17/04/2026
မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယမှာ ပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ကျွန်တော်တို့ Myanmar Classic Car Club ဟာ ရှေးဟောင်းကားတွေကို ချစ်မြတ်နိုးရုံသာမက မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာလက်ရာတွေကိုလည်း တန်ဖိုးထား ထိန်းသိမ်းနေသူများ ဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလတစ်လျှောက်လုံးမှာ အနိမ့်အမြင့်၊ အတက်အကျတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့တဲ့ Classic Car ကြီးတွေလိုပဲ ပြည်သူအပေါင်းလည်း အခက်အခဲတွေကို ကျော်လွှားပြီး တောက်ပတဲ့ အနာဂတ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဒီနှစ်သစ်မှာ မိသားစုတွေနဲ့အတူ ပျော်ရွှင်အေးချမ်းပြီး ဘေးဘယာ ဝေးကွာကြပါစေ။