01/04/2025
“တစ်ဦးမှ အများသို့ (For Someone, For Everyone)”
မြန်မာနိုင်ငံမှာ ပြင်းအား 7.7 Magnitude ရှိိတဲ့ မြေငလျင်ကြောင့် ဆုံးရှံးမှုတွေ အများကြီး ဖြစ်သွားတာ သိကြပြီး ဖြစ်မှာပါ။ ဒီအတွက် အကူအညီလိုအပ်နေတဲ့နေရာတွေ ကို ကူညီပေးဖို့အတွက် လူအင်အားရော လှူဒါန်းငွေတွေရော လိုအပ်နေပါသေးတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်သွားတဲ့ ဒေသတွေကို လူကိုယ်တိုင်ကူညီချင်ပေမဲ့ ကူညီဖို့ မလွယ်ကူသူတွေ၊ ကူလည်း ကူညီချင်တယ် ဘယ်မှာကူရမလဲမသိ ဖြစ်နေတဲ့သူများအတွက် Blue Finch Foundation မှ Media Partnership အနေနဲ့ အားဖြည့်ထားတဲ့ Dream Education ရဲ့ “တစ်ဦးမှ အများသို့ (For Someone, For Everyone)” ဆိုတဲ့ ၃ ရက်တာ Campaign မှာ တတ်စွမ်းသလောက် လာရောက် ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
တစ်ဦးမှ အများသို့ (For Someone, For Everyone) ဆိုတဲ့ Project Campaign မှာတော့ ရရှိလာမဲ့ အလှူငွေတွေကို အရေးပေါ် လိုအပ်ချက်တွေဖြစ်တဲ့ ဆေးဝါးနှင့်အစားအသောက်တွေ၊ အကာအကွယ်လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။ အလှူငွေတွေကို Local Volunteer တွေ၊ မန္တလေးနဲ့စစ်ကိုင်းမှာရှိတဲ့ Dream Education ရဲ့ Partner Organization မှတဆင့် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ကုသိုလ်လည်း ရမယ့်အပြင် လှူဒါန်းသူတွေအနေနဲ့ လှူဒါန်းမှုပမာဏအလိုက် အတန်းတွေနဲ့ local artists တွေရဲ့ အနုပညာလက်ရာတွေ၊ Certificate တွေပါ ရရှိမှာဖြစ်ပါတယ်။
ကွာခြားသွားတဲ့ Benefits တွေကတော့…
သင်တန်းတွေအတွက်-
၃၀၀၀ ကျပ် = အတန်းတစ်တန်းရွေးချယ်တက် ရောက်ခွင့်
၅၀၀၀ ကျပ် = အတန်းနှစ်တန်းရွေးချယ်တက် ရောက်ခွင့်
၁၀၀၀၀ ကျပ်နဲ့ အထက် = အတန်းသုံးတန်းရွေးချယ်တက် ရောက်ခွင့်တွေနဲ့အတူ Certificate Of Participation တွေလည်း ပေးအပ်သွားမှာပဲဖြစ်ပါတယ်။
တက်ရောက်နိုင်မယ့်အတန်းတွေကတော့ ဘာသာစကားသင်တန်းတွေ ၊ Skill Development ၊ Personal Growth ၊ Academic Enrichment စတာနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပါဝင်ပါတယ်။
အတန်းတွေအတွက်-
1️⃣Conversa English မှ မကြာမှီဖွင့်လှစ်မယ့် English အတန်းများကို 50% Off Discount
2️⃣Unilearn မှ မကြာမှီဖွင့်လှစ်မယ့်
GED, IELTS, SAT, DUOLINGO, အခြားသော Unilearn မှ အတန်းများကို ၁၀၀၀၀ ကျပ်နဲ့ အထက် လှူဒါန်းသူများအနေနဲ့ရွေးချယ်လို့ရမှာ ဖြစ်ပြီး
3️⃣The Umbrella မှ မကြာမှီဖွင့်လှစ်မယ့် Mental Health Counselling သင်တန်းတက်ရောက်ခွင့်
4️⃣One Click Institute မှဖွင့်လှစ်မယ့် IGCSE, GED, SAT, Duolingo, IELTS စတဲ့အတန်းများရဲ့ One on One Class များအတွက် Free Trial 1 hour Free offer နဲ့ GED, SAT, Duolingo Test များအတွက် Exam Service Free အပြင် Deposit သွင်းပြီး တက်ရတဲ့ Free Class များအတွက် Deposit ကင်းလွတ်ခွင့်
5️⃣Youth know-versity မှဖွင့်လှစ်မယ့် STAR Method for Scholarship Essays နဲ့
Study Abroad Related Research Skills တို့ရဲ့ Video Class မှာတက်ရောက်နိုင်ပြီး
6️⃣Mekhaa မှဖွင့်လှစ်မယ့် Thai Language Learning Class တွေအတွက်
100% Discount (6 seats)
75% Discount (10 seats)
50% Discount (10 seats)
7⃣ချိတ်-The Hook မှ Main Advising Session
8⃣Hello Econ မှ
IGCSE Revision Class
Economics Class
Business Class (1.5 hrs per class, 2 days per week, Total Duration - 2 Weeks) တို့ကို free တက်ရောက်ခွင့်
9️⃣The Brilliance Institute ကဖွင့်လှစ်မယ့် Certificate in Foundation of Human Resources Management course အတွက်
100% scholarships for 10 seats,
50% scholarships for 20 seats,
30% scholarships for all the rest of registered students အပြင်
🔟Practical English Club မှ E4C Program အတွက် Original Program Fee 120,000 MMK ကို 50% Off Discount ( 10 Seats )
1️⃣1️⃣Meridian Education Institute မှမကြာမှီဖွင့်လှစ်မည့် GED, IELTS, Duolingo, SAT, Chinese, Korean, Japanese, English, Computer Science, Business Management အစရှိသော Class များကို အခမဲ့တက်ရောက်ခွင့်၊ MEI မှ ချိတ်ဆက်ထားသော နိုင်ငံတကာရှိ Universities and Colleges များကို အခမဲ့ လျှောက်ထားခွင့်နှင့်အတူ Free Consulting အခွင့်အရေး
1️⃣2️⃣Burmese Orchid မှ American Cursive Writing Video Class တို့ကို ရွေးချယ်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။
📌ပါဝင်လှူဒါန်းလိုတဲ့သူတွေက…
Dream Education, Charity with Dream ရဲ့ Page Messenger သို့လည်းကောင်း…
စတဲ့ Telegram Account တွေမှာလည်းကောင်း သွားရောက်လှူဒါန်းနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာ နေထိုင်သူ၊ ထိုင်းဘဏ်အကောင့်ရှိတဲ့ သူတွေအနေနဲ့လည်း ထိုင်းဘတ်ဖြင့်(THB) ပါ၀င်လှူဒါန်းနိုင်ပြီး ၊ဂျပန်ယန်း (JPY)၊ စင်္ကာပူဒေါ်လာ(SGD) ၊ ကနေဒါဒေါ်လာ (CAD) ၊ အမေရိကန်ဒေါ်လာ (USD) တို့ဖြင့်လည်း နိုင်ငံရပ်ခြားမှ ပါဝင်ကူညီပေးနိုင်ပါတယ်ရှင့်။
Benefit တွေ မယူဘဲ သီးသန့်ပါဝင်လှူဒါန်းချင်တဲ့သူ တွေရှိရင်လည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။ ♥️
အလှူငွေပါဝင်ဖို့ အဆင်မပြေတဲ့သူလေးတွေအနေနဲ့လည်း အခု Post ကို #တစ်ဦးမှအများသို့”ဆိုတဲ့ Caption နှင့်အတူ Public နဲ့ Share ပေးရင်းနဲ့ အခြားပါဝင်လှူတန်းမဲ့သူတွေကို ကူပြီး ဖိတ်ခေါ်ပေးလို့ ရပါတယ်နော်
ပိုမိုသိရှိလိုပါက Main Page က တင်ထားတဲ့
https://www.facebook.com/100071911149078/posts/678416967898669/?mibextid=wwXIfr
မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
တတ်နိုင်တဲ့ဖက်ကနေ ပါဝင်ကူညီကြရင်း သဘာဝဘေးအန္တရာယ်ကြီးကို အတူတူ ရင်ဆိုင်ကျော်ဖြတ်လိုက်ကြရအောင်ပါရှင် 💪🏻
#တစ်ဦးမှအများသို့