Triangle Women Organization

Triangle Women Organization Triangle Women Organization is a civil society organization working for women's empowerment at the grassroots level.

08/03/2025

၂၀၂၅ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ကျရောက်သော
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့”
သဘောထားထုတ်ပြန်ချက်
မတ်လ ၈ ရက်၊ ၂၀၂၅

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာရခြင်း၏ သမိုင်းဇစ်မြစ်မှာ အမျိုးသမီးအလုပ်သမားထုမှ လုပ်ငန်းခွင်အတွင်း မညီမျှမှုများကို ဖော်ထုတ်ကာ တရားမျှတမှုနှင့် တန်းတူညီမျှ အခွင့်အရေးကို ရဲ၀ံ့စွာဆန္ဒပြ တောင်းဆိုခြင်းအား ၁၈၅၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ရာမှ စတင်ခဲ့ပါသည်။ ဖို၀ါဒကြီးစိုးသော လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍမှာ အသိအမှတ်ပြု မခံရ သည့်အပြင် ဖိနှိပ်ချုပ်ချယ်ခြင်း၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်းများကို ခံစားခဲ့ကြရသည်။ အမျိုးသမီးများမှ မိမိတို့၏ လူ့အခွင့်အရေးအတွက် တိုက်ပွဲ၀င် ဆန္ဒပြခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၁၁ ခုနှစ်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဥ်နှစ်တိုင်း မတ်လ (၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ တန်းတူညီမျှမှု အတွက် လိုအပ်ချက်များကို ဖော်ထုတ်ကာ အမျိုးသမီးများ၏ စွမ်းဆောင်နိုင်ရည်နှင့် စွမ်းဆောင်နိုင်ခွင့်တို့ကို အလေးထားလျှက် ဂုဏ်ပြုသောနေ့ ဖြစ်ပါသည်။

လက်ရှိမြန်မာ့နိုင်ငံရေးတွင် ဂျဲန်ဒါအခြေပြုခွဲခြားဆက်ဆံမှုများနှင့် ဖယ်ချန်မှုများမှာ လက်ရှိအချိန်အထိ ကြုံတွေ့ နေရဆဲဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအ၀င် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများလည်း ထင်သာ မြင်သာတွေ့ရှိနေရဆဲဖြစ်ပါသည်။ နွေဦးတော်လှန်ရေးကာလအတွင်းတွင် စစ်ကောင်စီဖက်မှ ကျူးလွန်မှုများ၊ ပြည်သူလူထု အချင်းချင်းကြား ကျူးလွန်မှုများအပြင် တော်လှန်ရေးအင်အားစုများမှ ကျူးလွန်မှု တိုင်ကြားချက် များကို အမျိုးသမီးအဖွဲ့များမှ စဥ်ဆက်မပြတ် လက်ခံရရှိနေပါသည်။ အဆိုပါ တိုင်ကြားချက်များအား စီစစ်၍ အကြမ်းဖက်ခံရသူ အမျိုးသမီးများ၏ ထွက်ဆိုချက်များအား ကြားနာပြီးသည့်နောက်တွင် အမျိုးသမီးအဖွဲ့ အစည်းများအနေဖြင့် အောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်သည်။

၁။​ပဋိပက္ခအတွင်း အမျိုးသမီးများပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇ၀တ်မှု ဖြစ်သည်။
၂။​အမျိုးသမီးများပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်ခြင်း (ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေသော ရိုးရာဓလေ့ထုံးစံများနှင့် နည်းပညာအရ အကြမ်းဖက်ခြင်း) တို့သည် မည်သို့မျှ သည်းခံ ခွင့်လွှတ်၍ မရသည့် လူသားအချင်းချင်းအပေါ် တန်ဖိုးမထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်။
၃။​စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်မှုများအတွက် ကျူးလွန်သူများအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း မရှိအောင် နိုင်ငံ၏ လွတ်လပ်ရေး၊ တရားမျှတမှုနှင့် တာ၀န်ယူမှု တာ၀န်ခံမှု တည်ဆောက်နေသည့် ကာလတွင် အမျိုးသမီးများသည် ဦးဆောင်ဦးရွက်ပြုကာ အလေးပေးဆောင်ရွက်သွားကြမည်ဟု သံဓိဌာန်ပြုသည်။
၄။​ထို့အပြင် အမှန်တရားကို မြတ်နိုးပြီး တရားမျှတမှုကို လိုလားသော အရပ်ဘက်လူ့ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်အစုအဖွဲ့များမှ အမျိုးသားများနှင့် တော်လှန်ရေးတပ်သားများကပါ တော်လှန်ရေးသွေးစည်းမှု အကြောင်းပြ၊ ချစ်ခြင်းမေတ္တာ အကြောင်းပြ၊ လုပ်ပိုင်ခွင့်၊ အသက်အရွယ်၊ လူမှုရေးပါ၀ါ၊ အာဏာနှင့် ယုံကြည်မှု ကို အလွဲသုံးစားလုပ်ကာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောက်ယှက်မှုနှင့် အကြမ်းဖက်မှုများကို ကျူးလွန်နေခြင်းသည် တော်လှန်ရေးကို ယုံကြည်မှု အခြေခံဖြင့် ပါ၀င်နေသော အမျိုးသမီး များ၏ လုံခြုံရေးကို အထူးထိခိုက်စေသည့်အပြင် ထိုလုပ်ရပ်များသည် လွန်စွာစိတ်ပျက်ဖွယ်ရာ လုပ်ရပ်များ ဖြစ်သည်ဟု မိမိတို့မှ ရှုမြင်သည်။ အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ပြောဆိုသူများနှင့် လိုက်ပါကူညီဆောင်ရွက် နေသူများအား ပစ်မှတ်ထား ခြိမ်းခြောက်နေသည်များကို ချက်ခြင်းရပ်တန့်ပေးရန် သတိပေးလိုက်သည်။
၅။​တော်လှန်ရေးကာလအတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆို အပြစ်ပေးရန် စိန်ခေါ်မှုများစွာ ရှိနေသော်လည်း မိမိတို့ အမျိုးသမီးများက နည်းလမ်းပေါင်းစုံဖြင့် တရားမျှတမှုအား ရှာဖွေသွားမည်ဖြစ်သည်။
မည်သူက မည်သည့်အကြောင်းပြချက်ဖြင့် မည်သည့်နေရာ၊ ဒေသ၊ ဌာနများတွင် မည်သည့်အချိန်၌ ကျူးလွန် သည်ဖြစ်စေ ကျူးလွန်မှုအပေါ် တာ၀န်ယူမှု တာ၀န်ခံမှု ရှိစေရမည်ဖြစ်သည်။
၆။​သက်ဆိုင်ရာ တရားစီရင်ရေးစနစ် အသီးသီးနှင့် တရားဥပဒေ လမ်းကြောင်းအရ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် မရှိစေရေးအတွက် တာ၀န်ယူမှု၊ တာ၀န်ခံမှုများရှိလာစေရန် မိမိတို့မှ စဥ်ဆက်မပြတ် စောင့်ကြည့်တိုက်တွန်းသွားမည်ဖြစ်သည်။
၇။​အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောက်ယှက်မှုနှင့် အကြမ်းဖက်မှုကို ကျူးလွန်သောသူများသည် ၄င်းတို့၏ အပြစ်ကို ၀န်မခံခြင်း၊ စိတ်ရင်းမှန်နှင့် တောင်းပန်မှု မပြုခြင်း (သို့မဟုတ်) ၀န်ခံတောင်းပန်ပြီးနောက် တူညီသောကျူးလွန်မှုများကို ထပ်ခါထပ်ခါ ကျူးလွန်ခြင်းနှင့် တရားဥပဒေကြောင်း အရ ထိုက်သင့်သည့် ပြစ်ဒဏ်အရေးယူခံရရန် စိန်ခေါ်မှုများစွာရှိနေပါက မိမိတို့အဖွဲ့အစည်းများအနေဖြင့် ကျူးလွန်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုကို မိမိတို့၏ တာ၀န်သိမှုဖြင့်် ဖော်ဆောင်ပေးရန်နှင့် မိမိတို့ လူ့အသိုင်းအ၀ိုင်းအတွင်း တာ၀န်ယူမှု တာ၀န်ခံမှုစနစ် တည်ဆောက်မှု အားကောင်းစေရေးအတွက် လူမှုရေးပြစ်ဒဏ်ပေးသည့်အနေဖြင့် ထိုသူများနှင့် မိမိတို့လုပ်ငန်းများတွင် အတူတွဲလုပ်ခြင်း၊ ဟောပြောပွဲ များတွင် ဖိတ်ကြားခြင်း၊ နေရာပေးခြင်း၊ ဆက်သွယ်ဆက်ဆံခြင်းနှင့် အသိအမှတ်ပြုခြင်းများအား “လုံး၀” မပြုလုပ်ကြပါရန် မိမိတို့မှ အလေးအနက် တိုက်တွန်းလိုက်သည်။
၈။​ပြည်သူများအနေဖြင့်လည်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်း ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက် တရားမျှတမှု ရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါ၀င်ကြပါရန် တိုက်တွန်းအပ်ပါသည်။
၉။​အမျိုးသမီးများအပေါ် ထိုသို့သောလုပ်ရပ်များအား ကျူးလွန်နေသူများအနေဖြင့် ၄င်းတို့၏ လုပ်ရပ် များအား ရပ်တန်းကရပ်ရန် အောက်ပါအမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်း များက ပြင်းထန်စွာ သတိပေးလိုက်သည်။

တော်လှန်ရေးသစ္စာဖြင့်
1. Blooming Padauk
2. Burmese Women’s Union
3. Creative Home
4. Equality Myanmar
5. Feminist Equality Justice and Peace Myanmar
6. Gender Equality Network
7. Kachin Gender Start Group- KGSG
8. The Ladies Organization
9. LAW
10. Legal Action Network
11. Myanmar FoRB Network
12. Myanmar Women in Media (MWiM)
13. Myanmar- Women Peace and Security
14. Myitkyina News Journal
15. Politics for Women Myanmar
16. Purple Feminists Group
17. Shield/ရှိ
18. Sisters 2 Sisters
19. Voice of Kachin Women (VOKW)
20. Women Advocacy Coalition Myanmar
21. Women Alliance Burma
22. Women & Child Rights Organization
23. Women’s League of Burma
24. Women’s Organization of Political Prisoners
25. Women Peace Network

International Women's Day is coming soon! March 8th.Let's Accelerate Action for Gender Equality !မတ်လ (၈)ရက် နေ့ဟာ အပြည်...
05/03/2025

International Women's Day is coming soon! March 8th.
Let's Accelerate Action for Gender Equality !
မတ်လ (၈)ရက် နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။
နိုင်ငံတကါမှာ"ကျား၊မတန်းတူညီမျှဖို့ လှုပ်ရှားမှုတွေ အရှိန်မြှင့်စို့" ဆိုတဲ့ အဓိက သတင်းစကါးနဲ့ အတူ IWD ကို ကျင်းပ ပြုလုပ်ကြမှာပါ။
ဒီနှစ်မှာ TWO ကတော့ " အမျိုးသမီးနဲ့ မိန်းကလေးငယ်များ အပေါ်အကြမ်းဖက်မှုပပျောက်ဖို့ ဖိုဝါဒကြီးစိုးမှုတိုက်ပွဲကို အရှိန်မြှင့်ကြပါစို့" ဆိုတဲ့ အဓိက သတင်းစကါးကို ဘဲ ပေးချင်ပါတယ်။

မင်္ဂလာပါ။TWO အဖွဲ့ကို အမှတ်ရ​သေးရဲ့လားရှင့်။ခေတ်အခြေအနေ၊လုံခြုံရေးအခြေအနေကြောင့် TWO ရဲ့ page ကနေ လှုပ်ရှားမှု...
04/03/2025

မင်္ဂလာပါ။
TWO အဖွဲ့ကို အမှတ်ရ​သေးရဲ့လားရှင့်။
ခေတ်အခြေအနေ၊လုံခြုံရေးအခြေအနေကြောင့် TWO ရဲ့ page ကနေ လှုပ်ရှားမှုတွေ မတင်ပြဖြစ်ပေမဲ့ ကျမတို့ ဆက်လက်ရုန်းကန်၊တိုက်ပွဲဝင်လျှက်ရှိပါတယ်။
TWO ရဲ့ အနာဂတ်​မျှော်ရည်ချက်ဖြစ်တဲ့ Gender တန်းတူညီမျှသော၊ငြိမ်းချမ်းသော၊တရားမျှတသော ဖယ်ဒရယ်နိုင်ငံသစ် ဆီသို့ အတူတူ ချီတက်လျှက်ပါရှင့်။
မိတ်ဆွေ၊ညီအမ၊တိုက်ပွဲဖေါ်များအါးလုံး စိတ်ရော၊ကိုယ်ပါ ကျန်းမာလျှက် ဘေးကင်းကြပါစေ 🙏🏽

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959762310433

Alerts

Be the first to know and let us send you an email when Triangle Women Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Triangle Women Organization:

Share