Shwe Minn Tha Foundation(Myanmar)

Shwe Minn Tha Foundation(Myanmar) We are for Persons with Disabilities (PWDs). Let’s create all inclusive society for, with & by PWDs.

Shwe Minn Tha Foundation(Myanmar), SMTF is a public a non-profit making, non-religious, non-politics and non-governmental organization (NGO).It is founded by Mr. Myat Thu Win ( Shwe Minn Tha Group), a disabled himself, in 8th May 2008. The Shwe Min Tha foundation is dedicated to helping People with Disabilities (PWDs) to be self-reliant through a value system based on SMTF promise and regulation to create a better world where PWDs are self-fulfilled as individuals and play a constructive role in society. By bringing them throughout their individual disabilities in building capacity for job opportunities, the Shwe Min Tha foundation strives to create an inclusive society.

🕊️ ထပ်တူဝမ်းနည်းခြင်းရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)၊ ပညာရေးကော်မတီနှင့် ရွှေအင်အားတောင်ဒဂုံ မသန်စွမ်းသူများအသင်းတို့၏ ...
26/09/2026

🕊️ ထပ်တူဝမ်းနည်းခြင်း

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)၊ ပညာရေးကော်မတီနှင့် ရွှေအင်အားတောင်ဒဂုံ မသန်စွမ်းသူများအသင်းတို့၏ အတွင်းရေးမှူး ဒေါ်မိုးမြင့်နိုင်၏ ဖခင်ဖြစ်သူ ဦးလှငွေ (အသက် ၇၉ နှစ်) သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက်တွင် ကွယ်လွန်ဆုံးပါးသွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ကွယ်လွန်သူ ဦးလှငွေ ကောင်းရာသုဂတိလားစေ။🙏

Finance & Accounting  သင်တန်းလျှောက်လို့ရပါသေးတယ်နော်အောက်တိုဘာ ၆ ရက်နေ့မှာ သင်တန်းစတော့မှာမလို့ အမြန်ဆုံး လျှောက်ထားကြန...
24/09/2026

Finance & Accounting သင်တန်းလျှောက်လို့ရပါသေးတယ်နော်

အောက်တိုဘာ ၆ ရက်နေ့မှာ သင်တန်းစတော့မှာမလို့ အမြန်ဆုံး လျှောက်ထားကြနော်

📢 Finance & Accounting Training အတွက် သင်တန်းသားများ ခေါ်ယူခြင်း 📢

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ မသန်စွမ်းသူများနှင့် ပြင်းထန်မသန်စွမ်းသူများ၏ အတူနေမိသားစုဝင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ Finance & Accounting Training သင်တန်းကို ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

📚 သင်တန်းပို့ချမည့် ဘာသာရပ်များ
✅ LCCI Level - 1
✅ LCCI Level - 2
✅ Accounting Excel
📅 သင်တန်းကာလ (၄) လ
👥 သင်တန်းလျှောက်ထားနိုင်သူများ
🔹 မသန်စွမ်းသူ (သို့မဟုတ်) ပြင်းထန်မသန်စွမ်းသူများ၏ အတူနေမိသားစုဝင်များ ဖြစ်ရမည်။
🔹 အသက် (၁၈) နှစ်မှ (၄၀) နှစ်အတွင်း ဖြစ်ရမည်။
🔹 အနည်းဆုံး အထက်တန်းအဆင့် ပညာအရည်အချင်း ရှိရမည်။
🔹 ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်သူများ ဖြစ်ရမည်။

🏠 နယ်မှ တက်ရောက်မည့် သင်တန်းသားများအတွက်
နေရာထိုင်ခင်းနှင့် စားစရိတ်များကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
📌 သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်လျှောက်ထားကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

📝 သင်တန်းလျှောက်ထားရန်
အောက်ပါ Google Form Link မှတဆင့် လျှောက်ထားနိုင်ပါသည်။
https://forms.gle/mYEdusxR26j55wk18

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်
☎️ ၀၉-၈၉၂၉၁၁၁၄၁
☎️ ၀၉-၈၉၂၉၁၁၁၂၁






💪💪💪သင်တန်းများသို့ သွားရောက်လေ့လာ၍ အားပေးစကားပြောကြားခြင်း👏👏👏👏👏ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့...
23/09/2026

💪💪💪သင်တန်းများသို့ သွားရောက်လေ့လာ၍ အားပေးစကားပြောကြားခြင်း👏👏👏👏👏
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့် တာဝန်ရှိသူများမှ Maritime and Hospitality Academy (MAHA) သင်တန်းကျောင်းနှင့် Living Water Culinary Institute သင်တန်းကျောင်းများတွင် တက်ရောက်နေသော မသန်စွမ်းသင်တန်းသားများဆီသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။
🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓
အဆိုပါ သင်တန်းကျောင်းများတွင် အာရှအစားအစာနှင့် ဥရောပအစားအစာ ချက်ပြုတ်နည်းသင်တန်းများ တက်ရောက်လျက်ရှိသော မသန်စွမ်းသင်တန်းသား၊ သင်တန်းသူများ၏ သင်ယူလေ့လာမှုနှင့် တိုးတက်မှု အခြေအနေများကို လေ့လာခဲ့ပြီး သင်တန်းတက်ရောက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များနှင့် သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။
💪💪💪💪💪💪💪💪💪💪💪💪💪💪💪
ထို့အပြင် သင်တန်းသား၊ သင်တန်းသူများအား မိမိတို့၏ အရည်အချင်းနှင့် စွမ်းရည်များကို ယုံကြည်မှုရှိရှိ ဆက်လက်ကြိုးစားလေ့လာကြရန် အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးနိုင်ရေးအတွက်လည်း ပြောကြားခဲ့ကြပါသည်။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

🤟 ပိုမိုနွေးထွေးတဲ့ လူမှုအသိုင်းအဝိုင်းဆီသို့... လက်ချင်းချိတ်လို့ လှမ်းခဲ့စို့ 🤟လူသားအချင်းချင်း ဆက်သွယ်ပြောဆိုရာမှာ နှ...
19/09/2026

🤟 ပိုမိုနွေးထွေးတဲ့ လူမှုအသိုင်းအဝိုင်းဆီသို့... လက်ချင်းချိတ်လို့ လှမ်းခဲ့စို့ 🤟

လူသားအချင်းချင်း ဆက်သွယ်ပြောဆိုရာမှာ နှုတ်လှုပ်ရှားမှုတင်မကဘဲ "နှလုံးသားချင်း နားလည်စေဖို့" လက်သင်္ကေတပြ ဘာသာစကားက ကူညီပေးနိုင်ပါတယ်။
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) မှ အကြားအာရုံမသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့စွာ ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် အားလုံးပါဝင်ခွင့်ရှိသော လူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်၍ "လက်သင်္ကေတပြဘာသာစကား (Sign Language) သင်တန်း" ကို ဖွင့်လှစ်သင်ကြားပေးတော့မည် ဖြစ်ပါသည်။

💼 မည်သူတွေ တက်ရောက်သင့်ပါသလဲ...?

👉အကြားအာရုံမသန်စွမ်းသူများနှင့် ထိတွေ့ဆက်ဆံနေရသူများဟိုတယ်၊ ဘဏ်၊ ကော်ပိုရိတ်ကုမ္ပဏီများနှင့် ဆက်သွယ်ရေးအော်ပရေတာမှ ဝန်ထမ်းများဝန်ဆောင်မှုပိုင်းကို ပိုမိုပြည့်စုံကောင်းမွန်အောင် မြှင့်တင်လိုသည့် တာဝန်ရှိသူများ

👉လက်သင်္ကေတပြ ဘာသာစကားကို စိတ်ပါဝင်စားပြီး လေ့လာလိုသူ မည်သူမဆို
📅 သင်တန်းအချိန်ဇယားနှင့် တက်ရောက်နိုင်မည့် ပုံစံများ
(မိမိအဆင်ပြေမည့် ပုံစံကို ရွေးချယ်တက်ရောက်နိုင်ပါသည်။)

၁။ Online သင်တန်း
ကြာမြင့်ချိန်: (၂) ပတ် (တနင်္လာနေ့ မှ သောကြာနေ့ထိ)
ည(၇း၃၀) မှ (၉း၀၀) နာရီ အထိ
သင်တန်းစမည့်ရက်:၂၈-၉-၂၀၂၆

၂။ In-person သင်တန်း
ကြာမြင့်ချိန်: (၃) ပတ် (စနေ ၊ တနင်္ဂနွေး)
သင်တန်းစမည့်ရက်: ၃-၁၀-၂၀၂၆ (နေ့လည် ၁:၀ နာရီမှ စတင်မည်)

🔗 အခမဲ့ စာရင်းပေးသွင်းရန်
သင်တန်းသားဦးရေ အကန့်အသတ်ရှိသဖြင့် အောက်ပါ Link တွင် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ။👉 ဒီနေရာကိုနှိပ်ပြီး စာရင်းသွင်းပါ

Registration Link ; https://forms.gle/ZMdALjzepkp4zj6Y8

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်:09 892911141 / 09 892911121
လူသားချင်း စာနာမှုနဲ့ အပြန်အလှန်နားလည်မှုတွေ ပြည့်နှက်နေတဲ့ လူမှုဝန်းကျင်တစ်ခုဖြစ်ဖို့ သင်ကိုယ်တိုင် ပါဝင်လိုက်ပါ

🙏🙏🙏လစဥ် အလှူငွေထည့်ဝင်ခြင်း🙏🙏🙏🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻မရွှေရည်လင်း မှ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာ ရေး များတွင် အသုံးပြုနိုင်...
16/09/2026

🙏🙏🙏လစဥ် အလှူငွေထည့်ဝင်ခြင်း🙏🙏🙏

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

မရွှေရည်လင်း မှ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာ ရေး များတွင် အသုံးပြုနိုင်ရေး ၂၀၂၆
ခုနှစ် ၊ စက်တင်ဘာလ အတွက် ( ၁၁ )ကြိမ်မြောက်
လစဥ်အလှူ‌ငွေ (150000)ကျပ်တိတိကို လှူဒါန်းခဲ့ပါသည်။
ယခုလို လှူဒါန်းမှုများပြုလုပ်ပေးပါသော
မရွှေရည်လင်း လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လူမှု အကျိုးပြု လုပ်ငန်းများကို များစွာဆောင်ရွင်ပါစေ....🙏🙏🙏🙏🙏🙏🙏🙏

🙏🙏🙏လစဥ် အလှူငွေထည့်ဝင်ခြင်း🙏🙏🙏♿♿♿♿♿♿♿♿♿♿♿♿♿♿♿မရွှေရည်လင်း မှ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာ ရေး များတွင် အသုံးပြုနိုင်...
16/09/2026

🙏🙏🙏လစဥ် အလှူငွေထည့်ဝင်ခြင်း🙏🙏🙏

♿♿♿♿♿♿♿♿♿♿♿♿♿♿♿

မရွှေရည်လင်း မှ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာ ရေး များတွင် အသုံးပြုနိုင်ရေး ၂၀၂၆
ခုနှစ် ၊ ဇွန်လ အတွက် ( ၁၀ )ကြိမ်မြောက်
လစဥ်အလှူ‌ငွေ (100000)ကျပ်တိတိကို လှူဒါန်းခဲ့ပါသည်။
ယခုလို လှူဒါန်းမှုများပြုလုပ်ပေးပါသော
မရွှေရည်လင်း လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လူမှု အကျိုးပြု လုပ်ငန်းများကို များစွာဆောင်ရွင်ပါစေ....🙏🙏🙏🙏🙏🙏🙏🙏

🙏🙏🙏🙏 အလှူငွေ ထည့်ဝင်ခြင်း🙏🙏🙏🙏STARS Separation Colour  မှ  မသန်စွမ်းသူများ ၏  ပညာရေး၊ ကျန်းမာ ရေး များတွင် အသုံးပြုနိုင်ရ...
16/09/2026

🙏🙏🙏🙏 အလှူငွေ ထည့်ဝင်ခြင်း🙏🙏🙏🙏
STARS Separation Colour မှ မသန်စွမ်းသူများ ၏ ပညာရေး၊ ကျန်းမာ ရေး များတွင် အသုံးပြုနိုင်ရေး အတွက် အလှူ‌ငွေ ၂၀၀၀၀၀၀ကျပ် (ကျပ်သိန်းနှစ်ဆယ်) တိတိကို လှူဒါန်းခဲ့ပါသည်။
ယခုလို လှူဒါန်းမှုများပြုလုပ်ပေးပါသော
STARS Separation Colour မိသားစုလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လူမှုအကျိုးပြု လုပ်ငန်းများကို များစွာဆောင်ရွင်ပါစေ...လို့ ရွှေမင်းသားမိသားစုမှလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

15/09/2026

2026 IT Batch (1) သင်တန်းသားများမှ ဆရာအတွက်မွေးနေ့ဆုတောင်းစကားများ

Happy Birthday ပါ ဆရာ 🙏🙏🙏

15/09/2026

U Myat Thu Winn!
“On your special day, we extend our warmest wishes to you, Sayar. Your wisdom and compassion continue to inspire our entire team. May you and your family be blessed with health and happiness forever.”
15th September 2026

📢 မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း♥♥♥♥♥ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)...
07/09/2026

📢 မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း♥♥♥♥♥

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။♿♿
အဆိုပါ အသက်မွေးဝမ်းကျောင်းသင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ MCEF ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။♿♿♿
ဖွင့်ပွဲအခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ အမှာစကားများ ပြောကြားခြင်း၊ သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းသား/သင်တန်းသူများအား အားပေးစကားများ ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ♿♿♿
သင်တန်းများကို ဆက်လက်၍လည်း ဖွင့်လှစ်လျှက်ရှိပါသည်။
✅✅✅✅
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။
09892911141

Address

Head Office/Rm B/104, Bldg-797, Bogyoke Aung Sann St(Coner Of Warden St), MAC Tower (II), Lanmadaw, Township
Yangon
11131

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+9512315939

Alerts

Be the first to know and let us send you an email when Shwe Minn Tha Foundation(Myanmar) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shwe Minn Tha Foundation(Myanmar):

Shortcuts

Share