Yangon Technological University Students' Union - YTUSU

Yangon Technological University Students' Union - YTUSU ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

Email: [email protected]
Telegram:
(323)

ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

Email : [email protected]
[email protected]

"ရေဆန်ကြမ်းတဲ့ အိမ်ပြန်လမ်း" ကမ်ပိန်းမှာ မဲတစ်စောင် တစ်သောင်းကျပ်နဲ့ ရဲဘော်တွေအတွက် ထောက်ပို့နိုင်ပါတယ်။
02/06/2026

"ရေဆန်ကြမ်းတဲ့ အိမ်ပြန်လမ်း" ကမ်ပိန်းမှာ မဲတစ်စောင် တစ်သောင်းကျပ်နဲ့ ရဲဘော်တွေအတွက် ထောက်ပို့နိုင်ပါတယ်။

📌 ရေဆန်ကြမ်းတဲ့ အိမ်ပြန်လမ်း

တလရရဲဘော်တစ်ယောက် ဖြတ်သန်းရတဲ့ နေ့စဉ်ဘဝဟာ ခက်ခဲသလို နေ့စဉ် ဖြတ်လျှောက်ရတဲ့ လမ်းခရီးဟာလည်း မလွယ်ကူလှပါဘူး။ အထူးသဖြင့် မိုးရာသီကာလမှာ တောတွင်းခရီးလမ်းတွေဟာ သွားလာရ မလွယ်ကူတာကြောင့် လမ်းပန်းဆက်သွယ်ရေး နှောင့်နှေးပြီး မလိုလားအပ်တဲ့ အခက်အခဲတွေပါ ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့်မို့လို့ Urban Task Force - UTF မှ ရဲဘော်တွေရဲ့ မိုးတွင်းကာလ ရိက္ခာသယ်ယူရေးနဲ့ စ-စ်ဆင်ရေးလုပ်ငန်းတွေမှာ ပိုမိုလွယ်ကူစေဖို့၊ ထိခိုက်လူနာတွေနဲ့ စ-စ်ရှောင်တွေအတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေစေဖို့အတွက် ကားတစ်စီး ဝယ်ယူဖြည့်တင်းနိုင်ရန် ရည်ရွယ်ပြီး "ရေဆန်ကြမ်းတဲ့ အိမ်ပြန်လမ်း" ဆိုတဲ့ ကမ်ပိန်းလေးကို ပြုလုပ်လိုက်ရတာပဲ ဖြစ်ပါတယ်။

ကမ်ပိန်းလေးမှာ မဲတစ်စောင် တစ်သောင်းကျပ်နဲ့ ပါဝင်အားဖြည့်နိုင်ပြီး Honda Steed 400 ဆိုင်ကယ်တစ်စီး၊ ဂစ်တာတစ်လက်နဲ့ Bluetooth စပီကာ တစ်လုံး တို့ကို ပြန်လည် မဲဖောက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကမ်ပိန်းတားဂတ်ကိုတော့ သိန်း (၅၀၀) သတ်မှတ်ထားပြီး 2026 June လ 1 ရက်နေ့ကနေ July လ 15 ရက်နေ့ထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရေဆန်ကိုတက်ပြီး ဖောက်လုပ်ကြမယ့် အိမ်ပြန်မယ့်လမ်းမှာ တစ်တပ်တစ်အား ပါဝင်လိုတယ်ဆိုရင်တော့ Kpay, NUG Pay, SDB, Paypal, Crypto Currency, ထိုင်း၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ UK, US နဲ့ သြဇီ တို့ကနေ တိုက်ရိုက်ဘဏ်အကောင့်တွေနဲ့ ကူညီအားဖြည့်နိုင်ပါကြောင်း အသိပေး နှိုးဆော်လိုက်ရပါတယ်။

💬 Messenger - m.me/FundraisingByYTUSU
💬 Telegram - t.me/ytusu

#ရေဆန်ကြမ်းတဲ့အိမ်ပြန်လမ်း

MTU/YTU ကျောင်းသား ကိုဒင်ကြီး ၃ နှစ်ပြည့် ရည်စူးအလှူအနေနဲ့ သူငယ်ချင်းများမှ ကရင်နီစစ်ရှောင်များအား အာဟာရ လှူဒါန်းပေးခဲ့က...
28/03/2026

MTU/YTU ကျောင်းသား ကိုဒင်ကြီး ၃ နှစ်ပြည့် ရည်စူးအလှူအနေနဲ့ သူငယ်ချင်းများမှ ကရင်နီစစ်ရှောင်များအား အာဟာရ လှူဒါန်းပေးခဲ့ကြပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ ကိုယ်ရေးအကျဉ်းနှင့် ကြုံတွေ့ခဲ့ရသောညဆိုး၏ ဖြစ်စဉ်မျ...
13/03/2026

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ ကိုယ်ရေးအကျဉ်းနှင့် ကြုံတွေ့ခဲ့ရသောညဆိုး၏ ဖြစ်စဉ်များ

#ကိုဖုန်းမော် #ကိုစိုးနိုင် #နှစ်ပတ်လည်

"ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၈) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်" ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ  #ကိုဖု...
13/03/2026

"ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၈) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်"
ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

#ကိုဖုန်းမော် #ကိုစိုးနိုင်

သူငယ်ချင်းတစ်စုမှ နေပြီးတော့ ကရင်နီ စစ်ရှောင် ၃၅၀ စာအတွက် အာဟာရလှူဒါန်းပေးခဲ့ပါတယ်။
07/03/2026

သူငယ်ချင်းတစ်စုမှ နေပြီးတော့ ကရင်နီ စစ်ရှောင် ၃၅၀ စာအတွက် အာဟာရလှူဒါန်းပေးခဲ့ပါတယ်။

စုပေါင်းအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ကရင်နီ စစ်ရှောင် ၆၀၀ စာအတွက် အာဟာရ ကျွေးမွေးပေးခဲ့ပါတယ်။
23/02/2026

စုပေါင်းအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ကရင်နီ စစ်ရှောင် ၆၀၀ စာအတွက် အာဟာရ ကျွေးမွေးပေးခဲ့ပါတယ်။

အလှူရှင်တစ်ဦးမှနေ၍ မိသားစုမွေးနေ့အလှူအဖြစ် ကရင်နီစစ်ရှောင် ၂၀၀ စာအတွက် အာဟာရ လှူဒါန်းခဲ့ပါတယ်။
14/02/2026

အလှူရှင်တစ်ဦးမှနေ၍ မိသားစုမွေးနေ့အလှူအဖြစ် ကရင်နီစစ်ရှောင် ၂၀၀ စာအတွက် အာဟာရ လှူဒါန်းခဲ့ပါတယ်။

စုပေါင်းအလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ကရင်နီစစ်ရှောင် ၃၀၀ စာအတွက် အာဟာရ ကျွေးမွေးနိုင်ခဲ့ပါတယ်။
09/02/2026

စုပေါင်းအလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ကရင်နီစစ်ရှောင် ၃၀၀ စာအတွက် အာဟာရ ကျွေးမွေးနိုင်ခဲ့ပါတယ်။

ကွယ်လွန်သူ တီချယ် ဒေါက်တာပွင့် (၅) နှစ်ပြည့်အား ရည်စူး၍ YTU Architecture 3rd Batch မှ တပည့်များမှ ကရင်နီစစ်ရှောင် ၁၅၀ စာ...
05/02/2026

ကွယ်လွန်သူ တီချယ် ဒေါက်တာပွင့် (၅) နှစ်ပြည့်အား ရည်စူး၍ YTU Architecture 3rd Batch မှ တပည့်များမှ ကရင်နီစစ်ရှောင် ၁၅၀ စာအတွက် အာဟာရဒါန လှူဒါန်းခဲ့ကြပါတယ်။

၂၀၂၄ ဒီဇင်ဘာလမှ ၂၀၂၅ ဩဂုတ်လအထိ ထောက်ပို့စာရင်းရှင်းတမ်း             ၂၀၂၄ ဒီဇင်ဘာလမှ ၂၀၂၅ ဩဂုတ်လအထိ စွယ်တော်မြေအသင်းဝင်မျ...
13/01/2026

၂၀၂၄ ဒီဇင်ဘာလမှ ၂၀၂၅ ဩဂုတ်လအထိ ထောက်ပို့စာရင်းရှင်းတမ်း

၂၀၂၄ ဒီဇင်ဘာလမှ ၂၀၂၅ ဩဂုတ်လအထိ စွယ်တော်မြေအသင်းဝင်များနှင့် ကျောင်းသား/သူများ၏ ထည့်ဝင်မှုမှ စုစုပေါင်း သိန်း (၂၀၀) တိတိ လက်ခံရရှိခဲ့ပါသည်။

ရရှိငွေများကို အောက်ပါတော်လှန်ရေးရဲဘော်များနှင့် အင်အားစုများထံသို့ စနစ်တကျ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

⁃ ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ CDM ထောက်ပံ့ရေးအတွက် (၂,၀၀၀,၀၀၀) ကျပ်

⁃ ကျောင်းသားလက်ရုံးတပ်တော်သို့ (၃,၀၀၀,၀၀၀) ကျပ်

⁃ တပ်ရင်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ရဲဘော်များနှင့် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများအတွက် (၂,၀၀၀,၀၀၀) ကျပ်

-နွေဦးစာကြည့်တိုက် (Spring Library by YTUSU) သို့ (၂,၀၀၀,၀၀၀) ကျပ်

-O-1 ဆေးရုံ သို့ (၃,၀၀၀,၀၀၀) ကျပ်

-ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံသို့ (၂,၀၀၀,၀၀၀) ကျပ်

-ဒီးမော့ဆို အမှတ်(၁၁၀၂)တပ်ရင်း ထံသို့ (၁,၅၀၀,၀၀၀) ကျပ်

-ဖယ်ခုံမြို့နယ် တပ်ရင်း - ၂ အမှတ်(၁၀၀၆)တပ်ရင်း ထံသို့ (၁,၅၀၀,၀၀၀) ကျပ်

-Shwebo Federal Army (SBFA) ထံသို့ (၁,၀၀၀,၀၀၀) ကျပ်

-Unity Generation Z PDF 1101 (ကယား/ကရင်နီ) တပ်ဖွဲ့ ထံသို့ (၂,၀၀၀,၀၀၀) ကျပ်

အသေးစိတ်ကို ပုံပါ ငွေစာရင်းရှင်းတမ်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများတွင် ကြည့်ရှုနိုင်ပါသည်။

စွယ်တော်မြေထောက်ပို့အသင်းဝင်များနှင့် ကျောင်းသား/သူများအနေဖြင့် တော်လှန်ရေးတွင် ဆက်လက် တက်ကြွစွာပါဝင်ရင်း တော်လှန်ရေးရဲ့ အရွေ့တစ်ခု ဖြစ်နိုင်ကြပါစေ။ ပြည်တွင်း ၊ ပြည်ပ နိုင်ငံအသီးသီးမှ လစဉ်ထောက်ပို့လိုသူများကိုလည်း အသင်းဝင်အဖြစ် ဖိတ်ခေါ်လျက်ရှိတာမို့ m.me/YTUStudentsUnion သို ဆက်သွယ်နိုင်ပါသည်။

လစဉ်ထောက်ပို့ရန် စွယ်တော်မြေထောက်ပိုအသင်းဝင်အဖြစ် စာရင်းသွင်းလိုပါက အောက်ဖော်ပြပါ form ကို ဖြည့်သွင်းနိုင်ပါသည်။

https://forms.gle/YZC43V332WnpRRh48

#စွယ်တော်မြေထောက်ပို့ #လစဉ်ထောက်ပို့စွယ်တော်မြေသို့

Address

Yangon Technological University
Yangon
11101

Alerts

Be the first to know and let us send you an email when Yangon Technological University Students' Union - YTUSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yangon Technological University Students' Union - YTUSU:

Shortcuts

Share