13/09/2026
အလှူငွေထည့်ဝင်လှူဒါန်းခြင်း
အထက ကျောက်တံတားတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီး ဦးတင့်လွင် ၏ ကျန်းမာရေးအတွက် ကျောင်းသားဟောင်းဖြစ်များဖြစ်ကြသော ကိုအောင်ခင်ဆင့် (၁၉၉၈) က ငွေကျပ် ၁၀၀,၀၀၀/- (တစ်သိန်းကျပ်တိတိ) နှင့် ကိုငြိမ်းကျော် (၂၀၀၈) တို့က ငွေကျပ် ၂၀၀,၀၀၀/- (နှစ်သိန်းကျပ်တိတိ) အား ပေးပို့ထည့်ဝင်လှူဒါန်းရာ ကျောင်းသားဟောင်းများအဖွဲ့က လက်ခံရရှိခဲ့ပါသည်။
ယခုကဲ့သို့ ထက်သန်သော စေတနာသဒ္ဒါတရားဖြင့်လှူဒါန်းသော ကျောင်းသားဟောင်းများဖြစ်ကြသည့် ကိုအောင်ခင်ဆင့် နှင့် ကိုငြိမ်းကျော် တို့၏ လှူဒါန်းမှုကို ကျောင်းသားဟောင်းများအဖွဲ့က အထူးကျေးဇူးတင် ဝမ်းမြောက်၍ မှတ်တမ်းတင်အပ်ပါကြောင်းနှင့် အနာရောဂါအပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
လှူဒါန်းလိုပါက သို့မဟုတ် အသေးစိတ်သိရှိလိုပါက ဤ Facebook စာမျက်နှာ Message Box တွင်လည်းကောင်း၊ ကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဋ္ဌ ဦးညိုမင်းလွင် ၀၉၄၄၂၆၃၈၂၈၈ သို့ လည်းကောင်း ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါသည်။
အောက်ပါ Telegram Channel လင့်တွင်လည်း ကျောင်းသားဟောင်းများအဖွဲ့ ၏ သတင်းအချက်အလက်များကို သိရှိနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
https://t.me/behskyauktadaalumnigroup
ကျောင်းသားဟောင်းများအဖွဲ့