အတူ အလွန်အကျွံ​မျောပါမသွားနိုင်​တော့ပါဘူး ..

ဒါ​ကြောင့် သစ်​တောသစ်ပင်​တွေသာ ​ချောင်း​တွေ မြစ်​တွေရဲ့ ​ဘေးပတ်လည်က ​ရေ​ဝေ​ရေလဲဧရိယာ​တွေ​ပေါ်မှာ အလုံအ​လောက် ရှိ​နေမယ်ဆိုရင် ..

(က)စိုက်ပျိုး​ရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ​မြေဆီလွှာ​တွေလည်း မိုး​ရေတိုက်စားခြင်းဒဏ်ကို ကာကွယ်​ပေးနိုင်မှာဖြစ်သလို

(ခ)​ချောင်း/မြစ်​တွေထဲကို ​မြေကြီး​တွေ ပို့ချခြင်းကို ကာကွယ်​ပေးထားတဲ့အတွက် ​ချောင်း/မြစ်ကြမ်းပြင်​တွေလည်း မြင့်တက်လာ​တော့မှာ မဟုတ်ပါဘူး ..

(ဂ)​ချောင်း/မြစ်​တွေထဲကို ​မြေကြီး​တွေ ​အလွန်အကျွံ ရောက်မလာ​တော့ဘူးဆိုရင် ​ချောင်း/မြစ်​ရေ​တွေဟာ ..

မြေကြီး​တွေနဲ့အတူ ​ရောပါလာနိုင်တဲ့ အဆိပ်အ​တောက်၊ အမှိုက်သရိုက်၊ အညစ်အ​ကြေး​တွေ​ ကင်းစင်​နေမှာ ဖြစ်တာ​ကြောင့် ..

ကြည်လင်​သန့်ရှင်း​နေပါမယ်..
(သန့်ရှင်း​သော​ရေကို ရရှိ​စေပါမယ်)..

ရေထဲမှာ ​အောက်စီဂျင်ဓါတ်အလုံအ​လောက်ရှိ​နေမှာဖြစ်လို့ ​ရေ​နေသတ္တဝါ​တွေလည်း ​ကောင်းစွာ ရှင်သန်​နေထိုင်နိုင်ပါမယ်..
(သန့်ရှင်း​သော အဆိပ်အ​တောက်ကင်းစင်​သော အစားအစာကို ရရှိ​စေပါမယ်)..

ရေကြီး​ရေလျံတဲ့ ​ဘေးအန္တရာယ်ကိုလည်း ​လျော့ကျ​စေပါလိမ့်မယ်..
(​ဘေးကင်းလုံခြုံ​သော ပတ်ဝန်းကျင်မှာ ရှင်သန်​နေထိုင်ခွင့်ကို ရရှိ​စေပါမယ်)..

ဒါ​ကြောင့် ​ရေကြီးခြင်း​ဘေးအန္တရာယ်ကို ကျွန်​တော်တို့နိုင်ငံသား​တွေ သားစဥ်​မြေးဆက် မခံကြရ​တော့​အောင် ..

သစ်​တောသစ်ပင်​တွေကို (​မူဝါဒနဲ့၊ဥပ​ဒေနဲ့၊နည်းဥပ​ဒေနဲ့၊နိုင်ငံချစ်စိတ်နဲ့၊ ပရဟိတစိတ်ဓါတ်နဲ့ ) ထိန်းသိမ်းကာကွယ်​စောင့်​ရှောက်​ပေးကြပါ..

သစ်ပင်​တွေမရှိတဲ့​နေရာ​တွေမှာလည်း ​မူရင်း​ဒေသမျိုးရင်း သစ်​တောသစ်ပင်​တွေကိုရှင်သန်​အောင် (​မူဝါဒနဲ့၊ဥပ​ဒေနဲ့၊နည်းဥပ​ဒေနဲ့၊နိုင်ငံချစ်စိတ်နဲ့၊ ပရဟိတစိတ်ဓါတ်နဲ့ )စိုက်ပျိုး ထိန်းသိမ်း ပြုစု​ပေးကြပါ..

ကိုယ့်ထက်ငယ်ရွယ်သူ၊ အသိပညာအားနည်းသူ​တွေကိုလည်း သဘာဝတရားကြီးနဲ့ သစ်​တောသစ်ပင်​တွေကို ချစ်ခင် မြတ်နိုး တန်ဘိုးထားတတ်​အောင် သင်ကြား​ပေးကြပါလို့ တိုက်တွန်းနှိုး​ဆော်လိုက်ရပါတယ် ..

(၂၀၂၄ စက်တင်ဘာလမှာ ယာဂီမုန်တိုင်း​ကြောင့် ​ရေကြီးခြင်း​ဘေးကိုရင်ဆိုင်ကြုံ​တွေ့​နေကြရတဲ့ ​ဒေသခံများကို ကိုယ်ချင်းစာခြင်းများစွာဖြင့် ဒီစာကို ​ရေးလိုက်ရပါတယ်)

​ဘေးရန်ခပ်သိမ်း အမြန်ငြိမ်းကြပါ​စေ ..
ဆင်းရဲခပ်သိမ်း အမြန်ငြိမ်းကြပါ​စေ ..
လုံခြုံ​နွေး​ထွေး ​ရောဂါ​ဝေးကြပါ​စေ..

(မနှစ်တုန်းက ​ရေးခဲ့တဲ့ပိုစ်ဖြစ်ပါသည်)

ပုပ္ပားတောင်ကို သျှောင်ထုံးခဲ့ပေမယ့် တောင်ကတုံးပြန်ဖြစ်တော့မည်လား ဦးအုန်း(ကမ္ဘာ​မြေချစ်သူ)ဥက္ကဌ၊FREDAညွှန်မှူး၊သစ်​တောဦ...
12/09/2026

ပုပ္ပားတောင်ကို သျှောင်ထုံးခဲ့ပေမယ့် တောင်ကတုံးပြန်ဖြစ်တော့မည်လား

ဦးအုန်း(ကမ္ဘာ​မြေချစ်သူ)
ဥက္ကဌ၊FREDA
ညွှန်မှူး၊သစ်​တောဦးစီးဌာန(ငြိမ်း)

ပုပ္ပားတောင်တော်မြတ်သည် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသ(Dryzone Ecosystem) ဂေဟစနစ်တွင် စိမ်းလန်းလှပသော အချက်အချာကျသော ဒေသတွင်ရှိ၍ အလွန်မှ အရေးကြီးလှပေသည်။

ပုပ္ပားတောင်၏ ဂေဟစနစ် ပျက်ပြယ်သွားလျင် အပူပိုင်းဒေသတစ်ခုလုံးသည် ကန္တာရအသွင် ပြောင်းသွားပါလိမ့်မည်။

ပုပ္ပားတောင်၏ မီးတောင်ချိုင့်ဝှမ်းသည် အာကာသတစ်ခွင်မှ အအေးဓာတ်(ဆီးနှင်း၊ မိုးရေမိုးပေါက်)များကို တစ်နှစ်ပတ်လုံး ဖမ်းယူ၍ တောင်တစ်ခုလုံးသို့ စိမ့်ဝင်ဖြန့်ဖြူးပေးပြီး အအေးဓာတ်ကို ပေးလျက်ရှိသည်။

ဥပမာ ရေငယ်စခန်း ညအိပ်ဖူးသူတိုင်း အအေးဓာတ်(Air Condition) ပေးသကဲ့သို့ အလွန်းအေးစက်စွာ အိပ်စက်ရ၍ နံနက် အိပ်ယာထလျင် အအေးမိမည်ကို ပူပင်ကြရ၏။

ပုပ္ပားတစ်ဝိုက်ရှိ စမ်းရေအားလုံးသည် စမ်းရေအားလုံးသည် မြေအောက်ရေ မဟုတ်ပါ။ တောင်မကြီး၏ မီးတောင်ချိုင့်ဝှမ်းကပေးသော Cloud Forest ခေါ် ဆီးနှင်းတိမ်တိုက် များက ပေးသောရေ ဖြစ်ပါသည်။

၄င်းဆီးနှင်းတိမ်တိုက်မှ ရလာသောရေဖြင့် တောင်ပေါ်တောင်အောက် ဒေသတစ်ခုလုံးအား ရေပေးဝေထားပါသည်။ ကျောက်ပန်းတောင်းတစ်မြို့လုံးကိုလည်း ရေပေးဝေထားပါသည်။

ပုပ္ပားတောင် တောင်ကတုံးဖြစ်သွားလျင် ကျောက်ပန်းတောင်းမြို့လည်း ရေပြတ်သွားပြီး ပျက်စီးသွားမည် ဖြစ်ပါသည်။ တောင်ပတ်ဝန်းကျင်လည်း ခြောက်သွေ့သွားပြီး လူအများ၏ စိုက်ပျိုးရေးရေ ရရှိရေးစနစ် ပျက်စီးသွား၍ မကြာမြင့်မီတွင် ကန္တာရလွင်ပြင် ဖြစ်ပြီး အနီးအနားရှိ ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့၊ တောင်သာမြို့၊ နွားထိုးကြီးမြို့၊ မြင်းခြံမြို့၊ မိတ္ထီလာ မြို့တစ်ဝိုက် အားလုံးသော ဒေသတစ်ခုလုံး ကန္တာရအသွင် ပြောင်းလဲသွားမည် ဖြစ်ပါသည်။

၁၉၈၂-၈၆ ခုနှစ်များအတွင်းက မိမိကြိုးပမ်းပြီး ပြန်၍စိမ်းလန်းအောင် ပြုစုပျိုးထောင်ခဲ့သော တောင်တော်ပုပ္ပား သည် ယခုအခါ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရပါသည်။

မူလက စိမ်းလန်းစွာရှိနေသော စကားဝါပင်များ ပြုန်းတီးလျက်ရှိပြီး သစ်ယာပင်များလည်း ရှားပါးလျက်ရှိကာ ယခင်က လုံးဝမရှိခဲ့သော လက်ဖက်ပင်များ စိုက်ပျိုးနေသည်ဟု ကြားရ၍ အလွန်တုန်လှုပ်မိပါသည်။

လက်ဖက်စိုက်တာက ပေ ၄၀၀၀၊ ၅၀၀၀ ကျော်မှသာ စိုက်၍ ဖြစ်ထွန်းပါမည်။ ယခုစိုက်နေတာက ပေ ၂၀၀၀ ကျော် ရေငယ်ဒေသတွင် မဖြစ်ထွန်းနိုင်သော လက်ဖက်စိုက်ဖို့အတွက် ကျောက်ပန်းတောင်းမြို့သို့ ပို့ပေးနေ သောရေကို လုယူပြီးစိုက်တော့ လူတွေသောက်တဲ့၊ လူတွေ သုံးတဲ့ သောက်တဲ့ စိုက်တဲ့ရေတွေ လျော့ပါးလာပြီး လက်ဖက်လည်း မဖြစ်ထွန်းပါ။

လက်ဖက်စိုက်လိုလျင် ချင်းတောင်နဲ့ ရှမ်းတောင်ဒေသကို သွားစိုက်ပါ။ အာဏာရှင် တန်ခိုးရှင်များရဲ့လမ်းညွှန်ချက်နဲ့ လက်ဖက်စိုက်နေတော့ သစ်တောဌာနအပါအဝင် မည်သူမှ မတားဝံ့ကြပါ။

ကျွန်တော် ၂၀၁၂ ခုနှစ်က ပုပ္ပားမှာ အစည်းအဝေးလုပ်တော့ ကျောက်ပန်းတောင်းက လူသုံးသောင်းကျော် ပုပ္ပားတက်လာပြီး ကျွန်တော့်ကို လာရောက် နှုတ်ဆက်ဂါရဝပြုကြပါသည်။

ကျွန်တော်က မိန့်ခွန်းစကားပြော အပြီးမှာ “လက်ဖက်စိုက်တာကို ချက်ချင်းရပ်” လို့ အော်လိုက်တော့ ပရိသတ်အားလုံးက “ချက်ချင်းရပ်” လို့ ကြွေးကြော်ခဲ့ကြပါသည်။ ထိုအရာသည် ပြည်သူ့ဆန္ဒဖြစ်ပါသည်။ ပြည်သူ့ဆန္ဒဟု ခေါ်ပါသည်။ ယခုလည်း ဒေသခံတွေ မလိုလားသည့် လက်ဖက်စိုက်ခြင်းကို အခုချက်ချင်းရပ်ကြပါဟု ထပ်မံကြွေးကြော်လိုက်ပါသည်။

ဦးအုန်း
ပုပ္ပားချစ်သူ၊ ကမ္ဘာမြေချစ်သူ

မှတ်ချက်။ ပုပ္ပားအလှ၊ ပုပ္ပားရသ၊ ပုပ္ပားဘဝ စာစုများမှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
_________________________________________

ဦးအုန်း (သို့မဟုတ်)
အစိမ်းရောင်မုခ်ဦးပိုင်ရှင်

October 27, 2021 By greennesd

စာရေးသူက ပုဂံ-ညောင်ဦး၊ ပုပ္ပားကို မကြာခဏဆိုသလို ရောက်ဖြစ်သည်။ တစ်ခါတလေ တစ်နှစ် နှစ်ခေါက်သုံးခေါက်။ ထိုသို့ရောက်ဖြစ်ခြင်းမှာ တခြားမဟုတ်၊ စာရေးချင်လို့ ဖြစ်သည်။ သို့သော် လူရှုပ်သည့် အခါကြီးရက်ကြီးမှာ မသွား။

မျက်စိရှုပ် နားရှုပ်တာမကြိုက်။ ပုဂံ- ညောင်ဦး ဘုရားတွေဖူးတိုင်း နောက်ကပါလာသည့် တပည့်တွေ(ဝါသနာပါလောက်သူ)ကို ဘုရားသမိုင်းနောက်ခံတွေ ပြောပြရသည်။ ခရီးသွားခြင်း၏ အနှစ်သာရ စသည်များ။ ပုပ္ပားရောက်လျှင်လည်း ပုပ္ပားတောင်သမိုင်းနှင့် တောင်ကတုံးဖြစ်တော့မည့်ဆဲဆဲ သစ်ပင်တွေ စိုက် ပျိုးသွားသည့် ဆရာအုန်းအကြောင်းပါ ပြောဖြစ်သည်။

သို့မှသာ သူတို့လေးတွေ ဦးအုန်းကျေးဇူးကို သိရှိပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမွေဆက်ခံလိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။ တာဝန်သိမှ တာဝန်ရှိမည်။ တန်ဖိုးသိမှ တန်းဖိုးရှိမည် မဟုတ်ပါလား။

ဦးအုန်း ဘ၀အစ

စစ်ကိုင်းမြို့နယ် မကျည်းစင် တင်းတိမ်ရွာကလေးတွင် ဦးအုန်းကို မွေးဖွားခဲ့ပါသည်။ ၁၉၂၇ ခုနှစ် ဩဂုတ် ၇ ရက်၊ ဝါခေါင်လဆန်း ၁၀ရက်နေ့ ဖွားသည်။ ငယ်မည်မှာ မောင်အုန်းသီး ဖြစ်သည်။ မိဘများမှာ လယ်ဧက ၅၀၀ ပိုင်ဆိုင်သူများ ဖြစ်သည်။ ကျောင်းနေသောအခါ အတန်းထဲမှာ ပထမ၊ ဒုတိယ အမြဲရသည်။ အင်္ဂလိပ်စာ မတတ်သေး၍ လေးတန်းမှာ သုံးနှစ်နေခဲ့သည်(စာကြေအောင်လို့)။ ရွာသူကြီးဖြစ်သည့်ဖခင်က ဂျပန် ပါးရိုက်မခံရလေအောင် သူ့သား မောင်အုန်းကို ဂျပန်စာ သင်စေသည်။ မောင်အုန်းသည် ဦးစိန်ဘွား(ဖဆပလ သံအမတ်) ဦးဆောင်သော လူငယ်အသင်းသို့ ဝင်ရောက်ခဲ့သည်။ ဇီးချောင်း- ညောင်ကုန်း တစ်ဝိုက်တွင် တိုက်ပွဲများဖြစ်နေစဉ် ဗမာ့တပ်မတော် ( BIA) တပ်သို့ မောင်အုန်းက အရေးကြီးသော သတင်းများ ပေးနိုင်ခဲ့သည်။

နောက်ပိုင်းတွင် ဂျပန်ကင်ပေတိုင်က မောင်အုန်းအား သတင်းပေးအဖြစ် သံသယရှိသွားပြီး အူးရူးရှီးဟာရာစိုးကျော်က သတ်မည်လုပ်ရာ မောင်အုန်းတစ်ယောက် ဂျပန်စကားဖြင့် နားလည်အောင် ရှင်းပြနိုင်သဖြင့် ဂျပန် တပ်ကြပ်က လွှတ်ပေးလိုက်သည်။ စစ်ကြီးပြီးသွားသောအခါ မိဘများက အသီးအနှံများ ရောင်းချပြီး မောင်အုန်းအား ကျောင်းဆက်ထားသည်။ ၇ တန်းတက်ရသည်။ ရှစ်တန်းတွင် တက်ရောက်သင်ယူနေစဉ် ဆရာများ၏ တိုက်တွန်းချက်အရ ဆယ်တန်းကို တိုက်ရိုက် ဖြေဆိုရာ အောင်မြင်ခဲ့ပါသည်။

အင်္ဂလန်နိုင်င်ငံ ဝေးလ်တက္ကသိုလ်
မိဘများ ဆင်းရဲသွားသဖြင့် ပိုက်ကျုံးမှာ အဒေါ်ဖြစ်သူ ဒေါ်မှူးက ကျောင်းဆက်ထားပေးသည်။ ရေနံသုတ်၊ ထုံးသုတ်၊ သစ်ပင်ရေလောင်း၊ အကြွေးတောင်း၊ အိမ်အလုပ် အောက်ခြေသိမ်းလုပ်ရသည်။ ပထမနှစ်ကို အောင်မြင်သည်။ ၁၉၅၁ ခုနှစ် ဘွဲ့ရပြီးနောက် လေယာဉ်ပိုင်းလော့ လုပ်ရန် လျှောက်ရာ မျက်စိအားနည်းသဖြင့် မအောင်မြင်။

ဓာတုဗေဒမှာ ၈၂ မှတ်ရသည်။ တစ်နိုင်ငံလုံး အမှတ်အများဆုံး။ ပါမောက္ခချုပ် ဦးဘိုလေးနှင့် ဒေါက်တာထင်အောင်တို့က Ph-D ဘွဲ့သွားယူရန် တိုက်တွန်းသည်။ ရခိုင်ပြည်နယ်မှ မစိန်သာသည် ၁၉၅၂ ခုနှစ်တွင် (Physical chemistry) ဘာသာရပ်တွင် ၈၄ မှတ်ဖြင့် အောင်မြင်သဖြင့် အင်္ဂလန်သွားရန် ရွေးချယ်ခံလိုက်ရသောအခါ မောင်အုန်း စိတ်ထိခိုက်သွား‌တော့သည်။ သို့သော် သစ်တောပညာရပ် သင်ရန် မောင်အုန်း အင်္ဂလန်နိုင်ငံ ဝေးလ်တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။

ဒုတိယဆု

မောင်အုန်းသည် ကျောင်းသား ၁၇ ယောက်ထဲတွင် အာရှတိုက်သားမှာ သူတစ်ယောက်တည်းပါဝင်သည်။ Nationalist Association ဖြင့် အင်္ဂလိပ် မုန်းတီးကြောင်း မိန့်ခွန်းတက်ပြောသဖြင့် အင်္ဂလန်နိုင်ငံ မြန်မာသံအမတ်ကြီးက နောက်နောင် ပြောလျှင် မြန်မာပြည် ပြန်ပို့မည်ဟု သတိပေးလိုက်သည်။ လေးနှစ်ကြာ ကြိုးစားခဲ့ပြီး ထူးချွန်စွာအောင်မြင်ပေမယ့် မြန်မာလူမျိုးဖြစ်နေ၍ ဒုတိယအဆင့်ဖြင့်သာအောင်မြင်ခဲ့သည်။

တက္ကသိုလ်ဆရာ

မောင်အုန်း မြန်မာပြည်သို့ ပြန်ရောက်သောအခါ သစ်တောဝန်ကြီးဌာနမှ အထက်ချင်းတွင်းဘက်ရှိ သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရန် ပို့လိုက်သည်။ ကွန်မြူနစ်- အလံနီကြား သက်စွန့်စံဖျား ရှိလှပြီး သူပုန်များနှင့် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်သည်။ စစ်တပ်နှင့်လည်း အချင်းချင်းမှားယွင်းအပစ်ခံရသည်။ အသက်ဘေးမှ လက်မတင် လွတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ရန်ကုန်တက္ကသိုလ် သစ်တောဌာနတွင် ဆရာအဖြစ်ပြန်လည် ခေါ်ယူသည်။ ယင်းဌာနမှာ ၉ နှစ်ကြာသည်။

ပုပ္ပားသို့

၁၉၈၁ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် (UNDP)မှ သစ်တောများ ပြုပြင် ထိန်းသိမ်းစေသည်။ (NCNP) မှ အထောက်အပံ့များပေးခဲ့သည်။ ယင်းစီမံကိန်းအတွက် အတွေ့အကြုံများသည့် သစ်တောဌာနမှ ဦးအုန်း၊ ဦးစောဟန်၊ ဦးမောင်မောင်သန်း၊ ဦးစောထွန်းနိုင်၊ ဦးအောင်သန်း၊ ဦးဦးဂါ၊ ဦးခင်မောင်စော တို့ကို တာဝန်ပေးခဲ့သည်။ ယင်းတွင် ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေူအတွက် ဦးအုန်းက သူသွားမည်ဟု တာဝန်ယူလိုက်သည်။ ပုပ္ပားသို့ရောက်လျှင် တောင်ကတုံးနီးပါး ဖြစ်ပျက်နေပုံကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်ခဲ့သည်။

ထို့နောက် ရွာသားများနှင့်တွေ့ဆုံပြီး ထင်းခုတ်မှ ထမင်းစားရသည့် အိမ်ထောင်စုများကို စာရင်းကောက်ယူကာ ထင်းမခုတ်စေဘဲ သစ်တောဌာနတွင် တောခေါင်း၊ တောကြပ် လုပ်စေသည်။ ယူနီဖောင်းဝတ်စေသည်။ ဆန်ပေးသည်။ စသည့်မက်လုံးများပေးပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းသည် ဝန်ထမ်း ၄၈ ယောက်အား
၁။ တောမီးမလောင်စေရန်
၂။ ထင်းမခုတ်ရန်
၃။ တောမီးတစ်ခါလောင်လျှင် ဆန် ၁၂ ပြည်ထဲက ၆ ပြည်၊ နှစ်ခါလောင်လျှင် ၁၂ ပြည် ဖြတ်မည်ဖြစ်ပြီး သုံးခါလောင်လျှင် အလုပ်ပြုတ်မည်ကို သဘောတူကြောင်း လက်မှတ် ထိုးစေသည်။ ကင်းစောင့်များလည်း ချထားသည်။

အောင်မြင်မှုရလာခြင်း

ပုပ္ပားတောင်သည် ရေဝေရေလဲနယ်ဖြစ်၍ ရေမထိန်းနိုင်သော ယူကလစ်ပင်များအား ဖယ်ရှားကာ ကုက္ကိုလ်၊ ရှား၊ ထနောင်း၊ မယ်ဇလီတို့ဖြင့် အစားထိုး စိုက်ပျိုးခဲ့ပါသည်။ ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် စခန်း ၂၅ ခုထားရှိပြီး နေ့စဉ်သွားရောက်စစ်ဆေးပါသည်။ ထို့နောက် သစ်တော ပြုန်းတီးမှု တဖြည်းဖြည်း နည်းပါးလာလျက် ဦးအုန်းရောက်ပြီး သုံးလေးနှစ်အတွင်း ပြန်လည်စိမ်းလန်းစိုပြည်လာသည်။ ရေခန်းသွားသော ချောင်းများ ရေပြန်လည်ထွက်လာသည်။ စိတ်အားထက်ထက်သန်သန် စေတနာပါပါဖြင့် လုပ်ကိုင်သဖြင့် အောင်မြင်လာခဲ့ရာ များစွာပီတိဖြစ်ရပြီး သည်အလုပ်ကိုပဲ ဇောက်ချ လုပ်ကိုင်ခဲ့သည်။ နိုင်ငံတော်မှ ဦးအုန်းအား ၁၉၈၆ ခုနှစ်တွင် စီမံကိန်းညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် လုပ်သက်ပြည့်ပင်စင် ပေးသည်။ သို့သော် သစ်တောဌာနမှာပင် ဦးအုန်းက အကြံပေးအဖြစ် ဆက်လက်လုပ်ကိုင်သည်။

ဒီရေတောများ ကယ်တင်ခြင်း

သစ်တောဌာနတွင် အကြံပေးလုပ်ကိုင်နေစဉ် UNDP မှ ပြုလုပ်သည့် ပရောဂျက်တစ်ခု၌ ဂျပန်လူမျိုးတစ်ယောက်နှင့်တွဲဖက်လုပ်ကိုင်ရသည်။ ယင်းဂျပန်သည် ဒီရေတော ကျွမ်းကျင်သူ ပညာရှင်ဖြစ် ပြီး သူနှင့်တွဲ၍ ဧရာ၀တီတိုင်းရှိ ဒီရေတောများ ထိန်းသိမ်းရေး လုပ်ကိုင်ပြီး လုပ်ငန်း ပိုမို ကျွမ်းကျင်လာသည်။ ၁၉၉၃ ခုနှစ် သစ်တောအကြံပေးမှ အနားယူပြီးနောက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းရန် အများက တိုက်တွန်းသဖြင့် NGO အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုသို့ဖြင့် သစ်တောသယံဇာ၊ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း(FREDA) ထွက်ပေါ်လာခဲ့သည်။ ဦးအုန်းသည်ထိုအဖွဲ့တွင်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ဧရာ၀တီတိုင်းရှိ ပျက်စီးနေသော ဒီရေတောများ ပြန်လည်စိုက်ပျိုးရန်ကြိုးစားခဲ့သည်။ အစပိုင်းတွင် ဒီရေတော အပင်အမျိုးအစား သုံးမျိုး၊ နောက်ပိုင်း ၁၆ မျိုးစိုက်ပျိုးနိုင်ခဲ့သည်။

စာရေးဆရာဦးအုန်း

ဦးအုန်းသည် သဘာ၀တောများတွင် အလိုအပ်ဆုံးဖြစ်သော သစ်ပင်များ၊ ဆေးဖက်ဝင်အပင်များ၊ ရေနေသတ္တဝါများ၊ ငှက်များ အခြေခံတည်ဆောက်ထားသောဂေဟဗေဒစနစ် ပြန်လည်ဖန်တီးပုံဖော်မည် ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ဦးအုန်းပြုစုခဲ့သော -သဘာ၀သစ်တောများနှင့် ရင်ဘောင်တန်းထားသော သစ်တောစိုက်ခင်းများ- စာအုပ်ကို သုတ(သိပ္ပံ) ပထမဆု စာအုပ်အဖြစ် စာပေဗိမာန်က ချီးမြှင့်ခဲ့သည်။ ယင်းသို့ ကြိုးပမ်းမှုများကြောင့် ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ကမ္ဘာမြေကို ချစ်မြတ်နိုးသူ ၁၀၀ ရွေးချယ်ရာတွင် ဦးအုန်းမှာ တစ်ဦးပါဝင်ခဲ့သည်။
(၁) ၂၀၀၅-၂၀၀၉ တွင် Hunderd Earth Lover ဆု(မြန်မာနိုင်ငံအတွက်)
(၂)၂၀၀၇ ခုနှစ် ဂျပန်နိုင် မီနာမာတာ မြို့တော်ဝန်မှ ချီးမြှင့်သော သဘာ၀ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် Minamata Environmental Award ကိုရရှိခဲ့သည်။

ဦးအုန်းသည် International Society For Eco System (ISME)တွင်လည်း ရာသက်ပန်အသင်းသားတစ်ဦး ဖြစ်ခဲ့သည်။ သဘာ၀ပတ်ဝန်းကျင် နှင့်ပတ်သက်ပြီး ဦးအုန်းက ”ပတ်ဝန်းကျင်ဟာ လူ့ဘ၀အတွက် လိုအပ်တဲ့ ဩဇာဖြစ်တယ် ” ဟု ဆိုပါသည်။

ဝါသနာနှင့် စေတနာ

၂၀၀၈ ခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ ပေ ၆၈၅၀ မြင့်သော စိန်လုံးကမ္ဘာတောင်ကို တက်ရောက်ပြီးနောက် တစ်ကိုယ်လုံးမလှုပ်နိုင်တော့မှ – ငါနားဖို့တော်ပြီဟု အသိဝင်လာတော့သည်။

”ကျွန်တော်တို့က ကိုယ့်တစ်သက်မှာ ဘယ်လိုရုန်းကန်ရတယ်ဆိုတာ သားသမီးတွေ သိစေချင်တယ်။ ဘယ်အရာမဆို လွယ်လွယ်ကူကူနဲ့ မရဘူး။ သဘာ၀ပတ်ဝန်းကျင်ရဲ့အဓိပ္ပာယ်ကိုလည်း လေးလေးနက်နက်သိအောင် ကျွန်တော်မရေးခဲ့ရင် ကျွန်တော်ညံ့လို့ပဲ၊ အမွေပေးခဲ့ရမယ်။ တိုင်းပြည်အတွက် ဒါ အကောင်းဆုံးအမွေပဲ။ အခု ကျွန်တော် အသက် ၈၁ နှစ် ရှိပြီ။ ဒါ လုပ် မပြီးမချင်း ကျွန်တော် မသေဘူး ”ဟု ပြောခဲ့သည်။
ဦးအုန်းသည် ဇနီး ဒေါ်ခင်မြနှင့်အတူ ကျိုက်ဝိုင်း မရမ်းကုန်းမှာ နေထိုင်သည်။ သားနှစ်ယောက်၊ သမီးနှစ်ယောက်၊ မြေး ဆယ်ယောက် ရှိသည်။ ဦးအုန်းသည် ၂၀၀၆ ခုနှစ် ဂျာမနီနိုင်ငံသို့ အစည်းအဝေးတက်ရောက်ခဲ့ပြီး ဂျာမန် အဖွဲ့အစည်းတစ်ခုနှင့်ပူးပေါင်းကာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့တွင် သဘာ၀ဘေးအန္တရာယ် ကာကွယ်သည့် စီမံကိန်းကို အကောင်အထည် ဖော်လျက်ရှိပါသည်။

ဦးအုန်းက –သစ်ပင်တစ်ပင်ကို ထိန်းရတာဟာ စိုက်ရတာထက် တန်ဖိုးရှိတယ်– ဟုဆိုပါသည်။ ထိုသို့ဆိုလျှင် တန်ဖိုးရှိတာကို တန်ဖိုးသိအောင် ထိန်းသိမ်းစောင့်ရှောက် ပြုပြင်ရေးသား အလေးထားသည့် ဦးအုန်းကို ကျေးဇူးအထူးတင်ရပါသည်။ သာဓုလည်း ခေါ်ရပါသည်။ အစိမ်းရောင်ချစ်သည့် ဦးအုန်း ထာ၀ရ စိမ်းလန်းငြိမ်းချမ်းပါစေဟု ဆုမွန်ကောင်းတောင်းလျက်….။ ။

ဦးစန္ဒိမာ(စလင်း)
အောင်ပင်လယ်မဂ္ဂဇင်းတွင် ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။

မှတ်ချက်။ ။ သစ်တောပညာရှင် ဦးအုန်း(ကမ္ဘာမြေချစ်သူ)သည် ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်၊ နံနက် ၈ နာရီခန့်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ ဦးအုန်းသည် မြန်မာနိုင်ငံတွင် အတုယူလေးစားရမည့် ပညာရှင်တစ်ယောက်၊ အစားထိုးမရသော ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ယခုဆောင်းပါးကို ဖော်ရခြင်း ဖြစ်ပါသည်။ သစ်တောပညာရှင် ဦးအုန်း(ကမ္ဘာမြေချစ်သူ) အကြောင်း ရေးသားခဲ့သည့် စာရေးဆရာ အသီးသီး၏ စာမူများကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားရန် Greenness အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

FOREST SCHOOLForest School (သစ်တောကျောင်း) ဆိုသည်မှာ ​ကျောင်းသားများကို စာသင်ခန်းထဲတွင်သာ ပိတ်မိမနေ​စေဘဲ သစ်တော၊ ပန်းခြံ...
10/09/2026

FOREST SCHOOL

Forest School (သစ်တောကျောင်း) ဆိုသည်မှာ ​ကျောင်းသားများကို စာသင်ခန်းထဲတွင်သာ ပိတ်မိမနေ​စေဘဲ သစ်တော၊ ပန်းခြံ သို့မဟုတ် သဘာဝပတ်ဝန်းကျင်တွင် ကလေးများကို ကိုယ်တိုင်လက်တွေ့ ဆော့ကစားရင်း သင်ယူစေသည့် ပြင်ပပညာရေးစနစ် (Outdoor Education) ဖြစ်သည်။

ဤစနစ်သည် ကလေးများ၏ စာမေးပွဲအမှတ်ထက် တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု (Holistic Development) ကို အဓိကဦးတည်သည်။

[1](https://forestschoolassociation.org/what-is-forest-school/),
[2](https://www.facebook.com/myanmar.e.e.team/posts/forest-school-%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC-%E1%80%98%E1%80%AC%E1%80%9C%E1%80%B2forest-school-%E1%80%9E%E1%80%8A%E1%80%BA-%E1%80%9E%E1%80%85%E1%80%BA%E1%80%90%E1%80%B1%E1%80%AC-%E1%80%95%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%B6-%E1%80%9E%E1%80%98%E1%80%AC%E1%80%9D%E1%80%95%E1%80%90%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA/1504409631726500/), [3] (https://www.twinkl.com/teaching-wiki/forest-school)

Forest School ၏ အဓိကထူးခြားချက် ၆ ချက်

Forest School ပညာရေးစနစ်သည် Forest School Association (FSA) မှ သတ်မှတ်ထားသော အောက်ပါအခြေခံမူ ၆ ချက်အပေါ်တွင် ရပ်တည်သည် -
[1](https://www.natureoflearning.co.uk/forest-school),
[2](https://forestschoolassociation.org/what-is-forest-school/)

ရေရှည်လုပ်ဆောင်သည့် အစီအစဉ်ဖြစ်ခြင်း

တခါတရံမှ သွားရောက်သည့် ပျော်ပွဲစားခရီးမျိုး မဟုတ်ဘဲ အနည်းဆုံး ရက်သတ္တပတ် ၂၄ ပတ် သို့မဟုတ် တစ်နှစ်ပတ်လုံး ရာသီဥတုအမျိုးမျိုးတွင် ပုံမှန်သွားရောက်သင်ယူကြသည်။

[1](https://www.marjon.ac.uk/professional-development-for-teachers/what-is-forest-school/),
[2](https://www.natureoflearning.co.uk/forest-school)

သဘာဝပတ်ဝန်းကျင်တွင် သင်ယူခြင်း

သစ်တော သို့မဟုတ် သစ်ပင်ရှိသော အများပြည်သူဆိုင်ရာ နေရာများတွင် သင်ယူခြင်းဖြင့် သဘာဝတရားနှင့် ကလေးများအကြား ရေရှည်သံယောဇဉ်ကို တည်ဆောက်ပေးသည်။

[1](https://www.twinkl.com.tr/teaching-wiki/forest-school-pedagogy)

ကလေးကို ဗဟိုပြုခြင်း

ဆရာက အတင်းအကျပ် သင်ကြားခြင်းမျိုးမဟုတ်ဘဲ ကလေး၏ စိတ်ဝင်စားမှုအတိုင်း ကိုယ်တိုင်ဦးဆောင်၍ ကစားရင်း သင်ယူခွင့်ပေးသည်။

[1](https://www.twinkl.com/teaching-wiki/forest-school),
[2](https://www.natureoflearning.co.uk/forest-school)

ဘက်စုံဖွံ့ဖြိုးမှုကို အားပေးခြင်း

စာပေအသိပညာသာမက ကလေး၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှု၊ လူမှုဆက်ဆံရေးနှင့် တီထွင်ဖန်တီးနိုင်စွမ်းများကိုပါ တစ်ပြိုင်နက် ဖွံ့ဖြိုးစေသည်။

[1](https://forestschoolassociation.org/what-is-forest-school/),
[2](https://www.natureoflearning.co.uk/forest-school)

ဘေးအန္တရာယ်ကို ရင်ဆိုင်တတ်စေခြင်း

ကျွမ်းကျင်​သောဆရာများ၏ စောင့်ရှောက်မှုအောက်တွင် ဓားသုံးခြင်း၊ မီးမွှေခြင်း၊ သစ်ပင်တက်ခြင်းစသည့် စိန်ခေါ်မှုများကို ကလေးများ ကိုယ်တိုင်ဆုံးဖြတ်ပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်တတ်စေရန် လေ့ကျင့်ပေးသည်။

[1](https://www.natureoflearning.co.uk/forest-school),
[2](https://www.marjon.ac.uk/professional-development-for-teachers/what-is-forest-school/)

ကျွမ်းကျင်​သောဆရာများက ဦးဆောင်ခြင်း

ဤစနစ်အတွက် အထူးပြုသင်တန်းဆင်းထားသည့် လက်မှတ်ရ Forest School Practitioner များကသာ စနစ်တကျ အနီးကပ် လမ်းညွှန်ပေးသည်။
[1](https://www.twinkl.com.tr/teaching-wiki/forest-school-pedagogy),
[2](https://www.natureoflearning.co.uk/forest-school)

ကျောင်းသား​တွေက ဘာတွေလုပ်ကြရလဲ?

သင်ရိုးညွှန်းတမ်းအတိုင်း စာအုပ်ကြည့်ကျက်ရခြင်းမျိုး မဟုတ်ဘဲ အောက်ပါလက်တွေ့လုပ်ဆောင်ချက်များကို လုပ်ကြသည် -
[1](https://irishforestschoolassociation.ie/what-is-forest-school/)

သဘာဝပစ္စည်းများဖြင့် ဖန်တီးခြင်း

သစ်ကိုင်းခြောက်များဖြင့် တဲဆောက်ခြင်း (Den building) နှင့် ရွှံ့မြေများဖြင့် ကစားခြင်း။

လက်မှုပညာများကိုသင်ယူလေ့ကျင့်ကြခြင်း

ကြိုးချည်နည်းများ လေ့ကျင့်ခြင်းနှင့် သစ်သားအရုပ်များ ထုဆစ်ခြင်း။

သဘာဝသိပ္ပံ လေ့လာခြင်း

အင်းဆက်ပိုးမွှားများ၊ အပင်များနှင့် တိရစ္ဆာန်များ၏ ဂေဟစနစ်ကို ကိုယ်တိုင်ရှာဖွေ စူးစမ်းခြင်း။

[1](https://en.wikipedia.org/wiki/Forest_school_(learning_style)),
[2](https://irishforestschoolassociation.ie/what-is-forest-school/),
[3](https://www.pentagonplay.co.uk/news-and-info/forest-school-benefits), [4](https://www.natureoflearning.co.uk/forest-school)

ကလေးများရရှိမည့် အကျိုးကျေးဇူးများ

စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း

အပြင်ထွက်ဆော့ကစားရသဖြင့် ဖုန်းနှင့် စခရင် (Screen) ကြည့်ချိန် နည်းသွားပြီး စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် ADHD (အာရုံစူးစိုက်မှုအားနည်းခြင်း) ဝေဒနာများကို လျော့ကျစေသည်။

[1](https://novakdjokovicfoundation.org/forest-schools-child-led-learning/), [2] (https://www.pentagonplay.co.uk/news-and-info/forest-school-benefits)

ရုပ်ပိုင်းဆိုင်ရာ သန်မာခြင်း

သစ်ပင်တက်ခြင်း၊ ပြေးလွှားခြင်းများကြောင့် ခန္ဓာကိုယ်ကြွက်သားများနှင့် ဟန်ချက်ထိန်းနိုင်စွမ်း (Gross Motor Skills) မြင့်မားလာသည်။

[1](https://www.pentagonplay.co.uk/news-and-info/forest-school-benefits)

ယုံကြည်မှုနှင့် ခံနိုင်ရည်ရှိခြင်း

ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းရင်း (Problem-solving) မိမိကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) တိုးတက်လာသည်။

[1](https://irishforestschoolassociation.ie/what-is-forest-school/),
[2](https://en.wikipedia.org/wiki/Forest_school_(learning_style))

ဤပညာရေးစနစ်သည် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်က ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံ (Scandinavia) တို့တွင် စတင်မြစ်ဖျားခံခဲ့ပြီး ယခုအခါ ယူကေ၊ ဂျာမနီ၊ သြစတြေးလျနှင့် မလေးရှားအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ခေတ်စားလျက်ရှိသည်။

[1](https://www.theforestschoolfoundation.org/background-information-history),
[2](https://forestschoolassociation.org/what-is-forest-school/),
[3](https://novakdjokovicfoundation.org/forest-schools-child-led-learning/)

Environmental Education ဘာသာရပ်ကို သင်ကြားကြတဲ့အခါမှာ ​..ကျောင်းသား​လေး​တွေကို သူတို့အပါအဝင် ကမ္ဘာ​ပေါ်က ရှိ ရှိသမျှ​သော...
09/09/2026

Environmental Education ဘာသာရပ်ကို သင်ကြားကြတဲ့အခါမှာ ​..

ကျောင်းသား​လေး​တွေကို သူတို့အပါအဝင် ကမ္ဘာ​ပေါ်က ရှိ ရှိသမျှ​သော လူ​တွေ အသက်ရှင်ဖို့လိုအပ်တဲ့ Basic Survival Needs ​တွေက ဘာ​တွေလဲ ? အဲဒါ​တွေက ဘယ်က​နေ ရ​နေတာလဲ?
အဲဒီ အ​ခြေခံလိုအပ်ချက်​တွေကို မပျက်စီး​အောင် သူတို့က ဘာ​တွေလုပ်သင့်သလဲ? ဆိုတာ​တွေကို ..

သူတို့အရွယ်၊ သူတို့အတန်းနဲ့ ကိုက်ညီ​အောင် activities ​လေး​တွေ၊ outdoor learning program ​လေး​တွေနဲ့ သင်ကြရပါတယ် ..

ဒီလက Weather, Climate, and Climate Change သင်ခန်းစာကို သင်ကြမှာဖြစ်လို့ ဒီပုံ​လေး​တွေက ဒီ​နေ့ EE ဆရာမ​လေးနဲ့ သူ့က​လေး​တွေ လက်​တွေ့လုပ်​နေကြတဲ့ပုံ​လေး​တွေ ဖြစ်ပါတယ် ..

ရာသီဥတု​ဖောက်ပြန်ခြင်းသည် တကမ္ဘာလုံးရင်ဆိုင်​နေကြရ​သော ကပ်​ဘေးကြီးဖြစ်ပါသည်!
07/09/2026

ရာသီဥတု​ဖောက်ပြန်ခြင်းသည် တကမ္ဘာလုံးရင်ဆိုင်​နေကြရ​သော ကပ်​ဘေးကြီးဖြစ်ပါသည်!

 International Day of Clean Air for blue skies 2026စက်တင်ဘာလ၊ ၇ ရက်လေကို ကျွန်​တော်တို့လူသား​တွေက မျက်စိနဲ့ မမြင်ရပေမယ့်...
07/09/2026


International Day of Clean Air for blue skies 2026
စက်တင်ဘာလ၊ ၇ ရက်

လေကို ကျွန်​တော်တို့လူသား​တွေက မျက်စိနဲ့ မမြင်ရပေမယ့် ကျွန်တော်တို့ရဲ့ဘဝကို ​လေက နေ့တိုင်းဆုံးဖြတ်ပေးနေပါတယ်။မနက်အိပ်ရာထပြီး အသက်ရှူလိုက်တဲ့အချိန်တိုင်း လေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီလေထဲမှာ အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေ၊ ဓာတ်ငွေ့တွေ ပါဝင်လာရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးသာမက မြို့ပြဘဝ၊ စီးပွားရေးနဲ့ ကမ္ဘာ့ရာသီဥတုအထိ ထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့် နှစ်စဉ် စက်တင်ဘာ ၇ ရက်နေ့ကို International Day of Clean Air for blue skies အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ 2026 ခုနှစ်အတွက် အဓိကဆောင်ပုဒ်က..

“Clean Air for Climate Action”
“ရာသီဥတုလုပ်ဆောင်ချက်အတွက် သန့်ရှင်းသောလေ” ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အထိမ်းအမှတ်အစီအစဉ်ကိုလည်း စက်တင်ဘာ ၇ ရက်နေ့၊ ထိုင်းနိုင်ငံ၊ဘန်​ကောက်မြို့မှာ ကျင်းပပါမယ်။

Clean Air နဲ့ Climate Action က ဘာကြောင့် ဆက်စပ်နေတာလဲ?

တစ်ခါတလေ ကျွန်တော်တို့က
Air Pollution = လေထုညစ်ညမ်းမှု ပြဿနာ
Climate Change = ရာသီဥတုပြောင်းလဲမှု ပြဿနာ ဆိုပြီး ပြဿနာနှစ်ခု သီးခြားလို့ ထင်တတ်ပါတယ်။ တကယ်တော့ ဒီနှစ်ခုဟာ အလွန်နီးကပ်စွာ ဆက်စပ်နေပါတယ်။

ဥပမာ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ လောင်ကျွမ်းခြင်း ​ကြောင့်
CO₂ ထုတ်လွှတ်မှု + လေထုညစ်ညမ်းစေတဲ့ pollutants ဖြစ်​စေပါတယ်၊ ဒါ​ကြောင့်
Climate Change + Air Pollution ဖြစ်လာနိုင်ပါတယ်။

UNEP ရဲ့ ၂၀၂၆မှာ ရှင်းလင်းချက်အရ fossil-fuel combustion နဲ့ methane, black carbon စတဲ့ short-lived climate pollutants တွေဟာ ကျန်းမာရေးအကျပ်အတည်းနဲ့ ရာသီဥတုအကျပ်အတည်း နှစ်ခုစလုံးနဲ့ ဆက်စပ်နေပါတယ်။

ဒါကြောင့် ဒီနှစ် Theme က လူငယ်တွေအတွက် အထူးအရေးကြီးပါတယ်

သင်တို့လမ်းပေါ်မှာ စက်ဘီးစီးသွားတာကိုပဲ စဉ်းစားကြည့်ပါ။

စက်ဘီးစီးခြင်း > လောင်စာသုံးစွဲမှု လျော့နည်းခြင်း > ယာဉ်ထုတ်လွှတ်မှု လျော့နည်းခြင်း > လေထု ပိုမိုသန့်ရှင်းလာခြင်း > ကျန်းမာရေအကျိုးကျေးဇူး > Greenhouse gas emissions လျော့နည်းခြင်း > Climate Action ဖြစ်ပါတယ် ..

ဒါပေမယ့် သတိပြုရမယ့်အချက်တစ်ခုရှိပါတယ်။ လူတစ်ဦးတည်း စက်ဘီးစီးရုံနဲ့ Air Pollution ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

Clean Air ရဖို့အတွက် သန့်ရှင်းတဲ့ စွမ်းအင်၊ Sustainable transport၊ စွမ်းအင်ထိရောက်မှု၊စနစ်တကျ Waste Management ၊ Open burning လျှော့ချခြင်း ၊ Cleaner production
၊ Air-quality monitoring ၊ ထိရောက်တဲ့ Environmental Policy စတာတွေကို တပြိုင်နက်တည်း လုပ်ဆောင်ဖို့ လိုပါတယ်။ UNEP ကလည်း air pollution နဲ့ climate change ကို သီးခြားပြဿနာများအဖြစ် မဟုတ်ဘဲ ပေါင်းစပ်ဖြေရှင်းခြင်းက ကျန်းမာရေး၊ ပတ်ဝန်းကျင်၊ ရာသီဥတုနဲ့ စီးပွားရေး အကျိုးကျေးဇူးများစွာကို တစ်ပြိုင်နက်ရရှိစေနိုင်တယ်လို့ အလေးပေးထားပါတယ်။

မြန်မာလူငယ်တွေအနေနဲ့ ဘာလုပ်နိုင်လဲ?

၁။ အမှိုက်မီးမရှို့ပါနဲ့
“အမှိုက်မီးရှို့လိုက်တော့ အမှိုက်ပျောက်သွားပြီ” ဆိုတာ မဟုတ်ပါဘူး။အမှိုက်က မြေပြင်ပေါ်ကနေ → မီးခိုးနဲ့ လေထုထဲကို ရောက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် Burning waste is not waste management.ဖြစ်တာ​ကြောင့်

အမှိုက်လျှော့ချခြင်း၊ ခွဲခြားခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ Compost ပြုလုပ်ခြင်း စတာတွေကို ပိုမိုအားပေးရပါမယ်။

၂။ သယ်ယူပို့ဆောင်ရေးကို ပြန်စဉ်းစားပါ

အကွာအဝေးတိုတိုမှာ Walk → Cycle → Public Transport ကို ဦးစားပေးနိုင်ပါတယ်။

ဒါဟာ ကျန်းမာရေးအတွက်သာမက Clean Air + Climate Action နှစ်ခုစလုံးအတွက် အကျိုးရှိပါတယ်။

၃။ ကိုယ့်ပတ်ဝန်းကျင်မှာ Air Pollution ဘယ်ကလာလဲ စောင့်ကြည့်ပါ

မေးကြည့်ပါ “ကျွန်တော်တို့ရပ်ကွက်မှာ လေထုညစ်ညမ်းမှုရဲ့ အဓိကအကြောင်းရင်းက ဘာ​တွေလဲ?”

ကားတွေလား?
အမှိုက်မီးရှို့တာလား?
ဆောက်လုပ်ရေးဖုန်မှုန့်လား?
Diesel generator တွေလား?
စက်ရုံတွေလား?
လယ်ယာမီးရှို့မှုလား? ပြဿနာကို သိမှ ဖြေရှင်းချက်ကို ရှာနိုင်မှာပါ။

Clean Air ဟာ Green Skill တစ်ခုလည်း ဖြစ်ပါတယ်၊ လူငယ်တွေအနေနဲ့ “ပတ်ဝန်းကျင်ကို ချစ်ပါတယ်” ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး။
အနာဂတ်အတွက် လိုအပ်တာ​တွေက .. Environmental Knowledge, Data Literacy, Systems Thinking, Problem Solving, Green Technology, Sustainable Lifestyle, Green Entrepreneurship တွေ ဖြစ်လာပါတယ်။

ဥပမာ Air Pollution ကို ဖြေရှင်းဖို့အတွက်

Air-quality monitoring technician

Environmental data analyst

Renewable-energy technician

Energy-efficiency specialist

Sustainable transport planner

EV technician

Waste-management professional

Environmental educator လို Green Jobs တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

ဒါကြောင့် Environmental problems are not only problems to solve. They are also opportunities to innovate, create green skills and build green jobs. ဖြစ်ပါတယ် ..

လူငယ်တို့အတွက် ဒီနေ့အတွက် အဓိက Message

Clean Air ဆိုတာ “အပြာရောင်ကောင်းကင်ကို မြင်ရဖို့” တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ ကျန်းမာ​စေတဲ့ အသက်ရှူခြင်း၊ ကျန်းမာ​စေတဲ့ ပတ်ဝန်းကျင်၊ နေချင်စရာကောင်းတဲ့ မြို့ပြ၊ သန့်ရှင်းတဲ့ စွမ်းအင်၊ ရေရှည်တည်တံ့တဲ့ သယ်ယူပို့ဆောင်ရေး၊ တာဝန်ယူမှုရှိတဲ့ စားသုံးမှု၊ ရာသီဥတု​ပြောင်းလဲမှုအတွက် လုပ်ဆောင်ချက်​တွေနဲ့ ဆက်စပ်နေပါတယ်။

UNEP ကလည်း လေထုညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို အတူတကွ ဖြေရှင်းခြင်းဟာ လူ့ကျန်းမာရေး၊ ရာသီဥတုနဲ့ စီးပွားရေးအတွက် အကျိုးကျေးဇူးတွေကို တစ်ပြိုင်နက်ရရှိစေနိုင်တဲ့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ အလေးထားဖော်ပြထားပါတယ်။

“Clean Air for Climate Action” ဆိုတာ ကျွန်တော်တို့လူငယ်တွေအတွက် ဘာကိုဆိုလိုတာလဲ?

အသက်ရှူတဲ့လေကို သန့်ရှင်းအောင် ထိန်းသိမ်းပါ။
စွမ်းအင်ကို ပိုမိုထိရောက်စွာ အသုံးပြုပါ။
အမှိုက်ကို မီးမရှို့ပါနဲ့။
လမ်းလျှောက်ပါ၊ စက်ဘီးစီးပါ။
သန့်ရှင်းတဲ့ နည်းပညာတွေကို လေ့လာပါ။
ကိုယ့်ပတ်ဝန်းကျင်ရဲ့ ပြဿနာကို ကိုယ်တိုင်လေ့လာကြပါ။

“Clean air is not just something we breathe. It is something we must protect.”

“သန့်ရှင်းတဲ့လေဆိုတာ ကျွန်တော်တို့ ရှူရှိုက်ရုံနဲ့ ရရှိနေမယ့်အရာမဟုတ်ပါ။ ကျွန်တော်တို့အားလုံး ထိန်းသိမ်းကာကွယ်ရမယ့် အရာဖြစ်ပါတယ်။”

7 September 2026 — International Day of Clean Air for blue skies

Theme: Clean Air for Climate Action

ဒီနေ့ ရှူနေရတဲ့လေကို သတိထားပါ။အနာဂတ်မျိုးဆက်တွေအတွက်လည်း အဲဒီလေကို သန့်ရှင်းအောင် ထားပေးကြပါစို့ လို့ နှိုး​ဆော်တိုက်တွန်းလိုက်ပါတယ် ..











[UNEP — International Day of Clean Air for blue skies 2026](https://www.unep.org/events/un-day/asia-pacific-commemoration-7th-international-day-clean-air-blue-skies?utm_source=chatgpt.com)

Address

Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when Myanmar Environmental Education Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Environmental Education Team:

Shortcuts

Share