LION Library Support Group

LION Library Support Group To Support Library (Myanmar) To support Library (Myanmar)

Lion Library Support Group မှ        စာကြည့်တိုက်များကို စာအုပ် စာတမ်းများ ပုံမှန်လှူ ဒါန်းမှု အစီအစဉ်အရ  ယခု 2026 နှစ်အ...
19/01/2026

Lion Library Support Group မှ
စာကြည့်တိုက်များကို စာအုပ် စာတမ်းများ
ပုံမှန်လှူ ဒါန်းမှု အစီအစဉ်အရ ယခု 2026 နှစ်အတွက်ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်တို့အား စာအုပ်များ၊မဂ္ဂဇင်း၊စာစောင်များပေးပို့လှူဒါန်းရန်စီစဉ်ဆောင်ရွက်ပါမည်။
အထက်ပါ လှူဒါန်းမှု အစီအစဉ်တွင် ပါဝင်
၍ စာပေဒါနပြု လိုသည့် စာအုပ်ထုတ်ဝေသူများ၊စာအုပ်တိုက်များနှင့်စာအုပ်အရောင်းဆိုင်များရှိပါက လူကြီးမင်းတို့အနေဖြင့် Lion Library Support Group သို့ဖုန်းဆက်၍ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ လူကြီးမင်းတို့၏
လှူဒါန်းသောစာအုပ်များကို စာကြည့်တိုက်များသို့ ပေးပို့လှူ ဒါန်းပေးသွားမည်ဖြစ်ပြီး စာအုပ်တိုင်းတွင် သက်ဆိုင်ရာဒါနပြုသူ စာအုပ်တိုက်များ၊
ထုတ်ဝေသူများ၊စာအုပ်ဆိုင်များ၏ အမည်ကို
ရေး၍လှူ ဒါန်းပေးသွားမည်ဖြစ်ပါသည်။
လူကြီးမင်းတို့၏စာအုပ်တိုက်ကြော်ငြာများ၊ဆိုင်ကြော်ငြာများ၊ စာအုပ်စာရင်းများကိုလည်း
လှူ ဒါန်းသည့်စာအုပ်များနှင့်အတူပေးပို့ပါက
ကျောင်းစာကြည့်တိုက်များသို့ရောက်ရှိအောင်
ကူညီပေးပို့သွားပါမည်။
လူကြီးမင်းတို့၏မဂ္ဂဇင်းတိုက်၊၊ဂျာနယ်တိုက်များမှ လကျော် ၊နှစ်ကျော် မဂ္ဂဇင်း၊ စာစောင်များကိုလည်းပေးပို့လှူဒါန်းနိုင်ပါသည်။
အခြားအလှူရှင်များမှလည်းမိမိတို့တွင်
ပိုလျှံနေသော စာအုပ်များ၊မဂ္ဂဇင်းများရှိပါကလည်း Lion Library Support Group သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။ လူကြီးမင်းတို့ထံမှပြန်လည်ဝေမျှလိုသော စာအုပ် ၊မဂ္ဂဇင်း ၊စာစောင်များကို အောက်ပါလိပ်စာသို့ပေးပို့လှူဒါန်းနိုင်ပါသည်။
**
Lion စတိုးဆိုင်သုံးပစ္စည်းများ
(အမှတ် ၁၀၄(က) သစ်တောလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။)
လှူဒါန်းလိုသည့် အလှူ ရှင်များအနေဖြင့်
ကိုယ်တိုင်လာရောက်ပေးပို့ရန်အခက်အခဲရှိပါက အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်နိုင်ပါသည်။
Ph: 09-965105194
Viber: 09-965105194
ထိုသို့ဆက်သွယ်ပါက အလှူ ရှင်များထံ
အိမ်တိုင်ရာရောက်လာရောက်ယူဆောင်ပေးပါမည်။

Address

Yangon
11121

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959785105194

Alerts

Be the first to know and let us send you an email when LION Library Support Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to LION Library Support Group:

Share