15/08/2026
# AGM # 15.8.2026
မြန်မာနိုင်ငံအလှကုန်အသင်း၏ အဌမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ၁၅.၈.၂၀၂၆ ( စနေနေ့)၌ ကျင်းပပြုလုပ်ခဲ့ပါတယ်.
အစည်းအဝေးသို့ ဖိတ်ကြားထားသည့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ နှင့် ဒုတိယဥက္ကဌ များ တွဲဖက်အတွင်းရေးမှူးများ၊ တွဲဖက်စာရင်းစစ်များ၊ ဗဟိုအလုပ်အမှုဆောင်များ ၊ အလှကုန်အသင်း နာယကများ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ မိတ်ဖက်အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံအလှကုန်အသင်း ဥက္ကဌ ဒေါက်တာ စုလှဟန်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းမှလည်း အမှာစကား တတ်ရောက်ချီးမြှင့်.ပေးခဲ့ပါသည်။
အစည်းအဝေးပြီးနောက် တက်ရောက်လာကြသည့် အသင်း၀င်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ ကို ရင်းရင်းနှီးနှီးဖြင့် နေ့လည်စာကို Park Royal Hotel တွင် တည်ခင်းဧည့်ခံခဲ့ပါသည်။
AGM ဖြစ်မြောက်ရေးအတွက် အလှူငွေများ ၊ လက်ဆောင်ပစ္စည်းများကို သဒ္ဒါတရား ထက်သန်စွာ ပံ့ပိုးကူညီခဲ့ကြသော အလုပ်အမှုဆောင် အသင်းဝင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Annual General Meeting