Fauna & Flora International - Myanmar Programme

Fauna & Flora International - Myanmar Programme A sustainable future for the planet, where biodiversity is effectively conserved by the people.

Founded in 1903, Fauna & Flora International (FFI) is the world's longest established international conservation organization. FFI acts to conserve threatened species and ecosystems worldwide, choosing solutions that are sustainable, based on sound science, and take account of human needs. FFI works through partnerships that ensure local ownership and lasting results. Today FFI is active in over 40 countries and has its headquarters in Cambridge, UK.

07/06/2024

🌊🐢 Let's Celebrate World Ocean Day 2024! 🐢🌊

On this special occasion, Fauna & Flora Myanmar's sea turtle conservation project sends a heartfelt message to all ocean lovers around the globe: let's come together to save our beloved sea turtles!

🐢 Sea Turtles are Ocean Ambassadors! 🐢



Send a message to learn more

"မော်တင်ကမ်းရိုးတန်း‌ဒေသ ကြာကန်ကမ်းခြေ၌ ပထမဆုံးအကြိမ် ပင်လယ်လိပ်သားပေါက်များလွှတ်ခြင်း"🐢 2024 ခုနှစ် ဇန်နဝါရီလ 8 ရက်နေ့တ...
22/01/2024

"မော်တင်ကမ်းရိုးတန်း‌ဒေသ ကြာကန်ကမ်းခြေ၌ ပထမဆုံးအကြိမ် ပင်လယ်လိပ်သားပေါက်များလွှတ်ခြင်း"

🐢 2024 ခုနှစ် ဇန်နဝါရီလ 8 ရက်နေ့တွင် မော်တင်ကမ်းရိုးတန်းရှိ ကြာကန် ကမ်းခြေ၌ ပြင်သာလိပ်သားပေါက်များ ပင်လယ်ပြင်သို့ လွှတ်ပေးနိုင်ခဲ့ပါသည်။

🐢 ဤဒေသတွင် ဆယ်စုနှစ် သုံးခုအတွင်း ပင်လယ်လိပ် သားပေါက်များ ပထမအကြိမ်လွှတ်ခြင်းဖြစ်ပါသည်။

🐢အဆိုပါအောင်မြင်မှုသည် 2022 ခုနှစ်တွင် မော်တင်ကမ်းရိုးတန်းတွင် စတင်ခဲ့သော Fauna & Flora - မြန်မာ့ပင်လယ်လိပ်ထိန်းသိမ်းရေးစီမံကိန်းမှ ထွက်ပေါ်လာသော ‌‌ဒေသခံများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အပြုသဘောဆောင်သည့်ရလဒ်များအတွက် သက်သေပြချက်တစ်ခုပင်ဖြစ်ပါသည်။

🐢Fauna & Flora - မြန်မာ့ပင်လယ်လိပ်ထိန်းသိမ်းရေးစီမံကိန်းသည် မော်တင်ကမ်းခြေဒေသရှိ ကျောင်းသူ/သားများနှင့် ‌ဒေသခံပြည်သူများအား ပင်လယ်လိပ် ထိန်းသိမ်းစောက်ရှောက်ရေး အသိပညာမျှဝေခြင်းများ အပါအဝင် ပင်လယ်လိပ်ထိန်းသိမ်း စောင့်ရှောက်ရေး အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပင်လယ်လိပ်တက် ရောက်ဥချသည့် ကမ်းခြေများတွင် သန့်ရှင်းရေး လှုပ်ရှားမှုများ စီစဉ်ဆောင်ရွက်ခြင်း၊ အသိ ပညာပေးပစ္စည်းများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

English Version
"First time Green Turtle Hatching and Release Ceremony of Hatchling on the Mawtin Coast in Myanmar!"

🐢On January 8, 2024, a special event celebrated the release of sea turtle hatchlings at Kyar Kan Beach on the Mawtin Coast. This event marked a significant milestone, as it represented the first batch of Green sea turtle hatchings during 3 decades in this area, resulting the positive outcomes of Fauna & Flora, Myanmar's sea turtle conservation project since initiated on the Mawtin coast in 2022. Out of a total of 76 eggs, an impressive 71 successfully hatched after an incubation period of 46 days.

🐢The Fauna & Flora, Myanmar sea turtle team actively engaged in various conservation initiatives, including raising awareness about sea turtles in schools and among the fishing community. Additionally, we erected sea turtle conservation signboards, organized beach cleaning activities, distribution of awareness materials and hosted a special sea turtle conservation event during the pagoda festival with the purpose of sea turtle protection in this area.





Photo: Fauna & Flora International - Myanmar Programme

တနင်္သာရီ​​ဒေသမှာ အရင်ကမှတ်တမ်းတင်ထားခြင်းမရှိသေးတဲ့ ကျားတ​ကောင်ကို ကင်မရာ​ထောင်​ခြောက်ဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ T...
29/07/2023

တနင်္သာရီ​​ဒေသမှာ အရင်ကမှတ်တမ်းတင်ထားခြင်းမရှိသေးတဲ့ ကျားတ​ကောင်ကို ကင်မရာ​ထောင်​ခြောက်ဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
The international nature conservation charity Fauna & Flora has released footage of a previously unseen Indochinese tiger in southern Myanmar

https://geographical.co.uk/news/new-footage-released-of-unseen-tiger-for-global-tiger-day?fbclid=IwAR3Z9pGKHjP8W8vDT1bqF14XO6WJbrdxAEAaDQj4Lz4_OduqS93muS8vjQQ

Rare sighting of new Indochinese tiger in Myanmar released for Global Tiger Day by Fauna & Flora nature conservation charity

အောက်ချင်းငှက်တို့၏ သား​ပေါက်သည့်ဓ​လေ့၊ သစ်​ခေါင်းအတွင်းအသိုက်၌ အမက ဥဝပ်​နေစဥ် အထီးက ပြင်ပတွင် အစာရှာ​ဖွေ​၍ အမအားကျွေး​မ...
16/06/2023

အောက်ချင်းငှက်တို့၏ သား​ပေါက်သည့်ဓ​လေ့၊ သစ်​ခေါင်းအတွင်းအသိုက်၌ အမက ဥဝပ်​နေစဥ် အထီးက ပြင်ပတွင် အစာရှာ​ဖွေ​၍ အမအားကျွေး​မွေးသည့်မှတ်တမ်း




https://www.instagram.com/reel/Ctg8oyTKssy/?igshid=YmM0MjE2YWMzOA==

“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”ဇွန်လ ၅ ရက်နေ့က “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” (World Environment Day) ဖြစ်ပါတယ်...
05/06/2023

“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”
ဇွန်လ ၅ ရက်နေ့က “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” (World Environment Day) ဖြစ်ပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)က လူသားအားလုံး သဘာဝပတ်ဝန်း ကျင်ရဲ့အရေးပါမှုကို ပိုမိုသိရှိပြီး ထိန်းသိမ်းရေးဆိုင်ရာ အသိစိတ်ဓာတ်များ တိုးမြှင့်စေရန်နဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လျက် ရှိပါတယ်။
ကမ္ဘာ့လူဦးရေ တိုးပွားလာတာနဲ့အမျှ လူသားတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာမှာပလပ်စတစ် လွမ်းမိုးမှု ပိုမိုများပြားလာပြီး ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှုဟာလည်း ဆိုးဝါးစွာဖြစ်ပေါ် နေပါတယ်။
မြန်မာနိုင်ငံမှာလည်း ပလတ်စတစ်စွန့်ပစ်မှုက တဖြည်းဖြည်းမြင့်တက်လာပြီး ထိရောက်တဲ့ အသိပညာပေးမှုအားနည်းတာ၊ စွန့်ပစ်အမှိုက်နဲ့ပတ်သတ်ပြီး စီမံခန့်ခွဲမှု အားနည်းတာတွေကြောင့် ပလတ်စတစ်ညစ်ညမ်းဒဏ်ကိုခံစားနေရပါတယ်။
နေ့စဉ်နဲ့အမျှပလတ်စတစ်အိတ်တွေကို သုံးစွဲပြီး စည်းကမ်းမဲ့ စွန့်ပစ်တာတွေကြောင့် နေရာအတော်များများမှာ တစ်ခါသုံး ပလတ်စတစ်အိတ်၊ ရေသန့်ဘူး ဖော့ဘူးတွေနဲ့ ပိုက်တွေကို လမ်းဘေးဝဲယာတစ်လျှောက်နဲ့ ချောင်းဘေးတွေမှာ တွေ့ရမှာပါ။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မိုးရာသီချိန်မှာ ရေမြောင်းတွေ ပိတ်ဆို့တာ၊ ချောင်းတွေ တိမ်ကောလာပြီး ရေကြီးရေလျှံမှုတွေ မကြာခဏဖြစ်ပေါ်နေတာ ကလည်း ဒေသခံတွေ အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။
ကချင်ပြည်နယ် အင်းတော်ကြီးဒေမှာရှိတဲ့ ကျေးရွာတွေမှာလည်း လူဦးရေတိုးလာတာနဲ့အမျှ ပလတ်စတစ် အမှိုက် သုံးစွဲမှု တစ်ဖြည်းဖြည်း ပိုပိုများလာပါတယ်။
အင်းတော်ကြီးဒေသမှာကြုံနေရတဲ့ စွန့်ပစ်အမှိုက် ပြဿနာတွေကို တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းပေးနိုင်ဖို့ အင်းတော်ကြီးဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (ISDA) က ဦးဆောင်ပြီး အမှိုက်များကို နေ့စဉ် အိမ်တိုင်ရာရောက်စနစ်နဲ့ လိုက်လံသိမ်းဆည်းပေးနေပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးများနဲ့ ကလေးသူငယ်တွေကို အမှိုက်ခွဲခြားစွန့်ပစ်နိုင်ဖို့ ရည်ရွယ်ပြီး ISDA Youth အသင်းမှ လူငယ်လေးများနဲ့ ပူးပေါင်းကာ နှစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ကမ်ပိန်းတွေကို လမ်းဘေးဝဲယာနဲ့ ချောင်းနဘေး ၊တံတားနား၊ ကမ်းစပ်စတဲ့ နေရာမှာ အမှိုက်ရှင်ရင်း ပညာလည်းပေး အစီအစဥ်တွေနဲ့ ပညာပေး ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ လုပ်ဆောင်နေကြပါတယ်။
ဒါ့အပြင် လူစည်ကားရာ နေရာတွေမှာ ပလတ်စတစ်အမှိုက်စွန့်ပစ်မှုဆိုင်ရာ ပညာပေးဆိုင်းဘုတ်တွေ စိုက်ထူပြီး အများပြည်သူကို အသိပညာပေးလျက်ရှိပါတယ်၊
အင်းတော်ကြီးဒေသ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ စွန့်ပစ်အမှိုက်ပညာပေးမှုအကျိုးရလဒ်အနေနဲ့ ကျေးရွာအိမ်ထောင်စုအချို့က ဒေသခံတွေက အမှိုက်ရဲ့ဆိုးကျိုးကို ပိုနားလည် သိရှိလာပြီး ပလတ်စတစ်နဲ့ ဖန်ကွဲစအမှိုက်တွေကို စတင်ခွဲခြားစွန့်ပစ်လာကြပြီး၊ အိမ်ရှင်မအချို့ကလည်း စျေးဝယ်ရာမှာ ပလတ်စတစ်အစား ဈေးခြင်းဆွဲကာ ပလတ်စတစ်အိတ် မယူတဲ့နည်းနဲ့ ပါဝင်လာကြတာတွေ့ရပါတယ်။
လူသားတို့ရဲ့ကျန်းမာရေးကို ခြိမ်းခြောက်ရုံသာမက ကုန်းနေ၊ ရေနေ သက်ရှိသတ္တဝါများကို ဆိုးကျိုးဖြစ်စေပြီး သဘာဝဘေးအန္တရာယ်တွေကို ဖြစ်ပေါ်စေတဲ့ တစ်ခါသုံး ပလတ်စတစ်ထုတ်လုပ်ခြင်းနဲ့ အလွန်အကျွံ သုံးစွဲခြင်း တို့ကို လျင်မြန်စွာ လျှော့ချဖို့ ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ ပါဝင်မှုများ ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် ဇွန် ၅ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြပါစို့”ဆိုတာနဲ့ အညီ ပလပ်စတစ် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၊ အဖွဲ့အစည်း၊ စက်မှုလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာ ဌာနအသီးသီးက တက်ညီလက်ညီနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


"ထိန်းသိမ်းဖို့လိုလာတဲ့ ရေချိုဂေဟစနစ်သန့်ရှင်းသူတို့ ရှင်သန်ရေး"     “မင်းအဖေ မိုး‌ရေနှင့် အတူဆင်းခဲ့လို့ မှာခဲ့သည်” ဆို...
05/04/2023

"ထိန်းသိမ်းဖို့လိုလာတဲ့ ရေချိုဂေဟစနစ်သန့်ရှင်းသူတို့ ရှင်သန်ရေး"
“မင်းအဖေ မိုး‌ရေနှင့် အတူဆင်းခဲ့လို့ မှာခဲ့သည်” ဆိုတဲ့ရှေးရေလုပ်သားတို့ရဲ့ စကားပုံအရ မြန်မာမျိုးရင်း လေးကွက်လိပ်သားပေါက်လေးတွေက မိုးဦးကျပြီဆိုတာနဲ့ မိုးရေနဲ့အတူ ရေထဲဆင်းကြပါတယ်။
မြစ်၊ ချောင်း၊ အင်းအိုင်ဘေးတွေက သဲသောင်ပြင်၊ ရွံ့ပျော့၊ နုန်းဆန်တဲ့ နေရာတွေမှာဥ ဥချတက်ပြီး ၊မိုးဦးကျမှာ အကောင်ပေါက်တဲ့ မြန်မာမျိုးရင်းလေးကွက်လိပ်တွေ က ကချင်ပြည်နယ် ၊ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီ၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေထိုင်ကျက်စားကြတဲ့ မှတ်တမ်းတွေရှိပါတယ်။
လေးကွက်လိပ်တွေက ကန်၊ ရေအိုင် စတဲ့ ရေငြိမ်တဲ့နေရာတွေကို နှစ်သက်သလို မြစ်ချောင်းစတဲ့ ရေစီးရေလာကောင်းတဲ့နေရာတွေကိုလည်းနှစ်သက်ကြတယ်။
ကမ္ဘာနဲ့ အဝှမ်း လိပ်မျိုးစိတ်ပေါင်း ၃၀၀ခန့်ပေါက်ပွားရှင်သန်နေထိုင်ပြီး၊ မြန်မာနိုင်ငံမှာတော့ ပင်လယ်လိပ် ၅မျိုး၊ ကုန်းလိပ်နဲ့ ရေလိပ် ၂၆ မျိုး စုစုပေါင်း ၃၁မျိုးနေထိုင်ကျက်စားပါတယ်။
ရေလိပ်အမျိုးအစားတွေထဲ တစ်ကမ္ဘာလုံးအနက် မြန်မာတစ်နိုင်ငံထဲတွေ့ရတဲ့ လိပ်ပျော့အမျိုးအစား Myanmar peacock (Myanmar peacock softshell turtle Nilssonia formosa) လေးကွက်လိပ် (သို့) ဒေါင်းမြီးကွက်လိပ် (သို့) ဝလေးလုံးလိပ် (သို့) ခေါင်းသေးလိပ် က အကောင်အရေ အလွန်အမင်းလျော့နည်း နေတာကြောင့် အပြည်ပြည် ဆိုင်ရာ သဘာဝအရင်းအမြစ် များထိန်းသိမ်းရေးအဖွဲ့-IUCN red list မှာ ပြုန်းတီးလုနီးပါးအခြေရှိ နေတဲ့ သတ္တဝါ(Critically Endangered, CR) အဖြစ် သတ်မှတ်ထားပါတယ်။
ကောင်ရေလျော့နည်းရခြင်းက ပြည်ပနိုင်ငံတွေကို တရားမဝင်တင်ပို့ရောင်းချတာ၊ ပြည်တွင်းမှာလည်း အကြောင်း အမျိုးမျိုးနဲ့ သတ်ဖြတ်စားသုံး‌တာ၊ ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးမြေချဲ့ ထွင်တာ တွေ ကြောင့် နေထိုင်ကျက်စားရာနေရာ ပျက်ဆီးတာအပြင်ရေချိုလိပ်ပျော့တွေက ငါးဖမ်းပိုက်တွေမှာ ဖမ်းမိထားတဲ့ ငါးတွေကို စားသုံးကြတယ်ဆိုတဲ့ အယူအဆလွဲတွေနဲ့ ရေလုပ်သားတွေရဲ့ သတ်ဖြတ် စားသောက်ခြင်း ကိုလည်းခံရပါတယ်။
ရေချိုလိပ်ပျော့တွေက ရေဂေဟစနစ်ကို ကောင်းမွန်စေတဲ့အတွက် ငါး၊ ပုစွန်အပါအဝင် အခြားသတ္တဝါများ ရှင်သန်စေဖို့ အခွင့် အရေးပိုကောင်းစေပြီး၊ ရေချိုဂေဟစနစ်နဲ့ ရေလုပ်သားတွေအတွက် အကျိုးပြုတဲ့ မျိုးစိတ် တွေဖြစ်ပါတယ်။
ဒါ့အပြင်ရေချိုလိပ်ပျော့တွေက ရေထဲမှာရှိတဲ့ တိရစ္ဆာန်အသေကောင်တွေ အညစ်အကြေး တွေကို စားသုံးပေး ပြီးရေဂေဟစနစ် ကို ကောင်းအောင်ပြုလုပ်ပေးနိုင်တဲ့အတွက် Scavenger ခေါ် သန့်ရှင်းရေးသတ္တဝါ လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။
ရေချိုလိပ်ပျော့တွေက မြစ် ချောင်း အင်းတွေမှာ ငါးသယံဇာတ ပေါကြွယ်ဝမှုကို ဖော်ပြပေးတဲ့ သဘာဝ ညွှန်းကိန်းဖြစ်တာကြောင့် ရေချိုဂေဟစနစ်နှင့် ရေလုပ်သားတွေကို အကျိုးပြု မြန်မာမျိုးရင်း လေးကွက်လိပ် တွေရဲ့အသားနဲ့ ဥများကို ရောင်းဝယ်ဖောက်ကားမှု စားသုံးမှု မပြုဘဲ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေ ပါတယ်။ ၎င်းတို့​နေထိုင်ကျက်စားသည့်​နေရာများနဲ့ဥဥသား​ပေါက်သည့်​သဲ​သောင်ပြင်များအားလည်းထိန်းသိမ်းရန်လိုအပ်​နေပါတယ်။




Photos: FFI

"မျက်ခုံးဖြူမျောက်လွှဲကျော်ထိန်းသိမ်းရေးဆောင်ရွက်နေသော ကော်ဖီတောင်သူများ"အရှိုချင်းတိုင်းရင်းသားများ နေထိုင်ကြတဲ့ မကွေးတ...
10/03/2023

"မျက်ခုံးဖြူမျောက်လွှဲကျော်ထိန်းသိမ်းရေးဆောင်ရွက်နေသော ကော်ဖီတောင်သူများ"
အရှိုချင်းတိုင်းရင်းသားများ နေထိုင်ကြတဲ့ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပေါက်စတောင်နှင့် ပတ်ဝန်းကျင်မှာရှိတဲ့ သစ်တောများက မျိုးသုန်းရန် အန္တရာယ်ရှိတဲ့အနောက်ဘက်မျက်ခုံးဖြူ မျောက်လွှဲကျော်တွေ အပါအဝင် ရှားပါးမျိုးစိတ်များစွာ နေထိုင်ကျက်စားရာ ဒေသ တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းက အသက်မွေးဝမ်းကြောင်းအတွက် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း မှီခိုခဲ့ကြရတဲ့အတွက် လူဦးရေ တိုးပွားလာသည့်နှင့်အမျှ ရွှေ့ပြောင်းတောင်ယာ များလည်းတဖြည်းဖြည်း များပြား လာခဲ့ပါတယ်။ မိသားစုအနည်းငယ်သာ နှစ်ရှည်သီးနှံများစိုက်ပျိုးမှုရှိပါတယ်။ ရွှေ့ပြောင်းတောင်ယာလျော့ချရေး အတွက် ဒေသခံများ နှစ်ရှည်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ၂၀၁၂ခုနှစ် မှ စတင်ပြီး FFI အဖွဲ့က ရံပုံငွေနဲ့နည်းပညာပံ့ပိုးမှုများ ပြု‌လုပ်ပေးခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာစတင်ပြီး အဓိကနှစ်ရှည်သီးနှံအဖြစ် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်ပံ့ပိုးပေးခဲ့ပါတယ်။
ဒေသခံများက ဝဥ၊ ငရုတ်ကောင်း၊ ကဗ္ဗလာ၊ ထောပတ်နဲ့အခြားသီးနှံတွေလည်းစိုက်ပျိုးကြပေမယ့် ကော်ဖီက စျေးကွက် မှာဝင်ငွေရ အရည်အသွေးမြင့် သီးနှံဖြစ်တဲ့အပြင် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ နေထိုင်နိုင်ခြင်းကြောင့် ကော်ဖီစိုက်ပျိုးရေးကို ‌ဦးစားပေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကော်ဖီသီးနှံက အရိပ်လိုတာကြောင့် သစ်တောသစ်ပင်များကို ထပ်မံခုတ်ယူချဲ့ထွင်ခြင်း မပြုတော့ခြင်း၊ယခင်ကရွှေ့ပြောင်းတောင်ယာ လုပ်ဆောင်ခဲ့တဲ့နေရာတွေမှာ သစ်ပင်တွေကို ပြန်လည်စိုက်ပျိုးနိုင်ခြင်းကြောင့် သစ်တောများနဲ့ဇီဝမျိုးစိတ်တွေပါ တပါတည်း ထိန်းသိမ်းသွားနိုင်မှာပဲဖြစ်ပါတယ်။
ပေါက်စတောင်ဒေသမှာရှိတဲ့ ကျေးရွာ (၁၈)ရွာက ဧက နှစ်ထောင်ကျော်မှာ ကော်ဖီစိုက်ပျိုး ရေးကိုလုပ်ဆောင်ခဲ့ရာ၊ ဒေသခံတွေ စိတ်ဝင်စားမှုမြင့်လာပြီး ကော်ဖီစိုက်ပျိုးမှုက တဖြည်းဖြည်းတွင်ကျယ်လာခဲ့ သလို စျေးကွက်လည်း ရရှိလာတဲ့အတွက် သာမန်ရိုးကျ ကော်ဖီစိုက်ပျိုးမှုကနေ သြဂဲနစ် စိုက်ပျိုးရေးအဖြစ် လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်က စတင်ပြောင်းလဲ လုပ်ဆောင်လျက်ရှိပါတယ်။ လုပ်ကွက်ငယ်တောင်သူတွေနဲ့ကိုက်ညီတဲ့ PGS (Participatory Guarantee System-စုပေါင်း ပါဝင်အကဲဖြတ်၍ သြဂဲနစ်လက်မှတ်ထုတ်ပေးခြင်း)စနစ်ကို ဆောင်ရွက်ပါတယ်။
သြဂဲနစ်နည်းစနစ် ကူးပြောင်းပြီးနောက် တနှစ်ကျော်ကာလအတွင်းမှာ တောင်သူ (၁၀၅)ဦးကို PGS သြဂဲနစ် အသိအမှတ်ပြုလက်မှတ်ပေးအပ်နိုင်ခဲ့ပြီး၊ အသိအမှတ်ပြုလက်မှတ် ထပ်မံပေးအပ်မဲ့ တောင်သူတွေလည်းရှိသလို ၊ PGS နည်းစနစ်အတိုင်း စိုက်ပျိုးကြမယ့် တောင်သူတွေ လည်းရှိနေပြီဖြစ်ပါတယ်။
ဒေသခံတောင်သူတွေစိုက်ပျိုးတဲ့ ကော်ဖီကစျေးကွက်မှာ တဖြည်းဖြည်းတွင်ကျယ်လာပြီး ၂၀၁၈ခုနှစ်မှစကာ တစ်နှစ် ထက်တစ်နှစ်စျေးကောင်းရရှိလာခဲ့သလို၊ ကော်ဖီကုမ္ပဏီတွေလည်း ချိတ်ဆက်ဝယ်ယူမှုတွေများပြားလာပါတယ်။
အထူးသဖြင့် ၂၀၂၁-၂၀၂၂ နဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ ထွက်ရှိတဲ့ ကော်ဖီက အရည်အသွေးလည်း ပိုကောင်းလာသလို တောင်သူတွေမှာလည်းဝင်ငွေအားဖြင့် သိသိသာသာ တိုးတက်လာပါတယ်။
ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် နှစ်ရှည်သီးနှံ သြဂဲနစ် ကော်ဖီစိုက်ပျိုးမှုပိုအားကောင်းလာစေဖို့ နိုင်ငံတကာအသိအမှတ်ပြု Wildlife Friendly Certificate ရရှိဖို့ ကြိုးစားနေပြီး၊ နိုင်ငံတကာစျေးကွက် ရှာဖွေရေးတွေလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။
Photos: FFI



24/10/2022

2022
#အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များနေ့၂၀၂၂
မြန်မာနိုင်ငံ၌အဓိကတွေ့ရသောမျက်ခုံးဖြူမျောက်လွှဲကျော်များအကြောင်းတင်ပြအပ်ပါသည်။

24/10/2022

2022
#အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များနေ့၂၀၂၂
မြန်မာနိုင်ငံ၌အဓိကတွေ့ရသောမျက်ခုံးဖြူမျောက်လွှဲကျော်များအကြောင်း‌ အောက်ပါအတိုင်းတင်ပြအပ်ပါသည်။


Address

34 D/9 San Yae Twin Street, Kaba Aye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+95973194749

Alerts

Be the first to know and let us send you an email when Fauna & Flora International - Myanmar Programme posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Fauna & Flora International - Myanmar Programme:

Shortcuts

Share