
  • Home
  • Myanmar
  • Yangon

ရွှေလောင်းလှေ ပရဟိတဖောင်ဒေးရှင်း Contact us
09261316821
09978784465
09795455351
KBZ(07030299922432001)
CB(0021600500055662)

ရာသီတုပ်ကွေးရောဂါ သတိပြု ကာကွယ်ပါဆောင်းပါးရှင်- ဒေါက်တာသန်းနိုင်စိုးရာသီတုပ်ကွေးရောဂါ     ရာသီတုပ်ကွေးရောဂါ (Seasonal In...
30/12/2025

ရာသီတုပ်ကွေးရောဂါ သတိပြု ကာကွယ်ပါ
ဆောင်းပါးရှင်- ဒေါက်တာသန်းနိုင်စိုး
ရာသီတုပ်ကွေးရောဂါ
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဆိုသည်မှာ ကမ္ဘာတဝှမ်းတွင်ကူးစက်ပျံ့နှံ့ နေသည့် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများကြောင့် နှစ်စဉ်ဖြစ်ပွားနေကြဖြစ်သည့် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သည်။ လူအများစုမှာ ၅ ရက်မှ ၇ ရက် အတွင်း ပြန်လည် သက်သာလာသော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် ရောဂါပြင်းထန်စွာ ခံစားရသည့် လူနာ ၃ သန်းမှ ၅ သန်းအထိရှိပြီး နှစ်စဉ်ရာသီတုပ်ကွေးရောဂါ နောက်ဆက်တွဲ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများဖြင့် သေဆုံးသူ ၆ သိန်းခွဲခန့်အထိ ရှိနေသဖြင့် ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးသော ကူးစက်ရောဂါတစ်ခု ဖြစ်ပါသည်။
ရာသီတုပ်ကွေးရောဂါပိုးသည် အလွန်ကူးစက်မြန်ပြီး ရောဂါပိုးရှိသူ လူနာ ချောင်းဆိုး၊ နှာချေ ရာမှ ထွက်လာသော အစက်အမှုန်အမွှားများကို ရှူရှိုက်မိခြင်း၊ လက်ဖြင့်ဗိုင်းရပ်စ်ရှိနေသော မျက်နှာပြင်များကိုကိုင်တွယ်မိပြီးနောက် မိမိ၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ကို ပြန်လည် ထိတွေ့မိခြင်း၊ ရောဂါကူးစက်ခံစားနေရသူနှင့် အနီးကပ်ထိတွေ့ခြင်း တို့မှတစ်ဆင့် ကူးစက်နိုင် ပါသည်။
ရာသီတုပ်ကွေးရောဂါ ရောဂါလက္ခဏာများ
ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများသည် အသက်ရှူလမ်းကြောင်းရှိ ကလာပ်စည်းများ (epithelial cells) ထဲသို့ ဝင်ရောက်ပြီး ၎င်းတို့၏ မျိုးဗီဇကို အသုံးချကာ အဆမတန် ပွားများစေခြင်းဖြင့် ရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေသည်။ ရောဂါလက္ခဏာများအနေဖြင့် ရောဂါပိုးနှင့် ထိတွေ့ပြီး ၁ ရက်မှ ၄ ရက်အတွင်း ရုတ်တရက် ကိုယ်ပူခြင်း၊ အဖျားကြီးခြင်း(၃၈°C သို့မဟုတ် ၁၀၀.၄°F နှင့်အထက်)၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်း (၎င်းသည် ပြင်းထန်နိုင်ပြီး ရက်သတ္တပတ် (၂) ပတ်ကျော်အထိ ကြာမြင့် နိုင်ပါသည်)၊ ကြွက်သားနှင့် အဆစ်အမြစ်များ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အလွန် အမင်း နုံးချိခြင်းတို့ဖြစ်ကြပြီး ကလေးငယ်များတွင် ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင် ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များနှင့် နာတာရှည် ရောဂါအခံရှိသူများ (ဥပမာ- ဆီးချို၊ နှလုံး၊ ပန်းနာရင်ကြပ်၊ ကင်ဆာ စသည်တို့) တွင် ရောဂါဖြစ်ပွား ပါက ပိုမိုပြင်းထန်စွာ ခံစား ရနိုင်ပါသည်။
ရာသီတုပ်ကွေးဗိုင်းရပ်စ်အုပ်စုများ
ရာသီတုပ်ကွေးဗိုင်းရပ်စ်အုပ်စု (A), (B), (C)နှင့် (D) ဟူ၍ (၄)မျိုးရှိသော်လည်း အမျိုး အစား (A) နှင့် (B) သည် နှစ်စဉ်ဖြစ်ပွားသော ရာသီတုပ်ကွေး ကူးစက်ပျံ့နှံ့မှုများ၏ အဓိက လက် သည် ဖြစ်သည်။ အမျိုးအစား (C) သည် များသောအားဖြင့် သာမန်အအေးမိခြင်းကိုသာ ဖြစ်စေ တတ်ပြီး အမျိုးအစား (D) သည် ကျွဲ၊ နွားများတွင်သာ အဓိက ကူးစက်စေ၍ လူများကို ကူးစက် ခြင်း မရှိသလောက်နည်းပါးပါသည်။
အမျိုးအစား (A)သည် အပြင်းထန်ဆုံးနှင့် အဖြစ်အများဆုံး ဖြစ်ပြီး ၎င်းသည် လူအချင်း ချင်းသာမက တိရစ္ဆာန်(ဥပမာ- ကြက်၊ ငှက်၊ ဝက်)တို့ ထံမှလည်း ကူးစက်နိုင်ကာ ကမ္ဘာလုံးဆိုင် ရာတုပ်ကွေးကပ်ရောဂါ(Influenza Pandemic)များ ဖြစ်စေနိုင်သော အမျိုးအစားဖြစ်သည်။ အမျိုးအစား (B)သည် အမျိုးအစား (A) လောက် မပြင်းထန်သော်လည်း အန္တရာယ်ရှိနိုင်ဆဲ ဖြစ်ပြီး ၎င်းအုပ်စုတွင် Victoria နှင့် Yamagata မျိုးနွယ်စုများ ပါဝင်သည်။
ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုး အမျိုးအစား (A)သည် မျိုးဗီဇပုံစံအမြဲ ပြောင်းလဲနေ တတ်သော ဗိုင်းရပ်စ် ဖြစ်သည်။ အဆိုပါ ဗိုင်းရပ်စ်၏ အပြင်ဘက် မျက်နှာပြင်တွင် ဆူးချွန်လေး များကဲ့သို့သော ပရိုတင်းများဖြစ်သည့် H နှင့် N သည် နှစ်စဉ် ပုံစံ ပြောင်း နေသဖြင့် လူသား၏ ကိုယ်ခံအား စနစ်က ၎င်းတို့ကို အမြဲတမ်း မမှတ်မိနိုင်ပါ။ ထို့ကြောင့် ယခင်နှစ်က ရာသီတုပ်ကွေး ဖြစ်ဖူးသော်လည်း ယခုနှစ်တွင် ထပ်မံဖြစ်ပွားနိုင်ခြင်း ဖြစ်ပြီး၊ ရာသီတုပ်ကွေး ကာကွယ်ဆေး ကိုလည်း နှစ်စဉ် အသစ်ထပ်မံ ထိုးနှံရန် လိုအပ်ခြင်း ဖြစ်သည်။
ဗိုင်းရပ်စ်ပိုး၏မျက်နှာပြင်ရှိ ပရိုတင်း H (Hemagglutinin)သည် ဗိုင်းရပ်စ်ကို လူ၏ ဆဲလ်အတွင်းသို့ ဝင်ရောက်နိုင် အောင် တံခါးဖွင့်ပေးသည့် သော့ (Key) ကဲ့သို့ လုပ်ဆောင်ပေး သည်။ (စုစုပေါင်း H1 မှ H18 အထိ ရှိပါသည်)။ ပရိုတင်း N (Neuraminidase) သည် ဆဲလ်တစ်ခုအတွင်း ဗိုင်းရပ်စ်ပိုးများပွားများ ပြီးနောက် အခြားဆဲလ်သစ်များဆီသို့ "ပျံ့နှံ့သွားအောင်" ကူညီပေးသည်။ (စုစုပေါင်း N1 မှ N11 အထိ ရှိပါသည်)။ သို့ဖြစ်ပါ၍ ဥပမာအားဖြင့် ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုး A H1N1 ဆိုသည်မှာ Hemagglutinin (H) အမျိုးအစား (၁) နှင့် Neuraminidase အမျိုးအစား (၁) ရှိသော ရာသီတုပ်ကွေး (A)အမျိုးအစား ဗိုင်းရပ်စ် ကို ဆိုလိုခြင်း ဖြစ်သည်။
ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများ၏မျိုးရိုးဗီဇနှင့် A(H3N2) Subclade - K
ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးများသည် မျိုးရိုးဗီဇ အမြဲပြောင်းလဲနေကြသဖြင့် ထိုပြောင်းလဲမှု များကို သိပ္ပံပညာရှင်များက မျိုးရိုးသစ်ပင် (Family Tree) ကဲ့သို့ မျိုးစိတ် အဆင့်ဆင့် ခွဲခြား သတ်မှတ်ကြရာ မူလဗိုင်းရပ်စ်၏ မိသားစုသစ်ပင်မှ ထွက်လာသော "အကိုင်းအခက်" သို့မဟုတ် "မျိုးနွယ်စု" ကို Clade သို့မဟုတ် Subclade ဟုခေါ်ဆိုပါသည်။ ယခု မီဒီယာများတွင် ဖော်ပြ နေသည့် K ဗိုင်းရပ်စ် ဆိုသည်မှာ A(H3N2) ၏ မျိုးနွယ်စုသစ်တစ်ခု A(H3N2) Subclade K ကို အစွဲပြု၍ခေါ်ဆိုခြင်းဖြစ်၍ ၎င်းသည် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးအသစ် ပေါ်ပေါက်လာလာခြင်း မဟုတ်ဘဲ မူလရှိပြီးသား ရာသီတုပ်ကွေးဗိုင်းရပ်စ် A(H3N2)၏ မျိုးနွယ်စုသစ် တစ်ခုသာ ဖြစ်ပါသည်။ Subclade K ကဲ့သို့သော မျိုးနွယ်စုသစ်များသည် ယခင်ရှိပြီးသား ကိုယ်ခံအား သို့မဟုတ် ကာကွယ်ဆေးဟောင်းများကို ရှောင်ကွင်းနိုင်စွမ်း ပိုရှိလာတတ်သောကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)အနေဖြင့် အမြဲ စောင့်ကြည့်နေရခြင်းဖြစ်ပြီး လက်ရှိအချက်အလက် များ အရ Subclade K ဗိုင်းရပ်စ်များနှင့်စပ်လျဉ်း၍ ရောဂါပြင်းထန်မှု ပိုမိုဆိုးရွားလာသည့် လက္ခဏာကိုမူ တွေ့ရှိရခြင်း မရှိသေးကြောင်းသိရပါသည်။
ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေ
ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ အာရှဒေသအပါအဝင် တစ်ကမ္ဘာလုံးတွင် တုပ်ကွေးကူးစက်မှု မြင့်တက်လာသော်လည်း ၎င်းသည် နှစ်စဉ်ဖြစ်ပွားနေကျ အခြေအနေထက် ပိုမိုပြင်းထန်ခြင်း မရှိပါကြောင်း၊ ယခုနှစ်တွင် Influenza A (H3N2) ဗိုင်းရပ်စ်မှာ အဓိကပျံ့နှံ့နေပြီး၊ ၎င်း၏ မျိုးနွယ်စုသစ်ဖြစ်သော Subclade K ကိုလည်း ကမ္ဘာ့နိုင်ငံ (၃၄) နိုင်ငံတွင် တွေ့ရှိထားကြောင်းသိရသည်။
Influenza A (H3N2) သည် လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော်ကတည်းက ကမ္ဘာပေါ်တွင် စတင်ပျံ့နှံ့ခဲ့ပြီး ယနေ့တိုင် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးအဖြစ် တည်ရှိနေခြင်း ဖြစ်သည်။ အဆိုပါ ရာသီတုပ်ကွေး ဗိုင်းရပ်စ်ကို ၁၉၆၈ ခုနှစ်၊ ဇူလိုင်လ တွင် ဟောင်ကောင် (Hong Kong) ၌ ပထမဆုံး အကြိမ် စတင်တွေ့ရှိခဲ့ပြီး "Hong Kong Flu" ဟု လူသိများခဲ့သည်။ အခြားသော ရာသီတုပ်ကွေးရောဂါပိုးဟောင်းများ (ဥပမာ- H2N2) မှာ ပျောက်ကွယ်သွားသော်လည်း H3N2 မှာမူ နှစ်ပေါင်း (၅၇)နှစ် ကြာသည့်တိုင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်ခြင်းမှာ မျိုးရိုးဗီဇကို အလွန်လျင်မြန်စွာ ပြောင်းလဲနိုင်စွမ်း ရှိခြင်းကြောင့် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် Influenza A (H3N2) Subclade K ကဲ့သို့သော မျိုးနွယ်စုသစ်များအထိ ဆင့်ကဲပြောင်းလဲခြင်းဖြစ်ပါသည်။ သို့ရာတွင် ထိုသို့ ဗိုင်းရပ်စ်၏မျိုးဗီဇ ပြောင်းလဲတိုင်း ၎င်းနှင့် ကိုက်ညီသော ကာကွယ်ဆေးကို နှစ်စဉ်ပြန်လည် အချိန်မီထုတ်လုပ်နိုင်သည်ဖြစ်၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကဲ့သို့ မိဘ ပြည်သူများအနေဖြင့် အထူး တလည် စိုးရိမ်စရာမလိုအပ်သည့် အခြေအနေဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံ၏ လက်ရှိ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်၍ မူလ Influenza A (H3N2) ပိုးမှာ အဓိကပျံ့နှံ့‌နေသည့် ရာသီတုပ် ကွေး ဗိုင်းရပ်စ်ပိုးအဖြစ်တွေ့ရှိနေရသော်လည်း ဤပိုးအမျိုးအစားသည် ယခင်နှစ်များကတည်း ကပင် မြန်မာနိုင်ငံတွင် ရှိနေပြီးသားဖြစ်၍ ပြည်သူလူထုအတွင်း ကိုယ်ခံစွမ်းအား အသင့်အတင့် ရှိနေပြီးဖြစ်ပါသည်။
ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ
ကျန်းမာရေးဝန်ကြီးဌာနသည် ရာသီတုပ်ကွေးရောဂါပိုးအမျိုးမျိုးကူးစက်ဖြစ်ပွားမှုအား သိရှိစေရေးအတွက် တုပ်ကွေးဆန်သောလက္ခဏာများနှင့် လတ်တလောပြင်းထန်အသက်ရှူလမ်း ကြောင်း ဆိုင်ရာလက္ခဏာများ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းအား ပြည်သူ့ဆေးရုံ (၂၄)ရုံ၌ လူနာများထံမှ ဓာတ်ခွဲနမူနာများ အပတ်စဉ်ရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ဓာတ်ခွဲစစ်ဆေးခြင်းအား ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲစစ်ဆေးချက်များအရ ယနေ့အထိ Influenza A (H3N2) Subclade K ကို မိမိတို့နိုင်ငံတွင် တွေ့ရှိခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တက်ရောက်လာသူများတွင် ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်အရ ပြင်းထန်ရာသီတုပ်ကွေးဖြစ်ပွားသူအရေအတွက်မှာ နှစ်စဉ် သာမန်ဖြစ်ပွားလေ့ရှိသည့် အရေအတွက်တွင်သာရှိကြောင်းတွေ့ရသည်။
ပြင်းထန်ရောဂါလက္ခဏာများ
ရာသီတုပ်ကွေးရောဂါသည် သာမန်အားဖြင့် ၅ ရက်မှ ၇ ရက်ခန့်အတွင်း ပြန်လည် သက် သာ သွားလေ့ရှိသော်လည်း အောက်ပါ ပြင်းထန်သော လက္ခဏာများ ကို ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသပြီး အရေးပေါ်ကုသမှု ခံယူရပါမည် -
- အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရသည်မှာ မဝသကဲ့သို့ ဖြစ်ခြင်း၊ အသက်ရှူနှုန်း အလွန်မြန်ခြင်း သို့မဟုတ် အသက်ရှူလျှင် မောဟိုက်နေခြင်း၊
- ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အတွင်း တင်းကျပ်နေခြင်း သို့မဟုတ် အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါတွင် နာကျင်ခြင်း၊
- ချောင်းဆိုးရာတွင် သလိပ်ထဲ၌ သွေးပါလာခြင်း သို့မဟုတ် အဝါရောင်၊ အစိမ်းရောင် သလိပ်များ အလွန်အများထွက်လာခြင်း၊
- အဖျား လုံးဝမကျခြင်း သို့မဟုတ် အဖျားပြန်တက်လာခြင်း (အထူးသဖြင့် အဖျားကျ သွားပြီးမှ ပြန်တက်လာခြင်း)
- အဖျားကြီး၍ တက်ခြင်း၊ သတိလစ်ခြင်း၊
- ကလေးငယ်များတွင်အသက်ရှူလျှင် ရင်ဘတ်ချိုင့်ဝင်ခြင်း (အသက်ရှူရ ခက်ခဲသော ကြောင့် နံရိုးကြားများ ချိုင့်ဝင်သည်အထိ အားစိုက်ရှူနေရခြင်း)
- အစာ သို့မဟုတ် ရေကို လုံးဝမစားသောက်ခြင်းတို့ဖြစ်ပါသည်။
အထက်ဖော်ပြပါ ပြင်းထန်ရောဂါလက္ခဏာများပေါ်ပေါက်ပါက ခံစားရပါက ပြည်သူ့ ဆေးရုံများတွင် ရာသီတုပ်ကွေးရောဂါအမျိုးမျိုးအတွက် ထိရောက်သော ရောဂါကုသဆေးနှင့် ရောဂါကုထုံးများရှိပြီးဖြစ်၍ အချိန်မီရောက်ရှိပါက ရောဂါမှ အပြည့်အဝ ပြန်လည် ကောင်းမွန် လာသည်အထိ ဆေးကုသစောင့်ရှောက်မှုများပေးအပ်နိုင်မည်ဖြစ်ပါသည်။
ရာသီတုပ်ကွေးရောဂါ သတိပြု ကာကွယ်ပါ
ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည်” ဟုဖြစ်သည်နှင့်အညီ မိဘပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေး နည်း လမ်းများဖြစ်သည့် -
- ဆပ်ပြာ၊ ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးခြင်း၊
- ဖျားနာခြင်းအစရှိသော သံသယလက္ခဏာရှိသူများအနေဖြင့် နှာချေချောင်းဆိုးခြင်း ခံစား နေရပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း မဝတ်ခင်အချိန်တွင် နှာချေ၊ ချောင်းဆိုးပါက တစ်ရှူး သို့မဟုတ် တံတောင်ကွေးဖြင့်အုပ်၍ဆိုးခြင်း၊
- ရောဂါပြင်းထန်စွာခံစားရနိုင်ခြေရှိသူများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များနှင့် နာတာရှည်ရောဂါအခံရှိသူများသည် ရောဂါပိုး ကူးစက်ခြင်းခံရသူ သို့မဟုတ် သံသယ လူနာများနှင့် တတ်နိုင်သရွေ့ အနီးကပ် ထိတွေ့မှုမပြုခြင်း၊
- ရောဂါပြင်းထန်စွာခံစားရနိုင်ခြေရှိသူများသည် နှစ်စဉ် နှစ်အလိုက်ထွက်ရှိသည့် ရာသီ တုပ်ကွေးကာကွယ်ဆေးထိုးနှံမှုခံယူခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ဆောင်းရာသီအချိန်ကာလတွင် ဖြစ်ပွားမှု များပြားလေ့ရှိသည့် ရာသီတုပ်ကွေးရောဂါအမျိုးမျိုးနှင့် ယခု မီဒီယာများတွင် ဖော်ပြ နေသည့် K ဗိုင်းရပ်စ် ဆိုသည်နှင့် စပ်လျဉ်း၍ အထူးတလည်စိုးရိမ်ကြောင့်ကြရန်မလိုပဲ ကျန်းမာရေးဝန်ကြီး ဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာလျက်ရှိသည့် ကျန်းမာရေးအသိပေးနှိုးဆော်ချက် များကို လိုက်နာဆောင်ရွက်၍ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြငိ့ ရောဂါကာကွယ်ရေး နည်းလမ်းများကို သတိပြုဆောင်ရွက်ကြပါရန်တိုက်တွန်းလိုက်ရပါသည်။

 #မီးပိုးကောင် အန္တရာယ်ဒီရက်ပိုင်း ကလေးတွေ ခန္ဓာကိုယ်ပေါ်မှာ အနီဖု၊ အရည်ကြည်ဖုလေးတွေ ရေယုန်လိုဖြစ်တယ်။ နောက်ရက်တွေ ပိုပွ...
07/10/2025

#မီးပိုးကောင် အန္တရာယ်
ဒီရက်ပိုင်း ကလေးတွေ ခန္ဓာကိုယ်ပေါ်မှာ အနီဖု၊ အရည်ကြည်ဖုလေးတွေ ရေယုန်လိုဖြစ်တယ်။ နောက်ရက်တွေ ပိုပွါးလာပြီး ယားလည်းယား၊ စပ်လည်းစပ်၊ နာလည်းနာကြတယ်ဆိုတာ ခဏခဏကြားမိတယ်။ ဒါဟာ Rove Beetle လို့ခေါ်တဲ့ မီးပိုးကောင်ကြောင့်ဖြစ်နိုင်တဲ့ အရည်ပြားအနာတစ်မျိုးဖြစ်နိုင်တဲ့အတွက် ဒီဆောင်းပါးလေးကိုမျှဝေလိုက်ပါတယ် မေမေဖေဖေတို့ရေ။

မီးပိုးကောင်ရဲ့ သဘာဝ
မိုးအကုန်ဆောင်းအကူး ခြောက်သွေ့ပြီးအေးတဲ့အချိန်မှာ ထွက်လာတတ်တဲ့ အကောင်လေးက မီးပိုးကောင်ဆိုတဲ့အတိုင်း မီးရောင်ကိုကြိုက်တဲ့အတွက် လူတွေနားမှာရှိနေတတ်ပါတယ်။ အကောင်အရွယ်အစားက ပုရွက်ဆိတ်လေးလိုသေးလွန်းပြီး အမည်းရောင်ရှည်ရှည်ပုံစံနဲ့လိမ္မော်ရောင်ဖောက် အမြီးကောက်ကောက်လေးဖြစ်ပါတယ်။ သူက ကိုက်လည်းမကိုက်၊ တုပ်လည်းမတုပ်တတ်ပေမယ့် သူ့ခန္ဓာကိုယ်ကထွက်တဲ့ အဆိပ်ရည်နဲ့ထိပြီး လူ့အသားအရည်ကို အက်စစ်လိုလောင်စေတတ်ပါတယ်။ ကလေးအသားနုနုလေးတွေဆိုရင် အရမ်းကိုခံရခက်ပါတယ်။

အဆိပ်အကြောင်း
သူ့ကိုကိုင်မိတာ၊ ဖိမိတာ၊ ထိမိတာမျိုးဖြစ်တဲ့အချိန်မှာ အဆိပ်နဲ့ပန်းတတ်ပါတယ်။ သူ့အဆိပ်ရည်မှာ အရေပြားကိုပျက်စီးစေနိုင်တဲ့ paederin ဆိုတဲ့ဓာတ်ပါလို့ အဆိပ်ထိထားတဲ့အရည်ပြားတွေက အက်စစ်နဲ့အစားခံရသလို အရည်ပြားအလွှာလေးတွေသေသွားတာကြောင့် သိသိချင်းမှာ ညင်ညင်သာသာလေး ရေဆေးချလိုက်ပါ။ ဒါမှ အဆိပ်ပမာဏ နည်းသွားမှာ ဖြစ်ပါတယ်။ အနာရဲ့ပုံစံက အရေပြားလွှာလေးတွေသေသွားတဲ့အတွက် အလယ်မှာဖြူပြီး ဘေးပတ်ပတ်လည်မှာ နီနေပြီး အရည်ကြည်ဖုထွက်နေတဲ့ပုံစံဖြစ်ပါတယ်။ ကုတ်လိုက် ပွတ်လိုက်ရင် ကုတ်တဲ့အရာအတိုင်း အနာပိုပွါးလာတာမို့ မကုတ်မိအောင် ဂရုစိုက်ရပါမယ်။ ကလေးတွေဆိုရင် မပွတ်မိ၊ မကုတ်မိအောင် အတော်ပြောရခက်ပါတယ်။

လက္ခဏာတွေက ဘာလဲ။
မီးပိုးကောင်လောင်ပြီး ၂၄ နာရီအတွင်း အရေပြားနီလာပြီး စပ်တာ၊ ယားတာ၊ အရည်ကြည်ဖုလေးတွေလည်း ပေါ်လာတတ်တာဖြစ်လာပါတယ်။ အလွန်နေရခက်ပြီး ကသိကအောက်ဖြစ်ပါတယ်။ အဆိပ်ထိတဲ့ပမာဏပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ခံစားရတာခြင်းလည်း မတူနိုင်ပါဘူး။ အဆိပ်ကြာကြာထိလေ အနာပြင်းထန်လေပါပဲ။

ဘယ်လိုကုသရမလဲ။
အရည်ပြားမှာဖြစ်တာဖြစ်လိူ့ ပိုးဝင်တာ၊ အညိုအမဲစွဲတာမျိုးမဖြစ်ရအောင် အရေပြားဆရာဝန်နဲ့ ကုသသင့်ပါတယ်။ ၁ပတ်ကနေ ၁၀ရက်လောက်အထိကြာတတ်ပါတယ်။

ဘယ်လိုကြိုတင်ကာကွယ်ရမလဲ။
တံခါးကိုလုံအောင်ပိတ်ပြီး ခြင်လုံဇကာတပ်ထားရင်ပိုကောင်းပါတယ်။ အကောင်ခိုနိုင်တဲ့နေရာတွေကို ရှင်းလင်းပြီး ပိုးသတ်ဆေးဖျန်းသင့်တယ်။ ကလေးရှိတဲ့အိမ်တွေမှာဆိုရင် ကလေးနေလေ့ရှိတဲ့မီးရောင်အောက်၊ အိပ်ယာ စတဲ့နေရာတွေကို အကောင်ရှိမရှိ အချိန်တိုင်းစစ်ဆေးသင့်ပါတယ်။ ပိုးကောင်လေးတွေတွေ့ရင် လက်နဲ့သွားမထိဖို့ ကလေးကိုမှာထားပါ။ ပိုးကောင်ပုံလေးကိုလည်းပြထားပါ။

မှတ်ချက်။ အရေပြားနီပြီးအရည်ကြည်ဖုလေးတွေပေါက်တိုင်းလည်း မီးပိုးကောင်လောင်တယ်လို့ပြောလို့မရပါဘူး။ အခြားအရည်ပြားရောဂါတွေနဲ့ မှားတတ်လို့သေချာချင်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Crd

Teacher Hnin Hnin
https://babylove.co.th/en/baby-tips/beware-of-rove-beetle

ခွေးကိုက်ခံရရင် ARV (Anti Rabies Vaccine) ခွေးရူးကာကွယ်ဆေး အခမဲ့ဘယ်မှာ ထိုးလို့ရသလဲဆိုတာ သိချင်သူများအတွက် စာရင်းပြုစုပေ...
08/06/2025

ခွေးကိုက်ခံရရင် ARV (Anti Rabies Vaccine) ခွေးရူးကာကွယ်ဆေး အခမဲ့ဘယ်မှာ ထိုးလို့ရသလဲဆိုတာ သိချင်သူများအတွက် စာရင်းပြုစုပေးလိုပါတယ်။

မနေ့ညနေက MSAP မှ Admin တဦး နီးစပ်ရာ အင်းစိန်ဆေးရုံကိုသွားပြီး မေးမြန်းစုံစမ်းခဲ့တာလေးကို ပြန်ပြောပြပေးချင်ပါတယ်။

အင်းစိန်ဆေးရုံ
ကာကွယ်ဆေးထိုးချင်ရင် အရေးပေါ်ဌာနကို ဝင်သွားရပါတယ်။ ပြီးရင် ခွေးရူးကာကွယ်ဆေး ထိုးချင်တယ်ပြောပါ။ အကိုက်ခံရတာ '၂၄ နာရီမကျော်သေးဘူး' ပြောရင် ဆေးထိုးပေးပါလိမ့်မယ်။ မေးခိုင်ကာကွယ်ဆေးပါ ထိုးပေးပါတယ်။ (အခမဲ့ပါ) စေတနာရှိရင် အလှုငွေထည့်လို့ရပါတယ်။ မတတ်နိုင်လို့ မထည့်ရင်လည်း ဘာမှ မဖြစ်ပါဘူးနော်။

ဆေးထိုးပေးချိန် (မွန်းလွဲ ၂ - ၄ နာရီအတွင်း)
မှတ်ချက်။ ။ ပထမဦးဆုံးသွားထိုးတဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် ရပါတယ်။ နောက်အကြိမ် ထပ်လာထိုးမယ်ဆိုမှသာ အဲ့အချိန်အတွင်း လာခိုင်းတာပါ။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံ တော်တော်များများမှာ အလားတူပဲဖြစ်မယ်လို့ ယူဆပါတယ်။

ရန်ကုန်ဆေးရုံကြီး
မြောက်ဥက္ကလာ မေဒါဝီ ဆေးရုံကြီး
စံပြဆေးရုံ
မြောက်ဒဂုံဆေးရုံ
လှိုင်သာယာ ရုံးရှေ့ဆေးရုံ
ဂန္ဓီဆေးရုံ (နေ့လည် ၁ နာရီခွဲ)
လှည်းကူးဆေးရုံ
မန္တလေး ဆေးရုံကြီး
မန္တလေး ကလေးဆေးရုံ
နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ

ဆရာဝန်တဦး၏ ဖြည့်စွက်ချက်

" ကာကွယ်ဆေးက ဆေးရုံတိုင်းကို ခွဲတမ်းနဲ့ချပေးတာပါ။ ကိုယ်သွားတဲ့အချိန်မှာ ဆေးရှိနေရင် အလှူငွေလောက်ပဲထည့်ပြီး ထိုးလို့ရပါတယ်။ မရှိတာနဲ့ကြုံရင်ဝယ်ထိုးရပါတယ်။ အခမဲ့ရတဲ့ဆေးတွေက သူများနိုင်ငံကလှူထားတာတွေကို ပြန်ချပေးတာမို့ အမြဲတမ်းတော့မရှိပါဘူး။ ''

(2019လောက်က ဆေးရုံကြီးတစ်ခုရဲ့ OPD မှာတာဝန်ကျခဲ့သူ)


မိတ်ဆွေများ နီးစပ်ရာ အစိုးရဆေးရုံမှာ အခမဲ့ ARV ထိုးခဲ့ဖူး (သို့) သိနေတဲ့ နေရာများရှိရင် comment မှာဝင်ရေးပေးခဲ့စေလိုပါတယ်။

________________________________________

SSB (Social Security Board)

SSB ဆိုတာက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးဝန်ဆောင်မှုပေးတဲ့ အစိုးရဌာနဖြစ်ပါတယ်။ SSB တွင် ဖောင်သွင်းထားသော ဝန်ထမ်းများ အတွက် SSB နံပါတ်နှင့်ကဒ်ပြားကို ရရှိပါတယ်။ ထိုကဒ်နှင့်နီးစပ်ရာ SSB နှင့်ချိတ်ဆက်ထားသောဆေးခန်းများတွင် Anti-Rabies Vaccine (ARV) ကိုအခမဲ့ထိုးနှံနိုင်ပါတယ်။

SSB ကဒ်ရှိသူများအတွက် SSB နှင့်ချိတ်ဆက်ထားသော ဆေးရုံဆေးခန်းလိပ်စာများကို အောက်ပါလင့်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

လူမှုဖူလုံရေးဆေးခန်း လိပ်စာများ
https://share.google/KPhpYr5xuz8VZoXx9

ခွေးရူးကာကွယ်ဆေးကို ပိုက်ဆံပေးထိုးဖို့ အခက်ခဲရှိသူများအားလုံး အဆင်ပြေအောင် မြန်မာနိုင်ငံတဝှမ်းမှ မိဘပြည်သူများအားလုံးအတွက် မျှဝေပေးတာဖြစ်ပါတယ်။

မိတ်ဆွေများလည်း မိမိသိထားတဲ့ အခမဲ့ဆေးထိုးလို့ရတဲ့ နေရာများကို ပြန်လည်မျှဝေပေးစေလိုပါတယ်။

မိတ်ဆွေများ ပြောပြလာတဲ့ အချက်အလက်များကို ယခုပိုစ့်တွင် edit လုပ်ပြီး ထပ်မံဖြည့်စွက်သွားပါမယ်။ ပူးပေါင်းပါဝင်သူအားလုံး ကျေးဇူးတင်ပါတယ်ရှင်။


ယနေ့ နေ့လယ် (၁၂)နာရီ (၄၀)မိနစ် ဝန်းကျင်က လှုပ်ခတ်ခဲ့သည့် ပြင်အား ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်း ပျ...
28/03/2025

ယနေ့ နေ့လယ် (၁၂)နာရီ (၄၀)မိနစ် ဝန်းကျင်က လှုပ်ခတ်ခဲ့သည့် ပြင်အား ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သည်။
#ဘေးအန္တာရယ်ဖစ်ပွားခြင်းမှကာကွယ်နိုင်ရေးဆောင်ရွက်ရန်အချက်များ

ငလျင်အတွက် အရေးပေါ်အသုံးပြုနိုင်တဲ့ ပစ္စည်းများကို ငလျင်ပြင်ဆင်မှုအိတ် (Earthquake Emergency Kit) ထုတ်ထားရင် အရေးကြီးတဲ့...
28/03/2025

ငလျင်အတွက် အရေးပေါ်အသုံးပြုနိုင်တဲ့ ပစ္စည်းများကို ငလျင်ပြင်ဆင်မှုအိတ် (Earthquake Emergency Kit) ထုတ်ထားရင် အရေးကြီးတဲ့အချိန်မှာ အသုံးဝင်နိုင်ပါတယ်။

အရေးပေါ်ပစ္စည်းများ

1. သောက်သုံးရေ – လူတစ်ဦးကို တစ်နေ့ ၁ လီတာခန့်

2. အရေးပေါ်အစားအစာ – အဖုံးပိတ်ထားပြီး သက်တမ်းကြာတဲ့ (e.g. အငွေ့ဖိထားတဲ့ အစားအစာများ)

3. ဒူးလက်သုတ်ပဝါများ၊ ဆေးကြောရေနွေးငွေ့များ

4. ပထမဦးစားပေးဆေးပုံး (First Aid Kit)

သံပရာရည် (Antiseptic)

ပန်းဝတ် (Bandages)

နာကျင်သက်သာဆေး (Painkillers)

မျက်စိအတွက် Saline Solution

5. မီးဖိုခွက် (Flashlight) နှင့် အားသွင်းထားသော ဘက်ထရီများ

6. FM/AM ရေဒီယို (ဘက်ထရီသုံးနိုင်သည့်အမျိုးအစား)

7. တူစတီပလာ၊ ချုံဆွဲကြိုး၊ ဓားငယ်၊ တံစဉ်

8. ဘောင်ပိတ်နိုင်သော ပလတ်စတစ်ပုံး (Seal-tight Container) – မှိမဝင်စေရန်

9. အရေးပေါ်အဝတ်အစားများ – ရာသီဥတုနှင့်ကိုက်ညီစေမည့်အဝတ်အစားများ

10. အရေးပေါ်စာရွက်စာတမ်းများ – မှတ်ပုံတင်မိတ္တူ၊ ဗဟုသုတစာရွက်များ

11. ငွေသားနည်းနည်း – ATM ပုံမှန်အသုံးပြုမရနိုင်သည့်အခြေအနေများအတွက်

12. လူတွေ့ဆုံရန်နေရာနှင့် ဆက်သွယ်ရမည့်လူများ၏ ဖုန်းနံပါတ်စာရင်း

13. Mask နှင့် ခြင်ဆေးပျံ့ဖျူး

14. တံဆိပ်ခေါင်းစည်း၊ မော်တော်ဆိုင်ကယ်(Helmet) – အဆောက်အဦများပြိုကျခြင်းကြောင့် ထိခိုက်မှုကို လျှော့ချရန်

အထူးအချက်များ

မိသားစုဝင်တိုင်း တည်ရှိရာနေရာအလိုက် ထွက်ပြေးလမ်းကြောင်းများ ကြိုတင်သတ်မှတ်ထားရန်

အိမ်တွင်းတွင် လုံးဝမလှုပ်မယ့်နေရာ (Drop, Cover, Hold) သတ်မှတ်ထားရန်

ဒီပစ္စည်းတွေကို အမြဲအသင့်ထားပြီး မဖြစ်မနေ လိုအပ်တဲ့အချိန်မှာ အသုံးချနိုင်ဖို သေချာစစ်ဆေးထားသင့်ပါတယ်။

 #နွေရာသီတွင်ရာသီဥတုပူပြင်းလာပါသဖြင့် #ကြိုတင်ကာကွယ်..... #အပူဒဏ်အန္တရယ်
17/03/2025

#နွေရာသီတွင်ရာသီဥတုပူပြင်းလာပါသဖြင့်
#ကြိုတင်ကာကွယ်..... #အပူဒဏ်အန္တရယ်

05/12/2024
05/10/2024

Watch, follow, and discover more trending content.

အခုတင်ပြချင်တာ အထူးသဖြင့် လှူဒါန်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြီး သွားကြမယ့်အဖွဲ့တွေအတွက် ကျွန်တော်တို့အဖွဲ့ရေ...
05/10/2024

အခုတင်ပြချင်တာ အထူးသဖြင့် လှူဒါန်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြီး သွားကြမယ့်အဖွဲ့တွေအတွက်
ကျွန်တော်တို့အဖွဲ့ရေဘေးအတွက်ထပ်ထွက်ရင် ဆောင်ရွက်ဖို့ ရည်မှန်းထားတာလေးမျှဝေပါရစေဗျ

ကျွန်တော်တို့အဖွဲ့ရေဘေးကယ်ဆယ်ရေးသွားရင်းနဲ့ အတွေ့အကြုံလေးအရ ထပ်သွားကြမယ်ဆိုရင် အစားအသောက်တွေက အရှေ့ကသွားခဲ့ကြတဲ့သူတွေလှူလို့ တော်တော်များများလေး ပြည့်စုံနေပြီလို့ ပြောလို့ရတယ်ဗျ

ဒါကြောင့် ရေဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်အရ ထိုဒေသတွေမှာက လျှပ်စစ်မီးတိုင်တွေအကုန် ကျိုးပြီးလဲကုန်တာတွေရော၊ ရေမြုပ်ကုန်တာ၊ ဓာတ်ကြိုးတွေပြတ်ကုန်တာ၊ စတာ​​တွေကြောင့် ကျန်တော်ခန့်မှန်းချက်အရ နောက်၆လလောက်အထိ မီးရဖို့ကမလွယ်တဲ့အခြေနေ​ဗျ

သူတို့နဲ့အဆက်အသွယ်တွေမပြတ်သွားဖို့၊ အရေးပေါ်ဆိုဆက်သွယ်နိုင်အောင်လို့၊
ပြီးတော့ အလှူရှင်တွေလာကူကြမှ အဆင်ပြေမှာဆိုတော့ ​ဖုန်းအားရှိနေဖို့ကလိုတယ်
နောက်ပြီး ညဘက်တွေမှာ ရေကလည်းမကျသေးတော့ အဆိပ်ရှိသတ္တဝါတွေရဲ့ အန္တရာယ်ကလဲ ကြောက်ရပြန်ရော
အဲ့အတွက်မီးလင်းဖို့လည်းလိုတယ်

ကျွန်တော်တို့အနေနဲ့ နောက်တစ်​ကျော့ထပ်ထွက်ဖို့လည်းစီစဥ်နေတော့​ သွားမယ်ဆိုရင် အိမ်ထောင်စုများများကိုလည်းလှူချင်တယ် ရစေချင်တယ်

တန်ဖိုးများရင် အရေအတွက်လည်းနည်းသွားမှာကဆိုးရိမ်ရသေးတယ်မို့လို့ တတ်နိုင်သလောက်တန်ဖိုးသင့်တာလေးတွေနဲ့ လျော့ချနိုင်ဖို့ စဥ်းစားထားပါတယ်
ကျွန်တော်တို့လှူမယ့်ပစ္စည်းတွေကို
ကျွန်တော့်အတွေ့အကြုံနဲ့လေ့လာထားတဲ့ပညာတွေအရ DIYပစ္စည်းလေးတွေနဲ့ လုပ်ဖို့ စီစဥ်နေတယ်ဗျ
(မိမိတို့ဘာသာ လက်တန်းဝယ်ယူပြီး လှူမယ်ဆိုလဲ ထိရောက်ပါတယ်ခင်ဗျ)
Electronicဆရာများနဲ့ DIYဆရာတွေလဲ မိမိတို့ရဲ့တတ်ထားတဲ့ပညာလေးနဲ့ လုပ်အားကုသိုလ်ပြုနိုင်သလို အကြံဥာဏ်များလည်းပေးနိုင်ပါတယ်
၁.ဆိုလာ (DIY) မစမ်းသပ်ရသေး
၂.Power Station (DIY)
(တီထွင်စမ်းသပ်ပြီး၊ လက်ရှိအသင်းရုံးတွင်အသုံးပြုလျှက်ရှိ)
၃.DC 12V, 1Ah LED မီးလုံးများ
၄.ဆိုလာပါမီးအိမ်
၅.မီးကြိုးအသေးများ(battery အားကုန်သက်သာရန်)
၆.Battery အပိုများ
(3.7V 18650 battery, 12V batter အသေး/အကြီး)
၇.USB ၂ပေါက်ပါ 3A ဖုန်းအားသွင်း Charging box
(Batteryမလို၊ solarတိုက်ရိုက်ပါရ)
လက်ရှိစဥ်းစားလို့ရတာတွေပေါ့ဗျာ
ဟုတ်ပြီ အဲ့အတွက် ကိုယ့်ဘာသာမှမလုပ်တတ်တာ ဘယ်လိုဖြစ်နိုင်မှာလည်း

ကျွန်တော်တို့ သွားကူညီဖို့ ပြင်ဆင်နေပါတယ်
အဲ့အတွက် လှူဒါန်းချင်သူများအဖွဲ့အစည်းများရှိရင် ကျွန်တော်တို့လှူဖိူ့ ဆင်ရင်းနဲ့ တစ်ပါထဲ၊ တစ်လက်စထဲ ဆင်ပေးပါ့မယ်

လှူမယ့်ပစ္စည်းဖြစ်လို့ ကုသိုလ်လည်းရတာပေါ့
ဆင်ပေးခအနေနဲ့ကတော့ သဒ္ဒါနည်းများမဆို လှူပေးခဲ့လို့လည်းရပါတယ်၊ အဲ့ဒီရတဲ့လုပ်အားခကိုလည်း ရေဘေးသင့်ပြည်သူတွေကို ပြန်လှူမှာပဲ ဖြစ်ပါတယ်

အကယ်၍ ပစ္စည်းမဝယ်ဘူး တစ်အိမ်ထောင်စုစာ Package အလိုက် ဘယ်နှအိမ်ထောင်စုစာဆိုပြီး လှူပေးမယ်ဆိုလည်း ကျွန်တော်တို့အဖွဲ့ကို လှူပေးလို့ရပါတယ်ဗျ
(Package နှုန်းထားများထပ်မံဖော်ပြပါမယ်)
ကုသိုလ်လည်းရ အလှူလည်းမြောက် ရေဘေးသင့်သူတွေအတွက်လည်း ထိထိရောက်ရောက် အဆင်ပြေစေမယ်ဆိုတော့ ပိုကောင်းတာပေါ့ဗျာ

တတ်ထားတဲ့ပညာလေးအသုံးချပြီး ရေဘေးသင့်ဒေသတွေကိုတဖက်တလမ်းက ကူညီချင်စိတ်ကြောင့် အထက်ပါ စကားစုများတွင် အမှားပါခဲ့ပါက နားလည်ခွင့်လွှတ်ဝေဖန်ထောက်ပြပေးကြဖို့ ကြိုတင်တောင်းပန်ပါရစေ

"လိုအပ်သူကိုဖေးမကူ.....
ပီတိလေးတွေကူးစက်ယူ....."

Kpay
09261316821

ဆက်သွယ်ရန်
09978784465

ရွှေလောင်းလှေ ပရဟိတဖောင်ဒေးရှင်း ရေဘေးသင့်ဒေသများရှိ ပြည်သူများသို့ ကူညီကယ်ဆယ်ထောက်ပံ့လှူဒါန်းရေး ခရီးစဉ်^^^^^^^^^^^^^^^...
24/09/2024

ရွှေလောင်းလှေ ပရဟိတဖောင်ဒေးရှင်း
ရေဘေးသင့်ဒေသများရှိ ပြည်သူများသို့ ကူညီကယ်ဆယ်ထောက်ပံ့လှူဒါန်းရေး ခရီးစဉ်
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဆက်လက်၍ ရေဘေးသင့်ဒေသဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး အဖွဲ့များ အရောက်အပေါက်နည်းသော အင်းလေးဒေသ၏ အနောက်ခြမ်းရှိတောင်ယာလုပ်ကိုင်ကြသော ဒေသခံရေဘေးသင့်ပြည်သူများသို့ ကယ်ဆယ်ရေး၊
#ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင်
ကူညီထောက်ပံ့ရေး လုပ်ငန်းများအဖြစ် အိမ်ထောင်စု(၁၀၀)အတွက် တစ်အိမ်ထောင်စုလျှင်
- ပဲဝါလေး
- ဆပ်ပြာမှုန့်
- ကြက်အူချောင်း
- အသားတု
- ပုန်းရည်ကြီး စသည့် ထောက်ပံ့ကူညီရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်
သို့ဖြစ်ပါ၍ စေတနာ့အလှူရှင်များအနေဖြင့် ကျွန်တော်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက် ကူညီသွားနိုင်ပါရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ
#စကားချပ်-အောက်ဖော်ပြပါ ပုံများသည်လက်ရှိဖြစ်ပေါ်နေသောပုံရိပ်များဖြစ်ပါသည်
KPAY
09261316821
Khinthander Myint

လိုအပ်သူကိုဖေးမကူ....
ပီတိလေးတွေကူးစက်ယူ....

ဆက်သွယ်ရန်
09978784465

"" အဆင့်အတန်းမရွေး ဘာသာမခွဲ တို့ရွှေလောင်းလှေ ""21/9/2024 ရက်နေ့တွင် ရွှေကျင်-မဒေါက် သို့ ခရီးဦးတည်မည် ပြုရာ အကြောင်းအမျ...
24/09/2024

"" အဆင့်အတန်းမရွေး ဘာသာမခွဲ တို့ရွှေလောင်းလှေ ""

21/9/2024 ရက်နေ့တွင် ရွှေကျင်-မဒေါက် သို့ ခရီးဦးတည်မည် ပြုရာ အကြောင်းအမျိုးမျိုးကြောင့် ခရီးမဆက်ရပဲ
တောင်ငူ မြို့ သို့ ခရီးလမ်းကြောင်းပြောင်းခဲ့ရပါသည်။
၂၂.၉.၂၄
တောင်ငူမြို့နယ်ရှိ အကူအညီ အရောက်ပေါက် နည်းသေးသော
#စစ်တောင်းမြစ်ကြော တစ်လျှောက် တာမံကျိုးတဲ့အနီးနားက
တောင်စင်ရွာလေး ၊ ကမ္ဘားနီ ၊ နောင်ဘို ၊ နောင်ချို ၊ ကျွန်းတောကုန်း
ဘနောင်း ၊ သဲတာ ရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ရွှေလောင်းလှေ ပရဟိတဖောင်ဒေးရှင်း ( ရန်ကုန် )
ပရဟိတ ပါရမီ (ပြည်)န့ဲအတူ
ထုိ အိမ်ထောင်စု (၅၀၀)စာကို ရည်မှန်းချက်အတိုင်း လှူဒါန်းနိုင်ခဲ့ပါသည်။
အိမ်ထောင်တစ်စု လျှင်
ခေါက်ဆွဲ.5ထုတ်
ကွေကာ.5ထုတ်
လက်ဖက်.5ထုတ်
ခြင်ဆေး.1ဘူး
ဆပ်ပြာ.1တုံး
လစဥ်သုံး.1ထုတ်
ငါးသတျတော.1ဘူး
ကိတ်ခြောက်.1ထုတ်
ဘလချောင်ကြော်.1ထုတ်
ကြက်အူချောင်းကျော်.1ထုတ်....
အသီးသီး ကူညီနိုင်ခဲ့ကြပါသည်
ကျန်းမာရေး စောင့်ရှောက်မှု့လည်း လုပ်ဆောင် ခဲ့ကြပါသည်။

အလှူရှင်အသီးသီး ဝမ်းမြောက် ပီတိ ပွားနိုင်ကြပါစေ...

# # # ယခု လက်ရှိ ကလောမြိုသို့ ကယ်ဆယ်ရေး
နှင့် ကျနိးမာရေး ကူညီ စောင့်ရှောက်မှုအတွက် ခရီး ဆက်လျက် ရှိပါသည်

May GOD blesses you All!
Grace and Peace to All!

Address

Yangon

Alerts

Be the first to know and let us send you an email when ရွှေလောင်းလှေ ပရဟိတဖောင်ဒေးရှင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ရွှေလောင်းလှေ ပရဟိတဖောင်ဒေးရှင်း:

Share