Yangon-MCIA

Yangon-MCIA Yangon Region Computer Industry Association (Yangon-MCIA)
http://mcia-yangon.org.mm ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

🤖 AI for SME Business — Work Smarter, Grow Faster (၁ ရက်တာ သင်တန်း အောင်မြင်စွာ ကျင်းပပြီးစီးခြင်း)ရန်ကုန်တိုင်းဒေသကြီး ...
31/08/2026

🤖 AI for SME Business — Work Smarter, Grow Faster (၁ ရက်တာ သင်တန်း အောင်မြင်စွာ ကျင်းပပြီးစီးခြင်း)

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) နှင့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (UMBEEA) တို့ ပူးပေါင်းစီစဉ်သည့် “AI for SME Business — Work Smarter, Grow Faster” သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက် (စနေနေ့)၊ နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ MTB Bank (Head Office) ၌ အောင်မြင်စွာ ဖွင့်လှစ်ကျင်းပခဲ့ပါသည်။

✨ အဖွင့်အမှာစကား ပြောကြားခြင်း

ရှေးဦးစွာ Yangon-MCIA အသင်း ဥက္ကဋ္ဌ၊ ဒေါ်ခင်တိုးယဉ် နှင့် UMBEEA အသင်း ဒုတိယဥက္ကဋ္ဌ၊ ဒေါ်ခင်ချောစုဝင်း တို့မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

👨‍🏫 သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများ

ဦးအောင်ပြည့်ဖြိုး
ဒေါက်တာကျော်ဖြိုးလင်း
ဦးသူရိန်ထွန်း
ဒေါက်တာမြမြလွင်

💡 သင်တန်းတွင် လက်တွေ့လေ့ကျင့် သင်ယူခဲ့ကြသည့် ခေါင်းစဉ်များ AI နည်းပညာကို အသိပညာအဖြစ်သာမက မိမိတို့၏လုပ်ငန်းခွင်အတွင်း လက်တွေ့ ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် အောက်ပါ ခေါင်းစဉ်များကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပေးခဲ့ကြပါသည် -

📈 Business Productivity
📣 Marketing & Content Creation
💬 Business Communication
🔍 Research & Information
📊 Financial Analysis with AI

🙏 ကျေးဇူးတင်လွှာ

ယခုသင်တန်း အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးခဲ့ကြသော နှစ်ဖက်အသင်းမှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ အားလုံးကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ လှိုက်လှဲစွာ အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။

𝐀𝐈 𝐟𝐨𝐫 𝐒𝐌𝐄 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬𝐖𝐨𝐫𝐤 𝐒𝐦𝐚𝐫𝐭𝐞𝐫, 𝐆𝐫𝐨𝐰 𝐅𝐚𝐬𝐭𝐞𝐫 🚀Computer အ​ခြေခံရှိသူ မည်သူမဆို တက်​ရောက်နိုင်ပါတယ်။AI ကို သိရုံနဲ့ မလုံလေ...
24/08/2026

𝐀𝐈 𝐟𝐨𝐫 𝐒𝐌𝐄 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬
𝐖𝐨𝐫𝐤 𝐒𝐦𝐚𝐫𝐭𝐞𝐫, 𝐆𝐫𝐨𝐰 𝐅𝐚𝐬𝐭𝐞𝐫 🚀
Computer အ​ခြေခံရှိသူ
မည်သူမဆို တက်​ရောက်နိုင်ပါတယ်။

AI ကို သိရုံနဲ့ မလုံလောက်ပါဘူး။

ကိုယ့်လုပ်ငန်းထဲမှာ “ဘယ်လိုအသုံးချမလဲ” သိမှ AI က တကယ်တန်ဖိုးရှိလာမှာပါ။

ဒီတစ်ကြိမ်မှာတော့ AI နဲ့ Business ပိုင်းမှာ အတွေ့အကြုံရှိတဲ့ နာမည်ကြီး ဆရာ ၄ ယောက် ကို တစ်နေရာတည်းမှာ စုစည်းပြီး SME လုပ်ငန်းရှင်တွေအတွက် တစ်ရက်တာ Practical AI for Business Training ကို UMBEEA × MCIA (Yangon Region) တို့ ပူးပေါင်းစီစဉ်ထားပါတယ်။

🏢 Venue Sponsor – MTB Bank

ဒီလို ဆရာ ၄ ယောက်ကို တစ်နေရာတည်းမှာ ဆုံပြီး တစ်ရက်တာ လက်တွေ့သင်ယူနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အခွင့်အရေး မဟုတ်ပါဘူး။

ဒါကြောင့် ဒီသင်တန်းဖြစ်မြောက်လာဖို့ အသင်းတာဝန်ရှိသူများအနေဖြင့် Member များအတွက် အထူးအခွင့်အရေးတစ်ခု ဖြစ်လာစေရန် ကြိုးစားစီစဉ်ထားခဲ့တာပါ။

━━━━━━━━━━━━━━━

⚜️ 𝐖𝐡𝐚𝐭 𝐖𝐢𝐥𝐥 𝐘𝐨𝐮 𝐆𝐚𝐢𝐧?

🔰 AI Mindset for Entrepreneurs
AI ကို Technology တစ်ခုအနေနဲ့သာ မမြင်တော့ဘဲ လုပ်ငန်းတိုးတက်ရေးအတွက် Business Tool တစ်ခုအဖြစ် အသုံးချတတ်လာမယ်။

🔰 AI for Business Planning
Business Idea, Business Model, Business Plan နဲ့ လုပ်ငန်းတိုးချဲ့ရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို AI နဲ့ ပိုမိုမြန်ဆန်စွာ စီမံနိုင်မယ်။

🔰 AI for Marketing & Content
ကိုယ့် Brand နဲ့ ကိုက်ညီတဲ့ Content Ideas, Marketing Messages, Campaign Ideas တွေကို AI နဲ့ စနစ်တကျ ဖန်တီးနိုင်မယ်။

🔰 AI for Sales & Customer Service
Customer Response, Sales Communication နဲ့ Follow-up တွေမှာ AI ကို ထိရောက်စွာ အသုံးချနိုင်မယ်။

🔰 AI for Productivity
နေ့စဉ်လုပ်ငန်းတွေထဲက ထပ်ခါထပ်ခါလုပ်နေရတဲ့ Repetitive Tasks တွေကို AI နဲ့ လျှော့ချပြီး အချိန်နဲ့ လူအင်အားကို ပိုမိုထိရောက်စွာ အသုံးချနိုင်မယ်။

🔰 Practical Prompting
AI ကို “မေးတတ်ရုံ” မဟုတ်ဘဲ ကိုယ့်လုပ်ငန်းအတွက် လိုချင်တဲ့ Result ရအောင် ဘယ်လို Prompt ပေးရမလဲဆိုတာ လက်တွေ့အသုံးချနိုင်မယ်။

━━━━━━━━━━━━━━

💎 𝐌𝐞𝐦𝐛𝐞𝐫 𝐦𝐚𝐲 𝐠𝐚𝐢𝐧 𝐌𝐨𝐫𝐞!
ဒီသင်တန်းရဲ့ ပြင်ပသင်တန်းကြေးတန်ဖိုးက ၁၀ သိန်းကျပ် ဝန်းကျင်ရှိပေမယ့်
UMBEEA နဲ့ MCIA တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ MOU အခွင့်အရေးများကြောင့် လုပ်ငန်းရှင်များ နဲ့ ကိုယ့်ရဲ့ Digital Team ဝန်ထမ်းများးအနေဖြင့်
၂၀၀,၀၀၀ ကျပ်သာ ဖြင့် တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

💰 Training Fee
🔹 UMBEEA Member – 150,000 MMK

🔹 Non-Member – 200,000 MMK

📌 ဒါဟာ သင်တန်းကြေးသက်သာတာထက်ပိုပြီး လုပ်ငန်းရှင်များ နဲ့ ကိုယ့်ရဲ့ Digital Team ဝန်ထမ်းများ တွေအတွက် ရရှိလာတဲ့ တန်ဖိုးကြီးတဲ့ Learning Opportunity တစ်ခု ဖြစ်ပါတယ်။

━━━━━━━━━━━━━━

⚠️ 𝐌𝐞𝐦𝐛𝐞𝐫 𝐦𝐚𝐲 𝐍𝐨𝐭 𝐖𝐚𝐢𝐭!
📅 29 August 2026
⏰ 9:00 AM – 5:00 PM
📍 MTB Bank

လူဦးရေ အကန့်အသတ်ရှိတာကြောင့်
“နောက်မှတက်မယ်” ဆိုပြီး စောင့်နေတုန်း ထိုင်ခုံနေရာ မရတော့မှာကို စိုးရိမ်လို့ ကြိုတင်အသိပေးတာပါ။
ဒီလို ဒိတ်ဒိတ်ကျဲ ဆရာ ၄ ယောက် ကို တစ်နေရာတည်းမှာ စုစည်းပြီး SME လုပ်ငန်းရှင်တွေအတွက် တစ်ရက်တာ လက်တွေ့သင်ကြားပေးနိုင်ဖို့ဆိုတာ နောက်တစ်ကြိမ် ဘယ်အချိန်မှာ ပြန်ရနိုင်မလဲ မသေချာပါဘူး။

အခွင့်အရေးရတုန်း အပြည့်အဝ အသုံးချလိုက်ပါ။
━━━━━━━━━━━━━━

👨‍🏫 𝐓𝐫𝐚𝐢𝐧𝐞𝐫𝐬
🔰 ဆရာ ဦးအောင်ပြည့်ဖြိုး
🔰 ဆရာ ဦးသူရိန်ထွန်း
🔰 ဆရာ ဦးကျော်ဖြိုးလင်း
🔰 ဆရာမ ဒေါ်မြမြလွင်
လုပ်ငန်းရှင်တွေအတွက် AI ကို ဘယ်နေရာကစပြီး အသုံးချရမလဲ? ကိုယ့်လုပ်ငန်းမှာ ဘယ်လိုအသုံးချရမလဲ ဆိုတာကို လက်တွေ့အသုံးချနိုင်အောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

💻 Laptop ယူဆောင်လာရန် လိုအပ်ပါသည်။

🔐 မိမိအသုံးပြုနေသော Gmail Account & Password များကိုလည်း မမေ့မလျော့ ယူဆောင်လာပေးပါ။
♨️ Lunch ပါပြီး

━━━━━━━━━━━━━━
🚀 သင်တန်းပြီးတဲ့အခါ...
❝ AI ကို ဘာလုပ်ခိုင်းရမလဲ မသိတဲ့အခြေအနေကနေ
“ဒီအလုပ်ကို AI နဲ့ ဒီလိုလုပ်မယ်” လို့ စဉ်းစားတတ်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ ❞
AI ခေတ်မှာ လုပ်ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့
လူအင်အားပိုများဖို့ မလိုပါဘူး။

မှန်ကန်တဲ့ AI Tool ကို
မှန်ကန်တဲ့နေရာမှာ အသုံးချတတ်ဖို့ပဲ လိုပါတယ်။

📌 Member ဖြစ်နေတာကို အကျိုးရှိရှိ အသုံးချပါ။
ဒီအခွင့်အရေးကို မလွတ်လိုက်ပါနဲ့။
Register Link ကို Comment Box တွင် ​ပေးပို့ထားပါသည်။

📝 Registration Link
https://forms.gle/ttcHENYN69HZnYH56

Your Business. Your Advantage. Powered by AI.

✨ Asia Mega Link Co., Ltd. တွင် Yangon-MCIA မှ "Smarter Business with AI" Seminar အောင်မြင်စွာ ကျင်းပပြုလုပ် ✨(၁၄.၈.၂၀၂၆...
15/08/2026

✨ Asia Mega Link Co., Ltd. တွင် Yangon-MCIA မှ "Smarter Business with AI" Seminar အောင်မြင်စွာ ကျင်းပပြုလုပ် ✨

(၁၄.၈.၂၀၂၆) သောကြာနေ့၊ မွန်းလွဲ (၂:၀၀) နာရီမှ (၄:၀၀) နာရီအထိ Asia World Group of Companies ၏ လက်အောက်ခံ Asia Mega Link Co., Ltd. ၏ ဖိတ်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ ဥက္ကဋ္ဌနှင့်တကွ အလုပ်အမှုဆောင်များ သွားရောက်၍ Hledan Center (7th Floor) ရှိ Asia Mega Link Co., Ltd. ရုံးခန်းတွင် "Smarter Business with AI" ခေါင်းစဉ်ဖြင့် AI ဆိုင်ရာ အသိပညာပေး Seminar ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 🤝🤖

အဆိုပါ အခမ်းအနားတွင် —

🎤 အဖွင့်အမှာစကား ပြောကြားခြင်း

Yangon-MCIA ၏ ဥက္ကဋ္ဌ ဒေါ်ခင်တိုးယဉ် နှင့် Asia Mega Link Co., Ltd. မှ တာဝန်ရှိသူတို့မှ အသီးသီး အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြပါသည်။

💡 AI ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Yangon-MCIA ၏ အတွင်းရေးမှူးဖြစ်သူ Dr. Kyaw Phyo Lin မှ Asia Mega Link Co., Ltd. မှ Directors များ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၄၀) နီးပါးအား ခေတ်သစ် နည်းပညာနှင့် AI ဆိုင်ရာ သိကောင်းစရာများကို အသေးစိတ် မျှဝေဟောပြောပေးခဲ့ပါသည်။

ဟောပြောပွဲတွင် -

AI ကို စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့ကျကျ အသုံးချနည်းများ

လုပ်ငန်းခွင် စွမ်းဆောင်ရည် (Productivity) ပိုမိုမြှင့်တင်နိုင်မည့် နည်းလမ်းများ

ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရေး AI Tools အသုံးပြုပုံများကို စိတ်ပါဝင်စားစွာဖြင့် တက်ကြွစွာ ဆွေးနွေးခဲ့ကြပါသည်။

🎗️ ဂုဏ်ယူဖွယ် အလှူဒါနနှင့် ကျေးဇူးတင်လွှာ

Asia Mega Link Co., Ltd. မှ Yangon-MCIA သို့ အလှူငွေများ လှူဒါန်းပေးခဲ့သည့်အတွက် Yangon-MCIA အသင်းမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🙏✨

တက်ကြွစွာ ပါဝင်အားဖြည့်ပေးခဲ့ကြသည့် Yangon-MCIA မှ အလုပ်အမှုဆောင် ဆရာ/ဆရာမများ အားလုံးကိုလည်း Yangon-MCIA အသင်းမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🙏✨

🤖✨ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA)“AI အသိပညာပေးသင်တန်း” အောင်မြင်စွာ ပြုလုပ်ပြီးစီးခြင်း။🎓...
08/08/2026

🤖✨ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA)
“AI အသိပညာပေးသင်တန်း” အောင်မြင်စွာ ပြုလုပ်ပြီးစီးခြင်း။🎓💻

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ အလုပ်အမှုဆောင် ဆရာ/ဆရာမများအတွက် ရည်ရွယ်၍ “AI အသိပညာပေးသင်တန်း” ကို Member Benefit အနေဖြင့် စာတွေ့လက်တွေ့ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

📅 ရက်စွဲ — ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၈) ရက် (စနေနေ့)
⏰ အချိန် — နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ
📍 နေရာ — Yangon-MCIA Office Room
👥 တက်ရောက်သူဦးရေ — (၂၀) ဦး

👨‍🏫 သင်တန်းပို့ချသူ
နယ်ပယ်အသီးသီးတွင် ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံများစွာရှိသည့် ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဒေါက်တာကျော်ဖြိုးလင်း (အတွင်းရေးမှူး၊ Yangon-MCIA) မှ သင်တန်းကို ပညာဒါနအဖြစ် မျှဝေသင်ကြားပေးခဲ့ပါသည်။

📚 သင်ကြားပို့ချခဲ့သော Modules (၅) ခု
🤖 Module 1 — AI Fundamentals & Prompt Engineering
💎 Module 2 — Google Gemini & Custom Gems
📊 Module 3 — NotebookLM for Business Intelligence
🖥 Module 4 — AI-Powered Presentation
🎨 Module 5 — AI Image, Video & Music Creation
သင်တန်းအတွင်း လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်မည့် AI Tools များနှင့် နည်းလမ်းများကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်၍ အသေးစိတ် သင်ကြားပြသပေးခဲ့ပါသည်။

🙏 ကျေးဇူးတင်ရှိပါသည်
ယခုသင်တန်းကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက်—
🌟 ပညာဒါနအဖြစ် အချိန်ပေး၍ သင်ကြားပို့ချပေးခဲ့ပါသော
ဒေါက်တာကျော်ဖြိုးလင်း (အတွင်းရေးမှူး၊ Yangon-MCIA)

🍱 နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးပေးပါသော
ဆရာ ဦးဇော်မင်းအောင်

🤝 သင်တန်းဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသော
Yangon-MCIA အလုပ်အမှုဆောင် ဆရာ၊ ဆရာမများအားလုံးကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🙏🙏🙏

လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း

🌟 ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ ကြီးမှူးကျင်းပပြုလုပ်သော "AI Training" သင်တန်းအောင်မြင...
07/08/2026

🌟 ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ ကြီးမှူးကျင်းပပြုလုပ်သော "AI Training" သင်တန်းအောင်မြင်စွာ ပြီးစီး 🌟

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှကြီးမှူး၍ ရန်ကုန်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအား AI နည်းပညာနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ကာ ပညာဒါနအနေဖြင့် “AI Training” အား
🗓️ ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၆) ရက် (ကြာသပတေးနေ့)
⏰ အချိန်။ ။ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ
📍 နေရာ။ ။ ရန်ကုန်တက္ကသိုလ်၊ ပင်လုံခန်းမ
တို့တွင် စာတွေ့လက်တွေ့ အောင်မြင်စွာ သင်ကြားပေးခဲ့ပါသည်။

🎙️ အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်
ပထမဦးစွာ ရန်ကုန်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ ဆရာမကြီး ဒေါက်တာနီလာကြူ နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) ၏ ဥက္ကဌဖြစ်သူ ဒေါ်ခင်တိုးယဉ်တို့မှ အဖွင့်အမှာစကားနှင့် နှုတ်ခွန်းဆက်စကားတို့အား အသီးသီးပြောကြားခဲ့ကြပါသည်။

👨‍🏫 သင်ကြားပို့ချပေးသည့် ဆရာ
သင်ကြားပေးသည့်ဆရာမှာ နယ်ပယ်အသီးသီးမှ ပြည်တွင်း၊ ပြည်ပအတွေ့အကြုံရှိ ကျွမ်းကျင်ဆရာဖြစ်သော ဒေါက်တာကျော်ဖြိုးလင်း (အတွင်းရေးမှူး၊ Yangon-MCIA) ဖြစ်ပါသည်။

📚 သင်ကြားပေးခဲ့သော Modules များ
သင်တန်းတွင် လုပ်ငန်းခွင်အမှန်တကယ် အသုံးချနိုင်မည့် အောက်ပါ Module (5) ခုအား အသေးစိတ် သင်ကြားပြသပေးခဲ့ပါသည်။
• 🤖 Module 1: AI Fundamentals & Prompt Engineering
• 💎 Module 2: Google Gemini & Custom Gems
• 📊 Module 3: NotebookLM for Business Intelligence
• 🖥️ Module 4: AI Powered Presentation
• 🎨 Module 5: AI Image, Video and Music Creation
သင်တန်းသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမ (၃၂) ဦး တက်ရောက်ခဲ့ကြပါသည်။

🙏 ကျေးဇူးတင်လွှာ
• သင်တန်းဖြစ်မြောက်ရန်အတွက် နေရာနှင့်လိုအပ်သည်များ ကူညီပေးခဲ့ပါသော ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ‌သောင်းထိုက်၊ ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ ဆရာမကြီး ဒေါက်တာနီလာကြူ နှင့် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများအားလည်းကောင်း၊
• သင်တန်းအား ပညာဒါနအနေဖြင့် သင်ကြားပေးခဲ့ပါသော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) ၏ အတွင်းရေးမှူး၊ ဒေါက်တာကျော်ဖြိုးလင်း အားလည်းကောင်း၊ ဝိုင်းဝန်းအားဖြည့်​ပေးပါ​သော တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးသူရိန်ထွန်းအားလည်းကောင်း၊
• သင်တန်းဖြစ်မြောက်ရန်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပါသော ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အလုပ်အမှုဆောင် ဆရာ၊ ဆရာမများအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🙏🙏🙏

လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း

for Education Seminar .

📢 ဝါဆိုလပြည့်နေ့ စတုဒီသာ အလှူတော်မင်္ဂလာ 🙏✨ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA)မှအသင်းသူ/သားမျာ...
30/07/2026

📢 ဝါဆိုလပြည့်နေ့ စတုဒီသာ အလှူတော်မင်္ဂလာ 🙏✨

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA)မှအသင်းသူ/သားများစု​ပေါင်းထည့်ဝင်ကြ​သောအလှူ​ငွေ ၄၂သိန်းနှင့်အတူ ၇ ရက်သားသမီးများစု​ပေါင်းလှူဒါန်းကြ​သောအလှူ​ငွေများစု​ပေါင်း၍ စတုဒီသာ ထမင်း ၊ဝက်သားဟင်းနှင့်သီးစုံကုလားဟင်းတို့ဖြင့် ​ပြီးခဲ့သည့် ဇူလိုင်လ (၂၉) ရက် (ဝါဆိုလပြည့်နေ့) တွင် ကျိုက္ကဆံဘုရားသို့ လာရောက်ဖူးမြှော်ကြသော ဘုရားဖူးဧည့်သည်များနှင့် ဥပုသ်သီလ ဆောက်တည်ကြသည့် သူတော်စင်အပေါင်းတို့အား သဒ္ဓါကြည်ဖြူစွာ ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ပါသည်။ 🍛🙏

ထိုသို့ လှူဒါန်းနိုင်ရန်အတွက် ကုသိုလ်ပါဝင်ကြပါ​သောစေတနာရှင်များနှင့်အလှူအထ​မြောက်​အောင်သဒ္ဓါတရား ထက်သန်စွာ ​ဆောင်ရွက်​ပေးကြသည့်ဆရာဦးဇော်လင်းတို့၏ ပရဟိတအဖွဲ့ တို့အား​ကျေးဇူးအထူးတင်ရှိပါသည်။ 🤝

ဝါဆိုလပြည့်နေ့ နံနက် (၉:၃၀) နာရီမှစတင်၍ ကျိုက္ကဆံဘုရား၌ ဘုရားဖူးလာသူများအား စတုဒီသာများ ဝမ်းမြောက်ဝမ်းသာ ကျွေးမွေးလှူဒါန်းခဲ့ပြီး ဖြစ်ပါသဖြင့် အမျှဝေသာဓု ခေါ်ဆိုနိုင်စေရန် သတင်းကောင်းပါးအပ်ပါသည်။ ⏰✨

#ဝါဆိုလပြည့်နေ့ #စတုဒီသာအလှူတော် #ကျိုက္ကဆံဘုရား

☸️ မင်္ဂလာရှိသော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး —🔸 ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ အေး...
29/07/2026

☸️ မင်္ဂလာရှိသော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး —
🔸 ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ အေးချမ်းသာယာကြပါစေကြောင်းနှင့်
🔸 နှလုံးစိတ်ဝမ်း အစဉ်ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🙏✨

🌐 "Smarter Business with AI" (Online Webinar - Free) အား ကျင်းပပြုလုပ်ခြင်း 🤖✨မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (M...
25/07/2026

🌐 "Smarter Business with AI" (Online Webinar - Free) အား ကျင်းပပြုလုပ်ခြင်း 🤖✨

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ စီစဉ်ကျင်းပသည့် MCIA ICT Forum (Monthly Series) ဟောပြောပွဲများအနက် ယခုလအတွက် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက် (စနေနေ့)၊ နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ Online (Zoom) ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 💻💻

---

🎙 အဖွင့်အမှာစကား ပြောကြားခြင်း

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) ၏ ဥက္ကဋ္ဌ ဒေါ်ခင်တိုးယဉ် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 👏✨

---

👨‍🏫 ဟောပြောဆွေးနွေးမှု အစီအစဉ်

ဆက်လက်၍ Speaker ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) ၏ အတွင်းရေးမှူး ဒေါက်တာကျော်ဖြိုးလင်း မှ အောက်ပါ ခေါင်းစဉ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ 💡

📜 Brief AI Of History

💼 Practical AI in Business Operation

🤖 Types of AI

🚀 Navigating the AI Future: Impact and Roadmap (2026-2030)

⚙️ AI ၏ အလုပ်လုပ်ပုံ

🎯 Key Areas of Artificial Intelligence

📓 NotebookLM (AI Tool) ၏ အသုံးပြုပုံနှင့် အသုံးဝင်ပုံများ

🧠 Evolving Skills Needed in AI Era

🛡 Responsible AI Use

---

#ဟောပြောပွဲ

📢 Yangon-MCIA အသင်းဝင်များအတွက် Yoma Bank မှ ချေးငွေဆိုင်ရာ ဝန်ဆောင်မှုများ လာရောက်ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ် အောင်မြ...
23/07/2026

📢 Yangon-MCIA အသင်းဝင်များအတွက် Yoma Bank မှ ချေးငွေဆိုင်ရာ ဝန်ဆောင်မှုများ လာရောက်ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီး။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) ၏ အသင်းဝင်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုတည်ငြိမ် အားကောင်းလာစေရန် ရည်ရွယ်၍ Yoma Bank မှ တာဝန်ရှိသူများက ချေးငွေဆိုင်ရာ ဝန်ဆောင်မှုများ လာရောက်ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်အား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။

📌 အဓိက ဆွေးနွေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ
💰 အသင်းဝင်များအတွက် ဘဏ္ဍာရေးနှင့် ချေးငွေဆိုင်ရာ အခွင့်အလမ်းများ

အဆိုပါ ဆွေးနွေးခြင်းအစီအစဉ်၌ Yoma Bank မှ တာဝန်ရှိသူများက အသင်းဝင် လုပ်ငန်းရှင်များအတွက် သီးသန့် ရည်ရွယ်ထားသည့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ လုပ်ငန်းတိုးချဲ့ရေးဆိုင်ရာ ချေးငွေရယူနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ အသေးစိတ် လာရောက်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြပါသည်။

🤝 တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုနှင့် အပြန်အလှန် အကြံပြုချက်များ

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် Yangon-MCIA အသင်းမှ အလုပ်အမှုဆောင်များနှင့် Yoma Bank မှ တာဝန်ရှိသူများအကြား အသင်းဝင်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအတွက် လိုအပ်ချက်များနှင့် သင့်လျော်မည့် ဘဏ္ဍာရေးဖြေရှင်းနည်းများကို ရင်းနှီးပွင့်လင်းစွာ တိုက်ရိုက်မေးမြန်း ဆွေးနွေးနိုင်ခဲ့ကြပါသည်။ ထို့ပြင် ရှေ့ဆက်လက်၍လည်း အသင်းဝင် လုပ်ငန်းရှင်များအတွက် ပိုမိုအဆင်ပြေချောမွေ့သည့် ဘဏ္ဍာရေးချိတ်ဆက်မှုများ ဖန်တီးပေးနိုင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

✉️ Smarter Business with AI (Online Webinar-Free)       မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ စီစဉ်ကျင်းပသည့...
21/07/2026

✉️ Smarter Business with AI (Online Webinar-Free)

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ စီစဉ်ကျင်းပသည့် MCIA ICT Forum (Monthly Series) ဟောပြောပွဲများအနက် ယခုလအတွက် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (Yangon-MCIA) မှ ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ယခုအကြိမ်တွင် “Smarter Business with AI” 🤖💡 ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသွားမည်ဖြစ်ရာ လူကြီးမင်းတို့အနေဖြင့် ICT ဆိုင်ရာ ဗဟုသုတသစ်များ ရရှိနိုင်စေရန် Online ဖြင့် အခမဲ့ တက်ရောက်ပါရန် သတင်းကောင်းပါးလျက် ဖိတ်ကြားအပ်ပါသည်။

📌 အစီအစဉ်အသေးစိတ်

📅 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်၊ (စနေနေ့)
⏰ အချိန် - နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ

💻 တက်ရောက်ရန် လင့်ခ်

အောက်ဖော်ပြပါ Link သို့မဟုတ် ID/Passcode တို့ဖြင့် တိုက်ရိုက်ဝင်ရောက် နားဆင်နိုင်ပါသည်။

🆔 Meeting ID: 809 077 4322
🔑 Passcode: ICTFORUM
🔗 Zoom Link: https://us06web.zoom.us/j/8090774322?pwd=GOS20qFFvMQzcsqdZU80At1FjJmau4.1&omn=81707504525

📞 အသေးစိတ် စုံစမ်းရန်
အသေးစိတ် သိရှိလိုပါက ဖုန်း 09-428655612, 09-262500762 များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လေးစားစွာဖြင့်
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း

Address

Building (14), Room (604), MICT Park, Hlaing Universities' Campus, Hlaing Tsp
Yangon
11052

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30

Telephone

+959425022976

Alerts

Be the first to know and let us send you an email when Yangon-MCIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yangon-MCIA:

Shortcuts

Share