Myanmar Arts and Culture Development Association - MACDA

Myanmar Arts and Culture Development Association - MACDA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Arts and Culture Development Association - MACDA, Non-Governmental Organization (NGO), Myawaddy Media Center, Moe Kaung Road, Yankin Township, Yangon.

📚 တရုတ်ဘာသာစကား(ပညာဒါန)သင်တန်းဖွင့်လှစ်ပါမည် 📚 မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA)  မှ ကြီးမှူး...
07/09/2026

📚 တရုတ်ဘာသာစကား(ပညာဒါန)သင်တန်းဖွင့်လှစ်ပါမည်

📚 မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) မှ ကြီးမှူးဖွင့်လှစ်မည့် တရုတ်ဘာသာစကား(ပညာဒါန)သင်တန်းသည် HSK Level 1, 2, 3, 4 ကို ဆက်လက်သင်ကြားနိုင်မည့် အခြေခံသင်တန်းဖြစ်ပါသည်။ 🎓✨

ဤတရုတ်ဘာသာစကားသင်တန်းကိုတက်ရခြင်းအားဖြင့် တရုတ်နိုင်ငံတို့သွားရောက်ပညာသင်ကြားသူများအတွက်အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
တရုတ်စကားပြောသင်တန်းကိုလူမျိုးမရွေး ၊ ဘာဘာမရွေး ၊ တိုင်းရင်းသားပေါင်းစုံ အားလုံးတက်ရောက်နိုင်ပါသည်။

တက်ရောက်မည့်ကျောင်းသားများအကန့်အသန့်ရှိပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါသည်။

👨‍🏫 Teacher – U Win Hlaing
ဆရာကြီး ဦးဝင်းလှိုင်
သင်ကြားမည့်ဘာသာရပ်များမှာ
🔸 Chinese Phonetic – Hanyu Pinyin
🔸 快乐汉语 (Kuai Le Hanyu)
🔸 တရုတ်ဘာသာစကား အခြေခံအသံထွက်နှင့် အခြေခံပြောဆိုနိုင်ရန်ဖြစ်ပါသည်။

🕖 Online Class သင်ကြားမည်အချိန်မှာ
📌 ပထမပိုင်း – 7:00 PM မှ 7:40 PM
📌 ဒုတိယပိုင်း – 7:50 PM မှ 8:30 PM
📅 တနင်္လာနေ့မှ ကြာသပတေးနေ့အထိသင်ကြားမည်ဖြစ်ပါသည်။

📅 သင်တန်းသင်ကြားမည့်ကာလ
🗓️ 1 .10. 2026 ရက်နေ့မှ 1 .1. 2027 အထိ (၃)လသင်ကြားမည်ဖြစ်ပါသည်။
⏰ စာရင်းပေးသွင်းရန် နောက်ဆုံးရက် — 25.9. 2026 သက်မှတ်ထားခြင်းဖြစ်ပါသည်။

သင်တန်းသားမှတ်ပုံတင်ကြေးကို
🎉 ၅,၀၀၀ ကျပ်ပေးသွင်းရပါမည်။

💳 ပေးသွင်းရန် Zin Mar Khing
KBZ Pay ဖြင့်
📱 09 420 763 455
မှတ်ပုံတင်‌ေကြးငွေပေးသွင်းပြီးပါက ငွေလွှဲ Screenshot ကို
📲 Viber – 09 796 101 777 သို့ ပေးပို့ပေးရပါမည်။

ငွေပေးသွင်းမှုအတည်ပြုပြီးပါက Viber Group ထဲသို့ ထည့်သွင်းပေးမည်ဖြစ်ပြီး Zoom Online Class Link ကို Viber Group မှတစ်ဆင့် မျှဝေပေးသွားမည်ဖြစ်ပါသည်။

📝 သင်တန်းအပ်နှံရန်
👇 အောက်ပါ Google Form Link မှတစ်ဆင့် ဝင်ရောက်စာရင်းပေးသွင်းနိုင်ပါသည်။
🔗 https://forms.gle/9TWYEwTLQDouwQWSA

📞 အသေးစိတ်ဆက်သွယ်ရန်
📱 09 796 101 777 (Viber)
📱 09 254 454 178

#တရုတ်စာသင်တန်း #တရုတ်စာအွန်လိုင်းသင်တန်း #တရုတ်ဘာသာစကား #အွန်လိုင်းသင်တန်း

သင်တန်းအဆင့်: အခြေခံအဆင့် သင်တန်းကာလ: 1 October 2026 ရက်နေ့မှ 1 January 2027 အထိ (၃)လ သင်တန်းနေ့ရက်: တနင်္လာနေ့ မှ ကြာသပတေးနေ့ ဦးစ...

🌟 ဂုဏ်ပြုလွှာ 🌟မြန်မာ့ဂုဏ်ကို ကမ္ဘာ့စင်မြင့်ထက်မှာ ရဲရဲဝံ့ဝံ့ မြှင့်တင်ပေးနိုင်ခဲ့တဲ့ Yangon Galacticos အသင်းရဲ့ EWC 202...
03/08/2026

🌟 ဂုဏ်ပြုလွှာ 🌟
မြန်မာ့ဂုဏ်ကို ကမ္ဘာ့စင်မြင့်ထက်မှာ ရဲရဲဝံ့ဝံ့ မြှင့်တင်ပေးနိုင်ခဲ့တဲ့ Yangon Galacticos အသင်းရဲ့ EWC 2026 ပြိုင်ပွဲဝင် ခရီးစဉ်အတွက် မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

Qualifier အဆင့်မှစတင်ကာ Grand Final အထိ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်၍ အစွမ်းကုန် ရုန်းကန်ယှဉ်ပြိုင်ခဲ့ကြပုံမှာ မြန်မာလူငယ်တို့၏ စွမ်းဆောင်ရည်ကို ထင်ရှားစွာ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ နိုင်ငံတကာ အဆင့်မီ ပြိုင်ပွဲကြီးတစ်ခုတွင် 1st Runner-Up (ဒုတိယဆု) ဖြင့် ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းသည် မြန်မာ့ Esports လောကအတွက် သသာမန် အောင်မြင်မှုတစ်ခုမျှသာမကဘဲ နောင်လာမည့်မျိုးဆက်သစ်များအတွက်ပါ ကြီးမားသော စံချိန်စံညွှန်းကောင်းတစ်ခု ဖြစ်လာစေမည်မှာ အမှန်ပင် ဖြစ်ပါသည်။

"ရှေ့ဆက်ရမယ့် ခရီးစဉ်တွေမှာလည်း Yangon Galacticos အသင်းအနေနဲ့ ယခုထက်ပိုမိုတဲ့ အောင်မြင်မှုတွေ၊ ဆုတံဆိပ်တွေကို ဆွတ်ခူးနိုင်ပြီး မြန်မာ့အလံကို ကမ္ဘာ့အလယ်မှာ ဆက်လက် ထိန်ထိန်ညီးအောင် လွှင့်ထူနိုင်ပါစေကြောင်း မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။"

🎉 ထူးချွန်ထက်မြက်တဲ့ Yangon Galacticos အသင်းသားများအားလုံးကို ထပ်တူထပ်မျှ ဂုဏ်ယူပါသည် 🎉

Yangon Galacticos Remarkable Journey Ends as 1st Runner-Up🎉👏

ပွဲစဉ်တိုင်းအတွက် အစွမ်းကုန် ကြိုးစားအားထုတ်မှုတွေ၊ စိတ်ဓာတ်ပြင်းပြမှုတွေနဲ့အတူ Yangon Galacticos MLBB အသင်းဟာ EWC ပြိုင်ပွဲကြီးမှာ 1st Runner Up ဆိုတဲ့ မှတ်တိုင်တစ်ခုနဲ့ ခရီးစဉ် ကို အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

Qualifier အဆင့်ကနေ Grand Final အထိ ကြံ့ကြံ့ခံ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ Esports အဆင့်အတန်းကို ကမ္ဘာ့စင်မြင့်ပေါ်မှာ ရဲရဲဝံ့ဝံ့ သက်သေပြနိုင်ခဲ့တဲ့အတွက် KBZPay မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဒီလို နိုင်ငံတကာ ပြိုင်ပွဲကြီးမှာ ဒုတိယဆု ရရှိခဲ့ခြင်းဟာ မြန်မာ့ Esports လောကတစ်လျှောက်လုံးအတွက် သမိုင်းဝင် စံချိန်တစ်ခု ဖြစ်ရုံတင်မကဘဲ ရှေ့ဆက်ရမယ့် ခရီးစဉ်တွေအတွက်လည်း ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ဖို့ အင်အားတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

မဆုတ်မနစ်တဲ့ စိတ်ဓာတ်နဲ့ အဆုံးထိ တိုက်ပွဲဝင်ခဲ့ကြတဲ့ Yangon Galacticos အသင်းသားများအားလုံးကို KBZPay က အထူးပဲ လေးစားဂုဏ်ယူမိသလို ရှေ့ဆက်ရမယ့် ပြိုင်ပွဲတိုင်းမှာလည်း နောက်ထပ် အောင်မြင်မှုများစွာကို ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

EWC26 ခရီးစဉ်တစ်လျှောက်လုံး အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့ Yangon Galacticos အသင်းအတွက် အားပေးစကားနဲ့ ဂုဏ်ပြုစကားလေးတွေကို Comment မှာ အတူတူ ရေးသားဖော်ပြပေးသွားကြရအောင်နော်!

01/08/2026

EWC 2026 MLBB ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ မြန်မာကိုယ်စားပြု Yangon Galacticos သမိုင်းဝင်တက်ရောက်၊ ချန်ပီယံဆုအတွက် Team Spirit နှင့် ယှဉ်ပြိုင်မည်

ဩဂုတ် ၁၊ ၂၀၂၆

ပြင်သစ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC) 2026 အတွင်း ပါဝင်ကျင်းပသည့် Mobile Legends: Bang Bang Mid Season Cup (MSC 2026) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းက သမိုင်းဝင်အောင်မြင်မှုတစ်ရပ်ကို စိုက်ထူနိုင်ခဲ့သည်။

ယနေ့ကျင်းပသည့် Semifinal ပွဲစဉ်တွင် ဖိလစ်ပိုင်အင်အားကြီး Team Falcons PH အသင်းကို အနိုင်ယူပြီး Grand Final သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းအောင်မြင်မှုသည် MSC ပြိုင်ပွဲသမိုင်းတစ်လျှောက် မြန်မာအသင်းတစ်သင်းအနေဖြင့် Grand Final အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်း ဖြစ်သဖြင့် မြန်မာ Esports သမိုင်းတွင် မှတ်တမ်းသစ်တစ်ရပ် ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Yangon Galacticos အသင်းကလည်း ယခုအောင်ပွဲအတွက် အစဉ်တစိုက် တစ်သားတည်းရပ်တည် အားပေးခဲ့ကြသည့် မြန်မာပရိသတ်များအား အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် မနက်ဖြန် ကျင်းပမည့် Grand Final တွင် ရုရှားနိုင်ငံကိုယ်စားပြု Team Spirit အသင်းနှင့် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် MLBB စွမ်းဆောင်ရည်များကို အကောင်းဆုံး ပြသနိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း အသင်းဘက်က အသိပေးထားသည်။

လက်ရှိတွင် မြန်မာ Esports ပရိသတ်များက Yangon Galacticos အသင်း၏ သမိုင်းဝင် ခရီးလမ်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားပေးလျက်ရှိပြီး EWC 2026 ချန်ပီယံဆုကို မြန်မာနိုင်ငံထံ ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။

🏆🔥 မြန်မာ့ Esports သမိုင်းသစ်ရေးနေတဲ့ Yangon Galacticos MLBB အသင်း… ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ ...
31/07/2026

🏆🔥 မြန်မာ့ Esports သမိုင်းသစ်ရေးနေတဲ့ Yangon Galacticos MLBB အသင်း… ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ တက်လှမ်း!

🇲🇲 မြန်မာပရိသတ် ၂ သိန်းကျော် အားပေးနေတဲ့ YG ရဲ့ ကမ္ဘာ့စင်မြင့်ထက်က အိပ်မက်

ရန်ကုန်၊ ဇူလိုင် ၃၀

ကမ္ဘာ့အကြီးဆုံး Esports ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် Esports World Cup 2026 တွင် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) Mobile Legends: Bang Bang (MLBB) အသင်း သည် ကမ္ဘာ့ထိပ်တန်းအသင်းများနှင့် ယှဉ်ပြိုင်ကာ ဆီမီးဖိုင်နယ်အဆင့်သို့ မရှုံးမနိမ့်ဖြင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ 🔥

ပြင်သစ်နိုင်ငံတွင် ကျင်းပလျက်ရှိသော အဆိုပါပြိုင်ပွဲ၌ YG MLBB အသင်းသည် ဇူလိုင် ၂၉ ရက် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports အသင်း ကို အပြတ်အသတ် ၃-၀ ရလဒ် ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ခြေလှမ်းတစ်လှမ်းပိုမိုနီးကပ်လာခဲ့သည်။

🔥 အနိုင်ပွဲများဖြင့် ပြည့်နှက်နေတဲ့ YG ရဲ့ ခရီး

YG MLBB အသင်းသည် အုပ်စုပွဲစဉ်များတွင်လည်း ခြေစွမ်းပြနိုင်ခဲ့ပြီး—

✅ ဆော်ဒီအာရေဗျမှ Geekay Esports ကို ၂-၀ ဖြင့် အနိုင်ရရှိ
✅ ကမ္ဘောဒီးယားမှ PRO Esports ကို ၂-၀ ဖြင့် အနိုင်ရရှိ
✅ ရှုံးထွက်အဆင့်တွင် PRO Esports ကို ၃-၀ ဖြင့် ထပ်မံအနိုင်ယူ

ကာ ရှုံးပွဲမရှိ စံချိန်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

📱 အဆိုပါအောင်မြင်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ Esports ပရိသတ်များက စိတ်အားထက်သန်စွာ အားပေးခဲ့ကြပြီး ပွဲစဉ်ကို တိုက်ရိုက်ကြည့်ရှုသူ ၂၀၀,၀၀၀ ကျော် ရှိခဲ့သည်။

🏆 ယခင်နှစ် Esports World Cup 2025 တွင်လည်း Yangon Galacticos PUBG Mobile အသင်းက ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ်တွင် YG MLBB အသင်းက မြန်မာ့ Esports အောင်မြင်မှုကို ဆက်လက်မြှင့်တင်ပေးနေသည်။

လာမည့် ဩဂုတ် ၁ ရက် တွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မြန်မာ့အသင်းအနေဖြင့် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ရန် အပြည့်အဝ ကြိုးပမ်းသွားမည်ဖြစ်သည်။

🇲🇲🔥 ကမ္ဘာ့စင်မြင့်ပေါ်မှာ မြန်မာ့အလံ လွှင့်ထူနေတဲ့ Yangon Galacticos… ချန်ပီယံဆုအိပ်မက်ကို အကောင်အထည်ဖော်နိုင်မလား?












#မြန်မာ့ဂုဏ်ဆောင်
#မြန်မာEsports

ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော်တွင် Grand Prize (ပထမဆုကြီး)ရရှိခဲ့သည့် Azalea Stars🎉 ဂုဏ်ယူဝမ်းမြောက်ပါသည်။တောင်ကိုရီးယားနိုင်...
11/07/2026

ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော်တွင် Grand Prize (ပထမဆုကြီး)ရရှိခဲ့သည့် Azalea Stars

🎉 ဂုဏ်ယူဝမ်းမြောက်ပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဂျွန်းဂျူမြို့၌ ကျင်းပသည့် ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော် တွင် Myanmar Internal Youth Fellowship (IYF)၊ Azalea Stars အကအဖွဲ့မှ မြန်မာ့ယဉ်ကျေးမှုအက "မင်္ဂလာပါ" ဖြင့် ယှဉ်ပြိုင်ကာ Grand Prize (ပထမဆုကြီး) ကို ဆွတ်ခူးရရှိခဲ့ခြင်းအတွက် Myanmar Arts & Culture Development Association (MACDA) မှ အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

မြန်မာ့ယဉ်ကျေးမှုအနုပညာ၏ အလှတရားကို ကမ္ဘာ့စင်မြင့်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ဆောင်နိုင်ခဲ့သည့် Azalea Stars အဖွဲ့အား ဆက်လက်အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) နှင့် မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်း...
10/07/2026

မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) နှင့် မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းတို့ MOU လက်မှတ်ရေးထိုး

ရန်ကုန်၊ ဇူလိုင် ၇၊ ၂၀၂၆

မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) နှင့် မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြဝတီစင်တာ၌ အောင်မြင်စွာကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) မှ ဂုဏ်ထူးဆောင်နာယက အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီတစ်သက်တာဆုရှင် ဒါရိုက်တာ ပန်းချီစိုးမိုး၊ ဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများအပြင် မြန်မာ-အမေရိကန်ဆိုင်ရာ ယဉ်ကျေးမှုသံတမန် Mr. Xing Bo နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအတွင်း MACDA နှင့် မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့အပြင် MACDA အသင်းကြီးမှ မြန်မာ-အမေရိကန်ဆိုင်ရာ ယဉ်ကျေးမှုသံတမန်အဖြစ် Hollywood ရုပ်ရှင်လောကမှ Producer/Director ဖြစ်သူ Mr. Xing Bo အား ခန့်အပ်လွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် MACDA အသင်း၏ ရည်ရွယ်ချက်များနှင့် အနာဂတ်လုပ်ငန်းစဉ်များကို အသင်းအတွင်းရေးမှူး ဦးသန်းထွန်းစိုးက ရှင်းလင်းတင်ပြခဲ့ပြီး၊ မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုမြင့်က ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို မိတ်ဆက်ရှင်းလင်းခဲ့သည်။

အခမ်းအနား၏ နောက်ဆုံးအစီအစဉ်အဖြစ် MOU လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး၊ စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

#မြန်မာအနုပညာ #ယဉ်ကျေးမှု ြန်မာ ်မှတ်ရေးထိုး #မြန်မာသတင်း

10/07/2026
09/07/2026
မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) နှင့် မြန်မာ့တောင်သူလယ်သမားဘဝ တိုးတက်မြင့်မားရေးဖောင်ဒေးရှင...
09/07/2026

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) နှင့် မြန်မာ့တောင်သူလယ်သမားဘဝ တိုးတက်မြင့်မားရေးဖောင်ဒေးရှင်းတို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၊ Mr. Xing Bo အား ယဉ်ကျေးမှုသံတမန်အဖြစ် ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားအား ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့တွင် မြဝတီမီဒီယာစင်တာ ၌ကျင်းပခဲ့ပါသည်။

Address

Myawaddy Media Center, Moe Kaung Road, Yankin Township
Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Arts and Culture Development Association - MACDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share