UNICEF Myanmar

UNICEF Myanmar UNICEF is here to advocate for children's rights and to help meet the needs of Myanmar children.

More recently, UNICEF has supported HIV/AIDS prevention, early childhood development, and child protection programs.

14/08/2026

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားရအောင် မိသားစုတွေအနေနဲ့ ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ?

အဓိက တရားခံဖြစ်တဲ့ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးစေဖို့ လိုက်နာရမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို ဒီဗီဒီယိုလေးမှာ ဝင်ရောက်လေ့လာကြည့်လိုက်ပါ။

နေရာဒေသ ဘယ်လိုပဲ ကွဲပြားနေပါစေ...ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေတွေ ဘယ်လိုပဲ ရှိနေပါစေ..."ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိ...
12/08/2026

နေရာဒေသ ဘယ်လိုပဲ ကွဲပြားနေပါစေ...

ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေတွေ ဘယ်လိုပဲ ရှိနေပါစေ...

"ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ချင်တယ်" ဆိုတဲ့ ဆန္ဒကတော့ လူငယ်တိုင်းမှာ တူညီနေကြဆဲပါပဲ။ 🌍✨

နေရာဒေသ ဘယ်လိုပဲ ကွဲပြားနေပါစေ...
ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေတွေ ဘယ်လိုပဲ ရှိနေပါစေ...

"ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ချင်တယ်" ဆိုတဲ့ ဆန္ဒကတော့ လူငယ်တိုင်းမှာ တူညီနေကြဆဲပါပဲ။ 🌍✨

နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ဟာ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ လူငယ်တွေရဲ့ အသံနဲ့ လူမှုအကျိုးပြု လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုဖို့၊ လူငယ်တွေရဲ့ အမြင်သဘောထားတွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ပြီး ပိုမိုပါဝင်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို မြှင့်တင်ပေးတဲ့ အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ 🤝🎯

U-Report အနေနဲ့လည်း မြန်မာနိုင်ငံတစ်ဝန်းက လူငယ်တွေရဲ့ အသံတွေ ပိုမိုပါဝင်လာဖို့၊ မတူကွဲပြားတဲ့ အလွှာပေါင်းစုံက လူငယ်တွေရဲ့ ထင်မြင်ချက်တွေကို ဖော်ထုတ်ပေးဖို့နဲ့ အခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်ဖို့ အမြဲတမ်း ကြိုးပမ်းလျက်ရှိပါတယ်။

ရေရှည်တည်တံ့ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် ကွဲပြားခြားနားမှုတွေကြားက လူငယ်တွေရဲ့ တူညီတဲ့ စွမ်းအားတွေနဲ့ အသံတွေကို ပေါင်းစပ်ပြီး အတူတူ ရှေ့ဆက်လှမ်းကြဖို့အရေးကြီးပါတယ်။ 🌱

ဒီနေ့ကျရောက်တဲ့ လူငယ်များနေ့မှာ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက် နဲ့ ခံယူချက်လေးကို ကွန်မန့်မှာ ဝေမျှပေးသွားပါဦး။ 💭

“Your Voice Matters”


နေထိုင်ရာဒေသတွေ၊ ဘဝအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ်မူတည်ပြီး လူငယ်တွေ ရင်ဆိုင်နေရတဲ့ပြဿနာတွေက မတူညီကြပါဘူး။...
12/08/2026

နေထိုင်ရာဒေသတွေ၊ ဘဝအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ်မူတည်ပြီး လူငယ်တွေ ရင်ဆိုင်နေရတဲ့ပြဿနာတွေက မတူညီကြပါဘူး။ အခွင့်အရေးတစ်ခုကို လွယ်လွယ်ရနိုင်သူတွေ ရှိကြပေမယ့် တချို့အတွက်ကတော့ အဲ့ဒီအခွင့်အရေးကိုရဖို့အတွက်တောင် အများကြီး ကြိုးစားရုန်းကန်နေကြရတာပါ။

“နေထိုင်ရာဒေသတွေ၊ ဘဝအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ်မူတည်ပြီး လူငယ်တွေ ရင်ဆိုင်နေရတဲ့ပြဿနာတွေက မတူညီကြပါဘူး။ အခွင့်အရေးတစ်ခုကို လွယ်လွယ်ရနိုင်သူတွေ ရှိကြပေမယ့် တချို့အတွက်ကတော့ အဲ့ဒီအခွင့်အရေးကိုရဖို့အတွက်တောင် အများကြီး ကြိုးစားရုန်းကန်နေကြရတာပါ။

ဘွဲ့တွေ၊ ဒီဂရီတွေဆိုတာထက် လုပ်ငန်းခွင်မှာ အမှန်တကယ် အသုံးချနိုင်မယ့် Digital skills, Communication, Problem-solving, Critical thinking စတာတွေကို လွယ်လွယ်ကူကူ သင်ယူနိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအပြင် ဘယ်ပညာရပ်ကို ဘယ်လိုလေ့လာရမလဲ၊ ဘယ်အလုပ်နဲ့ ကိုက်ညီမလဲဆိုတာ သိနိုင်ဖို့ လမ်းပြပေးနိုင်မယ့်သူနဲ့ လက်တွေ့အတွေ့အကြုံရနိုင်ပြီး Skill Development လုပ်နိုင်မယ့် Volunteer နဲ့ Intership အခွင့်အလမ်းတွေလည်း ပိုပြီးလိုအပ်ပါတယ်။ 📚

အဓိကအနေနဲ့ကတော့ ပညာရေးက အနာဂတ်အလုပ်အကိုင်အတွက် လိုအပ်တဲ့ အသိပညာနဲ့ Skill တွေကို ပေးနိုင်ဖို့ လိုအပ်သလို အလုပ်အကိုင်တွေဟာလည်း လူငယ်တွေရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသပြီး ကိုယ့်အိပ်မက်နဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ့် အခွင့်အလမ်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။

အခြေအနေတွေမတူကြပေမယ့် ကောင်းမွန်တဲ့ပညာရေး၊ အလုပ်အကိုင်အခွင့်လမ်းနဲ့ အနာဂတ်ကောင်းတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒတစ်ခုကတော့ လူငယ်တွေမှာ အတူတူပဲဖြစ်မှာပါ။ 💫”

Pyae Phyo (U-Reporter)
Mandalay


အခုချိန်မှာ မွေးရပ်ကို စွန့်ခွာပြိီး တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။တကယ်တော့ ကိုယ့်ဒေသမှာတင်ပဲ ကို...
11/08/2026

အခုချိန်မှာ မွေးရပ်ကို စွန့်ခွာပြိီး တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။

တကယ်တော့ ကိုယ့်ဒေသမှာတင်ပဲ ကိုယ့်ရဲ့လူနေမှုဘဝ လုံခြုံ‌စိတ်ချရပြီး နေနိုင်စားနိုင်အောင်ကြိုးစားခွင့်ရမယ့် အခြေအနေကိုရောက်ဖို့ အားလုံးက မျှော်လင့်နေကြတာပါ။

ဘယ်သူတွေကများ အိမ်နဲ့ခွဲချင်ပါ့မလဲ…💔

“ကျနော်က မြန်မာနိုင်ငံအလယ်ပိုင်း၊ မြို့တစ်မြို့က လူငယ်‌တစ်ယောက်ပါ။ ဒီဒေသမှာ လူငယ်တွေရဲ့အခက်အခဲဆိုရင် အလုပ်အကိုင်အခွင့်အလမ်းလို့ပဲပြောရမှာပါ။ အလုပ်တွေမရှိဘူးလားဆိုတော့ ရှိတယ်။ ရှိတဲ့အလုပ်တွေက ဘဝကိုတည်ဆောက်ဖို့ လုံလောက်တဲ့အနေအထားတော့ လုံးဝဟုတ်မနေပါဘူး။

ရတဲ့လစာနဲ့ တစ်ဖက်က ကုန်ကျစရိတ်တွေက လူငယ်ပီပီ တခါတရံပျော်ပါး အပန်းဖြေဖို့မပြောနဲ့ လိုအပ်တဲ့ တစ်ကိုယ်ရည်အသုံးအဆောင်တွေဝယ်ဖို့တောင် အနိုင်နိုင်ပါ။

ကျောင်းတက်နေတဲ့လူငယ်၊ ကျောင်းပြီးသွားတဲ့လူငယ်၊ ကျောင်းဆက်မတက်တော့တဲ့လူငယ်... ဒီလူငယ်တွေအားလုံးမှာ တူညီတဲ့အချက်ကတော့ ကိုယ့်ဘဝကိုယ်တည်ဆောက်ဖို့ လုံလောက်တဲ့အခွင့်အလမ်းတွေ မရရှိနိုင်တာပါ။ အခုချိန်မှာ မွေးရပ်ကို စွန့်ခွာပြိီး တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။

တကယ်တော့ ကိုယ့်ဒေသမှာတင်ပဲ ကိုယ့်ရဲ့လူနေမှုဘဝ လုံခြုံ‌စိတ်ချရပြီး နေနိုင်စားနိုင်အောင်ကြိုးစားခွင့်ရမယ့် အခြေအနေကိုရောက်ဖို့ အားလုံးက မျှော်လင့်နေကြတာပါ။

ဘယ်သူတွေကများ အိမ်နဲ့ခွဲချင်ပါ့မလဲ…💔”

KST (U-Reporter)
Pyinmana


“လူငယ်တစ်ယောက်အနေနဲ့ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခုကို ရှာဖွေတယ်ဆိုတာ ပိုက်ဆံရှာဖို့ သက်သက် မဟုတ်ပါဘူး။ ကိုယ်ယု...
11/08/2026

“လူငယ်တစ်ယောက်အနေနဲ့ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခုကို ရှာဖွေတယ်ဆိုတာ ပိုက်ဆံရှာဖို့ သက်သက် မဟုတ်ပါဘူး။ ကိုယ်ယုံကြည်တဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ ကိုယ့်ဘဝအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်နိုင်ဖို့အတွက် လွတ်လပ်ခွင့်နဲ့ အခွင့်အလမ်းကို ဖန်တီးယူတာလို့ မြင်ပါတယ်။"

“လူငယ်တစ်ယောက်အနေနဲ့ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခုကို ရှာဖွေတယ်ဆိုတာ ပိုက်ဆံရှာဖို့ သက်သက် မဟုတ်ပါဘူး။ ကိုယ်ယုံကြည်တဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ ကိုယ့်ဘဝအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်နိုင်ဖို့အတွက် လွတ်လပ်ခွင့်နဲ့ အခွင့်အလမ်းကို ဖန်တီးယူတာလို့ မြင်ပါတယ်။ 💭

အလုပ်ခွင်ထဲမှာ ကြိုးစားရုန်းကန်ရင်း ကိုယ့်ရဲ့ skills တိုးတက်လာသလို ငွေကြေးပိုင်းမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာတာမျိုးပေါ့။

အဲဒီလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာတာကနေ တစ်ဆင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုရှိလာမယ်။ ကိုယ် အဆင်ပြေလာတာနဲ့အမျှ မိသားစုကိုလည်း ပြန်လည် ဖေးမထောက်ပံ့ပေးနိုင်မယ်။ နောက် ကိုယ့်လိုပဲ အခွင့်အလမ်းတွေ လိုအပ်နေတဲ့ တခြားသော လူငယ်တွေအတွက်ပါ တစ်ဖက်တစ်လမ်းကနေ အကျိုးပြုပေးနိုင်မယ့် အခွင့်အရေးတွေလည်း ပိုင်ဆိုင်လာနိုင်ပါတယ်။ ✨

ဒါကြောင့် ကျွန်မတို့ လူငယ်တွေအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ဆိုတာ ရေရှည်တည်တံ့ပြီး ခိုင်မာတဲ့ အနာဂတ်တစ်ခုကို ကိုယ်တိုင် တည်ဆောက်သွားဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။”

Htet Ei (U-Reporter)
Yangon


မိခင်နို့တိုက်ကျွေးတယ်ဆိုတာ မိခင်ရော ကလေးနှစ်ဦးစလုံးအတွက် အချိန်ယူရသလို အလေ့အကျင့်လည်းလိုပါတယ်။ မိခင်ရော ကလေးအတွက်ပါအဆင်...
05/08/2026

မိခင်နို့တိုက်ကျွေးတယ်ဆိုတာ မိခင်ရော ကလေးနှစ်ဦးစလုံးအတွက် အချိန်ယူရသလို အလေ့အကျင့်လည်းလိုပါတယ်။
မိခင်ရော ကလေးအတွက်ပါအဆင်ပြေဆုံးဖြစ်မယ့်အနေအထားကိုရှာတွေ့ဖို့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 👶💙
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် (သြဂုတ်လ ၁ - ၇ ရက်)
https://unicef.link/3U2uJOx

မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတစ်ယောက်၏ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးရေးအတွက် တစ်သက်တာ အကျိုးကျေးဇူးများ ရှိပါတယ်။ ဒါကြေ...
04/08/2026

မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတစ်ယောက်၏ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးရေးအတွက် တစ်သက်တာ အကျိုးကျေးဇူးများ ရှိပါတယ်။ ဒါကြောင့်

🕐 ကလေးမွေးဖွားပြီး တစ်နာရီအတွင်း မိခင်နို့ စတင်တိုက်ကျွေးပါ။
👶🏻 ပထမ ခြောက်လအတွင်း အခြားအစားအစာ၊ ရေ သို့မဟုတ် အရည်များ လုံးဝမတိုက်ဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ (အခြား အရည်များ တိုက်ပါက ကလေးက မိခင်နို့မစို့နိုင်တော့ပဲ မိခင်နို့အထွက်နည်းခြင်း/နို့ခမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။)
💪🏽 အသက်ခြောက်လမှစ၍ အာဟာရပြည့်ဝပြီး စုံလင်သော အခြားအစားအစာများနှင့်အတူ မိခင်နို့ကို အသက်နှစ်နှစ် သို့မဟုတ် နှစ်နှစ်ထက်ကျော်သည်အထိ ဆက်လက်တိုက်ကျွေးပါ။
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် (သြဂုတ်လ ၁ - ၇ ရက်)

မိခင်နို့ဟာ ကလေးငယ်အတွက် ပထမဆုံးသော ကာကွယ်ဆေးဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အားကောင်းစေပါတယ်။ 👶မိခင်များအတွက် လိုအ...
03/08/2026

မိခင်နို့ဟာ ကလေးငယ်အတွက် ပထမဆုံးသော ကာကွယ်ဆေးဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အားကောင်းစေပါတယ်။ 👶
မိခင်များအတွက် လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေ ရှိတဲ့အခါမှာ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးဖို့ ပိုမိုလွယ်ကူစွာ စတင်နိုင်ပြီး ဆက်လက်တိုက်ကျွေးနိုင်တာကြောင့် ကလေးငယ်တွေ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာအောင် ကူညီပေးနိုင်ပါတယ်။ 💙

Breastmilk acts as a baby’s first vaccine and boosts brain development. When mothers are supported, they are more likely to initiate and continue breastfeeding, helping babies grow healthy and strong.

💙
28/07/2026

💙

ဟုတ်ပါတယ်။ အားလုံးတွေ့မြင်ခဲ့ရတဲ့ အဲဒီဓာတ်ပုံတွေက တကယ့်အစစ်တွေပါ။လွန်ခဲ့တဲ့ ၁၈ နှစ်ကျော်က Lamine Yamal ဆိုတဲ့ ကလေးငယ်လေး...
17/07/2026

ဟုတ်ပါတယ်။ အားလုံးတွေ့မြင်ခဲ့ရတဲ့ အဲဒီဓာတ်ပုံတွေက တကယ့်အစစ်တွေပါ။

လွန်ခဲ့တဲ့ ၁၈ နှစ်ကျော်က Lamine Yamal ဆိုတဲ့ ကလေးငယ်လေးနဲ့ သူ့ရဲ့မိခင် Sheila တို့ဟာ ယူနီဆက်ရဲ့ ရန်ပုံငွေရှာဖွေရေးအတွက် ဓာတ်ပုံရိုက်ကူးမှုတစ်ခုမှာ Lionel Messi နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ ဘောလုံးကွင်းအတွင်းက သူတို့ရဲ့ အောင်မြင်မှုတွေဟာ လူသန်းပေါင်းများစွာကို ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့ပါပြီ။ ဘောလုံးကွင်းပြင်ပမှာလည်း Messi ရော Lamine Yamal ပါ ယူနီဆက်ရဲ့ အထူးကိုယ်စားလှယ် (Goodwill Ambassadors) တွေအနေနဲ့ ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေကို ကူညီပံ့ပိုးပေးဖို့နဲ့ သူတို့လေးတွေအတွက် ရှေ့နေရပ်ခံပြောဆိုပေးဖို့ သူတို့ရဲ့ အသံတွေ၊ ပလက်ဖောင်းတွေကို အသုံးပြုနေကြပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ ကလေးငယ်တိုင်း အသက်ရှင်သန်ဖို့၊ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ ဖော်ထုတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ယူနီဆက်အဖွဲ့ကြီးမှာ သူတို့နှစ်ဦး ပါဝင်အားဖြည့်ပေးနေတဲ့အတွက် အထူးပဲ ဂုဏ်ယူစရာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Joan Monfort

Yes, those photos you’ve seen are real.

More than 18 years ago, a baby named Lamine Yamal and his mom Sheila met Lionel Messi at a UNICEF fundraising photoshoot.

Today, their achievements on the pitch inspire millions. Off the pitch, both Messi and Lamine Yamal use their voices and platforms as UNICEF Goodwill Ambassadors to support and advocate for children around the world.

The goal? That every child survives, thrives, and fulfils their potential.

We are proud to have them on our team.

Credit: Joan Monfort

Address

23 A. Inya Myaing Road
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+9512305965

Alerts

Be the first to know and let us send you an email when UNICEF Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to UNICEF Myanmar:

Shortcuts

Share