The Greatland Masters Institute - GMI

The Greatland Masters Institute - GMI The Greatland Masters Institute

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။၁။ ...
30/10/2024

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

မျှဝေပါ၏
# crd

C R D မူရင်း

27/10/2024

ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကိုတော့ သွားရမှာပေါ့ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

ဘဝကို ကြက်တူရွေးလို မနေပဲ သိန်းငှက်လို ကျင့်ကြံပါ ၊ ကြက်တူရွေးက စကားတတ်ပေမဲ့ အမြင့်မပျံနိူင်ဘူး

သိန်းငှက်က နူတ်ဆိတ်ပေမဲ့ မိုးထိအောင် ပျံနိူင်တယ် ။

ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက ကြိုးစားခဲ့ကြပါတယ် ။

လမ်းပျောက်နေလို့ စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

လူ့ သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့ အကန့်အသတ် မရှိပါဘူး ။

ရိုးသားဖို့တော့ လိုတာပေါ့နော်

Facebook အစား ဒီWebsite ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါလူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတ...
25/10/2024

Facebook အစား ဒီWebsite ၁၀ ခုနဲ့ သင့်ကိုယ်သင် အဆင့်မြှင့်တင်ကြည့်ပါ

လူတိုင်းနီးပါးဟာ တစ်နေ့ကို ၂ နာရီလောက် ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတတ်ကြပါတယ်။

ပြန်စဉ်းစားကြည့်ကြမယ်ဆိုရင် အဲဒီလို ၂ နာရီလောက် ပုံမှန်အချိန်ဖြုန်းနေပမယ့် အဲဒီကနေ လောက်လောက်လားလား မက်လောက်စရာ ကျွန်တော်တို့ ဘာပြန်ရပါသလဲ။

ဘာသာစကားအသစ်တွေ လေ့လာမိသလား? တခြားအရည်အသွေးတွေ မြင့်တက်လာသလား?

အခု ကျွန်တော်က အခရာ ပရိတ်သတ်တွေကို လူမှုကွန်ယက်မဟုတ်တဲ့ စိတ်ဝင်စားစရာ Website ၁၀ ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဒီ Website ၁၀ ခုက ပရိတ်သတ်တွေရဲ့ ဘဝကို ပိုစမတ်ကျကျ တိုးတက်လာစေမယ့် Website တွေဆိုတာကိုတော့ အာမခံပါတယ်။ ကြည့်ကြရအောင် …

1.Unplug The TV
www.unplugthetv.com

ဒီ Website ထဲကို တစ်ကြိမ်ဝင်ကြည့်လိုက်တိုင်းမှာ မတူညီတဲ့ ဗီဒီယိုအသစ်တစ်ခုကို ကြည့်ရှုရပါလိ့မ်မယ်။ ဘယ်လို ဗီဒီယိုဖိုင်မျိုးလဲဆိုတော့ မိမိကိုယ်ကိုယ် စမတ်ကျကျရှင်သန်နိုင်စေဖို့ လမ်းညွှန်ပေးမယ့် ဗီဒီယိုဖိုင်မျိုးပေါ့။ တကယ်လို့ အကြောင်းအရာက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးမဟုတ်ခဲ့ရင်တောင်မှ ဗီဒီယိုဖိုင်ကို ပြီးဆုံးသည်အထိ ကြည့်ကြည့်ပါ။ မတူညီတဲ့ အကြောင်းအရာတွေ တင်ပြပုံတွေထဲကနေ သင့်ကို အမြင်ကျယ်စေပြီး စိတ်ချမ်းသာမှုကို တည်ဆောက်နိုင်စေမယ့် အကြောင်းအရာတွေ မျှဝေပေးပါလိမ့်မယ်။

2.Skillshare
www.skillshare.com

နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေက သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပါတယ်။ သီအိုရီတွေ ပညာခန်းတွေ တစ်ခုမှမပါဝင်ပါဘူး။ အသုံးဝင်ပြီး ထိရောက်တဲ့နည်းတွေချည်း ချပြမှာဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာကို ရှာဖွေကြည့်ရုံပါပဲ။

3.University of the People
www.uopeople.edu

အကျိုးအမြတ်မယူတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖန်တီးထားတဲ့ ဒီ Website ဟာ တက္ကသိုလ်ပညာရေးကနေ ဘွဲ့ရပြီးတဲ့အထိ ပါဝင်တဲ့ ပညာရပ်နယ်ပယ်အသီးသီးက ဘာသာရပ်တွေကို လေ့လာဖို့ ကျူရှင်မဟုတ်တဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။

4.High Brow
www.highbrow.com

ဒီ Website ကို Subscribe လုပ်ထားမယ်ဆိုရင် သူတို့ဆီကနေ ၅ မိနစ်စာ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို နေ့စဉ် အခမဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလည်းရပါတယ်။

5.Investopedia
www.investopedia.com

Wikipedia တော့ အားလုံးကြားဖူးကြမှာပါ။ ဒါက Wikipedia မဟုတ်ပေမယ့် Wiki လိုပဲ လူတွေကို အထောက်အကူပြုတဲ့ Site တစ်ခုပါပဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေက ရှုပ်ထွေးပြီးတော့ နားလည်ရခက်ခဲပါတယ်။ ဒါပေမယ့် မိမိနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငွေကြေးဆိုတာ အမြဲတစေပတ်သက်နေရမှာပါ။ ဒီတော့ ဒီ Website ထဲကနေတဆင့် အချက်အလက် ကိုင်တွယ်စုဆောင်းမှုပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေ အချက်အလက်တွေ ဗဟုသုတတွေ အကြံဥာဏ်တွေကို ရယူနိုင်ပါတယ်။

6.Brain Pump
www.brainpump.net

ထူးထူးထွေထွေ ဆန်းဆန်းပြားပြားတွေကိုမှ စိတ်ဝင်စားသူတွေဟာ ဒီ Site ထဲကို ဝင်ကြည့်သင့်ပါတယ်။ ကမ္ဘာတစ်လွှားက လူသိနည်းတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကိုမှ သီးခြား စုစည်းဖော်ပြပေးတဲ့ Website မို့ပါ။ ဒီအတိုင်း ရှာဖွေဖတ်ရှုဖို့တောင် ခက်ခဲတဲ့ ဗဟုသုတတွေဆိုတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီလို တစုတစည်းထည်း မြင်ရဖို့ဆိုတာ ဝေလာဝေးပါပဲ။ တစ်ခုအကြံပေးချင်တာက ဒီထဲက အကြောင်းအရာတွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်ပါလိ့မ်မယ်။ ဒါပေမယ့် သေချာတာကတော့ သင်ဒီထဲဝင်ကြည့်ပြီးရင် အရင်ကထက်ပိုပျော်တတ်လာပြီး ပိုတီထွင်ဆန်းသစ်ချင်လာမယ်ဆိုတာပါပဲ။

7.Spreeder
www.spreeder.com

ဖြည်းဖြည်းနဲ့ မှန်မှန် စာဖတ်ကျင့်ရှိတဲ့သူတွေဟာ တဖြည်းဖြည်းချင်း ခိုင်မာအားကောင်းတဲ့ အမြင်စူးရှမှုကို ရလာပါလိမ့်မယ်။ ဒီတော့ တဖြည်းဖြည်းချင်းပဲ သူများတွေထက် တိုးတက်လာမှာပေါ့။ အခု Website ကတော့ သင်တို့ကို ခပ်မြန်မြန်စာဖတ်နိုင်အောင် ကူညီပါလိမ့်မယ်။ ကိုယ်ဖတ်ချင်တဲ့စာကို Copy/Paste လုပ်ပြီး Site ထဲထည့်ရင် Site က အမြန်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ဘယ်လိုဖတ်ရမယ်ဆိုတာကို ပြင်ဆင်လမ်းညွှန်ပေးပါလိမ့်မယ်။

8.Coursera
www.coursera.org

Coursera ဟာ အွန်လိုင်းပေါ်ကနေ Learning လုပ်ဖို့ အကောင်းဆုံး Website လို့ ညွှန်းပါရစေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Website ကနေ သင်ခန်းစာတွေ Subscribe လုပ်ပြီး လေ့လာနေလို့ပါ။ သိပ်ကောင်းပါတယ်။ အခမဲ့ အွန်လိုင်း သင်ခန်းစာတွေ/သင်ကြားမှုတွေပေးတဲ့နေရာမှာ ဂုဏ်သိက္ခာအကြီးမားဆုံး Website တစ်ခုဖြစ်ပါတယ်။ Data Science တို့ Machine Learning တို့လိုမျိုး ခက်ခဲနက်နဲတဲ့ ဘာသာရပ်တွေအထိ ရှာဖွေ လေ့လာနိုင်ပါတယ်။

9.Hemingway Editor
www.hemingwayapp.com

လူတိုင်းနီးပါးက ဝါသနာကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ စာရေးဖြစ်တတ်ကြပါတယ်။ ဒီ Website ကတော့ စာဘယ်လိုရေးရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။ ကိုယ်ရေးသားထားတဲ့ စာတွေကို Site ထဲ Paste လုပ်လိုက်တဲ့အခါ စာသားတွေကို ဘယ်လိုထားသိုသင့်တယ်၊ ဘယ်လို မက်ဆေ့ခ်ျပေးမယ်၊ စာပိုဒ်တွေ ဘယ်လိုတည်ဆောက်မယ် စသဖြင့်ပေါ့လေ ပြင်ဆင်တည်းဖြတ်ပေးပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် အယ်ဒီတာလေးဖြစ်နေမှာပါ။

10.edX
www.edx.org

ဒီ Website ထဲမှာ ကမ္ဘာတစ်လွှားက တက္ကသိုလ်ပေါင်းမြောက်များစွာရဲ့ အွန်လိုင်း သင်တန်းပေါင်းမြောက်များစွာကို ရှာဖွေနိုင်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာတုန်းက ဒီ Site ကနေတဆင့် ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ၁၀ သန်းပြည့်ခဲ့ပြီးတော့ သင်တန်းအရေအတွက်အားဖြင့်လည်း ၁၂၇၀ ခုအထိ ချိတ်ဆက်ဖွင့်လှစ်ပေးထားပါတယ်တဲ့ဗျာ။
Credit: အခရာ

Spend less, watch more

22/09/2024
“လုပ်ငန်းတစ်ခုကို အောင်မြင်စွာ စနစ်တကျစတင်လုပ်ကိုင်လိုသူများအတွက်”❗️2024 မှာ GYB ဒီတစ်ကြိမ်သာ ဖွင့်ပါတော့မယ်    “Generat...
09/09/2024

“လုပ်ငန်းတစ်ခုကို အောင်မြင်စွာ စနစ်တကျစတင်လုပ်ကိုင်လိုသူများအတွက်”
❗️2024 မှာ GYB ဒီတစ်ကြိမ်သာ ဖွင့်ပါတော့မယ်
“Generate Your Business IDEA”
⛳️ 3 days Intensive Training - Batch 2 ⛳️
👨‍💼 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို စနစ်တကျစတင်ရန် စိတ်အားထက်သန်နေသူများ
👨‍💼 လုပ်ငန်းတစ်ခုကို စတင် အကောင်အထည်ဖော်ချင်သူများ
👨‍💼 ပတ်ဝန်းကျင်မှာရှိနေတဲ့ စျေးကွက်ကို လေ့လာဖို့ အချိန်မရှိနေသူများ
👨‍💼 အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဘာကြောင့် အောင်မြင်အောင်စွမ်းဆောင်နိုင်သလဲဆိုတာ လေ့လာလိုသူများ
👨‍💼 မိမိရဲ့ Business Idea နဲ့ မိမိရဲ့ Passion နဲ့ ကိုက်ညီမှုရှိရဲ့လား
စတဲ့မေးခွန်းပေါင်းများစွာ ၃ ရက်ထဲနဲ့ အဖြေရှာဖို့
ILO GYB SYB Certified Trainers များမှ
မိတ်ဆွေ၏ လုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ဖို့ရန် “Generate Your Business” သင်တန်းကို အထူး သင်တန်းကြေးဖြင့်
တက်ရောက်နိုင်မယ့် အခွင့်အရေးကို စတင်အကောင်အထည်ဖော်ပေးလိုက်ပါပြီ
မျှဝေပေးမည့် အကြောင်းအရာများ…
✅စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်တွင် ရှိသင့်ရှိထိုက်သည် စရိုက်လက္ခဏာများ
✅မိမိနှင့် အနီးစပ်ဆုံး စျေးကွက်ကို လေ့လာခြင်း
✅မတူညီသော လုပ်ငန်းအမျိုးအစားများကို လေ့လာခြင်း
✅လုပ်ငန်းစတင်ရန် အကြံဉာဏ်များစွာကို ဖော်ထုတ်ခြင်း
✅လုပ်ငန်းမစတင်မီ လုပ်ငန်းရဲ့ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများနဲ့ ခြိမ်းခြောက်မှုများကို လေ့လာခြင်း
✅စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ကိုယ်တိုင် အင်တာဗျူးခြင်း
✅မိမိကိုယ်ပိုင်လုပ်ငန်း အကြံဉာဏ်အတွက် လုပ်ငန်းစဉ် ရေးဆွဲခြင်း
✅. မိမိကိုယ်ပိုင်လုပ်ငန်း အတွက် အကြံဉာဏ်ကို ဖော်ထုတ်ခြင်း
အထက်ပါ အကြောင်းအရာများကို ILO ၏ သင်ရိုးအတိုင်း သင်ကြားပေးသွားပါမည်။
သင်တန်းသား (၁၀)ဦးသာ လက်ခံပါမည်ရှင့်
သင်တန်းတက်ရောက်သင့်သောသူများ
# အရင်းအနှီးနည်းနည်းဖြင့် အသေးစား/အလတ်စား စီးပွါးရေးကို စတင်ချင်သူများ
သင်တန်းတက်ရန်လိုအပ်ချက်
# အသေးစား/အလတ်စား စီပွါးရေးကို အမှန်တကယ် အကောင်အထည်ဖော်မည့်သူများသာ
# သင်တန်း ၃ ရက်ကို သင်တန်းခန်းမတွင် မပျက်မကွက် တက်ရောက်နိုင်သူများသာ
#အပြင်မှာ In Person အချိန်ပြည့်တက်ရောက် နိုင်မှ တက်ပါ။
သိချင်ရုံသက်သက်ဆို မတက်စေချင်ပါ။
#ပူးပေါင်းဆောင်ရွက် လိုက်ပါလုပ်ဆောင်ပြီး တခါတည်း Business Idea and action plan ရကို ရရမယ်ဆိုတဲ့ Commitment ရှိမှ လာပါ။
ဘာမှ စဉ်းစားစရာမလိုဘဲ Idea တွေ ထွက်အောင် Facilitators များက ကူညီပေးမှာဖြစ်ပြီး
Break Time ပါ စီစဉ်ထားပေးပါတယ်။
🏠 သင်တန်းနေရာ
Lynn Education Center
69th, between 110th & 111th st;
မနော်ဟရီလမ်းတောင်ဘက်, Mandalay.
🗓️သင်တန်းနေ့ရက်
#2024, September 27, 28 , 29
(Friday, Saturday, Sunday)
⏲️ သင်တန်းအချိန်
Friday >> 9:30 Am to 2:30 PM
Saturday >> 9:30 Am to 2:30 PM
Sunday. >> 9:30 Am to 3:30 PM
🍽️ အစားအသောက် >> ကော်ဖီ နှင့် မုန့်
💵 သင်တန်းကြေး
#တစ်ဦး တစ်သိန်းငါးသောင်းကျပ်
အထူးကြေး ( ၉၉၀၀၀/- )
Trainer’s Profile -
. Kyaw Ghaung
SIYB Global License Trainer (ILO)
Life & Business Coach(Unlock Your Future)
Deputy General Manager(Shwe Htet Htoo Co,Ltd)
Operation Executive(ACCC InnGone-Bellin Power Transmission Project)
M.E(Mechanical),Technological University(Mandalay)
B.E(Mechanical),Technological University(Loikaw)
B.A(History),Loikaw University
Certified ILO Trainer (IYFB)
SIYB Trainer(GYB/SYB)
NLP,Time-Line Therapy,Hypnosis & Coach Practitioner(ABNLP) at Myanmar Excellence Institute
Professional Hypnotist (Myanmar Professional Hypnotists Alliance)
Dip in Entrepreneurship(Abe endorsed)(GSEC-Sagaing)
Certificate in Business,HR & Marketing Management at The First Culture Institute
. SawYuNwe
SIYB Global License Trainer (ILO)
Master of Ceremony & Presenter
Founder of Dee Event Planner
Founder of Oasis Advertising & Media City
Owner of Super Clean Laundry Service
Founder of San Pwint Online Mart
Bachelor of Arts (French)
Diploma in Business Law (No.9/2010)
👨‍🎓👩‍🎓 သင်တန်းစာရင်းပေးရန်-
📞 Ph no/ Viber -
09264549129
09428003971
ကို ဆက်သွယ်နိုင်ပါတယ်
⏲️ ရုံးချိန်- မနက် 9:00 ညနေ 5:00
ဇဝေဇဝါဖြစ်နေတဲ့ အတွေးတွေစွန့်လွှတ်သင့်ပါပြီ
တိကျသော Business Idea ရရှိဖို့
GYB သင်တန်းကို ရွေးချယ်ကြပါစို့။
စိတ်ပါဝင်စားတဲ့ SMEs အသေးစား အလတ်စား လုပ်ငန်းရှင် Entrepreneurs များ အနေနဲ့
၁။ အပြင်မှာ In Person ၃ ရက်အချိန်ပေးနိုင် ရမယ်။
၂။ Business Idea တစ်ခု ရကိုရရမယ်။
၃။ လုပ်ငန်းကို စနစ်တကျစတင်နိုင်ရမယ်။
ဆိုတဲ့ Purpose & Commitment သေချာရှိတယ်ဆိုရင်ပဲ သေချာစာရင်းပေးလို့ရပါပြီ








04/09/2024
04/09/2024

မိမိကိုယ်ကို သိရှိခြင်းရဲ့ အကျိုးကျေးဇူးများ

1. **ကိုယ်ပိုင်အတတ်ပညာမြင့်မားခြင်း**: မိမိကိုယ်ကို သိရှိခြင်းက မိမိရဲ့ အားသာချက်များ၊ အားနည်းချက်များကို သိရှိစေပြီး ကိုယ်ပိုင်အတတ်ပညာကို တိုးတက်စေပါတယ်။
2. **စိတ်ကျန်းမာရေးကောင်းမွန်ခြင်း**: မိမိကိုယ်ကို နားလည်ခြင်းက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
3. **ဆက်ဆံရေးကောင်းမွန်ခြင်း**: မိမိကိုယ်ကို သိရှိခြင်းက အခြားသူများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်နိုင်စေပါတယ်။
4. **ဆုံးဖြတ်ချက်မှန်ကန်ခြင်း**: မိမိရဲ့ တန်ဖိုးထားသော အရာများနှင့် ရည်မှန်းချက်များကို သိရှိခြင်းက ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေပါတယ်။
5. **ကိုယ်ပိုင်အချိန်စီမံခန့်ခွဲမှုကောင်းမွန်ခြင်း**: မိမိရဲ့ အားနည်းချက်များနှင့် အားသာချက်များကို သိရှိခြင်းက ကိုယ်ပိုင်အချိန်ကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေပါတယ်။

မိမိကိုယ်ကို သိရှိခြင်းက မိမိရဲ့ ဘဝကို ပိုမိုကောင်းမွန်စေပြီး အောင်မြင်မှုများကို ရရှိစေပါတယ်။ 😊

မိမိကိုယ်ကို သိရှိခြင်းအကြောင်း နောက်ထပ် သိရှိလိုပါက ပြောပြပါနော်။


04/09/2024

Good morning
☕☕☕🌞🌞🌞

🌏🌏🌏🌏
"ကမ္ဘာ​ကြီးကို မကယ်တင်ခင် အရင်ဆုံး
မင်းရဲ့ bed(အိပ်ယာ) ကို​အရင်သိမ်းပါ"

ဒီ​စကားကို​ အမေရိကန်​ရေတပ်ဗိုလ်မှူးကြီးတစ်ယောက်က သူ့ရဲ့​ တပ်သားတွေကို မနက်ခင်းတစ်ခုမှာဆိုခဲ့တယ်လို့ ဖတ်ဖူးခဲ့တယ်။

အိပ်ယာ​ဆိုတာ​ မိတ်ဆွေ​ထင်နေတဲ့ ညဘက်မှာပဲ​အသုံးဝင်တဲ့​ bed (အိပ်ယာ) ကိုရည်ညွှန်းပြောကြားခြင်းတော့မဟုတ်ပါဘူး။

အိပ်ယာလို့အများခေါ်ဝေါ်ကြတဲ့ BEDကို

B​=Blame ဆိုတဲ့​ (သူတစ်ပါးကိုအပြစ်တင်ခြင်း)​

E=Excuse ဆိုတဲ့​ ( ဆင်ခြေပေးခြင်း )

D=Deny ဆိုတဲ့​ ( ငြင်းဆိုခြင်း )

ဆိုတာ​တွေနဲ့​ အဓိပ္ပာယ်​ဖွင့်​ဆို​ပါတယ်။

ဒါကြောင့်​ကမ္ဘာ​ကြီး​ကို​ မကယ်တင်မီ မင်းရဲ့​အိပ်ယာ​ကို​ အရင်ဆုံးသိမ်းပါလို့ဆိုလိုပါတယ်။

​ ​

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Greatland Masters Institute - GMI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share