Myanmar Fruit, Flower and Vegetable Producer and Exporter Association

  • Home
  • Myanmar
  • Yangon
  • Myanmar Fruit, Flower and Vegetable Producer and Exporter Association

Myanmar Fruit, Flower and Vegetable Producer and Exporter Association Myanmar Fruit, Flower and Vegetable Producer and Exporter Association

Myanmar Fruit, Flower and Vegetable Producer and Exporter Association (MFVP) is a non-government organization established in 2006. We bridge the gap between government entities and the private sector, advocate for trade, promote quality development, and provide capacity-building programs. Our extensive network includes fruit and vegetable producers, crop buyers, wholesalers, exporters, and service providers, spanning the entire business chain.

✨မြန်မာ့ဒူးရင်းပွဲတော်✨မြန်မာ့ဒူးရင်းပွဲတော်ကို ပြည်ပပို့ကုန်တိုးမြှင့်ရန်၊ မြန်မာ့ဒူးရင်းမျိုးအမည်ဖြင့်ဈေးကွက်ထိုးဖောက်...
21/04/2026

✨မြန်မာ့ဒူးရင်းပွဲတော်✨

မြန်မာ့ဒူးရင်းပွဲတော်ကို ပြည်ပပို့ကုန်တိုးမြှင့်ရန်၊ မြန်မာ့ဒူးရင်းမျိုးအမည်ဖြင့်ဈေးကွက်ထိုးဖောက်ရန်၊ ခေတ်မီစိုက်ပျိုးရေးစနစ်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဆွေးနွေးဖလှယ်ရန်၊ ဒူးရင်းသီးနှံဈေးကွက်ချဲ့ထွင်ရန်၊ ရင်းနှီးမြှုပ်နံမှုနှင့် စီးပွားရေးကွန်ရက်ချိတ်ဆက်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးကောင်းဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ဒူးရင်းပွဲတော်ကို ၂၀၂၆ ခုနှစ် မေလ ဒုတိယပတ် သို့မဟုတ် တတိယပတ်တွင်ကျင်းပရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

သို့ပါ၍ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချငူများအသင်း၏ တိုင်းနှင့်ပြည်နယ်အသင်းများ၊ သီးနှံအသင်း/အစုအဖွဲ့များ၊ အသင်းဝင် ကုမ္ပဏီများနှင့် အသင်းသားများ သိရှိစေရန်နှင့် ဝိုင်းဝန်းပူးပေါင်းပါ၀င်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ (ကျင်းပမည့်နေ့ရက်နှင့် နေရာကို မကြာမီ အသိပေးအကြောင်းကြားပါမည်။)

01/04/2026

လာမည့် (၄) ရက် (စနေနေ့) Safe Food from Safe Farm မှာ ဈေးဝယ်ရင်း သင်္ကြန်အကြိုပျော်ပွဲရွှင်ပွဲနဲ့ တန်ဖိုးရှိတဲ့အစီအစဉ်လေးတစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ 🌱LOCAL SEED EXCHANGE🌱 အစီအစဉ်လေးပါ။

မိမိတို့မှာရှိတဲ့ တန်ဖိုးရှိတဲ့ 🌱မျိုးစေ့လေးတွေကို ဖလှယ်နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

အမှိုက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာကြီးပေါ်မှာ Wall-E တစ်ယောက်တည်း အထီးကျန်စွာ အလုပ်လုပ်နေရင်း... ဖိနပ်အစုတ်လေးထဲက အပင်ပေါက်လေးတစ်ပင်ကို တွေ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ “လူသားတွေ ကမ္ဘာမြေကို ပြန်လာနိုင်ဖို့ လမ်းပြပေးခဲ့တာ အပင်လေးတစ်ပင်ပါပဲ”ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ ကြွေခဲ့ရပါတယ်။
ကျွန်တော်တို့ရဲ့ Local Food Systems မှာ ဒေသမျိုးစေ့စနစ်တွေဟာလည်း ရာသီဥတုဒဏ်ခံနိုင်ဖို့နဲ့ အစားအစာဖူလုံဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်။ Wall-E က အဲဒီအပင်လေးကို ဂရုတစိုက် သိမ်းဆည်းခဲ့သလိုပဲ၊ ကျွန်တော်တို့လည်း မိမိတို့ဒေသက မျိုးစေ့တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
Wall-E ထဲကလိုပဲ အနာဂတ်အတွက် မြတ်နိုးတန်ဖိုးထားရမယ့် မျိုးစေ့လေးတွေ လက်ထဲမှာ ရှိနေတယ်ဆိုရင်-
မအားလပ်လို့ myanSEED Office ကိုရော farm ကိုရော လာရောက်ဖို့ အဆင်မပြေဘူးဆိုရင်
မြေပဒေသာကျွန်းက Safe Food Safe Farm မှာ myanSEED ရဲ့ farm products တွေကိုလည်း အားပေးရင်း Seed Exchange အစီအစဥ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်-
နေ့ရက် - ဧပြီလ (၄) ရက် (စနေနေ့)
အချိန် - နံနက် (၉ )နာရီမှ နေ့လယ် (၁၂) နာရီ
နေရာ - ကန်တော်ကြီး၊ မြေပဒေသာကျွန်း (Safe Food Safe Farm စနေ၊ တနင်္ဂနွေဈေး)

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် Tropica...
01/04/2026

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် Tropical Subtropical Cash Crops Research Institute, Yunan Academy of Agricultural Sciences တို့သည် “2026 Yunnan Provincial International Science and Technology Commissioner” စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူနားလည်မှုစာချွန်လွှာကို ၃၀.၃.၂၀၂၆ ရက်နေ့တွင် အသင်းရုံးခန်း၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါ စီမံကိန်းတွင် မြန်မာနိုင်ငံရှိ ငှက်ပျောသီး၊ ပိန္နဲသီး၊ ဒူးရင်းသီးနှင့် အခြားသော အပူပိုင်းဒေသ သစ်သီးဝလံများအတွက် သုတေသလုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် နည်းပညာဖလှယ်မှုလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် Myan Se...
31/03/2026

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် Myan Seed Agrribusiness Consultancy Co.,Ltd တို့ အကြား ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ၃၀.၃.၂၀၂၆ ရက်နေ့က အသင်းရုံးခန်း၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာသည် MFVP နှင့် MyanSeed ကုမ္ပဏီတို့အကြား စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နည်းပညာဆိုင်ရာဟောပြောပွဲများကျင်းပရန်၊ သုတေသနအချက်အလက်များဖလှယ်ရန် နှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို အတူတကွဖော်ဆောင်နိုင်ရန်ဖြစ်ပါသည်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MFVP ဥက္ကဌနှင့်အဖွဲ့သ...
20/03/2026

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MFVP ဥက္ကဌနှင့်အဖွဲ့သည် တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း (မြန်မာနိုင်ငံ ကိုယ်စားလှယ် ရန်ကုန်ရုံးခွဲ) မှ တာဝန်ရှိသူ (၃) ဦးအား ယနေ့ (၂၀.၃.၂၀၂၆) ရက်နေ့ နံနက် (၁၁) နာရီတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် လက်ရှိ မြန်မာ့သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည့် အခြေအနေနှင့် အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။

Safte Food from Safe Farm ဆွေးနွေးပွဲ အမှတ် (၃) “မျိုးစေ့မျိုးမှန်ရရှိဖို့ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့” ဆွေးနွေးပွဲ...
19/03/2026

Safte Food from Safe Farm ဆွေးနွေးပွဲ အမှတ် (၃) “မျိုးစေ့မျိုးမှန်ရရှိဖို့ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့” ဆွေးနွေးပွဲကို
မျိုးစေ့မျိုးမှန်ရရှိဖို့ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့ဆွေးနွေးပွဲ ကျင်းပပြီးစီး
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

၁၅.၃.၂၀၂၆ ရက်နေ့က ရန်ကုန်မြို့၊ မြေပဒေသာကျွန်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ကိုယ်တိုင်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူနေသူများနှင့် မျိုးစေ့ထုတ်လုပ်နည်းကို စိတ်ပါဝင်စားသူ (၂၇) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲကို အွန်လိုင်းမှလည်း တက်ရောက်နိုင်ခဲ့ပြီး ယခုဆွေးနွေးပွဲ၏ Zoom record နှင့် Speaker များ၏ ပါဝါပွင့်ဖိုင်များကို အောက်ပါလင့်တွင် download ရယူနိုင်ပါသည်။
https://drive.google.com/drive/folders/1n4PmBqy8vBhNgZkKSYGuoEFQuyZgQqNQ?usp=sharing

ASIA Fruit Logistica 2026 South East Asia Meet Up (Thailand) သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း🍍🍓🍇🥑🥝🍉🍏🍊🥭🍒🍍🍋🍋‍🟩🍈Global Produc...
11/03/2026

ASIA Fruit Logistica 2026 South East Asia Meet Up (Thailand) သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း
🍍🍓🍇🥑🥝🍉🍏🍊🥭🍒🍍🍋🍋‍🟩🍈

Global Produce Event (HK) Co., Ltd မှ ကြီးမှူးကျင်းပသည့် ASIA Fruit Logistica 2026 South East Asia Meet Up ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ JW Marriott Hotel တွင် ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

အဆိုပါပွဲသည် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ သီးနှံတင်ပို့ရောင်းချသူပေါင်း ၃၀၀ မှ ၄၀၀ ကျော်အထိ တက်ရောက်သည့် နိုင်ငံတကာအဆင့်မီ ပွဲတစ်ခုဖြစ်ပြီး ယခုနှစ်တွင် MFVP အနေဖြင့် မိတ်ဖက်အဖွဲ့အစည်း (Partner) အဖြစ် ပါဝင်ခွင့်ရရှိထားပါသည်။

တက်ရောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ -
✅ MFVP Logo ကို ပြပွဲတွင် အသုံးပြုခွင့်ရရှိထားသဖြင့် အသင်းဝင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို နိုင်ငံတကာကုမ္ပဏီများမှ ပိုမိုသိရှိယုံကြည်လာခြင်း။
✅နိုင်ငံတကာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် Business Networking ရရှိခြင်း။
✅ မိမိတို့လုပ်ငန်းကို ကမ္ဘာ့အဆင့်မီ သိရှိအောင် ကြော်ငြာနိုင်ခြင်း။
✅ အဖိုးတန်တဲ့ အရောင်းအဝယ် အခွင့်အလမ်းသစ်တွေကို ရှာဖွေနိုင်ခြင်း။

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် အသင်းဝင်ကုမ္ပဏီများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
🔗 စာရင်းပေးသွင်းရန် - https://www.asiafruitlogistica.com/meet-ups-2026-se-asia/

“မျိုးစေ့မျိုးမှန်ရရှိဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့” ဆွေးနွေးပွဲ 🌱(Quality Seed, Quality Life)🌱စိုက်ပျိုးရေးဦးစ...
08/03/2026

“မျိုးစေ့မျိုးမှန်ရရှိဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့” ဆွေးနွေးပွဲ
🌱(Quality Seed, Quality Life)🌱

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်သော Safe Food From Safe Farm ဆွေးနွေးပွဲ အမှတ် (၃) ကို တောင်သူများကိုယ်တိုင် ဟင်းသီးဟင်းရွက် မျိုးစေ့များထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ “မျိုးစေ့မျိုးမှန်ရရှိဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲခေါင်းစဉ် - “မျိုးစေ့မျိုးမှန်ရရှိဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့”
နေ့ရက် - ၁၅.၃.၂၀၂၆ (တနင်္ဂနွေနေ့)
အချိန် - နံနက် (၉:၀၀) နာရီမှ နေ့လည် (၃:၀၀) နာရီထိ
နေရာ - သင်တန်းခန်းမ၊ မြေပဒေသာဥယျာဉ်၊ ရန်ကုန်မြို့

ဆွေးနွေးမည့်ပုဂ္ဂိုလ်များ
===================
(၁) ဦးကျော်နိုင် - ဟင်းသီးဟင်းရွက်မျိုးစေ့ကျွမ်းကျင်ပညာရှင်
(၂) ဒေါ်သိင်္ဂီဆွေ - ဦးစီးအရာရှိ (VFRDC)
(၃) ဦးသက်ဇင်မောင် - ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

စိတ်ဝင်စားသူများအနေဖြင့် လူကိုယ်တိုင် (သို့မဟုတ်) အွန်လိုင်းမှ Zoom ဖြင့်တက်ရောက်နိုင်ပြီး တက်ရောက်မည့်အမည်စာရင်းကို ၁၃.၃.၂၀၂၆ ရက်နေ့နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပါသည်။

📞 အမည်စာရင်းပေးရန် - ၀၉၄၃၁၂၇၆၅၆

"Zero Waste Smart Mushroom Farming" Pilot Project ကို Mekong Institute မှ တာဝန်ရှိ ပုဂ္ဂိုလ်လာရောက်လေ့လာစဉ်🍄‍🟫🍄‍🟫🍄‍🟫🍄‍🟫M...
06/03/2026

"Zero Waste Smart Mushroom Farming" Pilot Project ကို Mekong Institute မှ တာဝန်ရှိ ပုဂ္ဂိုလ်လာရောက်လေ့လာစဉ်🍄‍🟫🍄‍🟫🍄‍🟫🍄‍🟫

Mekong Institute မှ Mr.Mann သည် MFVP အတွင်းရေးမှူး ဦးတင်အောင်နှင့်အတူ လှည်းကူးမြို့နယ် MyanSeed Farm ရှိ စံပြမှိုရုံတည်ဆောက်နေမှုကို ၄.၃.၂၀၂၆ က သွားရောက်‌‌ လေ့လာခဲ့ပါသည်။

မှိုရုံသို့သွားရောက်ပြီးနောက် နေ့ခင်းပိုင်းတွင် MFVP ရုံးခန်း၌ Pilot Project အကောင်အထည်ဖော်နေမှုအခြေအနေ၊ Mekong Institute နှင့် MFVP တို့ ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းသားများ ဆက်လက်ခေါ်ယူနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးကြပါသည်။

ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပြပွဲပြိုင်ပွဲ🥬🌶️🍓🍍🥕🍉🫛🍏🍋🍌🥕🍍🥑🍇၂၀၂၆ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်မည့် (၆၄) ကြိမ်မြောက် တောင...
26/02/2026

ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပြပွဲပြိုင်ပွဲ
🥬🌶️🍓🍍🥕🍉🫛🍏🍋🍌🥕🍍🥑🍇

၂၀၂၆ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်မည့် (၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပြပွဲပြိုင်ပွဲ” ကို (၃) ရက်တာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်ပန်းခြံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသဖြင့် ပါဝင်ယှဉ်ပြိုင် လိုသူများအတွက် အသိပေး‌ ကြေငြာအပ်ပါသည်။

အဆိုပါပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြသရန် စိတ်ပါဝင်စားသူများအနေဖြင့် ၀၉၂၅၆၃၀၃၃၂၅
ဒေါ်ခင်မာချို ထံသို့ ဆက်သွယ်နိုင်ပါသည်။

နေ့ရက် - ၂၈.၂.၂၀၂၆ မှ ၂.၃.၂၀၂၆
အချိန် - နံနက် (၉:၀၀)
နေရာ - အမှတ် (၅) လမ်းမကြီး၊ ဘုရင့်နောင်ပန်းခြံ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့

ကိုရီးယားနိုင်ငံသို့ ပိန်းရိုးခြောက်တင်ပို့လိုသည့် ကုမ္ပဏီများအားဖိတ်ခေါ်ခြင်းကိုရီးယားသမ္မတနိုင်ငံ၊ Incheon မြို့ရှိ Fr...
24/02/2026

ကိုရီးယားနိုင်ငံသို့ ပိန်းရိုးခြောက်တင်ပို့လိုသည့် ကုမ္ပဏီများအားဖိတ်ခေါ်ခြင်း

ကိုရီးယားသမ္မတနိုင်ငံ၊ Incheon မြို့ရှိ Fresh Leaders Co.,Ltd သည် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ တို့မှ လယ်ယာထွက်ကုန်များ တင်သွင်း၍ ပြည်တွင်းရှိ နာမည်ကြီးကုမ္ပဏီများဖြစ်သည့် Ottogi Corporation နှင့် CJ Group သို့ ဖြန့်ဖြူးနေကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ယခုအခါ ကိုရီးယားအမဲသားစွပ်ပြုတ် (အစပ်အရသာ) ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ်အသုံးပြုသွားရန် ပိန်းရိုးခြောက်ဝယ်လိုအားရှိနေသည့်အတွက် မြန်မာနိုင်ငံမှ ဝယ်ယူတင်သွင်းလိုကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကြောင်းကြားလာပါသည်။
သို့ဖြစ်ပါ၍ ကိုရီးယားသမ္မတနိုင်ငံသို့ ပိန်းရိုးခြောက်တင်ပို့လိုသည့် အသင်းဝင် ကုမ္ပဏီများအနေဖြင့် အသင်းရုံး ဖုန်းနံပါတ် 0943127656 (Viber) သို့ ကုမ္ပဏီအမည်၊ ဆက်သွယ်ရန်ပုဂ္ဂိုလ်အမည်၊ ရာထူး၊ ဖုန်းနံပါတ် (Viber) တို့ကိုဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

Edit
=====
စိတ်ဝင်စားသူများအတွက် Comment တွင်ကြည့်ပါ

16/02/2026

ဝမ်းနည်းကြေကွဲခြင်း
==============

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ အတွင်းရေးမှူး
ဦးမင်းဇော်၏ မိခင် ဒေါ်ကြည်ကြည်စိန် အသက် (၉၂) နှစ်သည် ၁၅.၂.၂၀၂၆ ရက်နေ့တွင် ကွယ်လွန်သွား‌‌ကြောင်း သိရပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မှ ဝမ်းနည်း‌ရပါသည်။

MFVP

Address

UMFCCI Office Tower, 5th Floor, Min Ye Kyaw Swar Street, Lanmadaw Township
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00

Telephone

+95943127656

Alerts

Be the first to know and let us send you an email when Myanmar Fruit, Flower and Vegetable Producer and Exporter Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Fruit, Flower and Vegetable Producer and Exporter Association:

Share