Worldview Myanmar - WIF

Worldview Myanmar - WIF International Non-Governmental Organization (INGO)
(1)

𝐒𝐢𝐳𝐞, 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧, 𝐚𝐧𝐝 𝐑𝐞𝐬𝐭𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬:

The primary goal of the project is to restore and protect 2,065.87 hectares of degraded mangrove forests. The mangrove restoration and livelihood improvement activities of the project are implemented in the three village tracts of Magyi, Thabawkan, and Thaegone in Ayeyarwady Region. In this project, approximately 9.1 million new mangrove plants are plan

ted as additionality on the degraded mangrove lands.

𝐂𝐚𝐫𝐛𝐨𝐧 𝐓𝐚𝐫𝐠𝐞𝐭𝐬:

The crediting period is 15th June 2015 to 14th June 2035. Over this 20-year crediting period, the restored mangroves of the project contribute to the GHG emission reductions and removals, which is estimated as 3.6 million tCO2e in total with an annual emission of 184,006 tCO2e.

𝐁𝐞𝐧𝐞𝐟𝐢𝐜𝐢𝐚𝐫𝐢𝐞𝐬:

WIF also contributes to poverty alleviation and livelihood improvement for the targeted local communities in which there are 2,482 households with 10,896 population in 16 targeted villages under the aforementioned three project village tracts. Major livelihood activities are income generation, cash for work, awareness raising and improving knowledge, life skill and vocational training, financial support activities, and revolving funds.

ဝန်ထမ်းခေါ်ယူခြင်းCar Driver (၁) ဦးနေရာ - ထန်းခြောက်ပင်နှင့်မင်္ဂလွန်းကျေးရွာ၊ ကျောက်တန်းမြို့နယ်အသေးစိတ်အချက်အလက်များကိ...
24/10/2025

ဝန်ထမ်းခေါ်ယူခြင်း

Car Driver (၁) ဦး

နေရာ - ထန်းခြောက်ပင်နှင့်မင်္ဂလွန်းကျေးရွာ၊ ကျောက်တန်းမြို့နယ်

အသေးစိတ်အချက်အလက်များကို ဖတ်ရှုပြီး နိုဝင်ဘာ (၃) ရက်နောက်ဆုံးထား၍ [email protected] သို့ လျှောက်ထားနိုင်ပါသည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းမြှင့်တင်ပေးခြင်းWorldview International Foundation (WIF) သည် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းဆ...
20/10/2025

အသက်မွေးဝမ်းကျောင်းလုပ်ငန်းမြှင့်တင်ပေးခြင်း

Worldview International Foundation (WIF) သည် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးလျက် ရှိပါသည်။

တနင်္ဿာရီတိုင်း ဘုတ်ပြင်းမြို့နယ် ဆလုံချောင်းကျေးရွာရှိ အိမ်ထောင်စု (၁၅) စု၏ ရေလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွင် ဝင်ငွေတိုးစေရန် ရည်ရွယ်၍ ဂဏန်းမြှုံးများထောက်ပံ့ခဲ့ပါသည်။ အိမ်ထောင်စု တစ်စုလျှင် ဂဏန်းမြှုံး (၂၅) လုံးစီထောက်ပံ့ပေးခြင်းဖြစ်ပြီး အမျိုးသမီးဦးဆောင်အိမ်ထောင်စု (၂) စု အပါအဝင် စုစုပေါင်း အိမ်ထောင်စု (၁၅) စု တို့ အကျိုးခံစားခွင့် ရရှိခဲ့ပါသည်။
#

ဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များကိုနေရာဒေသအနှံ့မှ လိုက်လံစုစည်းပြီး လက်ရွေးစင်အသီး...
08/10/2025

ဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များ

ဒီရေတောပင်ဖြစ်လာမည့် အသီးတောင့်များကိုနေရာဒေသအနှံ့မှ လိုက်လံစုစည်းပြီး လက်ရွေးစင်အသီး တောင့်များကိုရွေးချယ်ရသည်။ ရွေးချယ်ပြီးသော အသီးတောင့်များကို ခြင်းထဲတွင်စနစ်တကျထည့်ကာ သိုလှောင်ထားရပြီး သစ်စေ့သိုလှောင်ရုံ အနီးရှိ မြစ်/ချောင်းအတွင်းမှ ရေငန်ဖြင့် နှစ်ရက်လျင် တစ်ကြိမ်ခန့် ရေလောင်းပေးရသည်။ ခြင်းထဲတွင်ထည့်ထားသော အသီးတောင့်များကို အတိအကျ ရေတွက် သိုလှောင်ထားရသည်။ ဥပမာအားဖြင့် တစ်ခြင်းလျှင် အသီးတောင့်တစ်ထောင်စီထည့် ထားမည်ဆိုပါလျှင် စိုက်ပျိုးသည့်အခါ ရေတွက်ရလွယ်ကူမည်ဖြစ်သည်။

တစ်ဟက်တာအတွက် အသီး တောင့် (၂၅၀၀) စိုက် ပျိုးရမည်ဆိုလျှင် တစ်ထောင်စီထည့်ထားသော ခြင်း (၂) ခြင်းနှင့် တစ်ဝက်စိုက်ရ မည်ဟုအလွယ်တကူခန့် မှန်းသိရှိနိုင်မည်ဖြစ်သည်။
နှစ်စဉ် ဖေဖော်ဝါရီ၊ မတ်လလောက်များ ဆိုလျှင် အသီးတောင့်များကို စတင်စုဆောင်းရရှိနိုင်ပြီဖြစ်သည်။ ဧပြီ၊ မေ လဝန်းကျင်တွင် စိုက်ပျိုးမြေနေရာ၌ ခြုံနွယ်ရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်းတို့ကို အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်သည်။ ဇွန်၊ ဇူလိုင်လများအတွင်း ရေထရက်များတွင် အသီး တောင့်များအား ဒီရေတောစိုက်ခင်းနေရာတွင်စိုက်ပျိုးကြပါသည်။ ထို့ကြောင့် ဒီရေတောပင်တစ်ပင် ဖြစ်လာစေရန်မှာ အသီးတောင့်စတင်စုဆောင်းခြင်း၊ လက်ရွေးစင်အသီးတောင့် များအား‌ရွေးချယ်ခြင်း၊ အသီးတောင့်များ အား စနစ်တကျထားသိုလှောင်ခြင်း၊ မြေနေရာရှင်းလင်းခြင်း၊ စိုက်ပျိုးမြေနေရာတွင် စိုက်ပျိုးခြင်း အစရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်ရပါသည်။

စိုက်ပျိုးရာတွင်လည်း နည်းစနစ်နှစ်မျိုးရှိလေသည်။ ပထမနည်းမှာ စိုက်ပျိုးရန်သတ်မှတ်ထားသောနေရာ ၌ အသီးတောင့်များကိုတိုက်ရိုက်စိုက်ပျိုးခြင်းဖြစ်ပြီး ဒုတိယနည်းမှာ ပျိုးပင်များကိုစိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ခင်းထဲတွင် အသီးတောင့်များကိုတိုက်ရိုက်စိုက်ပျိုးခြင်းမှာလွယ်ကူသော်လည်း အပင် ၁၀၀ ရာခိုင်နှုန်း ရှင်သန်ကြီးထွားမည်ဟုပုံသေတွက်ဆထား၍မရ။ တစ်ချို့အပင်များမှာ အကြောင်းအမျိုးမျိုးကြောင့် ရှင်သန်မလာခဲ့။ ထို့ကြောင့် ပျိုးပင်များကို သေပင်များနေရာတွင် အစားထိုးစိုက်ပျိုးကြရသည်။

အသီးတောင့်များအားလက်ရွေးစင်ရွေးချယ်ပြီးသိုလှောင်ရုံတွင်သို လှောင်ထားသည့်ကာလ၌ ပျိုးဥယျာဉ် တစ်ခုကိုလည်းတည်ထောင်ထားရသည်။ ထိုပျိုးဥယျာဉ်တွင် အသီးတောင့်များကိုစိုက်ပျိုးထားပြီး ပင်ပျိုလေးအဖြစ်မွေးမြူထားရခြင်းပင်။ စိုက်ပျိုးရာသီကာလ အသီးတောင့် စိုက်ပျိုးခြင်း၌ မဖြစ် ထွန်းသောအပင်နေရာများတွင်ထိုပျိုးပင်ပေါက်များကို အစားထိုး စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စနစ်တကျ စိုက်ပျိုးပြုစုထားသော ဒီရေတော စိုက်ခင်းများသည် ရာနှုန်းပြည့်အောင်မြင်ဖြစ်ထွန်းသောဒီ ရေတောကြီး အဖြစ်ဆီသို့ ဦးတည်လျက်ရှိနေပါသည်။ (ဓါတ်ပုံ - စိုးထက်ကို)
#ဒီရေတော

ကျွန်တော့်နာမည် ဇင်ဦးပါ။ မိသားစုဝင်ငါးယောက်ရှိပြီး ဂဏန်းဖမ်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။ ကြိမ်မဲတောင်ကျေးရ...
01/10/2025

ကျွန်တော့်နာမည် ဇင်ဦးပါ။ မိသားစုဝင်ငါးယောက်ရှိပြီး ဂဏန်းဖမ်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။ ကြိမ်မဲတောင်ကျေးရွာ၊ ဟန်ကပြုကျေးရွာအုပ်စုမှာနေထိုင် ပြီး ဒီရေတောထဲမှာနေ့စဉ်ဂဏန်းဖမ်းပါတယ်။

ကျွန်တော်သုံးနေတဲ့ဂဏန်းမြုံးတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဟောင်းနွမ်းပျက်စီးနေတာကြောင့် သုံးလို့ရတဲ့ဂဏန်းမြုံးနည်းနည်းနဲ့ပဲ လုပ်ငန်းကိုဆက်လက်လုပ် ကိုင်ခဲ့ပါတယ်။ အလုပ်လုပ်တဲ့အခါ ဂဏန်းမြုံးအရေအတွက်နည်းပါးတာကြောင့် ဂဏန်းရရှိမှုနှုန်းလည်းနည်းပြီးဝင်ငွေ လည်းနည်းပါးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Worldview International Foundation (WIF) က ဂဏန်းမြုံးတွေကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ဂဏန်းမြုံး အသစ်တွေဝယ်ဖို့ အခက်အခဲဖြစ်နေတဲ့ အချိန်မှာ အခုလိုလာရောက်ထောက်ပံ့ပေးခဲ့တာ ကြောင့် ဂဏန်းမြုံး ၁၀၀ ကျော်နဲ့ အသက်မွေးဝမ်း ကျောင်းပြုနိုင်ခဲ့ပါတယ်။ အရေအတွက်များများနဲ့ အလုပ်လုပ်တာကြောင့် ဂဏန်းရရှိမှု တိုးလာပြီး မိသားစုစားဝတ်နေရေးက အရင်ကထက်ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။ အခုလိုမျိုး ကူညီထောက်ပံ့ပေးခဲ့တဲ့ WIF ကို ကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်။

English Version - https://www.facebook.com/share/p/1CuvWwv9sq/

လူငယ်များအတွက် အွန်လိုင်းအင်္ဂလိပ်စာသင်တန်းငရုတ်ကောင်းစီမံကိန်းဧရိယာအတွင်းရှိ ဒေသခံလူငယ်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ...
24/09/2025

လူငယ်များအတွက် အွန်လိုင်းအင်္ဂလိပ်စာသင်တန်း

ငရုတ်ကောင်းစီမံကိန်းဧရိယာအတွင်းရှိ ဒေသခံလူငယ်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအတွက် အတတ်ပညာများကို လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့်အခြေခံ အင်္ဂလိပ်စာ သင်တန်းတစ်ရပ်ကို အွန်လိုင်းမှ တစ်ဆင့်ပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းအား ငရုတ်ကောင်း မြို့နယ်အတွင်းရှိ ကျွေချိုင်၊ အနိမ့်ချောင်၊ နံ့သာပု၊ ငရုတ်ကောင်းအမှတ် (၂) ရပ်ကွက်ရှိ လူငယ် စုစု ပေါင်း (၁၀) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်လခွဲကြာမြင့်ခဲ့သည်။

သင်တန်းတက်ရောက်သူ လူငယ်များ အတွက် လိုအပ် သော သင်ကြားရေးအထောက်အကူပြု စာအုပ်များ၊ အင်တာနက် ဘေလ် များ ကိုလည်း Worldview International Foundation (WIF) က ထောက်ပံ့ပေးခဲ့ပါသည်။

ဒီရေတောက ပေးသည့် သွယ်ဝိုက်သောအကျိုးကျေးဇူးများဒီရေတောသည် လေပြင်းမုန်တိုင်းနှင့် ဆူနာမီကဲ့သို့ ရေလှိုင်းဒဏ်နှင့် ကမ်းပါးပ...
19/09/2025

ဒီရေတောက ပေးသည့် သွယ်ဝိုက်သောအကျိုးကျေးဇူးများ

ဒီရေတောသည် လေပြင်းမုန်တိုင်းနှင့် ဆူနာမီကဲ့သို့ ရေလှိုင်းဒဏ်နှင့် ကမ်းပါးပြိုရေတိုက်စားခြင်းတို့မှ ကာကွယ်ပေးခြင်းဖြင့် လူတို့၏နေ့စဉ်ဘဝအတွက် အထောက်အကူပြုလျက်ရှိလေသည်။

ကာဗွန်ဒိုင်အောက်ဆိုက်ကို လေထဲမှစုပ်ယူပြီး အောက်ဆီဂျင်လွှတ်ထုတ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကိုမြေပေါ်သာမက မြေအောက်တွင် ပိုမိုစုပ်ယူထားနိုင်ခြင်းတို့မှာ အဖိုးမဖြတ်နိုင်သော အထောက်အကူများဟု ပင်ဆိုရမည်။ ဒီရေတောများသည် ရေသတ္တဝါတို့အတွက် အဓိကအစာထုတ်လုပ်ပေးသည့်နေရာလည်း ဖြစ်ပြီး ပင်လယ်ရေသတ္တဝါတို့၏ ငယ်စဉ်ဘဝအဓိက ကြီးပြင်းရာ ဥချပေါက်ဖွားရာနေရာလည်းဖြစ်ပါသည်။ ဥပမာအားဖြင့် ကျားပုစွန်၊ ကကတစ်၊ ဂဏန်းတို့သည် ဒီရေတောများတွင် ဥချပေါက်ဖွားလေ့ရှိသည်။

ဒီရေတောများသည် ကုန်းတွင်းပိုင်းသို့ မြေအောက်မှ ဆားအငံဓာတ်စိမ့်ဝင်မှုကို ကာကွယ်ပေးနေပြီး ရေကိုလည်း သန့်စင်ပေးလေသည်။ ဒီရေတောများထူထပ်စွာရှိခြင်းအားဖြင့် သဘာဝခရီးသွားလုပ်ငန်းကဲ့သို့သော ဒေသခံများအတွက် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများကိုဖန်တီးပေးပြီး သုတေသနနှင့်ဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းဖြင့်လည်း အထောက်အကူပြုပေးနေသည်။ (ဓါတ်ပုံ - စိုးထက်ကို)

We are honored to join Climate Week NYC 2025 🌍Our CEO, Kim Noguera Gabrielli, will be speaking at the Family Offices and...
17/09/2025

We are honored to join Climate Week NYC 2025 🌍
Our CEO, Kim Noguera Gabrielli, will be speaking at the Family Offices and Investors Summit — sharing how high-integrity blue carbon projects, co-designed with coastal communities, deliver lasting impact for climate, biodiversity, and people.
It’s a moment to connect, exchange knowledge, and explore how nature-based solutions can bridge local priorities with global climate goals.
🔗 Learn more: https://www.eventbrite.com/e/1332651780349/?discount=ATLAS50

ဒီရေတော၏ လက်တွေ့မြင်တွေ့နိုင်သော အကျိုးကျေးဇူးများဒီရေတောများသည် လူသားတို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့်...
12/09/2025

ဒီရေတော၏ လက်တွေ့မြင်တွေ့နိုင်သော အကျိုးကျေးဇူးများ

ဒီရေတောများသည် လူသားတို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင် ဖြစ်လေသည်။

ဒီရေတောများမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို အခြေခံအားဖြင့် နှစ် မျိုးခွဲခြားနိုင်မည်ဖြစ်သည်။ ၎င်း တို့မှာ (၁) လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများနှင့် (၂) သွယ်ဝိုက်သောအကျိုးကျေးဇူးများ ဖြစ်လေ သည်။

ဒီရေတော၏ လက်တွေ့မြင်တွေ့နိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒီရေတောအပင်များမှတစ်ဆင့် အိမ်အသုံးအဆောင်ပစ္စည်းများကို အလွယ်တကူရရှိမည်ဖြစ်သည်။ ဉပမာ အားဖြင့် သစ်၊ ထင်းမီးသွေး၊ အမိုးအကာ စသည်တို့ဖြစ်သည်။ သို့ရာတွင် ဒီရေတောပင်များကို ပြုန်းတီးနိုင် လောက်သည်အထိ အလွန်အကျွံခုတ်ထစ်၍ သုံးစွဲခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။

ဒီရေတောအပင်များ မှတစ်ဆင့် စားသုံးရန်အသီးအရွက်များလည်းရရှိနိုင်သည်။ ဉပမာအားဖြင့် ငှက်ကြီးတောင် (မှိုဟင်း)၊ ကန့် ပလာ (ပျားဇီး)၊ ဓနိ (ဓနိရည်)၊ ဓနိဖူးခြောက် အစရှိသည်တို့ဖြစ်သည်။

ထိုအပြင် ဒီရေတောများမှာ ဆေး ဖက်ဝင်အပင်များလည်းဖြစ်ပါသည်။ ခယာအရွက်၊ အဆိပ်တရာ၊ မိချောင်းကွမ်းဖတ် တို့မှာ တိုင်းရင်းဆေး အဖြစ်အသုံးပြုလျက်ရှိသော ဒီရေတောပင်များဖြစ်သည်။
ပျားရည်၊ ပျားဖယောင်းတို့အား ဒီရေတောပင် များမှတစ်ဆင့်ရနိုင်သကဲ့သို့ စက်မှုလုပ်ငန်းသုံးပစ္စည်းများလည်းရရှိနိုင်သည်။ ဉပမာ မဒမခေါက်၊ ဗြူး ခေါက်တို့အား ဆိုးဆေးအဖြစ်အသုံးပြုနေကြသည်။

နောက်တစ်ချက်မှာ ဒီရေတောမှတစ်ဆင့် ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး အစရှိသည့် ရေနေသတ္တဝါအများအပြားရှာဖွေတွေ့ရှိနိုင်ခြင်းဖြစ်၍ လူတို့၏ အစားအစာအတွက်အထောက်အကူပြုမည်ဖြစ်သည်။

ကွန်ကရစ်လမ်းခင်းပေးခြင်းလုပ်ငန်းပြီးစီး၍ ကျေးရွာကော်မတီသို့လွှဲပြောင်းWorldview International Foundation (WIF) သည် ဒေသခံ...
08/09/2025

ကွန်ကရစ်လမ်းခင်းပေးခြင်းလုပ်ငန်းပြီးစီး၍ ကျေးရွာကော်မတီသို့လွှဲပြောင်း

Worldview International Foundation (WIF) သည် ဒေသခံများ၏သွားလာရေးအဆင်ပြေစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပါသည်။

ကျောက်တန်း မြို့နယ် မင်္ဂလွန်းကျေးရွာအတွင်းရှိ အမက-မင်္ဂလွန်းကျောင်း ရှေ့လမ်း ပျက်စီးကာ ဒေသခံများ သွားလာရေးအခက်အခဲ ရင်ဆိုင်နေရသောကြောင့် အဆိုပါလမ်းအား အဆင့် မြှင့်တင်နိုင်ရန်အတွက် ကွန်ကရစ်လမ်း ခင်းပေး ခဲ့ပါသည်။ လမ်းပေအရှည်(၄၀၀) ၊ (၄) လက်မထု၊ (၁၀) ပေအကျယ် ရှိသော ကျောင်းရှေ့ကွန်ကရစ်လမ်းကို ဇူလိုင်လအတွင်းတွင် ပြီးစီးအောင် အကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီသို့ လွှဲပြောင်းပေးအပ် ခဲ့ပါ သည်။ ထိုလုပ်ငန်းအား အကောင်အထည်ဖော်ရာတွင်လို အပ်သော ဘိလပ်မြေ၊ ကျောက်နှင့် သဲတို့အား WIF က ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး ကျေးရွာလူထုဘက်မှလည်း လုပ်အားပြန်လည်ပံ့ပိုးပေးခဲ့ပါသည်။ (ဓါတ်ပုံ - ပေးပို့)

ငါးဖမ်းကိရိယာများ ပံ့ပိုးခြင်းWorldview International Foundation (WIF) စီမံကိန်းသည် ဒေသခံများ၏ အသက်မွေးဝမ်း ကျောင်းဆိုင်...
05/09/2025

ငါးဖမ်းကိရိယာများ ပံ့ပိုးခြင်း

Worldview International Foundation (WIF) စီမံကိန်းသည် ဒေသခံများ၏ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် လိုအပ် သော ပစ္စည်း ကိရိယာများကို ထောက်ပံ့ပေးလျက်ရှိပါသည်။

ကျောက်တန်းမြို့နယ်ရှိ စီမံကိန်းဝင် ကျေးရွာများဖြစ်သော အောင်ချမ်းသာကျေးရွာ၊ ထန်းခြောက်ပင် ကျေးရွာ နှင့် ဘိုးဘကျေးရွာ ရှိ အိမ်ထောင်စုများ ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ရေလုပ် ငန်း ဖြစ် သည်။ ရေလုပ်သားအိမ်ထောင်စုများ၏ လုပ်ငန်းသုံးပစ္စည်းများ မလုံလောက်သည့်အခက်အခဲ ကိုဖြေရှင်း ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လိုအပ်ချက်ရှိပြီး ရေလုပ်ငန်းအား တနိုင်တပိုင်လုပ်ကိုင်နေသော အိမ်ထောင်စု (၂၇) စုအတွက် ငါးဖမ်းကိရိယာများ အား WIF က ပံ့ပိုးပေး ခဲ့ပါသည်။ (ဓါတ်ပုံ - WIF)

ဒီရေတောမှတ်စုဒီရေတောဆိုတာက ပင်လယ်ကမ်းရိုးတန်း ဒါမှမဟုတ် မြစ်ဝကျွန်းပေါ်လိုမျိုး ရေငန်နဲ့ ရေချိုဆုံတဲ့နေရာတွေမှာ ပေါက်ရော...
02/09/2025

ဒီရေတောမှတ်စု

ဒီရေတောဆိုတာက ပင်လယ်ကမ်းရိုးတန်း ဒါမှမဟုတ် မြစ်ဝကျွန်းပေါ်လိုမျိုး ရေငန်နဲ့ ရေချိုဆုံတဲ့နေရာတွေမှာ ပေါက်ရောက်တဲ့ အပင်မျိုးစိတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သစ်တောတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ထူးခြားချက်တွေကတော့ ပတ်ဝန်းကျင်ရဲ့ အခြေအနေကို လိုက်လျောညီထွေနေထိုင်နိုင်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။

အမြစ်စနစ် (Root System): ဒီရေတောပင်တွေမှာ ထူးခြားတဲ့ အမြစ်တွေ ရှိကြပါတယ်။ အောက်ဆီဂျင်နည်းပါးတဲ့ ရွှံ့မြေနဲ့ ရေထဲမှာ အသက်ရှူနိုင်ဖို့အတွက် အမြစ်တွေဟာ မြေကြီးပေါ်ကို ထိုးထွက်နေကြပါတယ်။ ဒီအမြစ်တွေက ဒီရေအတက်အကျကိုလည်း ခံနိုင်ရည်ရှိအောင် ကူညီပေးပြီး မြေဆီလွှာတိုက်စားမှုကိုလည်း ကာကွယ်ပေးပါတယ်။

ဆားဓာတ်ကို ခံနိုင်ရည်ရှိခြင်း: ဒီရေတောအပင်တွေဟာ ရေငန်ထဲမှာ ရှင်သန်နိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။ အချို့အပင်တွေက အမြစ်ကနေ ဆားဓာတ်ကို စစ်ထုတ်နိုင်ပြီး အချို့ကတော့ အရွက်တွေထဲမှာ ဆားဓာတ်ကို စုဆောင်းကာ အရွက်ကြွေတဲ့အခါ ဆားတွေကို ဖယ်ရှားပစ်တတ်ကြပါတယ်။
ဂေဟစနစ်၏ အရေးပါမှု: ဒီရေတောတွေဟာ ပင်လယ်ကမ်းရိုးတန်းတွေကို မုန်တိုင်းလှိုင်းနဲ့ ဆူနာမီတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ သဘာဝအကာအကွယ်အဖြစ် တည်ရှိနေပါတယ်။ ဒါ့အပြင် ငါးမျိုးစိတ်တွေ၊ ပုစွန်၊ ကဏန်းနဲ့ တခြားရေနေသတ္တဝါမျိုးစိတ်တွေအတွက်လည်း သားပေါက်ရာ၊ ခိုလှုံရာနဲ့ အစာရှာဖွေရာ နေရာတစ်ခု ဖြစ်ပါတယ်။

ကာဗွန်သိုလှောင်မှု: ဒီရေတောတွေဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တန်ပြန်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သူတို့ဟာ ရိုးရိုးသစ်တောတွေထက် ကာဗွန်ဓာတ်ငွေ့ကို ပိုမိုစုပ်ယူပြီး သိုလှောင်ထားနိုင်တဲ့အတွက် "အပြာရောင်ကာဗွန်" (blue carbon) လို့ ခေါ်ဆိုကြပါတယ်။ (ဓါတ်ပုံ - စိုးထက်ကို)

ဒီရေတော ပန်းဒီရေတောနဲ့ အနီးတစ်ဝိုက်မှာတွေ့ရတဲ့ ပန်းမျိုးစိတ်တွေဖြစ်ပါတယ်။ ပန်းနာမည်တွေသိရင် မျှဝေနိုင်ပါတယ်။
25/08/2025

ဒီရေတော ပန်း

ဒီရေတောနဲ့ အနီးတစ်ဝိုက်မှာတွေ့ရတဲ့ ပန်းမျိုးစိတ်တွေဖြစ်ပါတယ်။ ပန်းနာမည်တွေသိရင် မျှဝေနိုင်ပါတယ်။

Address

WORLDVIEW INTERNATIONAL FOUNDATION, 170, 9 Street, Ward 3, South Oakkalarpa Township
Yangon

Alerts

Be the first to know and let us send you an email when Worldview Myanmar - WIF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Worldview Myanmar - WIF:

Share