Miss Independent Myanmar

Miss Independent Myanmar Miss Indenpendent Myanmar

မင်္ဂလာပါ
Magic Events Management မှ နုတ်ခွန်းဆက်သလိုက်ပါတယ်။
ယခုအခါတွင် မြန်မာနိုင်ငံအတွင်း ကမ္ဘာ့အဆင့်မှီ အလှမယ်ရွေးချယ်ပွဲများကို အဖွဲ့အစည်းအမျိုးမျိုးမှ ခမ်းနားစွာ ပြုလုပ်ကျင်းပ ပေးလျှက်ရှိရာ၊ နိုင်ငံနှင့် လူမျိုးဂုဏ်ဆောင်နိုင်သော ငယ်ရွယ်ချောမော လှပပြီး ထက်မြတ်သော အမျိုးသမီးငယ်များ ပေါ်ထွက်လျှက်ရှိပါသည်။ ကမ္ဘာ့အဆင့်မှီ ပြိုင်ပွဲများကို တက်လှမ်းနိုင်စေရန်နှင့် ရွက်ပုန်းသီး အလှမယ်များစွာ ပေ

ါ်ထွက်လာစေရန်၊ ပထမခြေလှမ်း စတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Magic Events Management မှ Miss Independent Myanmar 2016 အလှမယ် ရွေးချယ်မည့်ပြိုင်ပွဲကြီးအား လာမည့် ၂၀၁၆ခုနှစ် ဇန္န၀ါရီလအတွင်း ခမ်းနားစွာကျင်းပ နိုင်ရန်စီစဉ်လျှက်ရှိပါသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အမှတ်တရ အထိမ်းအမှတ်အနေဖြင့် လည်းကောင်း၊ မြန်မာ့သမိုင်းတွင် မြန်မာအမျိုးသမီးများ၏ တိုင်းပြည်နှင့် လူမျိုးအတွက်ကျရာ အခန်းက@မှနေí ပါဝင်လှုပ်ရှားခြင်းများကို ဂုဏ်ပြုသောအားဖြင့်၊ ချောမော လှပပြေပြစ်သော၊ ငယ်ရွယ်တက်ကြွသော၊ လွတ်လပ်စွာတွေးခေါ်ကြံစပြီး ဥာဏ်ရည်ထက်မြတ်သည့် မြန်မာအမျိုးသမီးများကို ရွေးချယ်သွားမည်ဖြစ်ပါသည်။
ပေးအပ်ချီးမြှင့်မည့် ဆုများအနေဖြင့် Miss Independent Myanmar 2016 Winner ၊ Miss Independent Myanmar 2016 1st Runner Up၊ Miss Independent Myanmar 2016 2nd Runner Up နှင့်အတူ တခြားသော Title ဆုများစွာကို ပေးအပ်ချီးမြင့်သွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲတွင် မြန်မာရိုးရာဝတ်စုံများနှင့် ယှဉ်ပြိုင်ခြင်း၊ အားကစားဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်း၊ သက်မှတ်ထားသော ဖက်ရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်းနှင့် Evening Gown များဖြင့်ယှဉ်ပြိုင်ခြင်း၊ ပင်ကိုယ်အရည်အချင်းပြ Talent Show ၊ ပြိုင်ပွဲတလျှောက် အသင်းစိတ်ဓါတ်နှင့် လူမှု့ဆက်ဆံရေးများ၊ အမေးအဖြေ က@စသည့် အချက်များနှင့်အတူ ချောမောပြေပြစ်မှု စသည့် အချက်များကို အခြေခံကာ နယ်ပယ်အသီးသီးမှ ၀ါရင့်အကဲဖြတ်ဒိုင်များမှ အမှတ်ပေးဆုံးဖြတ်ပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ Miss Independent Myanmar 2016 ပြိုင်ပွဲကြီးကို တခမ်းတနား ပြုလုပ်ကျင်းပ နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်းမှ နိုင်ငံနှင့် လူမျိုးဂုဏ်ဆောင်နိုင်သော ငယ်ရွယ် ချောမောလှပပြီး ထက်မြတ်သော အမျိုးသမီးငယ် ရွက်ပုန်းသီး အလှမယ်များစွာ ပေါ်ထွက်လာစေရန်၊ ပထမ ခြေလှမ်းစတင်နိုင်ရန်ရည်ရွယ်ချက် ဖြင့်ပြုလုပ်ကျင်းပမည် ဖြစ်ရာပါဝင်ကူညီပံ့ပိုးပေးလိုသော လုပ်ငန်းရှင်ကြီးများကို ဖိတ်ခေါ်ပါသည်။


Greeting from MAGIC Events Management! Nowadays Myanmar is stepping into the International Beauty Pageants , proudly organized by various local event organizations and achieved the good images and prizes among the other countries. We, Magic Events Management would like to present Miss Independent Myanmar 2016 Beauty Pageant and believe it would help the young and talented ladies in Myanmar to represent the country and to create their dreams come true, to promote education, health, women’s rights and freedom. To the remembrances of Myanma Independence Day (4th January) and honor of Myanmar countrywide women, we would like to present Miss Independent Myanmar 2016 Beauty Pageant in coming January 2016.

Address

No.(24), 2nd Floor, Thiri Gonyi Housing, Bahan Township. (Direction: Enter From Kokine Swimming Pool Street / Minn Street)
Yangon
11201

Alerts

Be the first to know and let us send you an email when Miss Independent Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Miss Independent Myanmar:

Share


Other Community Organizations in Yangon

Show All