26/07/2026
🤲❤️ Kind Hands, Warm Hearts ❤️🤲
YIE 2001 Intake ၏ လစဉ် အဟာရဒါန အလှူတော် ကို ယနေ့ (၂၅.၇.၂၀၂၆) တွင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ ကျင်းပလှူဒါန်းနိုင်ခဲ့ပါသည်။
ယခုအကြိမ်တွင် လူနာနှင့် လူနာစောင့် စုစုပေါင်း (၁၈၀) ဦးအတွက် အဟာရဒါနများကို မေတ္တာ၊ စေတနာအပြည့်ဖြင့် လှူဒါန်းခဲ့ပါသည်။
ဤကုသိုလ်ကောင်းမှုတွင် အချိန်ပေး၍ ကိုယ်တိုင်ပါဝင်အားဖြည့်ခဲ့ကြသော သူငယ်ချင်းများ၊ အလှူငွေများဖြင့် ပါဝင်ကုသိုလ်ယူခဲ့ကြသော စေတနာရှင်များနှင့် နည်းမျိုးစုံဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအား YIE 2001 Intake မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
“တစ်ယောက်ချင်းစီ၏ စေတနာသည် အများအတွက် မျှော်လင့်ချက်ဖြစ်လာနိုင်ပါသည်။”
ရှေ့ဆက်၍လည်း Kind Hands, Warm Hearts အစီအစဉ်မှတစ်ဆင့် လစဉ် အဟာရဒါနများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး၊ စေတနာရှင်များအားလုံးကိုလည်း အတူတကွ ပါဝင်ကုသိုလ်ယူနိုင်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
🙏 အလှူရှင်များအားလုံး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။
YIE 2001 Intake
Kind Hands, Warm Hearts ❤️