Ray Of Hope Society

Ray Of Hope Society Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ray Of Hope Society, Charitable organisation, Yangon.

Our Ray Of Hope Society is non profit organization to do CSR activities for Health, Education, Social Welfare and Environment.We are looking for Donors and Volunteers.

“BEACH CLEAN-UP”Smart Technical Services Co.,Ltd & ROH CSR Activity at Ngwe Saung Beach6 March 2026
06/03/2026

“BEACH CLEAN-UP”
Smart Technical Services Co.,Ltd & ROH CSR Activity at Ngwe Saung Beach
6 March 2026

Say No to Plastic, Say Yes to Earth.🚯🌍
05/06/2025

Say No to Plastic, Say Yes to Earth.🚯🌍

SMART Group of Companies၊ Ray Of Hope Society  တို့မှ ​ငလျင်​ဘေးဒဏ်သင့်ခဲ့သော နေပြည်​တော်ရှိ​ဆေးရုံများတွင် ​ဆေးကုသ​ခံယူ...
10/04/2025

SMART Group of Companies၊ Ray Of Hope Society တို့မှ ​ငလျင်​ဘေးဒဏ်သင့်ခဲ့သော နေပြည်​တော်ရှိ​ဆေးရုံများတွင် ​ဆေးကုသ​ခံယူနေသူများ နှင့် မိဘပြည်သူများ အသုံးပြုနိုင်ရန်အတွက် စုစု​ပေါင်း ​ငွေကျပ်သိန်း (၃၈၀) တန်ဖိုးရှိ ဆိုလာပန်ကာများ၊ ဆိုလာမီးလုံးများ နှင့် Air Cooler တို့ကိုလှူဒါန်းခဲ့ကြသည်။

ROH Society
10 April 2025

ရန်ကုန် မှတဆင့် ငလျင်ဒဏ်သင့် သော နေရာဒေသများသို့  လိုအပ်သောသွေးများပို့ဆောင်ပေးနိုင်ရန်အတွက် အမျိုးသားသွေးလှူဌာန(ရန်ကုန်...
03/04/2025

ရန်ကုန် မှတဆင့် ငလျင်ဒဏ်သင့် သော
နေရာဒေသများသို့ လိုအပ်သောသွေးများပို့ဆောင်ပေးနိုင်ရန်အတွက် အမျိုးသားသွေးလှူဌာန(ရန်ကုန်) တွင် SMART Group of Companies မှ ဝန်ထမ်းများ နှင့် မိတ်​ဆွေများမှ ​သွေးလှူဒါန်းခဲ့ကြသည်။
မြန်မာနိုင်ငံရှိသဘာဝဘေး ကျရောက်နေသောပြည်သူ/ သားများအမြန်လွတ်မြောက်ပါစေ 🙏

ROH Society
3.4.2025

SMART Group of Companies၊UNSI Co.,Ltd နှင့် ROH Society တို့မှ "​ဗေ​သေဒသက​လေးများပြုစုပျိုး​​ထောင်​ရေး​ဂေဟာ" (လှည်းကူးမြ...
15/06/2024

SMART Group of Companies၊UNSI Co.,Ltd နှင့် ROH Society တို့မှ "​ဗေ​သေဒသက​လေးများပြုစုပျိုး​​ထောင်​ရေး​ဂေဟာ" (လှည်းကူးမြို့) တွင်ရှိ​သော ​ကျောင်း​နေအရွယ်က​လေး ၈၅ ​ယောက်အတွက် ​ငွေကျပ် သိန်း (၆၀) တန်ဖိုးရှိ ​​ကျောပိုးအိတ်၊ထမင်းဘူး၊စာ​ရေးကိရိယာ၊ဆန်နှင့်စား​​သောက်ကုန်များ၊တစ်ကိုယ်​ရေသုံး ပစ္စည်းများကို သွား​ရောက်လှူဒါန်းခဲ့ကြသည်။

​အလှူဖြစ်​မြောက်​ရေးအတွက် ပါဝင်လှူဒါန်း​ပေးကြ​​သော အလှူရှင်များ နှင့် Volunteers များ အားလုံးကို ROH မှ အထူးပင်​ကျေးဇူးတင်ရှိပါသည်။

ROH
15 June 2024

World Environment day!"Land restoration, desertification and drought resilience"SMART Group of companies & ROH society5 ...
05/06/2024

World Environment day!
"Land restoration, desertification and drought resilience"
SMART Group of companies & ROH society
5 June 2024

ရန်ကုန်တိုင်း၊ အရှေ့ ဒဂုံ မြိုနယ်ရှိ ရေဘေးခံစားနေရသော ပြည်သူများအတွက် ROH မှ စားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။ ပါဝင်ကူညီ...
18/10/2023

ရန်ကုန်တိုင်း၊ အရှေ့ ဒဂုံ မြိုနယ်ရှိ ရေဘေးခံစားနေရသော ပြည်သူများအတွက် ROH မှ စားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။
ပါဝင်ကူညီပေးကြ‌သူ အယောက်ဆီတိုင်းကိုလဲ ROH မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

18 October 2023

ညကြီးမိုးချုပ် အောက်ဆီဂျင် လိုအပ်ချိန်မှာ အတူတွဲ ကူညီခဲ့ကြတဲ့ သူငယ်ချင်းဆီက ဖုန်းမြည်။ သမီးကြီးကို စာသင်နေလို့ မကိုင်ဖြစ...
29/06/2023

ညကြီးမိုးချုပ် အောက်ဆီဂျင် လိုအပ်ချိန်မှာ အတူတွဲ ကူညီခဲ့ကြတဲ့ သူငယ်ချင်းဆီက ဖုန်းမြည်။ သမီးကြီးကို စာသင်နေလို့ မကိုင်ဖြစ်။ မေမေက တံခါးလာခေါက်တယ်။ သမီးရေ သမီး အသိဆီက တဲ့။ ဖုန်းယူ ကိုင်လိုက်တော့။

ဟေ့ကောင်ရေ။ တို့ အောက်ဆီဂျင် လိုလို့ ။ သန်းကြီး အဖေ ကင်ဆာ patient ။အရေးပေါ်လိုနေလို့ ရနိုင်မလား?

ဟာ အဝေးကြီး လာနေရမှာပေါ့ ။ အနီးအနားမှာ မရဘူးလား?

အေးကွာ ။ နေရာစုံ လိုက်ဆက်ပြီးပြီ။ မရလို့ မင်းဆီ နောက်ဆုံး လှမ်းပူရတာ။

နေဦး။ အိပ်သွားပြီလား မသိလို့။ ခဏနော် ။ ပြန်ပြောပေးမယ်။

ကသောကမျောနဲ့ လူကြီးဆီ ညကြီးမင်းကြီး ကိုယ်လည်း အားမနာ လျာမကျိုး လှမ်းဆက်လိုက်တယ်။ အတော်လေး ခေါ်တဲ့ ထိ မကိုင်တော့။ အိပ်ပြီထင်တယ် ။ ဖုန်းပြန်ချလိုက်တယ်။

ဘယ်လို လုပ်ပေးရကောင်းမလဲ?

ထိုစဉ် message ဝင်လာတာ ။ လူကြီးဆီက။ အကျိုးအကြောင်း အတိုချုံး message လှမ်းပို့လိုက်တော့

လာယူခိုင်းလိုက်ပါ ။ တစ်အိုးတည်း လောက်ပါ့မလား? နှစ်အိုး ယူသွားခိုင်းပါ။ တော်ကြာ လိုနေမယ်

ဆိုတော့ စိတ်ထဲ ကျေနပ်။ ဟိုဘက် လှမ်းဆက်သွယ် လိုအပ်တာ မှာ။ လိပ်စာ နဲ့ ဖုန်း ပြော။ လာယူသွားပြီတဲ့။

ပြီးပြီ။ ကျေနပ်ရင်း ပြန်တွေး။

တကယ်လိုအပ်ချိန် ရှိပေးရတိုင်း ကျေနပ်ရတယ်။

ညကြီး အချိန်မတော်ပေမယ့် ရအောင် ကူညီခွင့် ရလိုက်တဲ့ အတွက် ကိုယ့်အထက် လူကြီးရဲ့ ကူညီချင် သဒ္ဒါစိတ် ရယ် အဖက်ဖက်က ကူညီပေးလိုက်တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရင်း ကျန်းမာပါစေ မေတ္တာပို့သမိပါတယ်။

အများအတွက် ကိုယ်တွေ အောက်ဆီဂျင် အသည်းအသန် လိုခဲ့တုန်းက တတ်နိုင်သလောက် ကူညီပေးခဲ့တဲ့ မောင်ငယ် ကို ပြန်ကူညီခွင့်ရလို့ ပိုပြီး ကျေနပ်မိတယ်။ ဖခင်ကြီး နေသာပါစေနော်။

နောင်များလည်း အရေးလိုသူတွေကို ကူညီခွင့်ရသူ ဖြစ်ရပါလို၏။

Ray of Hope Society
Open your Heart

29.6.2023
10:37pm

SMART Group of Companies & Ray of Society World Environment Day activities"ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့၊ ပူးပေါင်းဖြေ...
05/06/2023

SMART Group of Companies & Ray of Society
World Environment Day activities
"ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့၊ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့"
" Solutions to plastic pollution "
5 June 2023

SMART Technical Services Co., Ltd ၏ Team Building & Fun Trip 2023 (Ngwe Saung) ခရီးစဉ် အတွင်း ပုသိမ်မြို့ရှိ လူငယ်ဖွံ့ြ...
28/01/2023

SMART Technical Services Co., Ltd ၏ Team Building & Fun Trip 2023 (Ngwe Saung) ခရီးစဉ် အတွင်း ပုသိမ်မြို့ရှိ လူငယ်ဖွံ့ ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းမှုကို Ray Of Hope Society မှ ပါဝင်ကူညီ လုပ်အားပေးနိုင်ခဲ့ပါသည်။
လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင်‌နေထိုင်ပြီး ပညာ‌သင်ကြားလျက်ရှိသော သူငယ်တန်းမှ ဆယ်တန်း ကလေး‌အယောက် (၅၀)စာအတွက် ဆန်၊ဆီ၊ပဲ၊ဆပ်ပြာ၊ အ၀တ်လျှော်ဆပ်ပြာ၊သွားတိုက်‌ဆေး၊စာရေးကိရိယာ နှင့် ထမင်းတစ်နှပ်စာကို ၂၅.၀၁.၂၀၂၃ တွင် ပုသိမ်မြို့တွင် သွားရောက်လှူဒါန်းခဲ့ကြပါသည်။
လိုအပ်နေသော အငယ်ဆုံးသောသူများအတွက် မေတ္တာပြ၍ လှူဒါန်းပေးကြသော SMART Technical Services Co.,Ltd မှ Managing Director ၊ Director နှင့် SMARTies များအားလုံးကိုလဲ အထူးပင်ကျေးဇူးတင်လျက် ပြုလေသမျှမှာ အောင်မြင်မှု အသီးသီးရကြ‌ပါစေလို့ ROHS မှ ဆုတောင်းမေတ္တာပို့ ပါသည်။

ကျွန်မတို့ မျှော်လင့်ချက်‌ရောင်ခြည် ရဲ့ ရည်မှန်းချက် ကဏ္ဍကြီးလေးခုရှိသည့် အနက် ပညာရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့  နှစ်...
09/01/2023

ကျွန်မတို့ မျှော်လင့်ချက်‌ရောင်ခြည် ရဲ့ ရည်မှန်းချက် ကဏ္ဍကြီးလေးခုရှိသည့် အနက် ပညာရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ နှစ်သစ်ဖြစ်တဲ့ ၂၀၂၃ခုနှစ်ကို စတင်ခဲ့ပါပြီ။

ကျွန်မတို့ မူကြိုကျောင်းဆောင်လေးလှူဒါန်းခဲ့ဖူးသော ပြင်ဦးလွင်မြို့ ညောင်သာယာကျေးရွာမှ အခြေခံမူလတန်းကျောင်းလေးမှာ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ပညာရေးစုံညီပွဲတော်ကို ၅.၁.၂၀၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းစုံညီပွဲတော်မှာ ပညာရည်ထူးချွန်သော၊ ဘက်စုံ ထူးချွန်ကျောင်းသားများကို ဆုချီးမြှင့်ပေးလေ့ရှိရာ မိမိတို့ အဖွဲ့မှ ထူးချွန်ကျောင်းသားများအား အထူးချုပ် လွယ်အိတ်လေးများ ဂုဏ်ပြုချီးမြှင့် အထောက်အပံ့ပြုပေးခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ ထူးချွန်ကျောင်းသားများ ပိုမို ၍ အပြိုင်အဆိုင် ကြိုးစားတိုးတက်လာစေရန်၊ အခြားကျောင်းသားများမှလည်း အားကျ အတုယူလာစေရန် အပြင် ကျောင်းသားများရဲ့ ရည်မှန်းချက်၊ ပန်းတိုင်၊ အနာဂတ်တွေအပြင် တက်ကြွပျော်ရွှင်ခြင်းတွေကိုပါ လွယ်အိတ်ထဲ ထမ်းပိုးသယ်ဆောင်သွားစေချင်တဲ့ ရည်ရွယ်ရင်းပါ။

တချိန်ချိန် သူတို့လေးတွေ တိုးတက် ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့ ရွာ နှင့် ပတ်ဝန်းကျင်နီးစပ်ရာ တိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ တာဝန်ကိုယ်စီ အကျိုးပြု ထမ်းရွက် နိုင်ဖို့ ဒီကျောပိုးအိတ်ကလေးကို အစပြု အသုံးချပါလို့ ဆိုလိုတာပါ။

ရရှိတဲ့ သားသားမီးမီးတို့နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ပေးဖို့ စီစဉ်သူများကတော့ အိတ်ကလေး အဖွဲ့ တံဆိပ်ကလေးနဲ့ ထွက်လာတော့ ကြည့်ရင်း ကြည့်ရင်း ပီတိဖြစ်ရတာဆိုတာ။

၂၀၂၃ခုနှစ်ရဲ့ အဖွင့်ကို ပညာရေး လှုပ်ရှားမှုနဲ့ စတင်ခွင့်ရအောင် လှူဒါ‌န်းပေးသော အလှူရှင်၊ ရက်အနည်းငယ်အတွင်း အရေးကြီးအော်ဒါတွေ ခဏနားပြီး အချိန်မှီပြီးအောင် ကိုယ်တိုင်ပါ ဝင်ချုပ်ပေးသော Designer မ Aye Htet နှင့် Local brand အပ်ချည် Team နှင့်တကွ စီစဉ်အားထုတ်ပေးသူ အဖွဲ့မှ အယောက်စီတိုင်းကို တန်ဖိုးထား မှတ်တမ်းတင်အပ်ပါတယ်။

ယခု ခရီးစဉ်ကို အဆင်ပြေ ချောမွေ့အောင် အဖက်ဖက်မှ စီစဉ်ပေးသော စာ‌ရေးဆရာကြီး ဦးကျော်ကျော်လှိုင်နှင့် ဇနီး မိသားစု ၊ နှစ်ကုန်ရက် ဘတ်ဂျက်ပိတ်ချိန် အလုပ်များတတ်တဲ့ကာလ မှာ အချိန်ကပ် စီစဉ်မှုကို အရေးကြီး အလုပ်တွေ ဘေးခဏချ ပါဝင်ဖြည့်စီး အားဖြည့်ပေးသော ROHS မှ မဆူဇန်‌ငွေလွင်နှင့် မသိမ့်သိမ့်သူ၊ ပါဝင်ချီးမြှောက်ခွင့်ပြုသော ကျောင်းအုပ်ဆရာမကြီးအားလည်း ကျေးဇူးတင် မှတ်တမ်း တင်ထားပါရစေ။

လိုအပ်တဲ့ နေရာတိုင်းရဲ့ မျှော်လင့်ချက်ကို ရောင်ခြည်သန်းလာဖို့ ဝိုင်းဝန်းကြိုးစားကြပါစို့။

5.1.2023 memorial.

Open your heart.
Ray of Hope Society
9.1.2023
3:53Pm

ကျွန်မတို့ Ray of Hope Society မှလည်း SMART Group of Companies ရဲ့ အကြီးအကဲ Director တစ်ဦးဖြစ်သော အန်တီ သဇင်ညွန့်  ရဲ့ န...
16/11/2022

ကျွန်မတို့ Ray of Hope Society မှလည်း SMART Group of Companies ရဲ့ အကြီးအကဲ Director တစ်ဦးဖြစ်သော အန်တီ သဇင်ညွန့် ရဲ့ နောက်ဆုံးခရီးကို ဂူသွင်း သင်ဂြိုလ်နိုင်ပါရန်ကျန်ရစ်သူ မိသားစုများနှင့်အတူ ပါဝင်ကူညီခွင့်ရခဲ့ပါတယ်။

ငိုခြင်းနဲ့ အစပြုပြီး ငိုခြင်းနဲ့ အဆုံးသတ်တဲ့ ဘဝတစ်ခုမှာ ချစ်ခြင်းအနှောင်အဖွဲ့တွေက အဆုံးသတ်ခွဲခွာခြင်းနဲ့တွေ့တဲ့အခါ ဟဒယဆိုတဲ့ နှလုံးသည်းပွတ်ကို နာနာကျင်ကျင် ထိခိုက်စေခဲ့တယ်လေ။

မိဘဆိုတာ အစားပြန်မရနိုင်တဲ့ ဆုံးရှုံးမှု တစ်ခုမို့ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ကြေကွဲဝမ်းနည်း ခံစားရပါတယ်။

အသက်တစ်ရာတန်းမှာ ၆၉နှစ် နေသွားတာမို့ နှမြောတသ ဖြစ်ရပေမယ့် သက်တမ်းစေ့နီးပါး နေသွားခဲ့ရတယ်။

ရှင်သန်နေထိုင်ခဲ့တဲ့ တလျောက် ရဟန်းခံ၊ကျောင်း၊ သိမ်၊ လမ်း ဒါယကာမ အဖြစ်အပြင် မိဘမဲ့ဂေဟာနှင့် လိုအပ်သော နေရာဌာနီများ မကျန် အလှူအတန်း ရက်ရောခဲ့တယ်။

မိသားစုနဲ့ တပည့်သားသမီးများ အပေါ်မှာလည်း ချစ်ခြင်းဆိုသော ရင်ဘတ်အစုံနဲ့ အရိပ်ပမာ အုပ်မိုး တာဝန်ကျေခဲ့တဲ့ လူသားတစ်ယောက် အဖြစ်ရပ်တည်ခဲ့တယ်ဆိုတာ နောက်ဆုံးခရီးရဲ့ ပန်းတစ်ပွင့်တိုင်းက ညာလို့မရတဲ့သက်သေပါဘဲ။

မိတ်ဆွေ တပည့် ပေါင်းများစွာရဲ့ ညှိုးငယ်တဲ့ စိတ်နဲ့ လိုက်ပါ ပို့‌ဆောင် ခဲ့သော တစ်ယောက်ခြင်းစီတိုင်းကို ကျန်ရစ်သူ မိသားစု ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

နာမကျန်းဖြစ်စဉ်မှစ ဂူသွင်းသင်ဂြိုလ်သည့်တိုင် အစစ သင့်ရာနေရာမှ ကူညီပေးခဲ့သော ဆရာမိဘများ၊ မိတ်ဆွေ အပေါင်းအသင်းများ၊ SMART Group of Companies လက်အောက် Companies အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့်ဝန်ထမ်းများ၊ ဧမာနွေလ Church မှ သက်ဆိုင်ရာ အကြီးအကဲနှင့် မောင်မယ်များ၊ Ray of Hope Society ရဲ့ နာယကများ၊ Chairman ၊ members နှင့် Volunteers များ ၊ သိ၍သော်လည်းကောင်း မသိဘဲနှင့်သော်လည်းကောင်း ကူညီမှုပြုခဲ့ဖူးသည့် တစ်ယောက်စီတိုင်းကို လွန်စွာမှ ကျေးဇူးတင် မှတ်တမ်းပြု အပ်ပါသည်။

November Rain!

Ray of Hope Society
16.11.2022(Funeral ceremony memory)

Address

Yangon

Telephone

95

Website

Alerts

Be the first to know and let us send you an email when Ray Of Hope Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share