တော်ဝင်မိုးစက်မိသားစု ပရဟိတ

  • Home
  • Myanmar
  • Yangon
  • တော်ဝင်မိုးစက်မိသားစု ပရဟိတ

တော်ဝင်မိုးစက်မိသားစု ပရဟိတ တော်ဝင်မိုးစက် ရေကြည်တစ်ပေါက် သောက်ရသူတိုင်း ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ။

ထမင်းပူပူလေးကို  ဝဝလင်လင်စားစေချင်တဲ့ စိတ်ကလေးနဲ့ လူ၁၂၀၀စာ ‌၇ရက်သားသမီးအားလုံး စုပေါင်းလှူဒါန်းခဲ့ကြပါသည်။၃နှစ်အောက် ကလေ...
26/09/2026

ထမင်းပူပူလေးကို ဝဝလင်လင်စားစေချင်တဲ့ စိတ်ကလေးနဲ့ လူ၁၂၀၀စာ ‌၇ရက်သားသမီးအားလုံး စုပေါင်းလှူဒါန်းခဲ့ကြပါသည်။

၃နှစ်အောက် ကလေးတွေ ကို မ ခင်ရတနာအောင် ရဲ့ အရုပ်လေးများဝေမျှခဲ့ပြီး မိသားစုများအားလုံးရဲ့
အလတ်တန်းစားအဝတ်အစား နှင့် လက်ကိုင်အိတ် များလဲ ဝေမျှခဲ့ပါသည်။

အားလုံး ရဲ့ဆုတောင်းစကားတွေ /အရသာရှိရှိ စားလို့ကောင်းခြင်းတွေမှာ ပြုံးပျော်နေခြင်းတွေကို တော်ဝင်မိုးစက် မိသားစု များ ထပ်တူထပ်မျှ ခံစားရပါစေ။

မိုးစက်သံသာ
တော်ဝင်မိုးစက် မိသားစုများ

တော်၀င်မိုးစက်မိသားစုများရှင့်ဆေးရုံ က ပြင်ပချက်ကျွေးတာများ မရသေးပါသဖြင့်စက်တင်ဘာ၂၆ စနေနေ့ ည​နေ၃ နာရီသိမ်ဖြူမီးရထားဝန်ထမ...
23/09/2026

တော်၀င်မိုးစက်မိသားစုများရှင့်
ဆေးရုံ က ပြင်ပချက်ကျွေးတာများ မရသေးပါသဖြင့်

စက်တင်ဘာ၂၆
စနေနေ့ ည​နေ၃ နာရီ

သိမ်ဖြူမီးရထားဝန်ထမ်းအိမ်ရာဝင်း၊ ဘူတာကြီး အနီး
ရပ်ကွက် ဓမာရုံ တွင် စနစ်တကျ ပူပူ​နွေး​နွေးသန့်သန့်ရှင်းရှင််းလူမျိူးမ​ရွှေး သုံး​ဆောင်နိုင်ရန်
ကြက်ဆီပြန်၊ သီးစုံပဲဟင်း
လူဦးရေ - ၁,၀၀၀ ခန့်
​ကျွေး​မွေးပါမည်။

မိုးစက်သံသာ
​တော်၀င်မိုးစက် မိသားစုများ

21/09/2026
အသက်ကြီးလာတော့ဗုဒ္ဓဘုရားရှင် ဟောခဲ့တဲ့“အရာအားလုံး မမြဲဘူး” ဆိုတာကိုတဖြည်းဖြည်း နားလည်လာတယ်။ကိုယ်ချစ်တဲ့သူတွေ ထွက်သွားမယ်...
18/09/2026

အသက်ကြီးလာတော့
ဗုဒ္ဓဘုရားရှင် ဟောခဲ့တဲ့
“အရာအားလုံး မမြဲဘူး” ဆိုတာကိုတဖြည်းဖြည်း နားလည်လာတယ်။

ကိုယ်ချစ်တဲ့သူတွေ ထွက်သွားမယ်။
ကိုယ်ပိုင်ဆိုင်တာတွေ ပျောက်သွားမယ်။
နုပျိုတဲ့ခန္ဓာကိုယ်လည်း
အိုသွားမယ်။

အိမ်ဘယ်လောက်ကြီးကြီး
အိပ်ရင် နေရာနည်းနည်းပဲ လိုတယ်။
ကားဘယ်လောက်ကောင်းကောင်း
သွားချင်တဲ့နေရာကိုပဲ ပို့ပေးနိုင်တယ်။
ငွေဘယ်လောက်များများ
ကုန်ဆုံးသွားတဲ့အချိန်ကို ပြန်ဝယ်လို့မရဘူး။

ဒါကြောင့် ဘဝကို
အရာရာကို ပိုင်ဆိုင်ဖို့ထက်
ရှိနေတုန်း တန်ဖိုးထားတတ်ဖို့ သင်ယူရတယ်။
ချစ်ရင် ချစ်တယ်လို့ ပြောပါ။
တွေ့ရင် အတူတူ ရယ်ပါ။
ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်လိုက်ပါ။

ဘဝမှာ “နောက်မှ” ဆိုတာ
အမြဲတမ်း ရှိနေမယ့်အချိန် မဟုတ်ဘူး။
နောက်ဆုံးမှာ ကိုယ်နဲ့အတူ ကျန်ခဲ့မယ့်အရာက
ပိုင်ဆိုင်မှုတွေ မဟုတ်ဘူး။

ကိုယ်ဘယ်လိုနေခဲ့သလဲဆိုတဲ့
ကိုယ့်စိတ်ရဲ့ အမှတ်တရပဲ ကျန်ခဲ့မှာပါ။

🇲🇲 "မမြဲခြင်း" ကို နားလည်သွားတဲ့နေ့မှာလူတစ်ယောက်ရဲ့ အမြင်ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားတတ် တယ်။ကလေးဘဝတုန်းက" အချိန်" ဆိုတာ...
11/09/2026

🇲🇲 "မမြဲခြင်း" ကို နားလည်သွားတဲ့နေ့မှာ

လူတစ်ယောက်ရဲ့ အမြင်ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားတတ် တယ်။

ကလေးဘဝတုန်းက

" အချိန်" ဆိုတာ အလွန်နှေးကွေးတယ်လို့ ထင်ခဲ့ ဖူးတယ်။

မနက်ကနေ ညရောက်ဖို့တောင် ကြာလွန်းနေ သလို...

တစ်နှစ်ကုန်ပို့တောင် မဖြစ်နိုင်သလို..

ဒါပေမယ့်

တဖြည်းဖြည်း ကြီးပြင်းလာတဲ့အခါ ငါတို့ သဘောပေါက်လာ တာတစ်ခုရှိတယ်။

မနေ့ကလိုပဲ ထင်နေတဲ့ အရာတွေဟာ အခုတော့ "အတိတ်" ဖြစ်နေပြီဆိုတာ... မိဘတွေရဲ့ ဆံပင်ဖြူလာတာ၊

မျက်နှာပေါ် အရေးအကြောင်းတွေ ပေါ်လာတာ၊ ငယ်ဘဝ သူငယ်ချင်းတွေ ယောက် ဝေးကွာသွားတာ၊ တစ်ယောက်ပြီး တစ်

ချစ်ခဲ့ဖူးသူတွေ အမှတ်တရအဖြစ်ပဲ ကျန်နေတော့ တာ...

အရာအားလုံးက တိတ်တိတ်လေး ပြောင်းလဲနေခဲ့တယ်။

ဗုဒ္ဓဘာသာမှာ ဒီအမှန်တရားကို " အနိစ္စ" လို့ ခေါ်တယ်။ အနိစ္စ ဆိုတာ

"မမြဲခြင်း"

"အမြဲမတည်ခြင်း" "ဖြစ်ပြီးရင် ပျက်ရမယ့် သဘော" ကို ဆိုလို

တာ ပဲ။

ဗုဒ္ဓမြတ်စွာဘုရားဟာ

လောကကြီးရဲ့ အမှန်တရားကို စကားလုံးအလှတွေမပါဘဲ

တိတိကျကျ ဟောပြခဲ့ တယ်။

"ဖြစ်ပေါ်လာသမျှ အရာတိုင်းဟာ ပျက်စီးရမည်" ဒီစကားဟာ

ကြောက်ဖို့အတွက် မဟုတ်ဘူး။ နိုးထဖို့အတွက် ဖြစ်တယ်။

ငါတို့ ခန္ဓာကိုယ်ဟာလည်း မမြဲဘူး။ ယနေ့ နုပျိုလှပနေတဲ့ မျက်နှာဟာ

တစ်နေ့မှာ အိုမင်းလာမယ်။ အားကောင်းနေတဲ့ ခန္ဓာဟာ

တစ်နေ့မှာ နာကျင်အားနည်းလာမယ်။ အခု ရှိနေတဲ့ အသက်ရှု သံတောင် နောက်တစ်ခါ ရှိမယ်လို့ အာမမခံနိုင်ဘူး။

ဒါပေမယ့်

လူအများစုက မမြဲခြင်းကို မေ့ထားပြီး

"အမြဲတမ်းပိုင်ဆိုင်ရမယ်" ဆိုတဲ့ စိတ်နဲ့ အသက် ရှင်နေကြ

တယ်။

ပိုက်ဆံ.. ဂုဏ်သိက္ခာ... အာဏာ... အချစ်...

လူတွေ...

ဘယ်အရာကိုမှ

ထာဝရ သိမ်းထားလို့ မရဘူး။

ချစ်ရတဲ့သူကိုလည်း ခွဲရမယ်။ မုန်းရတဲ့သူနဲ့လည်း တွေ့ရမယ်။

မလိုချင်တဲ့အရာတွေ ကြုံရမယ်။ လိုချင်တဲ့အရာတွေ မရနိုင် တာတွေလည်း ရှိမယ်။

ဒါဟာ လောကရဲ့သဘာဝပဲ။

ဗုဒ္ဓဘာသာက "မမြဲဘူး" လို့ ပြောပြီး စိတ်ပျက်အောင် မဟုတ်

ဘူး။ တကယ်တော့

"မမြဲတာကို သိတဲ့သူ" ကသာ

အသက်ရှင်မှုကို အမှန်တကယ် တန်ဖိုးထားတတ် လာတာ။

ဘာလို့လဲဆိုတော့ အချိန်က အကန့်အသတ်ရှိတယ်ဆိုတာ သိလာတဲ့ အခါ

မုန်းတီးဖို့ အချိန်မဖြုန်းတော့ဘူး။ အငြိုးတွေကို မဖက်တွယ် တော့ဘူး။ အတ္တကို လျှော့တတ်လာတယ်။

ဒီနေ့ တွေ့နေရတဲ့သူဟာ နောက်နှစ်မှာ ရှိချင်မှ ရှိမယ်။ ဒီနေ့ ကျန်းမာနေတဲ့ ကိုယ်ခန္ဓာဟာ မနက်ဖြန်မှာ ပြောင်းလဲသွားနိုင် တယ်။

ဒီနေ့ ပြုံးနေတဲ့မျက်နှာတောင် တစ်နေ့မှာ ဓာတ်ပုံထဲက အမှတ်တရ ဖြစ်သွားနိုင် တယ်။

အဲ့ဒါကြောင့်

ဗုဒ္ဓတရားက

" လောကကို စွန့်ပစ်" လို့ မဟုတ်ဘဲ "လောကကို အမှန် အတိုင်း မြင်" လို့ သင်ပေးတာ။

မမြဲခြင်းကို နားလည်လာတဲ့သူဟာ လောဘ လျော့လာတယ်။ ဒေါသ ပိုနည်းလာတယ်။

တစ်ယောက်ကို တစ်ယောက် ပိုနားလည်လာ တယ်။

ဘာကြောင့်လဲဆိုတော့ အားလုံးဟာ ခဏတာဧည့်သည်တွေဆို တာ သိလာ

လို့ပဲ။

ငါတို့ဘဝဟာ

လက်ထဲမှာ ခဏတာ တောက်ပနေတဲ့ ဖယောင်းမီး လိုပဲ။

လင်းနေတုန်းမှာ

နွေးထွေးမှု ပေးနိုင်ဖို့က အရေးကြီးတယ်။

အချိန်တန်ရင်

မီးဟာ ငြိမ်းသွားမယ်။ ဒါပေမယ့်

မငြိမ်းခင်အချိန်ထိ

ဘယ်လောက်အလင်းပေးခဲ့သလဲဆိုတာကပဲ တကယ် အရေးကြီးတာ။

တစ်နေ့မှာ ငါတို့နာမည်ကို လူတွေ မေ့သွားနိုင်တယ်။ မျက်နှာ ကိုလည်း မမှတ်မိတော့နိုင်ဘူး။

ဒါပေမယ့်

ငါတို့ပေးခဲ့တဲ့ မေတ္တာ၊ ကူညီခဲ့တဲ့ လက်တစ်ဖက်၊

နူးညံ့ခဲ့တဲ့ စကားတစ်ခွန်းကတော့ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ကျန်နေနိုင်

တယ်။

အဲ့ဒါကြောင့်.

မမြဲတဲ့ဘဝထဲမှာ

မေတ္တာကို မြဲအောင်ထားပါ။ ဒေါသထက် နားလည်မှုကို ရွေးပါ။ အတ္တထက် ကရုဏာကို ရွေးပါ။

ဘာလို့လဲဆိုတော့—

"ဘဝဆိုတာ ကိုယ်ထင်ထားတာထက်

ပိုတိုပါတယ်..။

9/9/2026

07/09/2026
အကုန်လုံးနဲ့ ​နောက်ဆုံးဘ၀ပါ
07/09/2026

အကုန်လုံးနဲ့ ​နောက်ဆုံးဘ၀ပါ

(၂၄) ကြိမ်မြောက် အခမဲ့သွေးအလှူကို Sep9 နေ့မှာ ရန်ကုန် မြို့တွင်းအရေးပေါ်လိုအပ်သောနေရာ ကို လိုက်လှူပေးမှာ ဖြစ်ပြီး သွေးစစ...
06/09/2026

(၂၄) ကြိမ်မြောက် အခမဲ့သွေးအလှူကို
Sep9 နေ့မှာ ရန်ကုန် မြို့တွင်းအရေးပေါ်လိုအပ်သောနေရာ ကို လိုက်လှူပေးမှာ ဖြစ်ပြီး သွေးစစ်ခ‌ပါ ကျခံပေးမှာဖြစ်ပါသည်။

Blood Type - B+

မိုးစက်သံသာ
တော်ဝင်မိုးစက်မိသားစုများ ပရဟိတ
09976324243

Address

NO. 5/41B, THIRIGONE HOUSING , THINGANGYUN TSP
Yangon
95

Telephone

+959972459220

Website

Alerts

Be the first to know and let us send you an email when တော်ဝင်မိုးစက်မိသားစု ပရဟိတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share