Take Your Time

Take Your Time Youth Chances by Take Your Time ⏳
https://www.youtube.com/channel/UCX7HrkjFiwXyV6FN3QG0MGw A paradise for youth development and opportunities platform.

🇮🇹 အီတလီမှာ ပညာသင်ကြားရင်း အနာဂတ်ကို ထုဆစ်ဖို့ အခွင့်အရေး... 🎓✨အီတလီနိုင်ငံရဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ ပညာသင်ယူရင်း ကိ...
21/05/2026

🇮🇹 အီတလီမှာ ပညာသင်ကြားရင်း အနာဂတ်ကို ထုဆစ်ဖို့ အခွင့်အရေး... 🎓✨

အီတလီနိုင်ငံရဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ ပညာသင်ယူရင်း ကိုယ့်ရဲ့ career အိမ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ Timers လေးတွေအတွက် တကယ့်သတင်းကောင်းတစ်ခု ရှိပါတယ်။

ရန်ကုန်မြို့ရှိ အီတလီသံရုံး (Embassy of Italy in Yangon) နဲ့ Myanma Awba Group တို့ ပူးပေါင်းပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Scholarship အသစ် ၄ ခုကို ပေးအပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ နယ်ပယ်တွေမှာ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီးပဲဖြစ်ပါတယ်။

💡 ဘယ်လိုဘာသာရပ်တွေအတွက် ပေးတာလဲ?

Bachelor’s သို့မဟုတ် Master’s Degree တွေအတွက် အောက်ပါဘာသာရပ်တွေနဲ့ အီတလီတက္ကသိုလ်တွေမှာ တက်ရောက်ရမှာဖြစ်ပါတယ်-

Agriculture
Environment
Sustainability & sustainability-related subjects
Food Security & Food-related sciences

⏰ ဘယ်လိုလျှောက်ရမလဲ?

လျှောက်ထားလိုတဲ့ Timers လေးတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေနဲ့ လိုအပ်ချက်တွေကို အောက်က Link မှာ အရင်ဆုံး သေချာဖတ်ရှုပြင်ဆင်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ထက် နောက်မကျဘဲ လျှောက်ထားရမှာဖြစ်ပါတယ်။

📧 လျှောက်ထားရန် Email: [email protected]
🌐 အသေးစိတ်ဝင်ရောက်ဖတ်ရှုရန် Link: https://ambyangon.esteri.it/en/news/dall_ambasciata/2026/05/scholarships-for-myanmar-students-awarded-by-the-embassy-of-italy-in-yangon-in-partnership-with-awba-group-call-for-applications-for-the-academic-year-2026-27/

အခွင့်အရေးဆိုတာ အမြဲကြိုးစားသူတွေဆီကိုပဲ အရင်ရောက်လာတတ်တာမို့လို့ လက်လွှတ်မခံဘဲ အမိအရဖမ်းဆုပ်နိုင်ကြပါစေကြောင်း Take Your Time မိသားစုက ဆုတောင်းပေးလိုက်ပါတယ်နော်။

ဒီလိုအခွင့်အရေးမျိုးကို စိတ်ဝင်စားမယ့် ကိုယ့်ရဲ့ သူငယ်ချင်းလေးတွေကိုလည်း Mention ခေါ်ပြီး မျှဝေပေးလိုက်ပါဦးနော်။ 💚

ပညာသင်ဆု (Scholarship) ရှာနေတဲ့ မြန်မာကျောင်းသား/သူများအတွက် အခွင့်အလမ်းကောင်းတစ်ခု! 🎓🌟Timers လေးတို့အနေနဲ့ အွန်လိုင်းကန...
20/05/2026

ပညာသင်ဆု (Scholarship) ရှာနေတဲ့ မြန်မာကျောင်းသား/သူများအတွက် အခွင့်အလမ်းကောင်းတစ်ခု! 🎓🌟

Timers လေးတို့အနေနဲ့ အွန်လိုင်းကနေ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီတစ်ခုကို ကုန်ကျစရိတ်သက်သာစွာနဲ့ တက်ရောက်ချင်တယ်ဆိုရင်တော့ University of the People (UoPeople) က ပေးအပ်နေတဲ့ Myanmar Scholarship Fund လေးအကြောင်းကိုမျှဝေပေးချင်ပါတယ်။

📍အဓိကအချက်များကတော့
* မြန်မာကျောင်းသားအသစ်များအတွက် သီးသန့်ဖြစ်ပါတယ်။
* Associate Degree Programs အတွက် စာမေးပွဲကြေး (Assessment Fees) ၁၀ ကြိမ်စာအထိ ထောက်ပံ့ပေးမှာဖြစ်ပြီး သက်တမ်းတိုးခွင့်လည်း ရှိပါတယ်။
* ကျောင်းဝင်ခွင့် (Student Application) အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါတယ် ခင်ဗျ။

ဇွဲ၊ လုံ့လရှိပြီး အမြဲလေ့လာသင်ယူနေတဲ့ မြန်မာလူငယ်တွေအတွက် အသိအမှတ်ပြု ဘွဲ့ဒီဂရီတစ်ခု ရရှိဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်တာကြောင့် စိတ်ဝင်စားရင် အမြန်ဆုံး လျှောက်ထားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ 💻✨

🔗 Link to apply - https://www.uopeople.edu/ tuition-free/scholarships/myanmar-scholarship-fund/? fbclid=IwY2xjawR2baNIeHRuA2FIbQIxMABic
mlkETBwWWdqOU9wS280SENzZDUzc3JOY
wZhcHBfaWQQMjlyMDM5MTc4ODIwMDg5M
gABHj-
BIkZR7LcVBPwOypu4T7Nw7TEIfMU4uOGEp
AXc3MnnwkleJ25zZ8JwZr6w_aem_khKDJey
r_6eLGkzrD7onMg&sfnsn=scwspmo

ချင်းမိုင်တက္ကသိုလ်၊ မြန်မာဘာသာဌာနအတွက် ကထိကခေါ်ယူတဲ့ သတင်း update လေးပါဗျ၊ အစိုးရဌာနကနေ နားထားတဲ့သူဆိုတာ ထိုင်းအစိုးရကိ...
20/05/2026

ချင်းမိုင်တက္ကသိုလ်၊ မြန်မာဘာသာဌာနအတွက် ကထိကခေါ်ယူတဲ့ သတင်း update လေးပါဗျ၊ အစိုးရဌာနကနေ နားထားတဲ့သူဆိုတာ ထိုင်းအစိုးရကိုဆိုလိုခြင်းဖြစ်တယ်လို့ Faculty of Humanities, Chiang Mai University က ပြန်ရှင်းပြထားပါတယ်၊ Take Your Time ကို ကြည့်ရှုလေ့လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 🙆

🐘 ချင်းမိုင်တက္ကသိုလ်၊ မြန်မာဘာသာဌာနကနေ လစာ ထိုင်းဘတ်ငွေ (၄၁,၀၀၀) နဲ့ ကထိက (lecturer) တစ်ဦးခေါ်ယူနေပါတယ် Timers တို့ရေ ... ✨

Burmese Division, Department of Oriental Studies, Faculty of Humanities, Chiang Mai University ကနေ ခေါ်ယူနေတာဖြစ်ပြီး လျှောက်ထားလိုသူဟာ -

✓ မြန်မာဘာသာစကား သို့မဟုတ် မြန်မာ့လူအဖွဲ့အစည်းနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်များတွင် ပါရဂူဘွဲ့ (Doctoral degree) သို့မဟုတ် ၎င်းနှင့် ညီမျှသော ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

✓ ပါရဂူဘွဲ့အတွက် တင်သွင်းခဲ့သော ကျမ်း (Dissertation) သည် မြန်မာဘာသာစကား သို့မဟုတ် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ခေါင်းစဉ်တစ်ခုခု ဖြစ်ရမည်။

✓ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အချင်းစစ်ဆေးချက် ရလဒ် (English proficiency test) ကို အစမ်းခန့်ကာလသတ်မှတ်သည့်နေ့မှစတင်၍ တစ်နှစ်အတွင်း တင်သွင်းပေးရမည်။ > မှတ်ချက်၊ သတ်မှတ်ထားသော ကာလအတွင်း တင်ပြရန် ပျက်ကွက်ပါက တက္ကသိုလ်ဝန်ထမ်း ခန့်အပ်မှုစာချုပ်အား အလိုအလျောက် ရပ်စဲမည် ဖြစ်သည်။

✓ လျှောက်ထားသူသည် အထွေထွေအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပြီး ချင်းမိုင်တက္ကသိုလ် ဝန်ထမ်းစီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်းများ (B.E. 2567 / Year 2024, Clause 11) တွင် ကန့်သတ်တားမြစ်ထားသော အချက်များ မရှိစေရ။

✓ အစိုးရဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစားမတိုင်မီ ကြိုတင်အနားယူခြင်း အစီအစဉ် (Early retirement) သို့မဟုတ် အလားတူအစီအစဉ်မျိုးဖြင့် အနားယူထားသူ မဖြစ်ရပါ။

⚠️⚠️⚠️ Updated - ထိုင်းအစိုးရကိုဆိုလိုခြင်းဖြစ်ပါတယ်လို့ Faculty of Humanities, Chiang Mai University က ပြန်လည်ဖြေရှင်းထားပါတယ်။

ဒီသတင်းကို မြန်မာလူငယ်တွေနဲ့ အခွင့်အရေးနဲ့ထိုက်တန်သူအားလုံးသိရအောင် mention လုပ်တာ၊ share လုပ်တာမျိုးတွေနဲ့ ဝိုင်းဝန်းကူညီပေးလိုက်ကြရအောင်ခင်ဗျာ

အွန်လိုင်းလျှောက်လွှာတင်ရန် - https://hr.oop.cmu.ac.th/recruitment/

အသေးစိတ်ဖတ်ရှုရန် - https://cmu.to/EV170021

📌 လျှောက်လွှာကို ဒီနေ့ကနေစတင်ဖွင့်ပေးလိုက်ပြီဖြစ်ပြီး ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်။

အားလုံးပဲ ကံကောင်းကြပါစေ Timers တို့ရေ ...


#အလုပ်ခေါ်စာ #ကထိကရာထူး #မြန်မာဘာသာဌာန #ချင်းမိုင်တက္ကသိုလ်

20/05/2026

🎓 ထိုင်းနိုင်ငံမှာ Scholarship နဲ့ International University တက်ချင်တဲ့သူတွေအတွက် သတင်းကောင်းလေးလာပါပြီနော် ❤️📣

Myanmar students တွေရွေးချယ်မှုများတဲ့ Rangsit University ရဲ့ August Intake ကို အခုစပြီးလျှောက်ထားလို့ရနေပါပြီရှင့် ✨

အခုဆိုရင် Rangsit International ဘက်က Tuition Fees 50% Scholarship ကိုလည်း Officially ဖွင့်ပေးနေပြီဖြစ်လို့ လျှောက်ထားဖို့အခွင့်အရေးကောင်းလေးရနေပါပြီနော် 😱🎉

ထိုင်းနိုင်ငံ Pathum Thani မှာတည်ရှိတဲ့ Rangsit University ဟာ Campus ကျယ်ဝန်းပြီး Design Building တွေလှပတဲ့အပြင် မြန်မာ community များတာကြောင့် Myanmar students တွေအတွက် နေရတာအဆင်ပြေပါတယ် 🫶🇲🇲
Engineering, Business, IT, Design, Media, Tourism အစရှိတဲ့ Major မျိုးစုံကိုလည်းရွေးချယ်နိုင်ပြီး Computer Game & Esport, Photography & Media Art, Communication Design လို Major အသစ်တွေလည်းဖွင့်ထားပါတယ် 🎮📸✨

ကျောင်းလျှောက်ဖို့အတွက်တော့
✅ Passport
✅ ဆယ်တန်းအောင်လက်မှတ် (သို့) GED / Diploma
✅ English Certificate B2 Level
တို့လိုအပ်ပါမယ်ရှင့် 📄

Rangsit University August Intake နဲ့ Scholarship အတွက် အသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်တော့ Take Your Time ကို အခုပဲဆက်သွယ်မေးမြန်းလို့ရပါတယ်နော်။

Ph 09796730412
Address -အမှတ် 101၊ 39 လမ်း၊ အောက်ဘလောက်၊ ကျောက်တံတားမြို့နယ် ၊ရန်ကုန်။



🐘 ချင်းမိုင်တက္ကသိုလ်၊ မြန်မာဘာသာဌာနကနေ လစာ ထိုင်းဘတ်ငွေ (၄၁,၀၀၀) နဲ့ ကထိက (lecturer) တစ်ဦးခေါ်ယူနေပါတယ် Timers တို့ရေ ....
19/05/2026

🐘 ချင်းမိုင်တက္ကသိုလ်၊ မြန်မာဘာသာဌာနကနေ လစာ ထိုင်းဘတ်ငွေ (၄၁,၀၀၀) နဲ့ ကထိက (lecturer) တစ်ဦးခေါ်ယူနေပါတယ် Timers တို့ရေ ... ✨

Burmese Division, Department of Oriental Studies, Faculty of Humanities, Chiang Mai University ကနေ ခေါ်ယူနေတာဖြစ်ပြီး လျှောက်ထားလိုသူဟာ -

✓ မြန်မာဘာသာစကား သို့မဟုတ် မြန်မာ့လူအဖွဲ့အစည်းနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်များတွင် ပါရဂူဘွဲ့ (Doctoral degree) သို့မဟုတ် ၎င်းနှင့် ညီမျှသော ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

✓ ပါရဂူဘွဲ့အတွက် တင်သွင်းခဲ့သော ကျမ်း (Dissertation) သည် မြန်မာဘာသာစကား သို့မဟုတ် မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ခေါင်းစဉ်တစ်ခုခု ဖြစ်ရမည်။

✓ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အချင်းစစ်ဆေးချက် ရလဒ် (English proficiency test) ကို အစမ်းခန့်ကာလသတ်မှတ်သည့်နေ့မှစတင်၍ တစ်နှစ်အတွင်း တင်သွင်းပေးရမည်။ > မှတ်ချက်၊ သတ်မှတ်ထားသော ကာလအတွင်း တင်ပြရန် ပျက်ကွက်ပါက တက္ကသိုလ်ဝန်ထမ်း ခန့်အပ်မှုစာချုပ်အား အလိုအလျောက် ရပ်စဲမည် ဖြစ်သည်။

✓ လျှောက်ထားသူသည် အထွေထွေအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပြီး ချင်းမိုင်တက္ကသိုလ် ဝန်ထမ်းစီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်းများ (B.E. 2567 / Year 2024, Clause 11) တွင် ကန့်သတ်တားမြစ်ထားသော အချက်များ မရှိစေရ။

✓ အစိုးရဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစားမတိုင်မီ ကြိုတင်အနားယူခြင်း အစီအစဉ် (Early retirement) သို့မဟုတ် အလားတူအစီအစဉ်မျိုးဖြင့် အနားယူထားသူ မဖြစ်ရပါ။

⚠️⚠️⚠️ Updated - ထိုင်းအစိုးရကိုဆိုလိုခြင်းဖြစ်ပါတယ်လို့ Faculty of Humanities, Chiang Mai University က ပြန်လည်ဖြေရှင်းထားပါတယ်။

ဒီသတင်းကို မြန်မာလူငယ်တွေနဲ့ အခွင့်အရေးနဲ့ထိုက်တန်သူအားလုံးသိရအောင် mention လုပ်တာ၊ share လုပ်တာမျိုးတွေနဲ့ ဝိုင်းဝန်းကူညီပေးလိုက်ကြရအောင်ခင်ဗျာ

အွန်လိုင်းလျှောက်လွှာတင်ရန် - https://hr.oop.cmu.ac.th/recruitment/

အသေးစိတ်ဖတ်ရှုရန် - https://cmu.to/EV170021

📌 လျှောက်လွှာကို ဒီနေ့ကနေစတင်ဖွင့်ပေးလိုက်ပြီဖြစ်ပြီး ဇွန်လ (၁၅)ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်။

အားလုံးပဲ ကံကောင်းကြပါစေ Timers တို့ရေ ...


#အလုပ်ခေါ်စာ #ကထိကရာထူး #မြန်မာဘာသာဌာန #ချင်းမိုင်တက္ကသိုလ်

UTCC x RSB France 3+1 Double Degree Program အကြောင်း သိပြီးကြပြီလား? 🎓✨ထိုင်းနိုင်ငံရဲ့ နာမည်ကြီး UTCC မှာ ကျောင်းတက်ရင်...
19/05/2026

UTCC x RSB France 3+1 Double Degree Program အကြောင်း သိပြီးကြပြီလား? 🎓✨

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး UTCC မှာ ကျောင်းတက်ရင်း ဥရောပအထိ ဘွဲ့သွားယူချင်သူများအတွက် အထူးသတင်းကောင်းပါ။ UTCC BBA ကနေ ပြင်သစ်နိုင်ငံရဲ့ Top 100 Business School တစ်ခုဖြစ်တဲ့ Rennes School of Business (RSB) နဲ့ ပူးပေါင်းပြီး ၃ နှစ် + ၁ နှစ် Double Degreeကို စတင်လျှောက်ထားနိုင်ပါပြီ။

📌 UTCCက ဘွဲ့အပြင် ကမ္ဘာ့အဆင့်မီ RSB (France) က ဘွဲ့ကိုပါ တစ်ပြိုင်နက် ရရှိမှာဖြစ်ပါတယ်
UTCC BBA တက်ရောက်ပြီး တတိယနှစ်ရောက်မှ Academic Advisor နဲ့ တိုင်ပင်ကာ Double Degree ပြောင်းလဲရွေးချယ်နိုင်ပါတယ်

ကျောင်းလခအနေနဲ့က RSB France အတွက် ပုံမှန်ထက် သက်သာတဲ့ Special Price 9,775 Euros (~369,000 THB) သာ ကျသင့်မည်။ (UTCC ရဲ့ ပုံမှန်ကျောင်းလခ 652,150 THB ကတော့ သီးသန့် ပေးသွင်းရပါမယ်)
မှတ်ချက်- ကျောင်းလခသည် နှစ်စဉ် 5% ခန့် တိုးနိုင်သဖြင့် Update ပြန်စစ်ရန် လိုအပ်ပါသည်။

🗓️ 2026 Intake Deadlines:
June Intake: 10th May 2026
August Intake: 20th July 2026 (Applying Now!)

Admission, Visa, Accommodation အားလုံးကို အစအဆုံး Free အခမဲ့ အကြံဉာဏ်ပေး စီစဉ်ပေးနေတာမို့ Take Your Time မှာ အသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Ph -09796730412
Address - အမှတ် 101၊ 39 လမ်း၊ အောက်ဘလောက်၊ ကျောက်တံတား မြို့နယ် ၊ရန်ကုန်။

👨‍💻Meta ရဲ့ layoff list က အပြီးသတ်ထားပြီးသားလို့ insiders တွေက ပြောနေကြပါတယ်။ D1, D2 managers တွေတောင် ဘယ်သူတွေထိမလဲဆိုတ...
19/05/2026

👨‍💻Meta ရဲ့ layoff list က
အပြီးသတ်ထားပြီးသားလို့ insiders တွေက
ပြောနေကြပါတယ်။

D1, D2 managers တွေတောင်
ဘယ်သူတွေထိမလဲဆိုတာ သိနေကြပြီး၊
employees တွေကတော့
cuts တွေဟာ performance score ကြောင့်လား၊
tenure ကြောင့်လား၊ org structure ကြောင့်လား၊
ဒါမှမဟုတ် spreadsheet logic နဲ့ပဲ
ဆုံးဖြတ်ထားတာလားဆိုပြီး ခန့်မှန်းနေကြတယ် ❓

အခုတော့ အဲ့ဒီ rumors တွေက reality ဖြစ်လာပါပြီ။

Meta ဟာ ဒီအပတ်ကစပြီး workforce ရဲ့
10% ဝန်းကျင် ဝန်ထမ်း 8,000 လောက် ကို
layoff ဖို့ plan ချနေပါတယ်။

Facebook နဲ့ Instagram ရဲ့ parent company ဖြစ်တဲ့ Meta က AI race ကို aggressively push လုပ်ဖို့
massive restructuring စတင်နေပြီး
previously opened roles
6,000 ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

📣 Layoffs တွေက May 20 မှာလုပ်မှာဖြစ်ပြီး
initial rollout အတွင်း ဝန်ထမ်းတွေကို
remote work လုပ်ဖို့ ညွှန်ကြားထားတယ်လို့
reports တွေထွက်နေပါတယ်။

Company က AI infrastructure နဲ့
data centers တွေဆောက်ဖို့ ဒီနှစ်အတွင်း
projected capital expenditure $135 billion ကျော်
သုံးဖို့ plan ချထားတယ် 😱😱😱

အဲ့ဒီ massive AI investment ကို fund လုပ်ဖို့
workforce downsizing လုပ်နေတာ။
အလုပ်တွေ company တွေမှာ
Priorities ဦးစားပေးတွေက မြန်မြန်ပြောင်းနေပြီး
ဒီနှစ်အတွင်း နောက်ထပ် workforce reductions
တွေလည်း ဖြစ်နိုင်တယ်လို့ warning ပေးထားပါတယ်။

ဒါကြောင့် အခုခေတ်မှာ အရေးကြီးဆုံး skill က
job security ကို ယုံကြည်နေတာမဟုတ်တော့ဘူး။
Career resilience ကို build လုပ်နိုင်ဖို့ပဲလို့
ကျွန်တော်ပြောချင်ပါတယ်။

💁🏻‍♂️ AI era မှာ companies တွေက loyalty ထက်
adaptability ကို ပိုကြည့်လာကြပြီ။
အခုကစပြီး လူတိုင်း prepare လုပ်ထားသင့်တာတွေက

• Skill upgrade လုပ်ထားဖို့
• AI tools တွေ အသုံးချတတ်ဖို့
• Networking တည်ဆောက်ထားဖို့
• Personal brand build လုပ်ထားဖို့
• Transferable skills ရှိဖို့
• Multiple income streams စဉ်းစားထားဖို့

အကောင်းဆုံး preparation က
HR calendar invite ရောက်လာပြီးနောက်မဟုတ်ဘဲ…
အလုပ်ရှိသေးတဲ့အချိန်မှာ ကိုယ့် next move ကို
စတင်တည်ဆောက်ထားဖို့ပဲလို့ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ TYT မှာ
Career Consultation Session တွေလည်း
One-on-one Private Consultation
ယူလို့ရကြောင်းသတင်းကောင်းပါးချင်ပါတယ်ခင်ဗျား

Makro’s Young Talent Program (Burmese Speaking) ဆိုတာ CP AXTRA PUBLIC COMPANY LIMITED (Siam Makro) က ဖွင့်ထားတဲ့ လူငယ်အလ...
17/05/2026

Makro’s Young Talent Program (Burmese Speaking) ဆိုတာ

CP AXTRA PUBLIC COMPANY LIMITED (Siam Makro) က ဖွင့်ထားတဲ့
လူငယ်အလုပ်အကိုင်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုဖြစ်ပါတယ်။

ဒီ Program က Wholesale နဲ့ Retail Business ပိုင်းတွေမှာ အနာဂတ်ခေါင်းဆောင်တွေဖြစ်လာနိုင်မယ့်
လူငယ်တွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားတာပါ။

📍အလုပ်တည်နေရာ
Suan Luang, Bangkok, Thailand
Full-time Position
အဓိက တာဝန်များ

ဒီ Program ထဲဝင်ရင် အောက်ပါအလုပ်ပိုင်းတွေကို Rotation System နဲ့ လေ့လာလုပ်ကိုင်ရမှာဖြစ်ပါတယ် 😱

✅Wholesale နဲ့ Retail Operations ပိုင်းအမျိုးမျိုးမှာ Training လုပ်ရမယ်
✅Commercial, Merchandising, E-Commerce, Store Operations, Supply Chain စတဲ့ Team တွေနဲ့ အတူအလုပ်လုပ်ရမယ်
✅Burmese Language အသုံးပြုတဲ့ Partner, Supplier, Stakeholder တွေနဲ့ ဆက်သွယ်ညှိနှိုင်းရမယ်
✅Business Data တွေကို Analyze လုပ်ပြီး Insight ထုတ်ပေးရမယ်
✅Business Performance တိုးတက်ဖို့ Project တွေမှာ ပါဝင်လုပ်ကိုင်ရမယ်
✅Idea, Findings, Recommendation တွေကို Team အတွင်း Presentation လုပ်နိုင်ရမယ်

လိုအပ်သော Qualifications
⚠️Thailand မှာ အလုပ်လုပ်ခွင့်ရှိတဲ့ Thai / Non-Thai Candidates
⚠️Fresh Graduate (သို့) Experience 0–2 Years
⚠️Business, Supply Chain, IT, Engineering စတဲ့ Major တွေ
⚠️Burmese Language ကျွမ်းကျင်ရမယ် (Required)
⚠️English Communication ကောင်းရမယ်
⚠️Analytical Thinking နဲ့ Problem Solving Skill ရှိရမယ်
⚠️Wholesale / Retail Business ကို စိတ်ဝင်စားရမယ်
⚠️Fast-paced Environment မှာ အလုပ်လုပ်နိုင်ရမယ်

ကျွန်တော် ဒီ Program ရဲ့ အားသာချက်လေးကိုပြောပြပါမယ်။ ဒီ Program က Fresh Graduates တွေအတွက် Career Growth ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။

Retail နဲ့ Supply Chain Industry ထဲမှာ
Hands-on Experience ရနိုင်ပြီး
Department မျိုးစုံကို လေ့လာနိုင်ပါတယ်။
Burmese Speaking Skill ရှိတဲ့သူတွေအတွက်လည်း Advantage ကြီးတစ်ခုဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင် 2020 လောက်ကလည်းခေါ်ဖူးပြီး Interview Round Final အထိပါဖူးတာကြောင့်
သိချင်တာရှိရင် လာမေးမြန်းနိုင်ပါတယ်ခင်ဗျာ

လျှောက်ထားရန် Link : https://ph.jobstreet.com/burmese-speaking-jobs/in-Thailand?jobId=91905191&type=standard

Master's Degree အတွက် Fully Funded Program တွေထဲက ဒီလအတွင်းလျှောက်ထားနိုင်တဲ့ Scholarship ✨🇮🇩 ဒီနေ့မှာတော့ အင်ဒိုနီးရှား...
17/05/2026

Master's Degree အတွက် Fully Funded Program တွေထဲက ဒီလအတွင်းလျှောက်ထားနိုင်တဲ့ Scholarship ✨

🇮🇩 ဒီနေ့မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဘွဲ့လွန်တက်ရောက်နိုင်မယ့် ပညာသင်ဆုအစီအစဥ်တစ်ခုဖြစ်တဲ့ "𝐔𝐍𝐏𝐀𝐃 𝐀𝐒𝐄𝐀𝐍 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩" Program လေးအကြောင်း မျှဝေပေးချင်ပါတယ်။

🎓 ဒီ Program ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐚𝐬 𝐏𝐚𝐝𝐣𝐚𝐝𝐣𝐚𝐫𝐚𝐧 (𝐔𝐍𝐏𝐀𝐃) ကနေ အာဆီယံနိုင်ငံတွင်းက ထူးချွန်တဲ့ ကျောင်းသားတွေနဲ့ ပညာရှင်တွေအတွက် ပညာသင်စရိတ်အပြည့်အဝထောက်ပံ့ပေးမယ့် အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။

လျှောက်ထားနိုင်တဲ့ပညာသင်ဆုအမျိုးအစားတွေကတော့
☑️ 𝐔𝐀𝐒 𝐌𝐚𝐬𝐭𝐞𝐫’𝐬 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐓𝐫𝐚𝐜𝐤 နဲ့
☑️ 𝐔𝐀𝐒 𝐌𝐚𝐬𝐭𝐞𝐫’𝐬 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞 𝐓𝐫𝐚𝐜𝐤 ဆိုပြီး (၂) မျိုးရှိပါတယ်။

ပညာသင်ဆုအကျိုးခံစားခွင့်တွေအနေနဲ့
✧ ကျောင်းလခ
✧ ကျောင်းသားဗီဇာ၊ ကျောင်းတက်နေစဉ်အတွင်း နေထိုင်ခွင့်နဲ့ ကုန်ကျစရိတ်
✧ အသွားအပြန် လေယာဉ်လက်မှတ် ကုန်ကျစရိတ် (up to max : IDR 10,000,000)
✧ လစဉ် နေထိုင်စားသောက်စရိတ် (Rp 4,000,000 per month)
✧ အခြေချစရိတ် (Rp 1,500,000 : one-time)
✧ ကျန်းမာရေးအာမခံ (around Rp 6,000,000 per year)
✧ အင်ဒိုနီးရှားဘာသာစကားသင်တန်း (Rp 12,000,000 : up to 1 semester)
✧ သုတေသန၊ စာတမ်းပြုစုဖို့အတွက် ထောက်ပံ့ကြေး (Rp 10,000,000 : one-time after successful thesis proposal)
စသဖြင့် ထောက်ပံ့မှုအပြည့်အစုံရရှိနိုင်မှာမို့ ပညာသင်စရိတ်အတွက်စိတ်ပူစရာမလိုဘဲ ကျောင်းတက်နိုင်မှာပါ။

ပညာသင်ဆုအတွက် သတ်မှတ်ချက်တွေကတော့
✔️ အင်ဒိုနီးရှားကလွှဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားဖြစ်ရပါမယ်။
✔️ Bachelor's Degree ရှိရပါမယ်။
✔️ လက်ရှိ Master's Degree တက်ရောက်နေသူ (သို့) ပြီးမြောက်ထားသူမဖြစ်ရပါဘူး။
✔️ GPA အနည်းဆုံး 3.0/4.0 ရှိရပါမယ်။
✔️ English or Bahasa Indonesia ဘာသာစကားကျွမ်းကျင်ရပါမယ်။
✔️ ပညာသင်ပြီးမြောက်သွားပါက မိမိနိုင်ငံသို့ပြန်ပြီး အကျိုးပြုလုပ်ဆောင်ဖို့ commitment ပေးနိုင်ရပါမယ်။

📌 အထက်မှာဖော်ပြထားတဲ့အချက်တွေကတော့ Track (၂) ခုလုံးအတွက် အတူတူပဲဖြစ်ပြီး
UAS Master's Leadership Track ကို လျှောက်ထားမယ့်သူတွေကတော့
✔️ Middle-management level or higher နဲ့ အလုပ်အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိထားရပါမယ်။
✔️ သက်ဆိုင်ရာနယ်ပယ်မှာ ကောင်းမွန်တဲ့ခေါင်း‌ဆောင်မှုစွမ်းရည်နဲ့အတွေ့အကြုံ ပြသပေးနိုင်ရပါမယ်။

📂 လိုအပ်တဲ့စာရွက်စာတမ်း
◆︎ Passport
◆︎ Personal Statement & Study Plan
◆︎ Two Letters of Recommendation
◆︎ Bachelor's Degree Certificate & Academic Transcript
◆︎ Proof of English Proficiency

လျှောက်ထားနိုင်တဲ့ Program တွေနဲ့ အခြားသောအချက်အလက်တွေ အသေးစိတ်ဖတ်ကြည့်ချင်ရင်တော့ Official Link ကနေလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

📎 https://info.admission.unpad.ac.id/unpad-asean-scholarship

🗓️ August 2026 Intake အတွက် Deadline ကတော့ 𝐌𝐚𝐲 𝟑𝟏, 𝟐𝟎𝟐𝟔 မို့ အခုလို အခွင့်အလမ်းကောင်းကိုလက်မလွှတ်ဖို့ဆို လိုအပ်တဲ့စာရွက်စာတမ်းတွေသေချာပြင်ဆင်ပြီး မြန်မြန်လေးသာလျှောက်ကြည့်လိုက်တော့နော်။ 😉






Free Workshop 📚ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University) ရဲ့ RCSD ဌာနကနေကြီးမှူးပြီး “Revisiting Agrari...
14/05/2026

Free Workshop 📚

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် (Chiang Mai University) ရဲ့ RCSD ဌာနကနေကြီးမှူးပြီး “Revisiting Agrarian Transition & Environmental (In)justice” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၅ ရက်ကြာ သုတေသနစွမ်းရည်မြှင့်တင်ရေး Workshop တစ်ခု ပြုလုပ်သွားဖို့ ရှိပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှက လူငယ်တွေအတွက် သီးသန့်ရည်ရွယ်တာဖြစ်လို့ စိတ်ဝင်စားသူတွေ အမြန်ဆုံး လျှောက်ထားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

📌 ဘယ်သူတွေ လျှောက်ထားနိုင်သလဲ?

• အရှေ့တောင်အာရှနိုင်ငံများ (အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်) မှ Ph.D, MA သို့မဟုတ် MPhil ဘွဲ့ရရှိပြီးစသူများ။
• သုတေသနနယ်ပယ်ထဲမှာ အလုပ်လုပ်နေတဲ့ပညာရှင်များ။
• Agrarian change၊ Sustainability နဲ့ Environmental justice တွေကို စိတ်ဝင်စားပြီး ကိုယ်တိုင်သုတေသနပြုလုပ်နေသူ ဒါမှမဟုတ် Fieldwork data အချက်အလက်အချို့ ရှိထားသူတွေ ဖြစ်ရပါမယ်။
• (၅) ရက်တာ Workshop ကို အပြည့်အဝတက်ရောက်နိုင်ပြီး Workshop အပြီးမှာ စာလုံးရေ ၁,၅၀၀ မှ ၂,၅၀၀ ခန့်ရှိတဲ့ သုတေသနစာတမ်း/ဆောင်းပါး ရေးသားပေးနိုင်ရပါမယ်။

💰 ဘယ်လို ထောက်ပံ့မှုတွေရမလဲ?

ရွေးချယ်ခံရတဲ့ တက်ရောက်သူတွေအတွက် ခရီးစရိတ်၊ တည်းခိုစရိတ်၊ အစားအသောက်နဲ့ သင်တန်းသုံးပစ္စည်းတွေအတွက် Full or Partial Support (အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း) ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ လူငယ်တွေအတွက် တကယ့်ကို အခွင့်အရေးကောင်းပါပဲ။

📅 အရေးကြီးရက်စွဲများ

• လျှောက်လွှာပိတ်ရက်: ၂၆ မေ ၂၀၂၆
• ရွေးချယ်ခံရသူများ ကြေညာမည့်ရက်: ၃၁ မေ ၂၀၂၆
• Workshop ကျင်းပမည့်ရက်: ၁၆ - ၂၀ ဇွန် ၂၀၂၆
• နေရာ: Faculty of Social Sciences, Chiang Mai University, Thailand

ကိုယ်တိုင်လည်း အတွေ့အကြုံသစ်တွေ ရှာဖွေချင်တယ်၊ အရှေ့တောင်အာရှက လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ချိတ်ဆက်ချင်တယ်ဆိုရင်တော့ အခုပဲ လျှောက်ထားလိုက်ရအောင်နော်။ 📝💡

More Info: https://rcsd.soc.cmu.ac.th/news-announcements/call-for-applications-workshop-on-revisiting-agrarian-transition-environmental-injustice/

Online Application Form: https://tally.so/r/ODdQYR

Address

No. 101, 39th Str, Lower Block, Kyauktada Township
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959441261717

Alerts

Be the first to know and let us send you an email when Take Your Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Take Your Time:

Share