UNICEF Myanmar

Call Directions Website Contact the organization

UNICEF Myanmar UNICEF is here to advocate for children's rights and to help meet the needs of Myanmar children.

More recently, UNICEF has supported HIV/AIDS prevention, early childhood development, and child protection programs.

ကုလသမဂ္ဂနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက် ၅ ချက်ကို ဒီမှာလေ့လာကြည့် ကြရအောင်။ 👇
14/10/2026

ကုလသမဂ္ဂနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက် ၅ ချက်ကို ဒီမှာလေ့လာကြည့် ကြရအောင်။ 👇

အရေးပေါ်အခြေအနေတစ်ခု မဖြစ်ခင် ဘာလုပ်ရမလဲ သိထားခြင်းက အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။.ဂျပန်ပြည်သူများရဲ့ ရက်ရောစွာ ပ...
14/10/2026

အရေးပေါ်အခြေအနေတစ်ခု မဖြစ်ခင် ဘာလုပ်ရမလဲ သိထားခြင်းက အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။.
ဂျပန်ပြည်သူများရဲ့ ရက်ရောစွာ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မနှစ်က ငလျင်ဒဏ်ခံခဲ့ရတဲ့ ကလေးတွေဟာ ပညာဆက်သင်ယူနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဆရာဆရာမတွေက အရေးပေါ်အခြေအနေတွေ ကြုံလာတဲ့အခါ ဘယ်လိုပြင်ဆင် တုံ့ပြန်ရမလဲဆိုတဲ့ လက်တွေ့အသုံးဝင်တဲ့ နည်းလမ်းတွေကို သင်ကြားပေးနေပါတယ်။.
"ငလျင်လှုပ်ရင် ခေါင်းကိုလက်နဲ့ကာပြီး စုရပ်နေရာကို သွားရမယ်လို့ သားတို့ကို သင်ထားတယ်" လို့ အသက် ၁၃ နှစ်အရွယ် စိုးထက်က ပြောပါတယ်။.
ကလေးတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားမှုက အရေးကြီးပါတယ်။

https://www.unicef.org/myanmar/my/stories/from-fear-learning-again-after-myanmar-earthquake

“သမီး ကျောင်းပြီးအောင်တက်ပြီး ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။”ဒါက အသက် ၁၆ နှစ်အရွယ် ထွန်းမြာရဲ့ အိပ်မက်ပါ။.ပဋိပက္ခတွေကြောင့်...
11/10/2026

“သမီး ကျောင်းပြီးအောင်တက်ပြီး ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။”
ဒါက အသက် ၁၆ နှစ်အရွယ် ထွန်းမြာရဲ့ အိပ်မက်ပါ။.
ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့အပြင် ၂၀၂၅ ခုနှစ် ငလျင်ကြီးကိုပါ ကြုံတွေ့ခဲ့ရတဲ့ ထွန်းမြာဟာ အခုဆိုရင် သူ့ရပ်ရွာက ကလေးငယ်တွေအတွက် အဖွဲ့လိုက် လှုပ်ရှားမှုတွေကို ဦးဆောင်ပေးရင်း သူ့ရဲ့အနာဂတ်အတွက်လည်း ရှေ့ဆက်လျှောက်လှမ်းနေပါတယ်။

ထွန်းမြာရဲ့ ဇာတ်လမ်းကို bio က လင့်ကနေ ဖတ်နိုင်ပါတယ်။

ပဋိပက္ခတွေက အပြင်မှာ မမြင်ရတဲ့ ဒဏ်ရာတွေကိုလည်း ချန်ထားနိုင်ပါတယ်။ပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှုတွေကို ကြုံတွေ့နေရတဲ့ ကလေးတ...
10/10/2026

ပဋိပက္ခတွေက အပြင်မှာ မမြင်ရတဲ့ ဒဏ်ရာတွေကိုလည်း ချန်ထားနိုင်ပါတယ်။
ပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှုတွေကို ကြုံတွေ့နေရတဲ့ ကလေးတွေအတွက် စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးဖို့လည်း အခြားလိုအပ်ချက်တွေလိုပဲ အရေးကြီးပါတယ်။.
လုံခြုံတဲ့ နေရာလေးတစ်ခုမှာ ကစားခွင့်ရတာ၊ ဖေးမပေးမယ့်သူတွေ ရှိတာ၊ ကိုယ့်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ပြောပြခွင့်ရတာတွေက ခက်ခဲတဲ့ အတွေ့အကြုံတွေကို ကလေးတွေ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။.
ဒီ မှာရော နေ့ရက်တိုင်းမှာပါ ကလေးတိုင်းရဲ့ စိတ်ကျန်းမာရေးက အရေးကြီးပါတယ်။ 💙

အခုလို အခက်အခဲတွေကြုံနေရတဲ့အချိန်မှာ မိဘတစ်ယောက်အနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရတာ မလွယ်ပါဘူး။သူတို့လေးတွေမှာ မေးချင်တ...
09/10/2026

အခုလို အခက်အခဲတွေကြုံနေရတဲ့အချိန်မှာ မိဘတစ်ယောက်အနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရတာ မလွယ်ပါဘူး။
သူတို့လေးတွေမှာ မေးချင်တာတွေ၊ စိုးရိမ်တာတွေ၊ ပြောပြဖို့ခက်တဲ့ ခံစားချက်တွေ ရှိနေတတ်ပါတယ်။ အဲဒီအချိန်မှာ သူတို့ပြောတာကို နားထောင်ပေးဖို့၊ စကားစပြောပေးဖို့နဲ့ လိုအပ်တဲ့အခါ အားပေးကူညီပေးဖို့က တကယ့်ကို အရေးကြီးပါတယ်။
ယူနီဆက်မြန်မာရဲ့ Parenting Hub မှာ မိဘတွေနဲ့ ပြုစုစောင့်ရှောက်သူတွေအတွက် အသုံးဝင်တဲ့ အကြောင်းအရာတွေ စုစည်းပေးထားပါတယ်။ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ အရေးပေါ်အခြေအနေတွေမှာ ကလေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်ပေးမလဲဆိုတာတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။

Parenting Hub ကို ဒီမှာ ဝင်ကြည့်လိုက်ပါ 👇

https://www.unicef.org/myanmar/my/ParentingHub-my

ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ကလေးတွေအတွက် နာရီအနည်းငယ်လောက်ပဲဖြစ်ဖြစ် ကလေးပီပီ လွတ်လွတ်လပ်လပ် ကစားပျော်ရွှင်ခွင...
08/10/2026

ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ကလေးတွေအတွက် နာရီအနည်းငယ်လောက်ပဲဖြစ်ဖြစ် ကလေးပီပီ လွတ်လွတ်လပ်လပ် ကစားပျော်ရွှင်ခွင့်ရတာက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ 💙.
ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ ရပ်ရွာထဲက မိခင်တွေက ကလေးတွေ ဘေးကင်းလုံခြုံစွာ သီချင်းဆို၊ ပန်းချီဆွဲ၊ ကခုန်၊ ကစားနိုင်ဖို့နဲ့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရင်ဖွင့်ပြောပြနိုင်ဖို့ နွေးထွေးတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။
ဆီးဆီးမီးကလည်း ဒီမိခင်တွေထဲက တစ်ယောက်ပါ။
“ကလေးတွေ သင်ယူမှတ်သားစရာရမယ့် ပုံပြင်တွေ ပြောပြတယ်။ ပြီးတော့ သူတို့ကို စုပြီး ကစားကြတယ်” လို့ ဆီးဆီးမီးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာလူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ကတစ်ဆင့် ပံ့ပိုးပေးတဲ့ အစီအစဉ်အောက်မှာ ဆီးဆီးမီးနဲ့ အခြားရပ်ရွာစေတနာ့ဝန်ထမ်းတွေဟာ လိုအပ်တဲ့ သင်တန်းတွေနဲ့ ဆက်လက်ပံ့ပိုးကူညီမှုတွေ ရရှိပြီး ကလေးတွေအတွက် ဘေးကင်းလုံခြုံပြီး နွေးထွေးတဲ့ နေရာလေးတွေ ဖန်တီးပေးနေကြပါတယ်။
ဒီမိခင်တွေ အတူတူ လက်တွဲပေးနေကြလို့ ကလေးတွေဟာ နွေးထွေးမှုနဲ့ စိတ်သက်သာရာရပြီး ကလေးဘဝရဲ့ ပျော်ရွှင်မှုလေးတွေကို ပြန်လည်ခံစားခွင့်ရနေပါတယ်။
သူတို့ရဲ့ ဇာတ်လမ်းကို ဖတ်ကြည့်ပါ 👇

https://www.unicef.org/myanmar/my/stories/mothers-helping-displaced-children-heal-in-myanmar

လူတိုင်းမှာတော့ တစ်ခါတလေ ခက်ခဲတဲ့နေ့တွေ ရှိတတ်တာပေါ့။အဲ့လိုရှိလာပြီဆိုရင် ခဏလောက် ရပ်ပြီး အနားယူလို့ ရပါတယ်။ ယုံကြည်ရတဲ့...
07/10/2026

လူတိုင်းမှာတော့ တစ်ခါတလေ ခက်ခဲတဲ့နေ့တွေ ရှိတတ်တာပေါ့။
အဲ့လိုရှိလာပြီဆိုရင် ခဏလောက် ရပ်ပြီး အနားယူလို့ ရပါတယ်။ ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကို ပြောပြလို့လည်း ရပါတယ်။ အကူအညီလိုတဲ့အခါလည်း တောင်းလို့ ရပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်စိတ်လေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။ 💙

07/10/2026

“ကလေးတွေမှာ အိပ်မက်ကြီးကြီးတွေ ရှိကြပါတယ်။” 💙
တချို့က ဆရာမ ဖြစ်ချင်တယ်။ တချို့က ဆရာဝန် ဖြစ်ချင်တယ်။ သူတို့တစ်ယောက်ချင်းစီမှာ ကိုယ်စီ အိပ်မက်တွေ ရှိကြပါတယ်။
ကချင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ နေထိုင်ရာ စခန်းတစ်ခုကို သွားရောက်ခဲ့စဉ် UNICEF Asia Pacific Deputy Regional Director Julianna Lindsey ဟာ နှစ်ပေါင်းများစွာ နေရပ်စွန့်ခွာနေထိုင်နေရတဲ့ ကလေးတွေနဲ့ မိသားစုတွေကို တွေ့ဆုံခဲ့ပါတယ်။
အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ ကလေးတွေကတော့ ဆက်လက်သင်ယူနေကြတယ်၊ ကစားပျော်ရွှင်နေကြတယ်၊ သူတို့ရဲ့ အနာဂတ်အတွက်လည်း အိပ်မက်တွေ ဆက်မက်နေကြပါတယ်။
🎥 ကချင်ပြည်နယ်က ကလေးတွေနဲ့ မိသားစုတွေကို တွေ့ဆုံပြီးနောက် Julianna ဘာတွေပြောထားလဲ နားထောင်ကြည့်လိုက်ပါဦး။

“ကျွန်မတို့မှာ ဘာမှယူချိန် မရှိခဲ့ပါဘူး။ ခြေထောက် မသန်စွမ်းတဲ့ သားငယ်လေးကို ရင်ခွင်ထဲ အတင်းပွေ့ဖက်၊ သားကြီးရဲ့ လက်ကို မြ...
06/10/2026

“ကျွန်မတို့မှာ ဘာမှယူချိန် မရှိခဲ့ပါဘူး။ ခြေထောက် မသန်စွမ်းတဲ့ သားငယ်လေးကို ရင်ခွင်ထဲ အတင်းပွေ့ဖက်၊ သားကြီးရဲ့ လက်ကို မြဲမြဲဆွဲပြီး ရေလွတ်ရာကို ရင်တထိတ်ထိတ်နဲ့ ပြေးခဲ့ရတာပါ” 💔
ရေဘေးလွတ်ရာနေရာကို သားငယ်နှစ်ယောက်နဲ့အတူ အသက်လု ထွက်ပြေးခဲ့ရတဲ့ ထိတ်လန့်စရာကောင်းလှတဲ့ ထိုခဏကို အသက် ၂၃ နှစ်အရွယ် မနီလာဝင်းက အခုလို ပြန်ပြောင်းပြောပြပါတယ်။ အဲ့ဒီနောက်မှာတော့ အကျပ်အတည်းတွေကြား မျှော်လင့်ချက်ရောင်ခြည်ယူဆောင်လာပေးတဲ့ အရေးပေါ် ကူညီထောက်ပံ့မှုတွေ ရောက်ရှိလာခဲ့ပါတယ်။
ဂျပန်အစိုးရရဲ့ ရန်ပုံငွေထောက်ပံ့မှုနဲ့အတူ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Barefoot Doctor Myanmar တို့ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မနားတမ်းရွာသွန်းတဲ့ ရေဘေးနဲ့ ပဋိပက္ခဒဏ်တွေကို အလူးအလဲခံစားနေရတဲ့ မိသားစုတွေထံ သန့်ရှင်းတဲ့သောက်သုံးရေရရှိရေး လုပ်ငန်းတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းတွေကို အရောက်ဖြန့်ဝေပေးခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှု အမြောက်အမြားနဲ့ ရေမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါဘယ အန္တရာယ်တွေကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာတော့ မနီလာဝင်းအပါအဝင် ရေဘေးသင့်မိသားစု ၂,၂၄၀ ကျော်ဟာ ရောဂါကင်းစင်ပြီး ကျန်းမာဘေးကင်းစေဖို့အတွက် အဓိကလိုအပ်တဲ့ သောက်သုံးရေသန့်နဲ့ အရေးကြီးထောက်ပံ့ရေးပစ္စည်းတွေကို ရရှိသွားကြပြီဖြစ်ပါတယ်။
ဂျပန်အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများဟာ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်နေရတဲ့ ထိခိုက်လွယ် ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် အသက်ကယ်ဆယ်ရေး အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့နဲ့ မျှော်လင့်ချက်တွေ ပြန်လည်ဆန်းသစ်ပေးနိုင်ဖို့ မြေပြင်မှာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

မနီလာဝင်းတို့ မိသားစုအကြောင်း ဆက်လက်ဖတ်ရှုရန်

https://unicef.link/4j11J7r

ဆရာ၊ ဆရာမတွေဟာ ကလေးတွေရဲ့ သင်ယူမှုအတွက်သာမက စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုအတွက်ပါ အရေးပါတဲ့သူတွေ ဖြစ်ပါတယ်။ 💙.မနှစ်က ငလ...
05/10/2026

ဆရာ၊ ဆရာမတွေဟာ ကလေးတွေရဲ့ သင်ယူမှုအတွက်သာမက စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုအတွက်ပါ အရေးပါတဲ့သူတွေ ဖြစ်ပါတယ်။ 💙.
မနှစ်က ငလျင်အပြီးမှာ ဒေါ်အေးအေးအောင်လို ဆရာ၊ ဆရာမတွေဟာ ကလေးတွေ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြနိုင်ဖို့၊ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနိုင်ဖို့နဲ့ စာသင်ခန်းထဲမှာ ယုံကြည်မှုတွေ ပြန်ရလာဖို့ ဘယ်လိုကူညီပေးရမလဲဆိုတာ လေ့လာခဲ့ကြပါတယ်။
“သင်တန်းပြီးတဲ့နောက် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုအတွက် ဘယ်လိုကူညီပေးရမလဲဆိုတာ နားလည်လာခဲ့ပါတယ်” လို့ ဒေါ်အေးအေးအောင်က ပြောပါတယ်။
ဂျပန်အစိုးရရဲ့ ပံ့ပိုးမှုနဲ့အတူ ယူနီဆက်က အရေးပေါ်အခြေအနေတွေကနေ ပြန်လည်ထူထောင်နေတဲ့ ကလေးတွေအတွက် ပိုမိုလုံခြုံပြီး ဖေးမကူညီမှုရှိတဲ့ သင်ယူမှုဝန်းကျင်တွေ ဖန်တီးပေးနိုင်ဖို့ ဆရာ၊ ဆရာမတွေကို ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။
ဆရာမ ဒေါ်အေးအေးအောင်တို့ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်း ဆက်လက်ဖတ်ရှုရန် >>

https://unicef.link/4dhdWRU

Address

23 A. Inya Myaing Road
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+9512305965

Alerts

Be the first to know and let us send you an email when UNICEF Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to UNICEF Myanmar:

Shortcuts

Share