Myanmar Publishers & Booksellers Association

Myanmar Publishers & Booksellers Association မြန်မာနိုင်ငံရှိ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများ ဆက်သွယ်ရေး ပိုမိုတိုးတက်စေရန်

အမှုဆောင်အသစ်များအဖြစ် ပါဝင်ဆန္ဒပြုရန် ဖိတ်ခေါ်ခြင်း===============================       မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်...
11/09/2025

အမှုဆောင်အသစ်များအဖြစ် ပါဝင်ဆန္ဒပြုရန် ဖိတ်ခေါ်ခြင်း
===============================

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ လုပ်ထုံး
လုပ်နည်းများအရ အသင်းသားများသည် အသင်း၏ အမှုဆောင်အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်သဖြင့် အမှုဆောင်အဖြစ် ဆန္ဒပြုရန် လျှောက်
ထားလွှာကို အသင်းရုံးခန်းတွင် ထုတ်ယူ၍ စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး အသင်း
ရုံးသို့ ပြန်လည်ပေးပို့ရန် အသိပေးအကြောင်းကြား
အပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း
အမှတ် ၁၅၀-၁၆၀၊ ၃၅ လမ်း(လယ်)၊ ကျောက်တံ
တားမြို့နယ်၊ ရန်ကုန်မြို့။

📞 09442631787
📩 [email protected]

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းနှိုးဆော်လွှာမြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ အသင်း...
10/08/2025

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း

နှိုးဆော်လွှာ

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ အသင်းဝင်အသင်းသားများထံမှ အသင်းနှစ်စဉ်ကြေး ကျပ် ၅၀၀၀ စီ ကောက်ခံလျက် ရှိပါသဖြင့် ၂၀၂၅ ခုနှစ်အတွက် အသင်းနှစ်စဉ်ကြေးကို ကျောက်တံတားမြို့နယ်၊ (၃၅) လမ်း (အလယ်)၊ အမှတ် (၁၅၀-၁၆၀) တွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းရုံးခန်းသို့ ပေးသွင်းပါရန်နှင့် ဖုန်းနံပါတ် 09443022218 သို့ Kpay ဖြင့်လည်း ပေးသွင်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

အသင်း၏ လက်ရှိအလုပ်အမှုဆောင်သက်တမ်းသည် ၂၀၂၅ ခု အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပါ၍ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရေးတွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန်နှင့် အလုပ်အမှုဆောင်များအဖြစ်လည်း ပါဝင်ဆောင်ရွက်၍ အသင်း၏ တိုးတက်ရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် မေတ္တာရပ်ခံပါသည်။

အလုပ်အမှုဆာင်အဖွဲ့
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်
ဖြန့်ချိသူများအသင်း

အသစ်ထွက်စာအုပ်များနှင့် ပြန်လည်ထွက်ရှိသော စာအုပ်များ 📚မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ အသစ်ထွက်စာအုပ...
23/06/2025

အသစ်ထွက်စာအုပ်များနှင့် ပြန်လည်ထွက်ရှိသော စာအုပ်များ 📚
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ အသစ်ထွက်စာအုပ်များနှင့် ပြန်လည်ထွက်ရှိသောစာအုပ်များစာရင်းကို အပတ်စဉ်တင်ဆက်ပေးနိုင်ရန်အတွက် စာအုပ်တိုက်များမှ
အသစ်ထွက်စာအုပ်များနှင့် ပြန်လည်ထွက်ရှိသော စာအုပ်များ၏ အဖုံးပုံနှင့် စျေးနှုန်းများကို မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းသို့ ပေးပို့နိုင်ပါသည်။

Viber - 09 442631787
Email - [email protected]


21/06/2025

ဂျာမန်စာရေးဆရာ Axel Burnsမြန်မာကလောင်အမည် လူပျံတော်နှင့်ခဏတာ


07/06/2025

အမေသို့ အလပ်ကလေး ကဗျာစာအုပ်အကြောင်းပြောပြလာတဲ့ ဆရာမမျက်ဆံညို

#မျက်ဆံညို
#စာရေးသူ

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှငွ့် ဖြန့်ချိသူများအသင်းက စာပေနယ်ရှိ ငလျင်ဘေးသင့်မိသားစုများထံအလှူငွေ ပေးအပ်ခဲ့'မြန်မာနိုင်င...
13/05/2025

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှငွ့် ဖြန့်ချိသူများအသင်းက စာပေနယ်ရှိ ငလျင်ဘေးသင့်မိသားစုများထံအလှူငွေ ပေးအပ်ခဲ့

'မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း'က ကြီးမှူးပြီး စာအုပ်ထုတ်ဝေသူ၊ စာရေးသူတို့ စုပေါင်းလှူဒါန်းတဲ့ စာအုပ်တွေကို ရောင်းချကာ ရန်ပုံငွေရှာခဲ့ပါတယ်။

အဲဒီအထဲက မန္တလေးအတွက်ရတဲ့ ခွဲတမ်းအလှူငွေ သိန်း ၄၀၊ မင်္ဂလာနှလုံးသားကွန်ရက် ပရဟိတအဖွဲ့က လှူဒါန်းတဲ့ အလှုငွေ ၁၈သိန်း စုစုပေါင်း ၅၈ သိန်းကျပ်ကို မန္တလေး၊ စစ်ကိုင်း၊ တံတားဦးဘက်ရှိ စာပေနယ်ပယ်က ငလျင်ဘေးသင့် မိသားစု ၅၈ စုထံ မိသားစုတစ်စု တစ်သိန်းကျပ်နှုန်းနဲ့ 'မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း' ကိုယ်စား ဆရာပီတိ (ပေကြီး) က သွားရောက် လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း

၁၃ - ၅- ၂၀၂၅

'မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း'က ကြီးမှူးပြီး ထုတ်ဝေသူအများစုက လှူဒါန်းတဲ့ စာအုပ်တွေကို ရောင်းချရာ...
29/04/2025

'မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း'က ကြီးမှူးပြီး ထုတ်ဝေသူအများစုက လှူဒါန်းတဲ့ စာအုပ်တွေကို ရောင်းချရာကနေ အလှူငွေ ကျပ်သိန်း ၈၀ ရရှိပါတယ်။

ငလျင်ဒဏ်သင့် ဒေသတွေကို ဆရာမသန်းမြင့်အောင် ဦးစီးတဲ့ နာရေးကူညီမှုအသင်းကတစ်ဆင့် လှူဒါန်းပေးနိုင်ဖို့ ကျပ်သိန်း ၄၀ ကို ပထမအကြိမ် အလှူငွေအနေနဲ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။

ကျန်ငွေ သိန်း ၄၀ ကိုတော့ မန္တလေးက ငလျင်ဒဏ်သင့် စာရေးဆရာမိသားစုတွေဆီကို 'မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း' ကိုယ်စား ဆရာပီတိ (ပေကြီး) က သွားရောက် လှူဒါန်းပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

စာအုပ်တွေ လှူဒါန်းပေးခဲ့ကြတဲ့ ထုတ်ဝေသူတွေကို 'မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း'က အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ …။

ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းမည့် စာအုပ်စျေးရောင်းပွဲ #စာအုပ်အလှူလက်ခံရရှိထားမှုစာရင်း၁။ ဆုပြည့်စုံထွန်းစာပေ စ...
11/04/2025

ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းမည့် စာအုပ်စျေးရောင်းပွဲ

#စာအုပ်အလှူလက်ခံရရှိထားမှုစာရင်း

၁။ ဆုပြည့်စုံထွန်းစာပေ စာအုပ် အုပ်ရေ = ၂၀၀

၂။ မဟာစာပေ စာအုပ် အုပ်ရေ = ၇၂

၃။ မြဝတ်ချိုစာပေ စာအုပ် အုပ်ရေ = ၁၇၅

၄။ ညိုစာပေ စာအုပ် အုပ်ရေ = ၂၀

၅။ City Book Club (CMHL) စာအုပ် အုပ်ရေ = ၂၇၃

၆။ နန်းဒေဝီ စာပေ စာအုပ် အုပ်ရေ = ၁၀၀

၇။ ကိုထွန်း စာပေ စာအုပ် အုပ်ရေ = ၁၅၀

၈။ ကိုလတ် စာပေ စာအုပ် အုပ်ရေ = ၂၀၀

၉။ သုခဘုံ စာပေ စာအုပ် အုပ်ရေ = ၃၀၀

၁၀။ မဆုမွန်ဝင်း စာအုပ် အုပ်ရေ = ၁၀၀

၁၁။ ပန်းဆိုးတန်း(အဖိုးလေး စာအုပ်ဆိုင်) စာအုပ် အုပ်ရေ = ၃၀

၁၂။ မော်စာပေ စာအုပ် အုပ်ရေ = ၅၀

၁၃။ ရဲတံခွန် စာအုပ် အုပ်ရေ = ၃၀

၁၄။ ရွှေသစ္စာ စာပေ စာအုပ် အုပ်ရေ = ၅၀

၁၅။ ဆုပိုင် စာပေ စာအုပ် အုပ်ရေ = ၇၀

၁၆။ ကောင်းဆုသာ စာပေ စာအုပ် အုပ်ရေ = ၉၀

၁၇။ ကိုနေမန်းစာပေ အုပ် ၅၀

၁၈။ ကိုအောင်မင်းညိမ်း ၁၂အုပ်

၁၉။ Wisdom House စာအုပ်တိုက် ၄၅ အုပ်

၂၀။ ဇေယျာမိုးစာပေ - ၅၀ အုပ်

၂၁။ ရွှေပေစာအုပ်တိုက်(ပီတိစာပေရပ်ဝန်း) အုပ်ရေ ၁၀၅ အုပ်

၂၂။ လင်းလွန်းခင်စာအုပ်တိုက် ၁၀၅ အုပ်

၂၃။ စာရေးဆရာမ သက်တန့်မေရီ စာအုပ် ၅၀

၂၄။ စာရေးဆရာမ ယွန်း@ Precious Y အုပ်ရေ ၅၀

၂၅။ စာရေးဆရာ သရာနောင် အုပ်ရေ ၁၀၀

၂၆။ ကဗျာဆရာ ဖိုးရာဇာ (ယာတောမြေ) အုပ်ရေ ၈

၂၇။ ဆောင်းစုရတီစာပေ (မန္တလေး) စာအုပ် ၁၅၀

၂၈။ ကာတွန်းဆရာကြီးများ
ဦးမောင်မောင်
ဦးသစ်ထွဏ်း
ဦးတင်အောင်နီ
ပိုးဇာ နှင့်
ကာတွန်းမသက်စု

၂၉။ လှည်းတန်း လွင်ဦးစာပေ 100အုပ်

၃၀။ ကိုမျိုးမြင့်(ပန်းဆိုးတန်း) အုပ် ၂၀၀

၃၁။ ကေအိုတီ အုပ် ၂၀

၃၂။ ဒေါ်သန်းသန်းတင့် မင်္ဂလာအစစ်နှင့်မျိုးဆက်သစ် အုပ် ၂၀

#သီးသန့်အလှူငွေအဖြစ်ထည့်ဝင်မှုစာရင်း

၁။ ကိုမျိုး(မြင့်မိုရ်မေမေစာပေ) - ၁၀သိန်း

၂။ Ko Soe Min Naing Momentum Book Publishing - ၁၅၀၀၀၀ ကျပ်

၃။ မဌေးစာပေ - ၁၀၀၀၀၀ ကျပ်

၄။ Book4U - ၁၀၀၀၀၀ ကျပ်

၅။ Wisdom House စာအုပ်တိုက် - ၁၀၀၀၀၀ ကျပ်

၆။ ကွယ်လွန်သူဦးကိုကြီးအားရည်စူး၍ဒေါ်ခင်မြဝင်းမိသားစုကောင်းမှု - ၃၀၀၀၀ ကျပ်

#စာအုပ်၃ရက်ရောင်းရငွေ
၅၂၆၆၀၀၀ ကျပ်
#သီးသန့်အလှူငွေ
၁၄၈၀၀၀၀ ကျပ်
#စုစုပေါင်းရရှိငွေ - ၆၇၄၆၀၀၀ကျပ်

#အလှူငွေထည့်ဝင်လှူဒါန်းလိုပါက

#စာအုပ်လှူဒါန်းလိုပါက

Page Messenger မှဖြစ်စေ
ဖုန်း - 09421023843, 09793666174 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းကကြီးမှူး၍ စာအုပ်ထုတ်ဝေသူများ၊ Dagon Centre Shopping Mall တို့ ပူးပေါင...
11/04/2025

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းကကြီးမှူး၍ စာအုပ်ထုတ်ဝေသူများ၊ Dagon Centre Shopping Mall တို့ ပူးပေါင်းကာ
ငလျင်ဘေးဒဏ်သင့်နေရာများသို့ လှူဒါန်းမည့်
စာအုပ်စျေးရောင်းပွဲ နောက်ဆုံးနေ့

ရောင်းချရသော စာအုပ်တန်ဖိုးငွေအားလုံးအား
၁၀၀ ရာခိုင်နှုန်း ပြန်လည်လှူဒါန်းသွားပါမည်။

၁၀.၄.၂၅စာအုပ်ရောင်းရငွေသိန်းနှစ်ဆယ် နှစ်ထောင်ပါသီးသန့်အလှူငွေဆယ့်လေးသိန်းငါးသောင်းပါ
10/04/2025

၁၀.၄.၂၅
စာအုပ်ရောင်းရငွေ
သိန်းနှစ်ဆယ် နှစ်ထောင်ပါ

သီးသန့်အလှူငွေ
ဆယ့်လေးသိန်းငါးသောင်းပါ

Address

150/160 35 Street (Middle Block), Township
Yangon
095

Alerts

Be the first to know and let us send you an email when Myanmar Publishers & Booksellers Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Publishers & Booksellers Association:

Share