SMART Factories

Call Directions Website Contact the organization

SMART Factories The SMART Factories Programme is part of the MADE in Myanmar project. Funded by the European Union. MADE's three components include:

1.

The SMART Factories Programme is funded by the European Union and co-funded by private sector partners (retailers and factories). SMART Factories builds capacities across the industry to improve working conditions, promoting improved labour and environmental standards and reducing labour right abuses in Myanmar's textile, clothing and footwear industries. SMART Factories is the largest component of the Multi-Stakeholder Alliance for Decent Employment (MADE) in the Myanmar apparel industry. The SMART Factories Programme
2. The Forum on Supply Chain Conduct
3. The Centres for Women's Advancement

MADE in Myanmar fosters cooperation among actors in the textile, clothing and footwear industry's international supply chain, especially those in Europe and Myanmar, to improve their collaboration, to replicate and scale-up successful sustainable practices in the garment and textile sector. Activities include training, social and environmental factory assessments and advisory support for factory managers and workers on such topics as workplace safety, labour law compliance and environmental practices, as well as facilitating dialogue between workers and employers.

(English Language Below)SMART Factories Programme မှ အထည်ချုပ်စက်ရုံများအတွက် အပူချိန်လျှော့ချရေး သင်တန်း ကျင်းပခဲ့ပါသည်...
14/07/2026

(English Language Below)

SMART Factories Programme မှ အထည်ချုပ်စက်ရုံများအတွက် အပူချိန်လျှော့ချရေး သင်တန်း ကျင်းပခဲ့ပါသည် 📣

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်များ မြင့်တက်လာလျက်ရှိရာ စက်ရုံများတွင် အပူချိန်လျှော့ချရေး နည်းလမ်းများအပေါ် အသိပညာမြှင့်တင်ရန် ရည်ရွယ်၍ Multi-stakeholder Alliance for Decent Employment in the Myanmar Apparel Industry (MADE in Myanmar) စီမံကိန်းအောက်ရှိ SMART Factories Programme မှ Heat Reduction in the Apparel Industry ခေါင်းစဉ်ဖြင့် တစ်ရက်တာ သင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းမှတစ်ဆင့် အထည်ချုပ်စက်ရုံကိုယ်စားလှယ်များအား အလုပ်ခွင်အတွင်း အပူချိန်ကို ထိရောက်စွာ လျှော့ချနိုင်ရေး၊ အလုပ်သမားများအား အပူဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးနှင့် ပိုမိုသက်သောင့်သက်သာရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင် ဖန်တီးနိုင်ရေးအတွက် လက်တွေ့အသုံးချနိုင်သည့် အသိပညာများကို မျှဝေပေးခဲ့ပါသည်။

သင်တန်းတွင် အောက်ပါအကြောင်းအရာများကို အဓိကထား ဆွေးနွေးသင်ကြားခဲ့ပါသည်။

- အပူဒဏ် (Heat Stress) နှင့် အလုပ်သမားများ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် သက်ရောက်မှုများ
- လေဝင်လေထွက်ကောင်းမွန်စေရေးနှင့် လေစီးဆင်းမှု စီမံခန့်ခွဲခြင်း
- စက်မှုလုပ်ငန်းသုံး Evaporative Cooling System များကို ထိရောက်စွာ အသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း
- Wet Bulb Temperature တိုင်းတာခြင်းနှင့် စိုထိုင်းဆ စီမံခန့်ခွဲခြင်း
- ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ကောင်းမွန်သော စက်ရုံလုပ်ငန်းစဉ်များမှတစ်ဆင့် မှိုတက်ခြင်းကို ကာကွယ်ခြင်း
- အပူဒဏ်ကြောင့် ဖြစ်ပေါ်သော ကျန်းမာရေးအရေးပေါ်အခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ
- အလုပ်သမားများ၏ ကျန်းမာရေးနှင့် လုပ်ငန်းလည်ပတ်မှု ထိရောက်မှုကို ဟန်ချက်ညီစွာ ထိန်းသိမ်းနိုင်သည့် ရေရှည်တည်တံ့သော အပူချိန်စီမံခန့်ခွဲမှု နည်းလမ်းများ
- အပူပိုင်းဒေသရှိ စက်မှုလုပ်ငန်းခွင်များကို အေးမြစေရန် ညအချိန် လေဝင်လေထွက်ပြုလုပ်ခြင်း (Night Flushing)၊ အဖြူရောင် သို့မဟုတ် အရောင်ဖျော့အမိုးများ အသုံးပြုခြင်း၊ အရိပ်ပေးနိုင်သော သစ်ပင်များ စိုက်ပျိုးခြင်းနှင့် အခြားလက်တွေ့အသုံးချနိုင်သည့် နည်းလမ်းများ

သင်တန်းအတွင်း နည်းပညာဆိုင်ရာ ဟောပြောပို့ချမှုများ၊ လက်တွေ့သရုပ်ပြမှုများ၊ အဖွဲ့လိုက်လေ့ကျင့်ခန်းများနှင့် အတွေ့အကြုံဖလှယ်မှုများမှတစ်ဆင့် သင်တန်းတွင်ပါဝင်သူများသည် ပိုမိုလုံခြုံ၍ ကျန်းမာကောင်းမွန်ပြီး ထုတ်လုပ်မှုစွမ်းအားမြင့်မားသော လုပ်ငန်းခွင်များ ဖန်တီးနိုင်ရေးအတွက် လက်တွေ့အသုံးချနိုင်သည့် နည်းလမ်းများကို လေ့လာဆွေးနွေးခဲ့ကြပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း အပူဒဏ်နှင့်ဆက်စပ်သော အန္တရာယ်များ ပိုမိုမြင့်တက်လာနေသည့် အခြေအနေတွင် MADE in Myanmar သည် အလုပ်သမားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ကာကွယ်ပေးနိုင်သည့် တာဝန်ယူမှုရှိသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အလေ့အကျင့်များကို အထည်ချုပ်စက်ရုံများတွင် အကောင်အထည်ဖော်နိုင်ရန်နှင့် လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန် ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါသည်။

(English Version)

SMART Factories Programme Delivers Training on Heat Reduction in the Apparel Industry

Climate change is provoking rising global temperatures. To raise awareness on leading heat mitigation strategies for factories, the SMART Factories Programme, under the Multi-stakeholder Alliance for Decent Employment in the Myanmar Apparel Industry (MADE in Myanmar) project, conducted a full-day workshop on Heat Reduction in the Apparel Industry, equipping garment factory representatives with practical knowledge to improve workplace thermal comfort and protect workers from heat stress.

The training focused on effective heat reduction strategies, including

- Heat stress and its impact on worker health, safety and productivity;
- Ventilation improvement and airflow management;
- Effective operation and maintenance of industrial evaporative cooling systems;
- Wet bulb temperature monitoring and humidity management;
- Mold prevention through environmental control and good factory practices (relevant for ensuring evaporative cooling does not introduce new problems);
- Emergency response measures to treat heat-related illnesses;
- Sustainable heat management strategies that balance worker wellbeing with operational efficiency; and
- Further tips to cool industrial work settings in the tropics, such as night flushing, white and light coloured roofing, planting shade trades and other practical approaches.

Through technical presentations, practical demonstrations, group exercises, and peer-to-peer learning, participants explored practical solutions to create safer, healthier, and more productive working environments.

As climate change continues to increase heat-related risks across Myanmar, MADE in Myanmar remains committed to supporting garment factories in adopting responsible environmental management practices that protect workers while strengthening business performance.

မင်္ဂလာရှိသော သင်္ကြန်နှစ်သစ်ကူး အခါသမယပါ 🌿✨ယခု နှစ်သစ်ကူးချိန်ခါသမယမှာ ကျွန်ုပ်တို့ 𝐌𝐀𝐃𝐄 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 စီမံကိန်းအဖွဲ့သားမျ...
10/04/2026

မင်္ဂလာရှိသော သင်္ကြန်နှစ်သစ်ကူး အခါသမယပါ 🌿✨

ယခု နှစ်သစ်ကူးချိန်ခါသမယမှာ ကျွန်ုပ်တို့ 𝐌𝐀𝐃𝐄 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 စီမံကိန်းအဖွဲ့သားများမှ သင်နှင့် သင်၏ ချစ်ခင်ရသူများအားလုံး သာယာငြိမ်းချမ်း၍ အဓိပ္ပါယ်ပြည့်ဝကာ လန်းဆန်းသစ်လွင်သော နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ နေ့ရက်သစ်များမှာလည်း နွေးထွေးမှု၊ ကြင်နာမှုတို့နှင့် ပြည့်ဝနေပြီး ပိုမိုများပြားသော အခွင့်အလမ်းအသစ်များကိုလည်း ရရှိပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

Happy Thingyan & Myanmar New Year! 🌿✨

From all of us at 𝐌𝐀𝐃𝐄 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 Project Team, we wish you and your loved ones a peaceful, meaningful, and refreshing New Year. May your new days be filled with warmth, kindness, and the abundance of new opportunities.

📣 2026 MADE Buyers Forum | Yangon | 28–29 January 2026* English language translation below *ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံတွ...
06/02/2026

📣 2026 MADE Buyers Forum | Yangon | 28–29 January 2026

* English language translation below *
ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံတွင် ရန်ပုံငွေထောက်ပံ့ထားသော ၂၀၂၆ ခုနှစ် MADE Buyers Forum ကို နိုင်ငံတကာ အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများမှ ကိုယ်စားလှယ် ၄၈ ဦး၊ စက်ရုံများ ၁၀၀ခန့် ၊ အလုပ်သမားအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပါသည်။ ဖိုရမ်တွင် မြန်မာနိုင်ငံ၏ အဝတ်အထည်၊ ချည်မျှင်နှင့် ဖိနပ်လုပ်ငန်းများတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ဆောင်မှုများကို မြှင့်တင်ရန်နှင့် လက်တွေ့ကျသော စိန်ခေါ်မှုများကို အတူတကွ ဆွေးနွေးခြင်း အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ခဲ့ပါသည်။

ဆွေးနွေးမှုများတွင် သင့်တော်သော အလုပ်အကိုင်များ ဖန်တီးနိုင်ရေး၊ လုပ်ငန်းကဏ္ဍအလိုက် လစာတိုးတက်ရေး၊ လူငယ်လုပ်သားများကို ကာကွယ်စောင့်ရှောက်ရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် စက်ရုံများအတွင်း ပတ်ဝန်းကျင်နှင့် လုပ်ငန်းအခြေအနေများ တိုးတက်ကောင်းမွန်ရေးကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် MADE နှင့် ဆက်နွယ်သည့် စက်ရုံများမှ ကောင်းမွန်သော လုပ်ဆောင်ချက်များနှင့် အထည်ချုပ်လုပ်သားများ၏ အတွေ့အကြုံများကို ပြသသည့် ဓာတ်ပုံပြပွဲကိုလည်း ကျင်းပခဲ့ပြီး လုပ်သားများ၏ အသံများနှင့် စက်ရုံအဆင့် တိုးတက်မှုများကို ဖိုရမ်ဆွေးနွေးမှုများတွင် ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။

The 2026 MADE Buyers Forum, funded by the European Union in Myanmar, convened more than 300 participants, including 48 participants from international brands and retailers and approximately 100 factories, alongside labour rights organisations, civil society groups, business associations, and other key stakeholders. The event served as a multi-stakeholder platform to promote good practices and to address key challenges related to the adoption of responsible business practices across Myanmar’s garment, textile, and footwear industries

Particular discussions focused on progress towards decent work, improving sector wages, young worker protection, human rights due diligence, and sustainable factory practices—with a strong focus on practical collaboration. The Forum also featured a photo exhibition highlighting the voices of garment workers and showcasing good practices from MADE-affiliated factories—putting workers’ experiences, resilience and factory-level improvements firmly in the centre of discussions.

Address

No. 56, M-1, Thiri Marlar Street, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959257791571

Alerts

Be the first to know and let us send you an email when SMART Factories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to SMART Factories:

Shortcuts

Share