Youth Circle(Myanmar)

Youth Circle(Myanmar) Youth Circle is working as non-profit organization for Peace and Development

11/04/2024
♦️🔹🔸သစ္စာဖောက်🔸🔹♦️--------------------------------------------------                  ဆရာ-တင်ညွန့်🖊️♻️ဆင်ရိုင်းတွေကို ဆင...
28/08/2023

♦️🔹🔸သစ္စာဖောက်🔸🔹♦️
--------------------------------------------------
ဆရာ-တင်ညွန့်🖊️
♻️ဆင်ရိုင်းတွေကို ဆင်ယဉ်နှင့် ဖမ်းလေ့ရှိကြသည်။ ထိုဆင်ဖမ်းသည့် ဆင်ယဥ်တွေကလည်း တစ်ချိန်က ဆင်ရိုင်း များဖြစ်ကြသည်။ အရိုင်းတွေကို အယဉ်နှင့်ထောင်ဖမ်းကာ လူသားတွေက ဆင်တွေကို နှစ်ပေါင်းများစွာ ခိုင်းစား လာခဲ့ကြသည်။

မြေခွေးတစ်ကောင်က ဆင်ယဉ်တစ်ကောင်အနီးကိုသွားကာ

“ဒီမှာ မင်းမရှက်ဘူးလား” ဟု ဆိုလိုက်သည်

“ဘာကို ရှက်ရမှာလဲကွ”

“မင်းကွာ ... ကိုယ့်အမျိုးအချင်းချင်း မျက်နှာကိုမှမထောက်။ လူသားက မင်းထက်အများကြီး ငယ်တာကိုလည်း သတိမထား။ သူက ခိုင်းလိုက်ရင် ကြောင်လေးတစ်ကောင်လိုများ ဖြစ်သွားတာ အံ့ဩလွန်းလို့ပါ”

“ဟေ့ လူသားတွေလက်ထဲမှာ ကိုင်ထားတဲ့ ကွေးကွေးကောက်ကောက် အတံလေးတွေ့လား။ အဲဒါ ချွန်းလို့ ခေါ်တယ်။ အဲဒီ ချွန်းဆိုတာနဲ့ ငါတို့ကို ထိန်းထားတာ။ ငါတို့က လူသားကို ကြောက်တာ မဟုတ်ဘူး။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ချွန်းဆိုတာကိုကြောက်ပြီး သူတို့ခိုင်းတာ လုပ်ပေးနေရတာ”

“ဘာဖြစ်ဖြစ်ပါကွာ ... မင်းကို မကြာခင် မင်းအမျိုးတွေဆီကို ပြန်လွှတ်လိမ့်မယ်။ မင်းက မင်းအမျိုးတွေထဲက တစ်ကောင်ကောင်ကို လူတွေဆီ ခေါ်ခဲ့မယ်။ မင်းစကားကို နားယောင်ပြီး လိုက်လာတဲ့ ကောင်ကတော့ မင်းလိုပဲ လူသားတွေလက်ထဲမှာ ကျွန်ခံနေရတော့မယ်”

“ဘယ်တတ်နိုင်မှာလဲကွာ”

“ဘာလို့ မတတ်နိုင်ရမှာလဲကွ။ ဒီတစ်ခါ လူသားတွေက မင်းကို မင်းအမျိုးတွေဆီ လွှတ်လိုက်ရင် မင်းအမျိုးတွေနဲ့အတူတူ နေလိုက်ပေါ့။ လူတွေထံကို မပြန်နဲ့တော့လေ”

“ဟေ ... ဟုတ်သားပဲ ... ငါဘာကြောင့် အဲဒီလိုမတွေးမိတာလဲ။ ငါ့အမျိုးတွေနဲ့တွေ့ရင် ငါမပြန်ဘဲ တောထဲမှာ နေလိုက်လို့ရတာပဲ”

“အေး အဲဒါကိုပြောတာ”

ဆင်ယဉ်က မြေခွေးပြောသည့်စကားကို နားထောင်ပြီး သူ့သခင်တွေ သူ့ကို တောထဲပြန်လွှတ်မည့် နေ့ကို စောင့်နေသည်။ တစ်နေ့တွင် သူမျှော်လင့်ထားသလို ဖြစ်လာသည်။ လူသားတွေက သူ့ကို ဆင်ရိုင်းဖမ်းရန် အတွက် တောထဲကို လွှတ်လိုက်သည်။

တောထဲကို ရောက်လာသည့် ဆင်ယဉ်ကိုကြည့်ပြီး ဆင်ရိုင်းတွေက ပြောကြသည်

“ဟေ့ ... ဟိုမှာ သစ္စာဖောက်လာပြီ”

ဆင်ယဉ်က တောထဲက ဆင်ရိုင်းတွေကိုပြောသည်

“ငါ နောင်တ ရပါပြီကွာ ... ငါမင်းတို့ဆီကို ပြန်လာတာပါ။ မင်းတို့ကို သစ္စာဖောက်ဖို့မဟုတ်ပါဘူး။ ခုဆိုရင် ငါက ငါ့ သခင်တွေကို သစ္စာဖောက်ခဲ့တာပါ”

“ဟေ့ မလိုချင်ဘူးကွ။ မင်းကြောင့် ငါတို့ အဖမ်းခံလိုက်ရတာတွေအများကြီး ... မင်းလို လူ့ကျွန်ကို ယုံစားလို့ မဖြစ်တော့ဘူး။ ပြန်တော့ ... မင်းကို ငါတို့ လက်မခံနိုင်ဘူး”

ဆင်ယဉ်သည် သူ့ကို အမျိုးချင်းကပင် လက်မခံသည့်အတွက် စိတ်ပျက်ကာ တောထဲတွင် တစ်ကောင်တည်း လှည့်လည်နေသည်။ သူ့သခင်ကလည်း အချိန်တန်သည့်အခါတွင် ဆင်တစ်ကောင်ကို ခေါ်မလာသည့်အတွက် သူ့နောက်က တစ်ကောက်ကောက် လိုက်နေသည်။ တောထဲတွင် သူ့ကို ပြန်တွေ့သည့် အခါတွင် သခင်ဖြစ်သူက ဆင်ယဉ်ကို ပြန်ဖမ်းသည်။

ဆင်ယဉ်က လိုက်ရန် ငြင်းဆန်သဖြင့် သူ့သခင်က ပါလာသည့် သူများနှင့် လှံ ချွန်းတို့ကို အသုံးပြုကာ အကြမ်းဖက် ခေါ်ပြီး သူ့ကို ထူးခတ်ထားလိုက်သည်။
ထို့နောက် သူ့နဖူးပေါ်တွင် သခင်ဖြစ်သူက ထုံးဖြင့် စာရေးလိုက်သည်

“သစ္စာဖောက်”

ယခုတော့ ဆင်ကြီးမှာ လူသားတွေက သူ့ကို သစ္စာဖောက်ဟု သတ်မှတ်ပြီး မသုံးတော့။ ထို့အတူပင် တောထဲက သူ့အမျိုးတွေကလည်း သူ့ကို သစ္စာဖောက်ဟု သတ်မှတ်ကာ လက်မခံ။ နောက်ဆုံးတွင် ပင်ပန်းဆင်းရဲစွာဖြင့် သစ်ဆွဲသည့် အလုပ်ကို လုပ်ရပေတော့မည်။ ယခုတော့ သူ့သခင်က ပေးသည့် ချွန်းဒဏ်ချက်ပေါင်းများစွာကို ခံစားရင်း မည်သည့်နေရာတွင်မျှ ဝင်၍မရတော့သော သူ့ဘဝကို ရင်နာနေမိသည်။

ဆိုရိုးစကားတစ်ခုရှိသည်

“Once a traitor, ever a traitor.”

တစ်ကြိမ်သစ္စာဖောက်ဖူးသူသည် ထာဝရသစ္စာဖောက်ပင်ဖြစ်သည်။ ထိုသစ္စာဖောက်သည် သူ့အပြစ်ကို မည်မျှ ဖာထေးသည်ဆိုစေ သူ့နဖူးပေါ်တွင် ရေးထားသည့် “သစ္စဖောက်” ဆိုသော စာလုံးကြီးကို သေသည်အထိ ပျောက်အောင် ဖျက်သွားနိုင်မည် မဟုတ်ပေ။

သစ္စာဖောက် တစ်ယောက်သည် မိတ်ဆွေရော ရန်သူကိုပါ ဆုံးရှုံးတတ်သည်။

တင်ညွန့်

၁၅.၁၀.၂၀၂၂

Credit-To Original Writer
မေတ္တာဖြင့် တဆင့်_
ပြန်လည်မျှဝေသည်.....

လေးစားစွာဖြင့် -

photo crd

Frog which cannot jumpမခုန်နိုင်တဲ့ဖားနဲ့ ရေနွေးကန်မြို့ပြကြီး... #ဒေါက်တာခင်မောင်ညို မြို့ကြီးပြကြီးတွေကို ရေနွေးကန်နဲ့...
22/03/2023

Frog which cannot jump
မခုန်နိုင်တဲ့ဖားနဲ့ ရေနွေးကန်မြို့ပြကြီး...
#ဒေါက်တာခင်မောင်ညို

မြို့ကြီးပြကြီးတွေကို ရေနွေးကန်နဲ့တင်စားထားတယ်။
ဖားတစ်ကောင်ဟာ အဲဒီရေနွေးကန်ထဲရောက်သွားတဲ့အခါ အင်မတန်ပျော်နေတတ်သလို သင်လည်း ပျော်နေတာပါပဲ။ နောက်ဆုံး ရေနွေးကန်ဟာ ပွက်ပွက်ဆူလာတဲ့အခါ ... သင်ရုန်းထွက်ဖို့ အင်မတန်ခက်ခဲသွားတော့တာပေါ့.......

(၁)
ကျွန်တော်ရန်ကုန်မှာ ရောက်နေတာနှစ်ပေါင်း၄၀ ကျော်ရှိပါပြီ။ ကျွန်တော်က တောသားပဲ။ ခုတော့ မြို့ကြီးပြကြီးတွေရဲ့ အတွေ့အကြုံအများကြီး ရှိလာပြီပဲ။
နေပူပူ၊ လေပူပူ လှောင်ပိတ်နေတဲ့ မြို့မှာကျွန်တော် ပျော်နေတယ်။
ကျွန်တော့်လိုပျော်နေတဲ့သူ (တောသား)တွေ သန်းပေါင်းများစွာ ရှိမှာပါပဲ။
ကျွန်တော်ဆိုလိုတာ ကျွန်တော်တို့လို တောသားတွေဟာ သူတို့မွေးရပ်ကနေ ပြောင်းရွှေ့လာကြ တယ်။ ပြီးတော့ မိမိတို့ဒေသကိုမပြန်ကြတော့ဘူး။
အိုးနဲ့ အိမ်နဲ့ အခြေတကျ ဖြစ်သွားကြသူတွေ မပြန်ကြသလို ကျူးအိမ်တွေနဲ့ အိမ်ငှားအဖြစ်နေပြီး မပြန်ကြသူတွေအများကြီးပဲ။
တစ်နေ့လုပ်တစ်နေ့စား ထမင်းချက်တဲ့ ဒန်အိုးကိုတောင် ပေါင်ရတဲ့အဖြစ်တွေနဲ့ ကြုံကြတာတွေ ရှိတယ်။
ဒါပေမဲ့ မပြန်ပါဘူး။ မပြန်ရေးချ မပြန်ကြပါဘူး။

(၂)
ဘာလို့ကျွန်တော်တို့ဟာ အိမ်မပြန်ကြတာလဲ။သူတို့ကိုပြောကြည့်ပါ။
ခင်ဗျားတို့တောမှာ လေကောင်းလေသန့်ရတယ်။ ရွာမှာလည်းခင်ဗျားမိသားစုဟာ လူရိုသေရှင်ရိုသေ မိသားစုတစ်စုပဲမဟုတ်လားလို့။
ဒါပေမဲ့... ၁၉၉၀ ပြည့်နှစ်အလွန်မှာ ကျွန်တော် ဂျပန်ရောက်သွားတယ်။
ကျွန်တော်တို့ ဂျပန်ရောက် မြန်မာအများစုဟာ အခြားအာရှနိုင်ငံသားတွေလိုပါပဲ။အလုပ်သမားတွေ ဖြစ်လာကြတယ်။ အလုပ်သမားတွေထဲမှာမှ 3D ဆိုတဲ့အလုပ်ကို လုပ်ကြရတဲ့သူတွေအများစု ဖြစ်တယ်။
3D ဆိုတာ (Difficult) ခက်ခဲတဲ့အလုပ်၊( Dangerous)အန္တရာယ်ရှိတဲ့အလုပ် ၊ (Dirty) ညစ်ပေရွံရှာစရာ ကောင်းတဲ့အလုပ် တို့ပါပဲ။
ဒီအလုပ်တွေနဲ့ ပျော်မွေ့နေသူတွေ အများကြီးပါပဲ။
တစ်ခါတစ်ခါလည်း အချို့ပိုကောင်းတဲ့အရပ်၊ ပိုကောင်းတဲ့အလုပ်ကို ပြောင်းရွှေ့သွားသလို အချို့လည်း အိမ်ပြန်သွားကြတာရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ သောင်တင်ကျန်နေခဲ့ကြ တယ်။
သူတို့ပျော်နေတာပါပဲ။
ဘာကြောင့်လဲ။
မခုန်နိုင်တဲ့ဖား သီအိုရီ နဲ့ စဉ်းစားလို့ရတယ်။
ဖားတစ်ကောင်ကို ရေဆူဆူထဲ ပစ်ထည့်လိုက်ပါ။ ချက်ချင်းခုန်ထွက်သွားမယ်။
ဒါပေမဲ့ ရေနွေးနွေးထဲ ထည့်လိုက်ပါ။ ဖားဟာ ငြိမ်နေလေ့ရှိတယ်။ ခဏကြာရင် သူပျော်ပြီး ကူးတောင် ကူးနေဦးမှာပါပဲ။
ပြီးတော့အပူကို တဖြည်းဖြည်းပေးပါ။
ဖားဟာ သူသေလောက်ထိ အပူချိန်ရောက်လည်း မခုန်ထွက်တော့ဘူး။ အသေခံသွားသတဲ့။
ဒါပေမဲ့ ကျွန်တော်တို့တတွေဟာ အဆင့်နိမ့်တဲ့ဖားနဲ့ ဘာလို့ သွားတူနေရတာလဲ။

(၃)
တစ်ခါက ကျွန်တော် ကိုနေဦးဆိုတဲ့ ကျောင်းဆရာနဲ့ ဆုံဖူးတယ်။ သူပြောပြတယ်။
ကျွန်တော် မဲဆောက်မှာ ကျောင်းဆရာ လုပ်ဖူးတယ်
ဟုတ်လား။ မဲဆောက်ဆိုတာ မြဝတီတစ်ဖက် ထိုင်းဘက်ကမ်းကပေါ့
ဟုတ်ပါတယ်။ ထိုင်းမှာပေါ့။မယ်တော်ဆေးခန်းတို့ကိုလည်း ကြားဖူးမှာပါ
ဟုတ်ကဲ့
မယ်တော်ဆေးခန်းနဲ့အတူ NGO တွေဖွင့်ထားပေးတဲ့ကျောင်းမှာ ကျွန်တော်ကျောင်းအုပ်လုပ်ပါတယ်
ဘာတွေသင်တာလဲ
မြန်မာစာ၊ အင်္ဂလိပ်စာနဲ့၊ ထိုင်းစာတို့ပါ၊ အဲဒီကကျောင်းသားတွေကိုအခြေခံကစပြီး မြန်မာပြည်က မူလတန်း ကျောင်းသင်ရိုးကိုသင်ပါတယ်၊ ဒီရောက်နေတဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ကလေးတွေကို အဓိက ထားသင် ပေးပါတယ်၊ဒါပေမဲ့ အလုပ်သမားအချို့လည်း ညနေဖက်မှာဖွင့်ထားတဲ့ ထိုင်းစာကိုလာသင်ပါတယ်
ကောင်းတာပေါ့
ကောင်းပါတယ်။ ထူးခြားတာကိုပြောပြမယ်။ ကျွန်တော်တို့အဖွဲ့ကိုထောက်ပံ့ပေးတဲ့သူဌေးတစ်ယောက်က သူ့သမီးကိုညနေဖက် မြန်မာစာသင်ပေးဖို့လာအပ်တယ်
ဒါလည်းကောင်းတာပဲ
ဒါပေမဲ့သူ့သမီးက အသက် ၂၀ ကျော် သူ့အဖေကုမ္ပဏီမှာ လုပ်တာပါ။ သူ မြန်မာစာလာသင်တော့ ကျွန်တော်သူ့ကို မေးကြည့်တယ်
ဟုတ်ကဲ့
သမီးမြန်မာစာကို ဘာလို့သင်တာလဲ"လို့။ သူပြောပြပါတယ်။
သမီးက မြန်မာပြည်ကကုမ္ပဏီတွေကိုအုပ်ချုပ်တဲ့ အခါ လွယ်အောင်လို့တဲ့
ရည်ရွယ်ချက် အတော်ကြီးမားတာပဲ
နောက်ဒီလိုပဲ မြန်မာစာလာသင်တဲ့ထိုင်းတွေရှိတယ်။ သူတို့အားလုံးက မြန်မာပြည်မှာ ကုမ္ပဏီထောင်ဖို့ပဲလို့ ပြောကြတယ်
မြန်မာလိုတတ်တော့ အဆင်ပြေတာပေါ့
မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေကို ထိုင်းစာ ဘာလို့ သင်လဲ လို့မေးကြည့်တော့ သူတို့ဖြေတာကို ကြားရတာစိတ်မကောင်းဘူး
ဘယ်လိုဖြေလို့လဲ
သူတို့က အလုပ်လျှောက်တဲ့အခါ ထိုင်းလိုတတ်ရင် အလုပ်ရလွယ်တယ်။ ထိုင်းလိုတတ်ရင် အလုပ်သမား ခေါင်းတောင်ဖြစ်နိုင်သတဲ့
ဆရာကိုနေဦးစိတ်မကောင်းပါ။ သူတို့အားလုံးဟာ အလုပ်သမားဖြစ်လာဖို့ပဲ စိတ်အားသန်နေကြတယ်။ သူတို့ပြောပါတယ်။ ကျွန်တော်တို့က လက်လှမ်းမှီရာကိုပဲ ဆွဲရတယ် မဟုတ်လားတဲ့။

(၄)
နိုင်ငံခြားအလုပ်သွားလုပ်သူတွေ မှတ်သားစရာတွေကို ကျွန်တော်တို့ ဆွေးနွေးဖူးပါတယ်။
အဲဒါက အသက်မွေးဝမ်းကြောင်းပညာတစ်ခုကို သင်ယူရမယ်။ အဲဒီ နိုင်ငံသုံး ဘာသာစကားတတ်အောင်လည်း သင်ယူရမယ်ပေါ့။
အမှန်တော့ အသက်မွေးဝမ်းကြောင်းပညာတစ်ခုတတ်မယ်၊ ဘာသာစကားတတ်မယ်ဆိုရင် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ပထမကတော့ မိမိမှာ မှန်ကန်တဲ့ ရည်မှန်းချက် ချမှတ်ဖို့လိုတာပဲ။
အလီဘာဘာ သူဌေးကြီး ဂျက်မားပြောပါတယ်။
ကွင်းထဲမှာယုန် ၉ ကောင်ရှိနေတယ်ဆိုပါစို့။ သင်ယုန်ဖမ်းမယ်ဆိုရင် ဘယ်အကောင်ကိုဖမ်းမလဲ ဆိုတာ ပထမ အာရုံစုးစိုက်ရမယ်။ ဟိုကောင်ကိုဖမ်း၊ ဒီကောင်ကိုဖမ်း လုပ်မယ်ဆိုရင်တော့ သင်ဘာကိုမှ မရနိုင်ဘူးတဲ့။
ကိုဘသစ်က ပြောတယ်။
ကျွန်တော်သိတဲ့ အချို့လူတွေဟာ ရည်မှန်းချက် မှန်ကန်စွာနဲ့ အသက်မွေးဝမ်းကြောင်းပညာကို တတ်မြောက် အောင်သင်ကြားပေးတဲ့ဆီကို ရောက်အောင်ကြိုးစားကြတယ်။ ဒီလို သင်ယူကာ အောင်ပန်း ဆွတ်ခူးနိုင်တာကိုတွေ့ရပါတယ်
ရှိတော့ရှိတယ်၊ ရှားတော့ ရှားမှာပေါ့
ကျွန်တော်သိတဲ့လူတစ်ယောက်ပေါ့။ မြန်မာပြည်က ရူပဗေဒဘာသာရပ်နဲ့ဘွဲ့ရထားတယ်။ သူက အခြား အလုပ်တွေလုပ်တာကြာပြီးမှ အမေရိကန်ပြည်ထောင်စုကိုရောက်သွားတယ်။ ဒီလိုရောက်သွားတဲ့အခါ အချိန် ပိုင်းအလုပ်အချို့ကိုလုပ်ပြီး ညနေသင်တန်းတက်တယ်။ လေးနှစ်တာတက်ပြီး ဆက်သွယ်ရေးဆိုင်ရာ လျှပ်စစ် အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်ရတယ်။ အဲဒီလက်မှတ်ဟာ သူ့အတွက်ထမင်းစားလက်မှတ်ဖြစ်တယ်
သူ အလုပ်ကောင်းကောင်း ရသွားတာပေါ့
ဟုတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းထောင်ပြီးကြီးပွားကာ သန်းကြွယ်သူဌေးဖြစ်လာတယ်
တော်လိုက်တာ
ဒါဟာ ပုံမှန် လုပ်သင့်တဲ့အလုပ်ပါပဲ။ခင်ဗျားတို့သိကြတဲ့ ရုပ်ရှင်မင်းသားအာနိုးလည်းဒီလိုပဲလေ
ပြောပြပါဦး
သူဩစတြီးယားကပါ။ ကာယဗလမောင်ဘွဲ့ရတယ်။ ကမ္ဘာမှာရော၊ အိုလံပစ်မှာပါ သူ ကာယဗလ မောင်ဘွဲ့ ရခဲ့ပါတယ်။ ဒါပေမဲ့ သူရုပ်ရှင်မင်းသား လုပ်ချင်တယ်။ ဒီတော့ သူအမေရိကန်ပြည်ထောင်စုက ရုပ်ရှင်မြို့တော် ဖြစ်တဲ့ ဟောလီးဝုဒ်ကို သွားတယ်။ သူ့ကို ဘယ်သူမှ မငှားဘူး
ဘာလို့လဲ။ အဆက်အသွယ်မရှိလို့လား
သူရုပ်ရှင်ပညာမှ မတတ်ပဲ။ သူ အဲဒီမှာ အလုပ်ကြမ်းလုပ်ရင်း ညနေဖက် သရုပ်ဆောင်သင်တန်းကို၂ နှစ်တက်ရတယ်။ အဲဒီနောက်မှ သူမင်းသားဖြစ်သွားတယ်
အကြာကြီးစောင့်ရတယ်
စောင့်ရကျိုးနပ်ပါတယ်။ သူက တစ်ကြိမ်တည်း အောင်မြင်သွားတယ်
သူနဲ့ကိုက်ညီတဲ့ ဇာတ်ရုပ်ကို ရုပ်ဆောင်ခွင့်ရတာကိုး
ဒါလည်း ဟုတ်ပါတယ်။ ဒါပေမဲ့သူသင်တန်းက အောင်လက်မှတ်မရထားရင် သူ့ကိုသရုပ်ဆောင်ဖို့ ရွေးချင်မှ ရွေးမယ်။ ရွေးပြီးအစမ်းလေ့ကျင်ရင်လည်း အောင်ချင်မှအောင်မြင်မှာပေါ့
သူလည်းသန်းကြွယ်သူဌေးဖြစ်သွားပြီးကာလီဖိုးနီးယားရဲ့မြို့တော်ဝန်ဖြစ်ခဲ့ပါတယ်။

(၅)
ကျွန်တော်တို့ ဒါတွေကိုသဘောပေါက်ဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ အလုပ်တစ်ခုလုပ်ဖို့အတွက် အခြေခံပညာကိုတော့တတ်ထားဖို့လိုတယ်။ ရုပ်ရှင်ရိုက်ကွင်းနားရစ်သီရစ်သီလုပ်ပြီး မင်းသားဖြစ်လာတဲ့ခေတ်ကုန်သွားပြီဖြစ်တယ်
ကိုဘသစ်ပြောတာကို သဘောကျပါတယ်။ နီးစပ်ရာလူတွေကို ရုပ်ရှင်ခေါ်ရိုက်တဲ့တစ်ခေတ် ရှိခဲ့ပါတယ်။
ဒီလိုပဲ နေလိုက်ရင်တော့ အောက်ခြေ အလုပ်သမားသာဖြစ်လာမှာပဲ။ အသက်မွေးဝမ်း ကျောင်းပညာ ဆိုတာ အင်မတန်အရေးပါတယ်။ သင်ယူဖို့လိုတာကို သိဖို့သင့်တယ်
ရှေးကယူဆတာကို ကြားဖူးတယ်။ ခွေးကိုရေထဲပစ်ချလိုက်ရင် ရေကူးတတ်သလိုပဲ၊ လူတွေကို လည်းရေထဲပစ်ချလိုက်ပါ။ သူ ရေကူးတတ်လာလိမ့်မယ် ဆိုတဲ့ စကားရှိတယ်
ဟုတ်ကဲ့။ ဒါလည်း မှန်မှာပါပဲ"
ဒါပေမဲ့ မသင်ယူရင် ..အဲဒီလူဟာ ချန်ပီယံတော့ ဖြစ်လာမှာ မဟုတ်ဘူး

နိဂုံး
ဖားကို ရေအေးထဲထည့်ပြီးထားသလို နောက်ဆုံးမှာ ရုန်းမထွက်နိုင်တာကို ကျွန်တော်တို့ဆွေးနွေးပြီးပါပြီ။
ကျွန်တော်တို့နိုင်ငံသားဘယ်လောက်များများ အပြုတ်ခံရတဲ့ဖားတွေ ဖြစ်ကုန်ကြလဲ။
တွေးရောတွေးမိကြရဲ့လား။
သင်ယူပါ။ အားထုတ်ပါ။ ပြီးတော့ မှန်ကန်တဲ့ ရည်မှန်းချက်ထားရှိကြဖို့ လိုပါတယ်။
အင်း... ကိုဗစ်ပြီးရင်တော့ သင်တန်းလေးတစ်ခုခု တက်ထားဦးမှပါပဲ။

#ဒေါက်တာခင်မောင်ညို
photo crd: Google

" ရေ " ကြောင့်စစ်ပွဲဖြစ်နိုင်သလား ?နေ့စဉ် သောက်သုံးရတဲ့ ရေအစားအစာစိုက်ပျိုးချိန်သုံးစွဲရတဲ့ ရေ . . .ရေချို ကြောင့်ဒီနေ့အ...
22/03/2023

" ရေ " ကြောင့်စစ်ပွဲဖြစ်နိုင်သလား ?

နေ့စဉ် သောက်သုံးရတဲ့ ရေ
အစားအစာစိုက်ပျိုးချိန်
သုံးစွဲရတဲ့ ရေ . . .
ရေချို ကြောင့်ဒီနေ့အထိ
ပြဿနာအကြီးကြီးကြုံရဆဲ
တိုင်းပြည်တစ်ခုရှိပါသတဲ့။

တိုင်းပြည်ရဲ့နာမည်က " ဆီးရီးယား "
Syria လို့ခေါ်ပါတယ်။
အာရှတိုက်ရဲ့ အနောက်တောင်၊
မြေထဲပင်လယ်ရဲ့ အရှေ့ဘက်
ကမ်းခြေမှာ ဆီးရီးယားတိုင်းပြည်
တည်ရှိနေပါတယ်။

၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်
အထိ ဖြစ်ပေါ်ခဲ့တဲ့ ရေပြဿနာကြောင့်
စိုက်ပျိုးရေးမှာ ထိခိုက်ကြရတယ်။
မွေးမြူရေးတိရိစ္ဆာန်များသေဆုံး
ကြရသလို ကျေးလက်လူဦးရေ
၁•၅ သန်း မြို့ပြတွေဆီ ရွှေ့ပြောင်း
နေထိုင်ကြရတယ်။ ပြဿနာက
မပြီးသွားပါဘူး။ မြို့တွေဆီ
အဆမတန်ရောက်လာတဲ့
ရွှေ့ပြောင်းလူထုကြီးကြောင့်
လူမှုရေး၊ စီးပွားရေး ပြဿနာ
များစွာထပ်ဆင့်ဖြစ်ခဲ့တယ်။

ပြဿနာပေါင်းစုံ ဆင့်ကဲဆင့်ကဲ
ဖြစ်ပေါ်လာပြီးတဲ့နောက်
ဆီးရီးယားပြည်တွင်းစစ်ကြီး
ပေါက်ဖွားလာပါတော့တယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်
အထိ ဆီးရီးယားပြည်တွင်း
စစ်ကြီးမှာ သေဆုံးကြရသူ
စုစုပေါင်း ၂၂၇,၄၁၃ နှစ်သိန်းကျော်
ရှိပါကြောင်း ဆီးရီးယားလူ့အခွင့်
အရေးကွန်ရက် က မှတ်တမ်း
တင်ထားပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာလည်း
ရေ ပြဿနာကြောင့်ဖြစ်ပေါ်
လာသော ' ကာလဝမ်းရောဂါ '
ကပ်ဘေးကို ရင်ဆိုင်နေရဆဲပါ။
ဆီးရီးယားမှာ ဘာကြောင့် ရေ
ပြဿနာဖြစ်လာရသလဲ ?
(က) climate change ဥတု
ရာသီပျက်တဲ့ဘေးဒဏ်ကြောင့်
(ခ) တိုင်းပြည်ရဲ့ ရေအရင်းအမြစ်
စီမံခန့်ခွဲခြင်း မှားယွင်းမှုကြောင့်
(ဂ) ရေရှည်တည်တံ့သောစိုက်ပျိုး
မွေးမြူနည်း မသုံးစွဲဘဲ ရေ
အလွန်အကျွံဖြုန်းတီးခြင်းကြောင့်
(ဃ) ဆီးရီးယားအစိုးရ ထောက်ပံ့
ငွေ နဲ့ မြေအောက်အဝီစိရေ
အလွန်အမင်း တူးဖော်သုံးစွဲ
ခဲ့ကြခြင်းကြောင့် . . ဆိုပြီး
လေ့လာမှတ်တမ်းတင်ထားကြတယ်။

မတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
သည် World Water Day
ကမ္ဘာလုံးဆိုင်ရာ 'ရေ' နေ့ပါ။
နှစ်တိုင်း ကမ္ဘာ့ရေနေ့ အတွက်
ဆောင်ပုဒ်တစ်ခုခုဖော်ပြကြတယ်။
ဒီနှစ်အတွက် ဆောင်ပုဒ်က
"Accelerate Change"
"အပြောင်းအလဲကို အရှိန်မြှင့်ပါ"

မိသားစုအလိုက်၊ ဒေသအလိုက်၊
တိုင်းပြည်အလိုက် ' ရေ ' ဆိုတဲ့
အသက်အရင်းအမြစ် ထိန်းသိမ်း
သုံးစွဲရေးကို အထူးအလေးအနက်
ထားကြဖို့ နှိုးဆော်နေကြတယ်။
ပေါ့သေးသေးကိစ္စ မဟုတ်
တာကတော့ သေခြာနေပါပြီ။

ကိုပီတိ

♥♥♥ကရင်လူမျိုးအတွက် ပြန်လည်စိုက်ပျိုးသင့်သောမရှိမဖြစ်သော အပင်တစ်မျိုး..ပိုးကရင်ဘာသာနဲ့  မြးကျုတုံသး (မ်ားကတုံသား)လို့ ခေ...
01/03/2023

♥♥♥ကရင်လူမျိုးအတွက် ပြန်လည်စိုက်ပျိုးသင့်သော
မရှိမဖြစ်သော အပင်တစ်မျိုး..

ပိုးကရင်ဘာသာနဲ့ မြးကျုတုံသး (မ်ားကတုံသား)လို့ ခေါ်သော ယခုအသီးသည် ကရင်လူမျိုးတို့ စီးပွားဖြစ် ပြန်လည်စိုက်ပျိုးသင့်သည်ဟု ယူဆပါသည်။

ကြိမ်သီးလို့ခေါ်ကြတဲ့ ပုံထဲက ယခု အသီးလေးတွေကို စကောကရင်
မအင်္ကျီတွေမှာ အလှဆင်ထိုးတတ်ကြပြီး... ကရင်လူမျိုးတို့၏ မရှိမဖြစ်သောအသီးတမျိုးဖြစ်သည်။အဘယ်ကြောင့်ဆိုသော ကရင်လူမျိုးတို့ ၏ ယဉ်ကျေးမှု (၅ )မြိုးတှငျ ဝတ်စားဆင်ယင်မှုလည်း တစ်ခုအပါအဝင်မို့ ကရင်မအကျီ၌ လွပစြာ ပုံဖော်ဆင်ရသော ယခုလို အသီးစေ့များကို မပျောက်မပျက် ထိန်းသိမ်းကာကွယ် ပြန်လည် စိုက်ကြ ဖို့ နှိုးဆောျပါသညျ။

တလာဂုဏ်ကရင်တိုင်းရင်းသူအပျိုလေးတွေကတော့ ရှေးယခင်က ချည်နဲ့သီကုံးပြီလည်မှာဆွဲကြပါတယ်...။

ယခုခေတ်မှာရှားပါးလာတဲ့အတွက်ပို၍ပင် ဂရုတစိုက် ပြန် စိုက်ပျိုးသင့်ပါသည်။. အလုံးမျိုးနှင့် အရှည်မျိုး နှစ်ခုရှိရာ လိုချင်သော ထိုးချင်သော ပန်းပွင့်များပေါ်မူတည်၍ စိတ်ကြိုက်ဖန်တီး ပုံဖော်ကြသည်။

အဲဒီအပင်က အမြစ်ပါနုတ်ပြီး ရေနဲ့ပြုတ်သောက်ရင် သွေးတိုးဆီချိုသက်သာကောင်းမွန်တယ်လို့ ပြောကြပါတယ်... အလေ့ကျပေါက်အပင်အမျိုးအစားဖြစ်ပြီး စိုက်ပျိုးရလွယ်ပေမယ့် တောတွေရှင်းလင်းရာကနေ ကရင်ပြည်နယ်မှာ ရွားပါးသြားတာပါ...။သို့သော် ထိုင်းနယ်စပ် အေးသောနေရာများတွင် ယခုထိတိုင် မြိုးပှားရှငျသနျကွသညျ။

ဒီအပင်လေးတွေတွေ့ရင် ထိန်းသိမ်းထားကြပါလို့ ကရင်လူငယ်တွေကို ဗဟုသုတအဖြစ်ဝေမျှပေးလိုက်ပါတယ်...
Refrence ကိုပီတိ

Saw Shar Phaung-စဝ်ယှးဖါန် ,ထီ့ဝါန်.ရဝ်ပြန်လည်စိုက်ပျိုးသင့်သော ကရင်လူမျိုးအတွက်
မရှိမဖြစ်သော အပင်တစ်မျိုး..

ပိုးကရင်ဘာသာနဲ့ မြးကျုတုံသး (မ်ားကတုံသား)လို့ ခေါ်သော ယခုအသီးသည် ကရင်လူမျိုးတို့ စီးပွားဖြစ် ပြန်လည်စိုက်ပျိုးသင့်သည်ဟု ယူဆပါသည်။

ကြိမ်သီးလို့ခေါ်ကြတဲ့ ပုံထဲက ယခု အသီးလေးတွေကို စကောကရင်
မအင်္ကျီတွေမှာ အလှဆင်ထိုးတတ်ကြပြီး... ကရင်လူမျိုးတို့၏ မရှိမဖြစ်သောအသီးတမျိုးဖြစ်သည်။အဘယ်ကြောင့်ဆိုသော ကရင်လူမျိုးတို့ ၏ ယဉ်ကျေးမှု (၅ )မြိုးတှငျ ဝတ်စားဆင်ယင်မှုလည်း တစ်ခုအပါအဝင်မို့ ကရင်မအကျီ၌ လွပစြာ ပုံဖော်ဆင်ရသော ယခုလို အသီးစေ့များကို မပျောက်မပျက် ထိန်းသိမ်းကာကွယ် ပြန်လည် စိုက်ကြ ဖို့ နှိုးဆောျပါသညျ။

တလာဂုဏ်ကရင်တိုင်းရင်းသူအပျိုလေးတွေကတော့ ရှေးယခင်က ချည်နဲ့သီကုံးပြီလည်မှာဆွဲကြပါတယ်...။

ယခုခေတ်မှာရှားပါးလာတဲ့အတွက်ပို၍ပင် ဂရုတစိုက် ပြန် စိုက်ပျိုးသင့်ပါသည်။. အလုံးမျိုးနှင့် အရှည်မျိုး နှစ်ခုရှိရာ လိုချင်သော ထိုးချင်သော ပန်းပွင့်များပေါ်မူတည်၍ စိတ်ကြိုက်ဖန်တီး ပုံဖော်ကြသည်။

အဲဒီအပင်က အမြစ်ပါနုတ်ပြီး ရေနဲ့ပြုတ်သောက်ရင် သွေးတိုးဆီချိုသက်သာကောင်းမွန်တယ်လို့ ပြောကြပါတယ်... အလေ့ကျပေါက်အပင်အမျိုးအစားဖြစ်ပြီး စိုက်ပျိုးရလွယ်ပေမယ့် တောတွေရှင်းလင်းရာကနေ ကရင်ပြည်နယ်မှာ ရွားပါးသြားတာပါ...။သို့သော် ထိုင်းနယ်စပ် အေးသောနေရာများတွင် ယခုထိတိုင် မြိုးပှားရှငျသနျကွသညျ။

ဒီအပင်လေးတွေတွေ့ရင် ထိန်းသိမ်းထားကြပါလို့ ကရင်လူငယ်တွေကို ဗဟုသုတအဖြစ်ဝေမျှပေးလိုက်ပါတယ်...
Refrence ကိုပီတိ

♥ကရင်လူမျိုးတို့၏ ကရင်နှစ်သစ်ကူး နီးလာချိန်မှာ♥ကရင်ရိုးရာဒုံးအကအမျိုးအစားများ ပြန်လည် မျှဝေလိုက်ပါတယ်။{၁} တုံႋယှာႋလျုဖ္က...
15/12/2022

♥ကရင်လူမျိုးတို့၏ ကရင်နှစ်သစ်ကူး နီးလာချိန်မှာ
♥ကရင်ရိုးရာဒုံးအကအမျိုးအစားများ ပြန်လည် မျှဝေလိုက်ပါတယ်။

{၁} တုံႋယှာႋလျုဖ္ကုံ (ရှေးလူကြီးဒုံး)
{၂} တုံႋဖေါဟျသးခှါ့ယှာႋ (လူပျိုကြီးဒုံး)
{၃} တုံႋမူးဍ္ဍငျယှာႋ (အပျိုကြီးဒုံး)
{၄} တုံႋဖ္ကုံမူးယှာႋ (အဘွားကြီးဒုံး)
{၅} တုံႋကငျမချုလေး (ကောင်မလေးဒုံး)
{၆} တုံႋဝိကျ (ခါးလှဲ့ဝိုက်/ခါးအသားပေးဒုံးအက)
{၇} တုံႋကျုဆယျ/ တုံႋက္ကီး (ကကွက်ပြေးသောဒုံး)
{၈} တုံႋကျုမ္ကောဝျ (သူခိုး/စောရဒုံး)
{၉} တုံႋပၞာႋ (ကျွဲဒုံး)
{၁၀} တုံႋဆျုအုဂျ (မျောက်ဒုံး)
{၁၁} တုံႋသၟး (မိကျောင်းဒုံး)
{၁၂} တုံႋကျုဆငျ့ (ဆင်ဒုံး)
{၁၃} တုံႋထျုရာဲ (သမင်ဒုံး)
{၁၄} တုံႋကျုရငျေႋဍ္ဍီ့ (ဒမင်္ဂလဒုံး)
{၁၅} တုံႋစငျကျုဍယျ (ကျောင်ကဒယ်ဒုံး)
{၁၆} တုံႋလာဆီ့ဍ္ဍီ့ၜိငျး (ဆယ့်နှစ်လရာသီဒုံး)
{၁၇} တုံႋဆျု္ဏီ့လာ (ယဥ်ကျေးမှုဒုံး)

ထိုအမျိုးအစားအားလုံးကို ပြန်လည်စုစည်းလိုက်သော်-
~အမျိုးသားသီးသန့်*ကသောဒုံး
~အမျိုးသမီးသီးသန့်*ကသောဒုံး
~အမျိုးသားနှင့်အမျိုးသမီးရောနှောတွဲဖက်၍*ကသောဒုံး ဟူ၍ဖြစ်ပါသည်။

#ကရင်ရိုးရာဒုံးအကနှင့်သိမှတ်ဖွယ်ရာ
#စောမြင့်သူ(ဖားအံ)

လေးစားစွာဖြင့်ပြန်လည်မျှဝေပေးခြင်း
စဝ်ထံင့်စေဝ်
copy fb

အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့======================ဒီဇင်ဘာ (၅) ရက်သည် အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့အဖြစ် သတ်မှတ်...
05/12/2022

အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့
======================

ဒီဇင်ဘာ (၅) ရက်သည် အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့အဖြစ် သတ်မှတ် ထားသော နေ့ဖြစ်သည်။ စေတနာ့ဝန်ထမ်း၊ ပရဟိတလုပ်ငန်းဆိုသည်မှာ အများနှင့် ဆက်နွယ် သက်ဆိုင်နေသော လူမှုရေးကိစ္စများတွင်
မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်းခြင်းကြောင့်မဟုတ်၊ မိမိ၏ စိတ်စေတနာဆန္ဒ အလျောက် ကိုယ်ကျိုး
မမျှော်လင့်ဘဲ ပူးပေါင်းပါဝင် လုပ်ကိုင်ဆောင်ရွက်ကြသူများဖြစ်ပေသည်။
လူမှုရေး အသိစိတ် အပြည့်ဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း၊ ပရဟိတ လုပ်ငန်း ဆောင်ရွက်မှုများသည် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်။

လူ့ပတ်ဝန်းကျင်တွင် မမျှော်လင့်ဘဲ ရုတ်တရက်ကြုံတွေ့ကြ
ရသည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး စသည်တို့ဖြင့် ကြုံတွေ့ကြရသည့်အခါ လူသားအချင်းချင်း ဗြဟ္မစိုရ် တရားနှင့်အညီ ကူညီတတ် သည့် စေတနာ့ဝန်ထမ်းများကို (၂၀၀၈ မေလ ၂ ရက်) နာဂစ်ကဲ့သို့သော လေ ဘေးပြဿနာ ကြုံတွေခဲ့စဉ်အချိန်အခါက၎င်း၊ မီးလောင်မှုဖြစ်ပွားရာတွင် အသက်ကို ပဓာနမထားဘဲ သက်စွန့်ဆံဖြား ကူညီခဲ့ကြသူများကို၎င်း တွေ့မြင်ခဲ့ရ ဖူးပေသည်။
တန်ဆောင်မုန်းလပြည့်နေ့ ၆.၁၁.၂ဝ၁၄ ရက် နံနက် (၆း၂၅) နာရီအချိန်တွင် (၅) မိနစ် ကြာ တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်များ၊ ဓါတ်တိုင်များပြိုလဲခြင်း၊ အိမ်ခေါင်မိုးများလန်၍ အိမ်များပျက်စီးခြင်း အုတ်နံရံများပြိုကျပျက်စီးခြင်းတို့ ရန်ကုန်-အင်းစိန် လမ်းမကြီး ဘုရားလမ်းမှတ်တိုင်အနီး ဖြစ် ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
အဆိုပါဖြစ်ပွားရာနေရာသို့ ပြည်သူ့ရဲတပ်ဖွဲ့၊ စည်ပင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၊ ကြက်ခြေနီ၊ လျှပ်စစ်ဝန်ထမ်းနှင့် ပြည်သူများမှ စေတနာ့ဝန်ထမ်းအဖြစ် ဝိုင်း ဝန်းပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြမှုများသည် တစ်စုံတစ်ရာ ရရှိလိုမှုအကျိုးကို မမျှော် ကိုးဘဲ စေတနာအရင်းခံဖြင့် လုပ်ဆောင်ခဲ့ကြသူများဖြစ်ပေသည်။

ယခင်က နေရေးထက် သေရေးခက်၏ ဟု ဆို၏။
ယခု သေရေးတွင် ပရဟိတ၊ နာရေး ကူညီမှုအသင်းများ ပေါ်ပေါက်လာသဖြင့် မရှိ နွမ်းပါး ဆင်းရဲသားများအတွက် အားဆေး တစ်ခွက်ပင်ဖြစ်သည်။
ရင်တွင်းအပူမီး တောက်လောင်နေချိန်တွင် ကူညီရခြင်းဖြစ်၍ နတ်လူသာဓု ခေါ်ဆိုရလောက်သည့် ပရဟိတ လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်သည်။
ပရဟိတလုပ်ငန်း ဆောင်ရွက်နေသော နာရေးကူညီမှုအသင်းကြီးများသည် လူမျိုးဘာ သာ၊ ဆင်းရဲချမ်းသာမရွေး စေတနာ့ဝန်ထမ်းစိတ်ဓါတ်၊ ပရဟိတစိတ်ဓါတ်ဖြင့် ဆောင် ရွက် ကူညီနေကြခြင်းပင်ဖြစ်သည်။ လူတစ်ဦးတစ်ယောက် ဒုက္ခရောက်နေလျှင် လူ အများဝိုင်းကြည့်မနေနိုင်ကြ သကဲ့သို့ ကြင်နာသော မေတ္တာ၊ ကရုဏာစိတ်ဓါတ် အပြည့်ဖြင့်
တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီရန် အသင့်အနေအထားတွင်
ရှိနေကြသော စေတနာ့ရှင်များ ဖြစ်ကြပေသည်။

စိတ်စေနာစင်ကြယ်စွာဖြင့် မေတ္တာ၊ ကရုဏာထား၍ ပရဟိတလုပ်ငန်း၊ စေတနာ့ဝန် ထမ်း ဆောင်ရွက်နေကြသူများကို Volunteer ဟုခေါ်ဆိုကြပေသည်။
အခကြေးငွေ ရယူခြင်းမရှိဘဲ စိတ်ရင်းစေတနာ သန့်သန့်ဖြင့် ဆောင်ရွက်နေသူများဖြစ်၏။ စိတ်ထား မွန်မြတ်သူ၊ လူသားအချင်းချင်း ထောက်ထားစာနာ သနားနိုင်သူ၊ သည်းခံနိုင်စွမ်းရှိသူ၊ စွန့်စားသွားလာ လုပ်ကိုင်နိုင်စွမ်းရှိသူများမှသာလျှင် စေတနာ့ဝန်ထမ်း ပရဟိတ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ကြမည် ဖြစ်ပေသည်။
စေတနာ့ ဝန်ထမ်း၊ ပရဟိတလုပ်ငန်းများတွင် ပူးပေါင်းပါဝင် လုပ်ကိုင်ဆောင်ရွက်နေကြသူ များသည် မိမိ၏ ကိုယ်ပိုင်အချိန်များထဲမှ တန်ဖိုးရှိလှသောအချိန်များနှင့် လုပ်ငန်းများကို ခွဲဝေပေးလိုက်ရသဖြင့် အလွန်ပင်စိတ်ထားမွန်မြတ်သူများ ဟု ခေါ်ဆိုထိုက်သူများ ဖြစ်ပေသည်။

ယခုအခါ ကမ္ဘာ့အနှံ့လူမှုအကျိုးပြု စေတနာလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ ရှင် သန်ထွန်းကား လျှက်ရှိနေပေပြီ။
လူတစ်ဦးတစ်ယောက်မှ အစပြု၍ အသင်းအဖွဲ့ကြီး အဖြစ် ရပ်တည်လာနိုင်ကြ၏။
ဝါသနာတူသူများ စုပေါင်းလုပ်ဆောင်ကြခြင်းဖြင့် မိတ်ကောင်းဆွေကောင်းများကိုလည်း တိုးပွားရရှိစေကြသည်။ အများအကျိုး ဆောင် ရွက်ခြင်းဖြင့် မိမိအကျိုးအတွက်လည်း အောင်မြင်မှုကို ရရှိနိုင်ကြပေသည်။

လူ့ပတ်ဝန်းကျင်တွင် တစ်ဦးတစ်ယောက်တည်း နေထိုင်၍မရပေ။ အများနှင့်ပေါင်းသင်း ဆက်ဆံပြီး နိစ္စဓူဝ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့တစ်ခု မဟုတ် တစ်ခုခုတော့ဖြင့် ပူးပေါင်းဆောင်ရွက်နေထိုင်ကြရပေလိမ့်မည်။
ထိုကဲ့သို့ လူမှုကိစ္စများဆောင်ရွက်ကြရာတွင် အတားအဆီးများ၊ အခက်အခဲများ၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဝေဖန်ခြင်း စသည့်ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ကြရမည်မှာ အမှန်ပင်ဖြစ် သည်။ လောကကြီးတွင် အဝေဖန် အကဲ့ရဲ့ခံဘဝသည် ဘုရားရှင်လက်ထက်က တည်းက ဘုရားရှင်ကိုယ်တော်တိုင်ပင် မလွတ်ကင်းခဲ့ပေး။ အဝေဖန် အကဲ့ရဲ့များအား ဖြေရှင်းကျော်လွှားနိုင်ရန် ပညာ၊ ခန္တီပါရမီတို့ ပြည့်စုံနေဖို့ လိုပေသည်။

စေတနာ့ဝန်ထမ်း၊ ပရဟိတလုပ်ငန်း ဆောင်ရွက်နေကြသူများသည် စိတ်စေတနာကို အရင်းခံ၍ ဆောင်ရွက်လုပ်ကိုင်နေကြသူများဖြစ်သဖြင့် မည်သည့်အရပ်ဒေသသို့မဆို သွားရောက်၍ ကူညီဆောင် ရွက်ပေးကြရန် ဝန်မလေးကြ၊ မနှေးကွေးတတ်ကြပေ။ သောကနှင့် ဒုက္ခရောက်နေသူများကို ကူညီစောင့် ရှောက်ပေးခြင်းဖြင့် ကူညီသူနှင့် အကူအညီခံရသူ နှစ်ဦးနှစ်ဖက် ကြည်နူးပီတိဖြစ်စရာများလည်း ဖြစ်သည့် အပြင် အများသာဓု ခေါ်စရာအလုပ်မျိုးလည်းဖြစ်သဖြင့် စေတနာ့ဝန်ထမ်း၊ ပရဟိတလုပ်ငန်း များတွင် ဆောင်ရွက်နေကြသူများမှာ ဖြူစင်မွန်မြတ်သော စိတ်ထားကောင်းရှိသူများ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

ကျော်ဝင်းညွန့် (ရွှေပြည်သာ)

(၄.၁၂.၂ဝ၁၄ ကြာသပတေးနေ့ Daily Eleven တွင်ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါ သည်။)

28/11/2022
♥အဆိုတော် ရေမွန်ရဲ့ မွေးနေ့အမှတ်တရ (26.11.2022)♥သူ့သီချင်းလေးတွေကတော့ ဆက်ပီး ရှင်သန်နေပြီးလူငယ်တွေအတွက် အင်အားဖြစ်နေအုံး...
27/11/2022

♥အဆိုတော် ရေမွန်ရဲ့ မွေးနေ့အမှတ်တရ (26.11.2022)
♥သူ့သီချင်းလေးတွေကတော့ ဆက်ပီး ရှင်သန်နေပြီး
လူငယ်တွေအတွက် အင်အားဖြစ်နေအုံးမှာပါ။

♥ကိုယ်ပိုင်သံစဉ် တွေကို သာဖန်တီးပြီး ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းလာခဲ့တဲ့ အဆိုတော် ရေမွန် ( Idiots Band's Vocalist) ရဲ့
၂၆ရက်၊ နို၀င်ဘာလ မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သူ ရဲ့ အနုပညာများကို တမ်းတ ဂုဏ်ယူစွာရှိနေပါကြောင်း ဖော်ပြလိုက်ရပါတယ်။

သူ့ကိုချစ်ခင်တဲ့ ပရိသတ်ကြီးလည်း ရေမွန့်ရဲ့ အနုပညာတွေကို လွမ်းဆွတ်နေမယ် လို့ယုံကြည်ပါတယ်။

Happy Birthday, Raymond

အမျိုးများအားလုံးကို မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်ဗျာ့။ဒီတခါမှာတော့ ကရင်ဖြူမျိုးနွယ်စုထဲမှစပါးရိတ်သိမ်းရာတွင် မတူညီကြတ...
21/11/2022

အမျိုးများအားလုံးကို မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်ဗျာ့။

ဒီတခါမှာတော့ ကရင်ဖြူမျိုးနွယ်စုထဲမှ
စပါးရိတ်သိမ်းရာတွင် မတူညီကြတဲ့ ချစ်စရာ
ရိုးရာဓလေ့များကို တင်ဆက်ပေးပါမယ်။

ကရင်ဖြူမျိုးနွယ်စု ငါးမျိုးထဲမှာပါဝင်တဲ့
ဗန်းလုံးငယ် ကရင်ဖြူတွေရဲ့စပါးရိတ်သိမ်းအဆင့်ဆင့်ကိုတင်ပြပေးပါမယ်။

ဗန်းလုံးငယ်ကရင်တွေသည် မဲပေါက်အုပ်စု
သစ်တွန်အုပ်စု သပြေကုန်းအုပ်စုတို့တွင်အများဆုံး
နေထိုင်ကြပါသည်။

ဗန်းလုံးငယ်ကရင်တို့သည် ရွေ့ပြောင်းတောင်ယာ
စနစ်ကိုအဓိထား စိုက်ပျိုးကြပါသည်။

တောင်ယာခုတ်ပြီးသည်နှင့် ကွမ်း-ဖာလာများကို
နှစ်ရှည်သီးနှံဖြစ်စိုက်ပျိုးကြပြီး
စပါးကိုစိုက်ပျိုးသည့်နှစ်တွင်သာ အပြီးသတ်
ရိတ်သိမ်းကြပါသည်။

ဗန်းလုံးကရင်တို့သည် စပါးရိတ်သိမ်းရာတွင်
တံစဉ်(ဂျိုးချိတ်)တို့ကိုမသုံးဘဲ ဓားကောက်ငယ်ငယ်
ဘေးကိုသာအသုံးပြုကြပြီး စပါးနှံကိုစိပ်ကြပါသည်။

အခြားသောကရင်ဖြူမျိုးနွယ်စုဝင်ကရင်များထက်
တမူထူးခြားပါသည်။
စပါးအနှံတွေကိုသာစိပ်ကြပြီးသိုလှောင်ထားကြသည်။
တစ်ခင်းလုံးစိပ်လို့ပြီးစီးသည်နှင့်
ကျေးရွှာသူကျေးရွှာသားများစုပေါင်းကာ
ရိုးရာခေါင်ရည်များနှင့်စားဖွယ်စုံလင်စွာတည်ခင်း
ဧည့်ခံပြီးပျောပျော်ပါးပါး အတူတကွစပါးနှင်းကြသည်။

စပါးနှင်းသည်ဆိုသည်မှာ အမြင့်15ပေလောက်ရှိတဲ့
ှဝါးစင်လေးတွေဆောက်ထားရပါသည်။
ထိုစင်ပေါ်တွင် သီချင်းသံတကြော်ကြော်ဖြင့်
ဟန်ချက်ညီညာစွာ ကခုန်ကြပါသည်။
ဟန်ချက်ပျက်သောသူသည်
ထိုစင်ပေါ်၌လဲကျပါသည်။

ပျော်ရွှင်ဖွယ်ကောင်းပြီး ချစ်စရာကောင်းလှတဲ့
ကရင်ဖြူရိုးရာဓလေ့များကို ကြိုးစားတင်ဆက်
ပေးပါမည်။

လေးစားစွာဖြင့် SawWinNaingYun-SawCilMu

Saw Ye Ko&အဖြူရောင်သူငယ်ချင်း

"လေးစား​လောက်စရာ လူ​တွေက Sexual Harassment လုပ်ကြတဲ့အခါ" တကယ်​တော့ ဆိုရှယ်မီဒီယာ​တွေ မ​ပေါ်ခင်ကတည်းက ဒီလိုကိစ္စ​တွေက ရှိ...
21/10/2022

"လေးစား​လောက်စရာ လူ​တွေက Sexual Harassment လုပ်ကြတဲ့အခါ"

တကယ်​တော့ ဆိုရှယ်မီဒီယာ​တွေ မ​ပေါ်ခင်ကတည်းက ဒီလိုကိစ္စ​တွေက ရှိခဲ့တာပါ။ အရှက်အ​ကြောက်ကြီးပြီး မပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမို့ မိဘကို​တောင် ထုတ်မ​ပြောရဲခဲ့ကြတဲ့၊ စိတ်ဒဏ်ရာ တပုံတပင်နဲ့ ကျူးလွန်ခံရသူ​တွေ အများကြီး ရှိပါတယ်။

လုပ်ငန်းခွင်မှာ အထက်လူကြီးက လုပ်တာ၊ ကျူရှင်ဆရာက လုပ်တာ၊ ရပ်ကွက်ထဲ ဘုရားတရားနဲ့ ​နေတယ်လို့ ​နာမည်ကြီးတဲ့သူက လုပ်တာ စသဖြင့် စုံ​နေ​အောင် ရှိတယ်။ အဲဒါက သိပ်ကို သိမ်​မွေ့ပြီး ကျူးလွန်ခံရသူကို ပိုပြီး ထိခိုက်နစ်နာ​စေပါတယ်။ ဘာလို့ဆို​တော့ သူထုတ်​ပြောလည်း လူ​တွေက ယုံကြမှာ မဟုတ်လို့ပါပဲ။ အဲဒီအပြင် အပြစ်တင်ခံရမှု​တွေနဲ့ပါ ကြုံ​တွေ့သွားရနိုင်ပါတယ်။

ဒီအခါ ထုတ်မ​ပြော​တော့ဘူး။ ကြိတ်မှိတ်သည်းခံတယ်။ သူကိုယ်တိုင်လည်း ထပ်မံအကြမ်းဖက်ခံရနိုင်သလို၊ တခြားလူ​တွေကိုလည်း ဒီလူက ထပ်လုပ်ရဲသွားတယ်။ သတ္တိပိုရှိလာတယ်။ ဒီလိုနဲ့ သား​ကောင်​တွေလည်း တဖြည်းဖြည်း ပိုများလာနိုင်တယ်​​ပေါ့။

ဒါ​ကြောင့် ထုတ်​ဖော်​ပြောဆိုတဲ့ အ​လေ့အထ ထွန်းကားလာဖို့ လိုအပ်သလို၊ ကျ​နော်တို့ လူမှုအသိုင်းအဝိုင်းကလည်း ဒီလိုကျူးလွန်မှု​​တွေနဲ့ ပတ်သက်လာတိုင်း Zero Tolerance လို့ ​ခေါ်တဲ့ လုံးဝလက်သင့်မခံနိုင်ဘူး ဆိုတာကို ပြသဖို့ အ​ရေးကြီးတယ်။

အဲဒီအခါ ကျ​နော်တို့မှာ Bias လို့ ​ခေါ်တဲ့ ဘက်လိုက်တဲ့ အ​တွေး​တွေ ရှိတတ်ကြတယ်။ ဆိုလိုတာက တခြားလူ လုပ်တာဆိုရင်​တော့ သည်းမခံနိုင်ဘူး ဆိုပြီး Speak out လုပ်သူဘက်က ရပ်တည်ကြ​ပေမဲ့၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်ဆရာ၊ ကိုယ်​လေးစားရတဲ့သူက လုပ်တာလည်းဆို​ရော၊ တစ်နည်းနည်းနဲ့ ဝင်ကာကုန်ကြ​ရော။ အဲ့ထက်ဆိုးလာရင် ခံရသူကိုပါ အပြစ်တင်မိတတ်၊ ကဲ့ရဲ့တတ်ကြတယ်။

ကျူးလွန်သူ​တွေဟာ နာမည်၊ ဂုဏ်၊ ​ငွေ​ကြေး၊ ရာထူး စသဖြင့် မြင့်မား​နေခဲ့ရင် Speak out လုပ်ရတာဟာ နံရံကို ​ခေါင်းနဲ့ တိုက်ရတာနဲ့ အတူတူပါပဲ။ ကိုယ်ပဲ ​ခေါင်း​ပေါက်တာ အဖတ်တင်မယ်​​ပေါ့။ ဒီ​တော့ နံရံကို အတူဝိုင်းဖြို​ပေးမဲ့ လူမှုအသိုင်းအဝိုင်း လိုပါတယ်။

စဉ်းစားကြည့်ပါ။ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်သမီး၊ ကိုယ့်တူမ၊ ကိုယ့်ရည်းစားက Sexual harassment လုပ်ခံလိုက်ရတယ်။ တိုင်လို့ တန်းလို့လည်း မရ။ Speak out လုပ်တော့လည်း အဆဲခံရ။ ကျူးလွန်သူက အလုံးလည်း မလျော့၊ အရပ်လည်း မလျော့၊ လူတွေကလည်း ဆက်ပြီး ​လေးစားကြည်ညို​နေကြရင် ဘယ်လောက်တောင် ခံပြင်းနေလိုက်မလဲ။ ကြိတ်မနိုင် ခဲမရ ဖြစ်နေလိုက်မလဲ။

Sexual harassment ကိစ္စတစ်ခု ဖြစ်လာတဲ့အခါ လူထုက ဘယ်လိုတုံ့ပြန်သလဲဆိုတာက နောက်ထပ် ဖြစ်လာလတ္တံ့သော Sexual harassment တွေပေါ်မှာ သက်ရောက်မှု ရှိတယ်။ အဖြစ်နည်းသွားစေမလား၊ များလာစေမလားပေါ့။ အဖြစ်အပျက်တစ်ခုကို လူပေါင်းများစွာက ကြည့်နေတာကိုး။

ခံရသူကို အပြစ်တင်​နေကြရင် နောက်ထပ် ကျူးလွန်ခံရသူတွေက နှုတ်ဆိတ်နေကြတော့မှာ။ ဒီလူတစ်ယောက် အေးဆေးပဲ လွတ်သွားတာ မြင်ရင် နောက်လူတွေကလည်း လိုက်လုပ်ကြတော့မှာ။ အဲ့လိုပဲ၊ ကိုယ့်အမေ၊ ကိုယ့်အဖေက အပြစ်တင်နေတာကို မြင်ထားတဲ့ ကလေးကလည်း သူကိုယ်တိုင် ကျူးလွန်ခံရသူ ဖြစ်တဲ့အခါ ပါးစပ်ပိတ်နေတော့မှာ။

စဉ်းစားကြည့်နော်။ ကိစ္စတစ်ခုမှာ ကိုယ့်ဆရာသမား ကိုယ့်လုပ်​ဖော်ကိုင်ဖက်မို့ သူ့ဘက်က ရပ်တည်ပြီး ခံရသူကို အပြစ်တင်ခဲ့တယ်။ နောင် Sexual harassment ကိစ္စတစ်ခု ပေါ်လာပြီဆို ကိုယ် ဘာတွေရေးမလဲ။ ကိုယ် ဘယ်လိုပြောမလဲ။ International Women’s Day တို့ ဘာတို့လို အထိမ်းအမှတ်နေ့တွေမှာ ကိုယ် ဘယ်လိုပါဝင်မလဲ။ အနီးဆုံးဥပမာ ပေးမယ်။ ကိုယ့်သမီး၊ ကိုယ့်တူမကို Speak out လုပ်တတ်အောင်၊ လုပ်ရဲအောင် ဘယ်လိုသင်ပေးမယ် စိတ်ကူးလဲ။

ရပ်ကွက်ထဲက အပေအတေတွေ ယိသဲ့သဲ့ ပြောရင်တော့ ပြန်ဆော်ခဲ့။ နာမည်ကြီးတဲ့သူ၊ ရာထူးကြီးတဲ့သူက လုပ်ရင်တော့ ငြိမ်နေပါစေပေါ့။ အဲ့လို သင်မှာလား။ ကိုယ့်သမီးရဲ့ ဘဝမှာ လမ်းပေါ်က အပေအတေတွေ Sexual harassment လုပ်တာကို ခံရဖို့နဲ့၊ သူ့အထက်လူကြီး၊ သူ့စီနီယာက လုပ်တာကို ခံရဖို့က ဘယ်ဟာ ပိုဖြစ်နိုင်ခြေများမယ် ထင်သလဲ။ ဘယ်ဟာကရော သူ့ကို ပိုပြီး ထိခိုက်နစ်နာစေမယ် ထင်သလဲ။

တော်လှန်ရေးကာလမှာ အပြောများတဲ့ စကားလိုပေါ့။ မတရားမှုကို ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး လက်ပိုက်ကြည့်နေလိုက်ရင် အဲ့ဒီမတရားမှုက ကိုယ့်အိမ်ကို တံခါးလာခေါက်လိမ့်မယ် ဆိုသလိုပဲ။ Sexual harassment ကိစ္စတွေကို ချစ်ခြင်း မုန်းခြင်းအပေါ် အခြေခံပြီး တုံ့ပြန်နေကြရင်လည်း တစ်ချိန်ကျ နံရံကို ခေါင်းနဲ့ တိုက်နေရတဲ့သူဟာ ကိုယ်သော်လည်းကောင်း၊ ကိုယ့်သမီး၊ ကိုယ့်တူမသော်လည်းကောင်း ဖြစ်လာနိုင်တယ် ဆိုတာကို သတိရစေချင်တာပါ။

​ဒေါက်တာ ဖြိုးသီဟ
၁၃.၁၀.၂၀၂၂

Photo credit

Address

534(A); A Wai Yar Street; Nantthargone Quarter;
Yangon

Alerts

Be the first to know and let us send you an email when Youth Circle(Myanmar) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Youth Circle(Myanmar):

Share