Blue Finch Foundation

Blue Finch Foundation Charity through Education

“တစ်ဦးမှ အများသို့ (For Someone, For Everyone)” မြန်မာနိုင်ငံမှာ  ပြင်းအား 7.7 Magnitude ရှိိတဲ့ မြေငလျင်ကြောင့် ဆုံးရှံ...
01/04/2025

“တစ်ဦးမှ အများသို့ (For Someone, For Everyone)”

မြန်မာနိုင်ငံမှာ ပြင်းအား 7.7 Magnitude ရှိိတဲ့ မြေငလျင်ကြောင့် ဆုံးရှံးမှုတွေ အများကြီး ဖြစ်သွားတာ သိကြပြီး ဖြစ်မှာပါ။ ဒီအတွက် အကူအညီလိုအပ်နေတဲ့နေရာတွေ ကို ကူညီပေးဖို့အတွက် လူအင်အားရော လှူဒါန်းငွေတွေရော လိုအပ်နေပါသေးတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်သွားတဲ့ ဒေသတွေကို လူကိုယ်တိုင်ကူညီချင်ပေမဲ့ ကူညီဖို့ မလွယ်ကူသူတွေ၊ ကူလည်း ကူညီချင်တယ် ဘယ်မှာကူရမလဲမသိ ဖြစ်နေတဲ့သူများအတွက် Blue Finch Foundation မှ Media Partnership အနေနဲ့ အားဖြည့်ထားတဲ့ Dream Education ရဲ့ “တစ်ဦးမှ အများသို့ (For Someone, For Everyone)” ဆိုတဲ့ ၃ ရက်တာ Campaign မှာ တတ်စွမ်းသလောက် လာရောက် ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

တစ်ဦးမှ အများသို့ (For Someone, For Everyone) ဆိုတဲ့ Project Campaign မှာတော့ ရရှိလာမဲ့ အလှူငွေတွေကို အရေးပေါ် လိုအပ်ချက်တွေဖြစ်တဲ့ ဆေးဝါးနှင့်အစားအသောက်တွေ၊ အကာအကွယ်လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။ အလှူငွေတွေကို Local Volunteer တွေ၊ မန္တလေးနဲ့စစ်ကိုင်းမှာရှိတဲ့ Dream Education ရဲ့ Partner Organization မှတဆင့် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကုသိုလ်လည်း ရမယ့်အပြင် လှူဒါန်းသူတွေအနေနဲ့ လှူဒါန်းမှုပမာဏအလိုက် အတန်းတွေနဲ့ local artists တွေရဲ့ အနုပညာလက်ရာတွေ၊ Certificate တွေပါ ရရှိမှာဖြစ်ပါတယ်။

ကွာခြားသွားတဲ့ Benefits တွေကတော့…

သင်တန်းတွေအတွက်-

၃၀၀၀ ကျပ် = အတန်းတစ်တန်းရွေးချယ်တက် ရောက်ခွင့်

၅၀၀၀ ကျပ် = အတန်းနှစ်တန်းရွေးချယ်တက် ရောက်ခွင့်

၁၀၀၀၀ ကျပ်နဲ့ အထက် = အတန်းသုံးတန်းရွေးချယ်တက် ရောက်ခွင့်တွေနဲ့အတူ Certificate Of Participation တွေလည်း ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

တက်ရောက်နိုင်မယ့်အတန်းတွေကတော့ ဘာသာစကားသင်တန်း‌တွေ ၊ Skill Development ၊ Personal Growth ၊ Academic Enrichment စတာနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပါဝင်ပါတယ်။

အတန်းတွေအတွက်-

1️⃣Conversa English မှ မကြာမှီဖွင့်လှစ်မယ့် English အတန်းများကို 50% Off Discount

2️⃣Unilearn မှ မကြာမှီဖွင့်လှစ်မယ့်
GED, IELTS, SAT, DUOLINGO, အခြားသော Unilearn မှ အတန်းများကို ၁၀၀၀၀ ကျပ်နဲ့ အထက် လှူဒါန်းသူများအနေနဲ့ရွေးချယ်လို့ရမှာ ဖြစ်ပြီး

3️⃣The Umbrella မှ မကြာမှီဖွင့်လှစ်မယ့် Mental Health Counselling သင်တန်းတက်ရောက်ခွင့်

4️⃣One Click Institute မှဖွင့်လှစ်မယ့် IGCSE, GED, SAT, Duolingo, IELTS စတဲ့အတန်းများရဲ့ One on One Class များအတွက် Free Trial 1 hour Free offer နဲ့ GED, SAT, Duolingo Test များအတွက် Exam Service Free အပြင် Deposit သွင်းပြီး တက်ရတဲ့ Free Class များအတွက် Deposit ကင်းလွတ်ခွင့်

5️⃣Youth know-versity မှဖွင့်လှစ်မယ့် STAR Method for Scholarship Essays နဲ့
Study Abroad Related Research Skills တို့ရဲ့ Video Class မှာတက်ရောက်နိုင်ပြီး

6️⃣Mekhaa မှဖွင့်လှစ်မယ့် Thai Language Learning Class တွေအတွက်
100% Discount (6 seats)
75% Discount (10 seats)
50% Discount (10 seats)

7⃣ချိတ်-The Hook မှ Main Advising Session

8⃣Hello Econ မှ
IGCSE Revision Class
Economics Class
Business Class (1.5 hrs per class, 2 days per week, Total Duration - 2 Weeks) တို့ကို free တက်ရောက်ခွင့်

9️⃣The Brilliance Institute ကဖွင့်လှစ်မယ့် Certificate in Foundation of Human Resources Management course အတွက်
100% scholarships for 10 seats,
50% scholarships for 20 seats,
30% scholarships for all the rest of registered students အပြင်

🔟Practical English Club မှ E4C Program အတွက် Original Program Fee 120,000 MMK ကို 50% Off Discount ( 10 Seats )

1️⃣1️⃣Meridian Education Institute မှမကြာမှီဖွင့်လှစ်မည့် GED, IELTS, Duolingo, SAT, Chinese, Korean, Japanese, English, Computer Science, Business Management အစရှိသော Class များကို အခမဲ့တက်ရောက်ခွင့်၊ MEI မှ ချိတ်ဆက်ထားသော နိုင်ငံတကာရှိ Universities and Colleges များကို အခမဲ့ လျှောက်ထားခွင့်နှင့်အတူ Free Consulting အခွင့်အရေး

1️⃣2️⃣Burmese Orchid မှ American Cursive Writing Video Class တို့ကို ရွေးချယ်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

📌ပါဝင်လှူဒါန်းလိုတဲ့သူတွေက…

Dream Education, Charity with Dream ရဲ့ Page Messenger သို့လည်းကောင်း…



စတဲ့ Telegram Account တွေမှာလည်းကောင်း သွားရောက်လှူဒါန်းနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်သူ၊ ထိုင်းဘဏ်အကောင့်ရှိတဲ့ သူတွေအနေနဲ့လည်း ထိုင်းဘတ်ဖြင့်(THB) ပါ၀င်လှူဒါန်းနိုင်ပြီး ၊ဂျပန်ယန်း (JPY)၊ စင်္ကာပူဒေါ်လာ(SGD) ၊ ကနေဒါဒေါ်လာ (CAD) ၊ အမေရိကန်ဒေါ်လာ (USD) တို့ဖြင့်လည်း နိုင်ငံရပ်ခြားမှ ပါဝင်ကူညီပေးနိုင်ပါတယ်ရှင့်။

Benefit တွေ မယူဘဲ သီးသန့်ပါဝင်လှူဒါန်းချင်တဲ့သူ တွေရှိရင်လည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။ ♥️

အလှူငွေပါဝင်ဖို့ အဆင်မပြေတဲ့သူလေးတွေအနေနဲ့လည်း အခု Post ကို #တစ်ဦးမှအများသို့”ဆိုတဲ့ Caption နှင့်အတူ Public နဲ့ Share ပေးရင်းနဲ့ အခြားပါဝင်လှူတန်းမဲ့သူတွေကို ကူပြီး ဖိတ်ခေါ်ပေးလို့ ရပါတယ်နော်

ပိုမိုသိရှိလိုပါက Main Page က တင်ထားတဲ့
https://www.facebook.com/100071911149078/posts/678416967898669/?mibextid=wwXIfr
မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

တတ်နိုင်တဲ့ဖက်ကနေ ပါဝင်ကူညီကြရင်း သဘာဝဘေးအန္တရာယ်ကြီးကို အတူတူ ရင်ဆိုင်ကျော်ဖြတ်လိုက်ကြရအောင်ပါရှင် 💪🏻

#တစ်ဦးမှအများသို့




မတ်လ(၂၈)ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့ မြောက်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ရစ်ချက်စရာ ၇.၇ ရှိသောငလျင်ဒဏ်ကြ...
30/03/2025

မတ်လ(၂၈)ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့ မြောက်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ရစ်ချက်စရာ ၇.၇ ရှိသောငလျင်ဒဏ်ကြောင့် နိုင်ငံအတွင်း အသက်အိုးအိမ်ဆုံးရှုံးထိခိုက်သူများနှင့် မိသားစုဝင်များ တိုင်းတူ Conceptians အနေနဲ့လွန်စွာ၀မ်းနည်းကြေကွဲရပါတယ်။

လူမှုကယ်ဆယ်ရေးနှင့်၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း အသိပေးပြန်ကြားပါသည်။


Helloooo 👋🏻 ဒီအပတ်ရဲ့ Ta Kite Sar လေးကတော့ biology, biology is the studying of living things ဆိုပြီးကျက်ခဲ့ဖူးတာပဲဖြစ်ဖြ...
24/03/2025

Helloooo 👋🏻 ဒီအပတ်ရဲ့ Ta Kite Sar လေးကတော့ biology, biology is the studying of living things ဆိုပြီးကျက်ခဲ့ဖူးတာပဲဖြစ်ဖြစ် ဘေးအိမ်ကဆယ်တန်းစနစ်ဟောင်းဖြေတော့မဲ့ သူတွေရဲ့ဘေးဆယ်အိမ်လောက်ထိလွှမ်းအောင် အော်ကျက်သံတွေကြားဖူးတာပဲဖြစ်ဖြစ် သိကြမှာပါ။😆

ဆိုတော့ biology ဆိုတဲ့စကားလုံးက Greek စကားလုံးတွေဖြစ်တဲ့ bios (life) နဲ့ logos (Study) ဆိုတဲ့စကားလုံးကနေ အခုကျွန်တော်တို့ သုံးနေတဲ့ "BIOLOGY" ဆိုပြီးဖြစ်လာတာပါ။ ☘️ 🌵

How does it start?🤔

Early Civilisations တွေဖြစ်တဲ့ Egypt တို့ Greek တို့ကနေပြီးတော့ စတင်ပြီး plants တွေ animals တွေနဲ့ ခန္ဓာဗေဒ လို့ခေါ်တဲ့ anatomy ကိုစတင်လေးလာခဲ့ပါတယ်။ အဲ့အထဲမှာမှ Aristotle ရဲ့ organisms classifying ကတော့ modern biology အတွက်အုတ်မြစ်ဖြစ်လာ‌စေခဲ့ပါတယ်။☝🏻

The era of developing 🍃

Islamic scholars တွေက biological knowledge တွေကို Renaissance အတွင်းမှာချဲ့ထွင် လာကြပါတယ်။ အဲ့အထဲမှာမှ နာမည်အကြီးဆုံးဆိုရင် Leonardo da Vinci ရဲ့ anatomy အကြောင်းကို စေ့"စပ်" လေ့လာခဲ့တာအပြင် 17th Century လောက်မှာ Antonie van Leeuwenhoek ရဲ့ microscope တီထွင်မှုကြောင့် microorganisms တွေအပြင် revolutionising biology တွေပါတိုးတက်လာခဲ့ပါတယ်။🤩

အဲ့ကနေစပြီးတော့ အခုနောက်ပိုင်း ခေတ်သစ် biology တွေဖြစ်ထွန်းလာခဲ့တာပါ။🧘🏻‍♂️

Quiz

Who invented a microscope?

A: Leonardo da Vinci

B: Lady Gaga

C: Antonie van Leeuwenhoek

D: Cinderella

Fact

Gregor Mendel's genetics research reshape biology in the 19th century!!

📝
🖼
🐦
©️

🍀 လူသားတိုင်းရဲ့ ကမ္ဘာကြီးအတွက် သဘာဝရေဒီယို နဲ့ အတူ Environmentalist တွေကို မွေးထုတ်ပေးကြရအောင်  🍀 📻 သဘာဝရေဒီယို ဆိုတာ… ...
21/03/2025

🍀 လူသားတိုင်းရဲ့ ကမ္ဘာကြီးအတွက် သဘာဝရေဒီယို နဲ့ အတူ Environmentalist တွေကို မွေးထုတ်ပေးကြရအောင် 🍀

📻 သဘာဝရေဒီယို ဆိုတာ…

🍀 ကမ္ဘာကြီးဟာ ကျွန်တော်တို့ လူသားတွေ အတွက်
တစ်ခုတည်းသော နေအိမ်ဖြစ်ပါတယ်
ဒီလိုကျွန်တော်တို့ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာမြေကြီးဟာ ကျွန်တော်တို့ရဲ့ အပြုအမူတွေကြောင့် ယိုယွင်းပျက်စီးမှုတွေဖြစ်ပေါ်လာနေပါတယ် ၊ ဒါနဲ့အတူ ပျက်စီးမှုရဲ့အကျိုးဆက်တွေကိုလည်း တစ်စတစ်စ နဲ့ ခံစားလာနေရပါပြီ…

🍀 အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို တားဆီး လျှော့ချနိုင်ဖို့အတွက်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ
အသိပညာ တွေကို မျိုးဆက်သစ်လူငယ်တွေမှ တစ်ဆင့် လက်ဆင့်ကမ်းမျှဝေဖို့ ရည်ရွယ်ပြီး United Youth Association of BURMA - UYA ရဲ့ " သဘာဝ ရေဒီယို "
Project မှာ Blue Finch Foundation က
Media partnership အနေနဲ့
ကူညီ အားဖြည့် ပေးထားပါတယ် ။

📌 ဒီ သဘာဝရေဒီယို လေးဟာ အားကိုးရာမဲ့ ဖြစ်နေတဲ့
မိဘမဲ့ က‌လေးငယ်တွေကို အနာဂတ်
အ‌‌ပြောင်းအလဲ‌ တွေ ဦးဆောင်ဖန်တီးနိုင်တဲ့
သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတဲ့ လူငယ် Environmentalist တွေ ဖြစ်စေဖို့အတွက် ရည်ရွယ်ပါတယ်

🌱 ပညာရေး ၊ လူမှုရေး ခက်ခဲမှု‌ ၊ စိတ်အားငယ်မှုတွေနဲ့
ရင်ဆိုင်နေရတဲ့ မိဘမဲ့ကလေးငယ်‌တွေ အတွက်
သူတို့‌လေးတွေရဲ့ အ‌တွေးအမြင်မှာ
သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်တဲ့
စိတ်‌ စေတနာတွေ ရှင်သန်နိုင်ဖို့အတွက်
Eco-Innovators Group ဟာ
Project Partner, Trainers တွေ အဖြစ်
ပါဝင်ကူညီသွားမှာလည်း ဖြစ်ပါတယ် ။

📻 2024 founded Environmental Conversation Group တစ်ခုဖြစ်တဲ့ Eco-Innovators ဟာ
Young City Shapers Capstone Project တွေထဲက
Enviro. Mind Project ကနေ ဆင်းသက်လာခဲ့တဲ့
Eco Hex Environmental Board Game ကနေ တစ်ဆင့်
Environmental Awareness ပေးနိုင်အောင်
ကြိုးစားနေကြသူလေးတွေ ဖြစ်တဲ့အပြင်
လက်ရှိမှာလည်း " သဘာဝရေဒီယို " ကို UYA နဲ့အတူ
ပုံဖော်ကြတော့မှာပဲ ဖြစ်ပါတယ် ။

📌 UYA ရဲ့ ကမ်းလက် ရိုးရာမပျက်
" Meal Donation Session " နေ့လည်စာ အလှူဒါနပါ
ပြုလုပ်သွားဦးမှာ ဖြစ်တဲ့အတွက် ကြောင့်

📌 မိဘမဲ့ ကလေးငယ်တွေကို
အလှုဒါန ပြုချင်တယ် ၊ ကူညီချင်တယ်ဆိုရင်တော့
UYA ရဲ့ official page ကို ဆက်သွယ် လှူဒါန်း
ကူညီလို့ရတဲ့အပြင် “Announcement Post” မှ တဆင့်လည်း “သဘာဝရေဒီယို” အကြောင်း
အသေးစိတ် လာရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ ။

Healthy Planet , hopeful lives 🤝

https://m.facebook.com/story.php?story_fbid=663748833002129&id=100081010537935&mibextid=RtaFA8



The origin of books စာရွက်တွေ၊စာအုပ်တွေ ဘယ်ကရလဲ မေးရင် သစ်ပင်ကရတယ်ဆိုတဲ့သူတွေ လွန်ခဲ့တဲ့ 3000 BCE ကစာအုပ်က ရွံ့ကနေ ရလာတယ...
16/03/2025

The origin of books

စာရွက်တွေ၊စာအုပ်တွေ ဘယ်ကရလဲ မေးရင် သစ်ပင်ကရတယ်ဆိုတဲ့သူတွေ လွန်ခဲ့တဲ့ 3000 BCE ကစာအုပ်က ရွံ့ကနေ ရလာတယ်ဆိုတာသိကြလား။ ☝🏻

🤓☝🏻 ရွံ့ကြီးဆို ဘယ်လိုစာရေးလဲ ဘယ်သူတွေသုံးကြလဲ စတဲ့မေးခွန်းတွေ တစ်သီတစ်တန်းကြီး ပေါ်လာပြီဆိုရင် ဒီအပတ် Ta Kite Sar ကို ဖတ်ကြည့်လိုက်တော့နော်။

✏️ရွံ့ပြားပေါ်မှာ စာရေးတာကို လွန်ခဲ့တဲ့ 3000 BCE လောက်မှာ မက်ဆိုပိုတေးမီယားဒေသ မှစတင်လာခဲ့တယ်လို့ပြောကြပါတယ်။ ဘာသာရေးဆိုင်ရာ စာပေများ ပညာရပ်များနှင့် မှတ်တမ်းမှတ်ရာတွေကို Cuneiform writing အရုပ်စာတွေနဲ့ ရွံ့စေးပြားပေါ်တွေမှာ ရေးသားခဲ့ကြပါတယ်။

ဒါဆိုသူတို့တွေ ဒီရွံ့ဆေးပြားပေါ်မှာ ဘယ်လ်ိုရေးကြတာဖြစ်မလဲ။

🤓☝🏻ဒါကလွယ်လွယ်လေးပါ။ ရွံ့(Clay) တွေကို စက်ဝိုင်းပုံ သို့မဟုတ် လေးထောင့်ပုံပြားပြားလေးဖြစ်အောင် ပုံသွင်းပြီး ကြူပင် (reed) ရဲ့ အရိုးတံနဲ့ အရုပ်စာတွေကိုနူးညံ့တဲ့ ရွံ့ပေါ်မှာအရင်ရေးလိုက်ကြပါတယ်။ ရေးပြီးနောက် ရွံ့ပြားကို မီးဖို သို့မဟုတ် နေရောင်ခံပြီး မာလာအောင်လုပ်လိုက်ပါတယ်။

ဒီရွံ့ပြားတွေက နှုတ်တိုက်ပြောဆိုမှတ်တမ်းတင်ခဲ့ရာမှ စာရေးမှတ်တဲ့ အလေ့ထကိုပြောင်းလဲသွားစေတဲ့ သော့ချက်ဆိုလဲမမှားပါဘူးနော်။ ဒီလိုမှတ်တမ်းတင်ခဲ့လ်ို့ပဲ ရှေးဟောင်းသုတေသီနဲ့ သမိုင်းပညာရှင်တွေက ခရစ်တော်မတိုင်ခင် အချိန်တွေက လူတွေရဲ့ နေထိုင်မှု ဘာသာစကား နဲ့ ကိုးကွယ်ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

အခုခေတ်မှာတော့ ရွံ့ပြားနဲ့ ကြူတံ အစား စာအုပ် 📖နဲ့ ဘောပင် ✏️
tablet 📱 နဲ့ stylus pen တွေကိုအသုံးပြုလျက် မိမိရဲ့နေ့စဉ်ဘဝတွေကိုမှတ်တမ်းတင်လေ့ရှိကြပါတယ်။
ဒီအပတ် Ta Kite Sar မှာ ကျောင်းသားတွေရဲ့ လက်စွဲ စာအုပ်တွေအကြောင်းပြောပြီးပြီဆိုတော့ next week ရဲ့ Ta Kite Sar က ဘာများဖြစ်မလဲ stay tune ပါနော်။🤩




Hello Hello Sakura တွေစတင်ပွင့်လန်းကြတဲ့ March လရဲ့ Ta Kite Sar လေးကို ကျွန်တော်တို့ ကျောင်းသားတွေရဲ့ မရှိမဖြစ်လေး(အချစ်...
09/03/2025

Hello Hello Sakura တွေစတင်ပွင့်လန်းကြတဲ့ March လရဲ့ Ta Kite Sar လေးကို ကျွန်တော်တို့ ကျောင်းသားတွေရဲ့ မရှိမဖြစ်လေး(အချစ်တော့မဟုတ်ဘူးနော်😜) တစ်ခုဖြစ်တဲ့ ခဲတံအကြောင်းကိုပြောပြသွားမှာပါ။ ခဲတံကိုစာပဲရေးရေး ပုံပဲဆွဲဆွဲ အကြမ်းတွေပဲချချ အမြဲ‌သုံးလေ့ရှိပေမဲ့ ဘယ်ကနေစတင်ပေါ်ပေါက်လာတာလဲ ဆိုတာကောသိကြလား။🤷🏻‍♂️

ခဲတံကို 1564 လောက်မှာ England, Borrowdale မှာ Pure Graphite အချောင်းကြီးတွေကိုစတင်သုံးခဲ့တာပါ။ ဒါပေမဲ့ လက်မှာအရောင်တွေကျန်ခဲ့တာတွေ အပြင် ကျိုးပဲ့လွယ်တတ်လို့ ကြိုးတွေ အကောင်တွေရဲ့ အရေခွံ့တွေပတ်ပြီးသုံး လာကြပါတယ်။🤩

ဒါက အကြီးမားဆုံး တီထွင်မှုတစ်ခုတော့မဟုတ်ဘူးပေါ့။ ဘာလို့ဆို ပြင်သစ် သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ Nicolas-Jacques Conté က 1795 မှာအခုခေတ်ခံတံတွေဖြစ်လာစေမဲ့အရာကိုတီထွင်ခဲ့ပါတယ်။ အဲ့တာကတော့ graphite ကို clay နဲ့ရောလိုက်ပြီးတော့ အထူအပါးအမျိုးမျိုးကိုလည်း ချိန်ဆပြီးပြောင်းလဲသွားနိုင်အောင် တီထွင်လိုက်ပါတယ်။ အဲ့လိုကြောင့်ပဲ ကိုယ်ကစာရေးဖို့ရာပဲဖြစ်ဖြစ် ပုံဆွဲဖို့ပဲဖြစ်ဖြစ် သင့်တော်မဲ့အမျိုးအစားကိုရွေးချယ်သွားနိုင်တာ Nicolas' invention ကြောင့်ပါ။🤚🏻

အချိန်တွေကြာလာတာနဲ့ အမျှခေတ်တွေလည်းပြောင်းလာကော design အသစ်တွေ feature အသစ်တွေပါတဲ့ ခဲတံတွေအပြင် mechanical pencil ဆိုတာတွေလည်းပေါ်လာခဲ့ပါတယ်။ ရောင်စုံခဲတံတွေကလည်း ပန်းချီပိုင်းမှာနာမည်ကြီးလာသလိုမျိုးပေါ့။🤸🏻‍♂️

အခုလိုမျိုး ခဲတံတွေပေါ်လာလို့ ကျွန်တော်တို့တွေရဲ့ အတွေးတွေ စိတ်ကူးတွေကို စိတ်ထဲကနေလက်ကိုအသိပေးပြီး စာအုပ်ထဲမှာ ခမ်းနားလှတဲ့ creation တွေဖြစ်လာစေတာပါပဲ။😉☝🏻

Fun fact

The rubber eraser, first attached to pencils in 1858 by H***n Lipman.

Quiz

What two materials combine together to become a pencil.

A: Graphite and Coal

B: Clay and Sand

C: Graphite and Clay

D: Coal and Sand

📝
🖼
🐦
©️

BFF needs you and your unique skills ✨✨လူငယ်တွေအတွက် အကျိုးရှိတဲ့အတန်းတွေဖွင့်လှစ်နေပြီး လိုအပ်တဲ့နေရာတွေကိုပြန်လှူတန်းန...
05/03/2025

BFF needs you and your unique skills ✨

✨လူငယ်တွေအတွက် အကျိုးရှိတဲ့အတန်းတွေဖွင့်လှစ်နေပြီး လိုအပ်တဲ့နေရာတွေကိုပြန်လှူတန်းနေတဲ့ Conceptian ရဲ့ divison ဖြစ်တဲ့ Blue Finch Foundation- BFF ကနေ ရွှေလိုရှားတဲ့ volunteering recruitment ခေါ်ယူနေပါပြီနော် 📢

BFF ရဲ့ ပထမဆုံး volunteering recruitment အတွက် လျှောက်ထားနိုင်မယ့် position တွေကတော့

👩🏻‍🏫Class Facilitators (2 positions)

✨ဒါဆိုရင် Class Facilitators ဖြစ်ဖို့လိုအပ်တဲ့ requirements တွေကရော ?

Digital tools တွေကိုရင်းနှီးပြီး strong communication ဖြစ်ဖို့လိုအပ်ပါတယ်နော်။

✨ဒါဆို responsibility တွေကဘာတွေဖြစ်မလဲ ?

ကျောင်းသားနဲ့ instructor တွေကို management အပြင် report နဲ့ feedback တွေလုပ်ပေးရမှာပါ။

👩🏻‍💼Academic Coordinator (1 position)

✨Requirements တွေကတော့
ကိုယ့်မှာအပေါဆုံးက အချိန်ဆိုတဲ့သူတွေနဲ့ အဓိက က သင်ယူချင်စိတ်ရှိတဲ့သူဖြစ်ရင်ရပါပြီနော်။

✨Academic coordinator တစ်ယောက် ရဲ့ responsibilities တွေက

Classroom ထဲမှာသုံးမယ့် resources တွေကို ပြင်ပေးပြီး အတန်းရဲ့ report တွေလုပ်ပေးရမှာပါ။

အသေးစိတ်ကိုတော့ Form ထဲက Job description မှာ ဖတ်ရှုကြည့်လို့ရပါတယ်။

Requirements တွေနဲ့ responsibilities တွေကိုသိပြီးပြီဆိုတော့ နှစ်ခါစဉ်းစားပဲနဲ့ မြန်မြန် apply လိုက်တော့နော်။ ကိုယ့်မှာ experience မရှိလို့ မလျှောက်ရဲတာမျိုးဖြစ်မှာထက် အခုရရှိတဲ့ အခွင့်အရေးကိုအမိအရဖမ်းဆုပ်ပြီး ကိုယ့်ရဲ့ skills တွေကို level up လုပ်လိုက်ကြရအောင်နော် ✨

‼️ Deadline လေးက 10 March ‼️ မလို့ မိမိရဲ့ skills ကို doubt မဖြစ်ဘဲ အမြန် apply လိုက်တော့နော်

To apply for Class Facilitator Role: https://docs.google.com/forms/d/e/1FAIpQLSf_l5i5gNkJ3mCcv7Umu-8q7PBQdLkdZEeAfTp_zfPJHEEy2w/viewform?usp=pp_url

To apply for Academic Coordinator role: https://docs.google.com/forms/d/e/1FAIpQLSfiELqgPZpDUUBrXWA_odFiAKLCaZf5iUnGoUqhZOjrF5PcXA/viewform?usp=pp_url




The Origin of Subject (English)English ဘာသာစကား ဘယ်ကစ ?Summer အစ March လရဲ့first week လေးမှာတော့ BFF ကနေ ကမ္ဘာပေါ်မှာ လူ...
01/03/2025

The Origin of Subject (English)

English ဘာသာစကား ဘယ်ကစ ?

Summer အစ March လရဲ့first week လေးမှာတော့ BFF ကနေ ကမ္ဘာပေါ်မှာ လူပေါင်း 1.46 billion အသုံးပြုနေတဲ့ English language ရဲ့ origin နဲ့ ဘယ်လိုပြောင်းလဲတိုးတက်လာခဲ့လဲဆိုတာကို timeline လေးနဲ့ ပြောပြပေးသွားမှာပါ။ 😎

⏳Before 450 AD - English အစ German က

ဒီလိုပြောလ်ိုက်လို့ English က German ဘာသာစကားက တိုက်ရိုက်ဆင်းသက်လာတာမဟုတ်ပဲ “Ingvaeonic Languages” လို့ခေါ်တဲ့ German ဘာသာစကားအုပ်စုခွဲကနေ စတင်လာတာပါ။

⚓️ 450-1100 AD - Viking တွေရဲ့ လွှမ်းမိုးမှု

Viking တွေရဲ့ လွှမ်းမိုးမှုကြောင့် English စကားဟာ ရှေးခေတ်နော်ဝေဘာသာစကား Norse ကဲ့သို့ပြောင်းလဲလာခဲ့ပါတယ်။ 1066 AD မှာ Norman Conqest ကြောင့် English ဘာသာစကားဟာ Norman French ဘာသာစကားရဲ့ လွှမ်းမိုးမှုအောက်ကိုရောက်သွားပါတယ်။

📜 AD 1100-1700 - အသံထွက်ပြောင်းလဲ ဘာသာစကားEnglish

ဒီအချိန်အပိုင်းခြားမှာကတော့ အရင် English ဘာသာစကားမှ သဒ္ဒါကိုရိုးရှင်းအောင်ပြောင်းလဲလာပြီး လက်တင်နဲ့ ပြင်သစ်စကာလုံးတွေပါ ရောယှက်ဝင်ရောက်လာပါတယ်။ 1600 AD မှာ ဗြိတိသျှအင်ပါယာ ကြီးမားလာမှုကြောင့် English ကလည်း နိုင်ငံအနှံ့ကိုတစ်ဖြည်းဖြည်းပျံ့နှံသွားပါတယ်။

1400-1700 AD မှာ သရသံအပြောင်းလဲကြောင့် English အသံထွက်ဟာလဲ ပြောင်းလဲလာခဲ့ပါတယ်

🐦 AD 1700- Present ယနေ့ခေတ် English

စက်မှုတော်လှန်ရေး၊ သိပ္ပံရှာဖွေတွေ့ရှိမှု နှင့် နိုင်ငံတကာဆက်နွယ်မှုတွေဟာ English ဘာသာစကားအတွက် စကားလုံးအသစ်တွေတိုးပွါးလာစေခဲ့ပါတယ်။ ဂီတ၊ရုပ်ရှင်စတာတွေက နိုင်ငံတကာကို English နဲ့ထိတွေ့ဖို့သော့ချက်တစ်ခုဖြစ်လာခဲ့ပြီး ယခုအခါမှာတော့ internet နဲ့ media တွေက English ဘာသာစကားလွှမ်းမိုးမှုရဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။

ဒီလ Ta Kite Sar ကနေ the origin series လုပ်ထားတဲ့အတွက် နောက်အပတ်မှာရော ဘယ်သာသာစကား ဘယ်ပစ္စည်းတွေရဲ့ မူလပထမ အစကဘာဖြစ်မလဲဆိုတာကို stay tune ပါနော်။ 😉

Fun Fact

“E” is the most commonly used letter in English while the least used is “Z”.

Quiz: Which language group does English Originate from ?

A. Indo-European
B. Sion-Tibetan
C. Afro-Asiatic
D. Ingvaeonic

📝
🖼
🐦
©️

Hello Hello~ အခုတလော မနက်ခင်းစောစော မှာတောင် ကောင်းကင်ကကြည်လင်မနေဘဲ မဲညစ်နေတာ သတိထားမိကြလား။ အင်တာနက်မှာလဲ လေထုညှစ်ညမ်း‌...
23/02/2025

Hello Hello~ အခုတလော မနက်ခင်းစောစော မှာတောင် ကောင်းကင်ကကြည်လင်မနေဘဲ မဲညစ်နေတာ သတိထားမိကြလား။ အင်တာနက်မှာလဲ လေထုညှစ်ညမ်း‌တယ်ဆိုတဲ့ သတင်းကိုဖတ်မိကြလား။🤔
ဒီနေ့မှာတော့ အခုလိုလေထုညစ်ညမ်းမှုက လူသားတွေရဲ့ကျမ်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ ဆိုတာကိုပြောပြသွားပါ့မယ်။😉

Air Pollution ကလူတွေရဲ့ကျမ်းမာရေးကို ဘက်ပေါင်းစုံကနေပြီးတော့ ထိခိုက်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် pollutant air တွေမှာအရမ်း harmful ဖြစ်တဲ့အရာတွေပါဝင်နေလို့ပါပဲ။ Carbon monoxide, nitrogen dioxide နဲ့ sulfur dioxide တွေပါဝင်နေလို့ လူတွေရဲ့ကျန်းမာရေးကို ရေတိုရော ရေရှည်အထိပါ ထိခိုက်စေနိုင်ပါတယ်။ 😓

𝗦𝗵𝗼𝗿𝘁-𝘁𝗲𝗿𝗺 𝗘𝗳𝗳𝗲𝗰𝘁𝘀

short-term effects လေးတွေကတော့
ခနတာလေးဆိုပေမဲ့ နာကျင်အောင်လုပ်တဲ့ ရည်းစားဟောင်းတွေလိုပါပဲ

1️⃣ မျက်လုံး၊နှာချောင်းနဲ့လည်ချောင်းတွေ ယားယံနိုင်ပါတယ်။
2️⃣ ချောင်းဆိုးတာတွေ အသက်ရှူကျပ်တာ မဝတာတွေစတဲ့‌ နေထိုင်မသက်သာမှုတွေ ဖြစ်နိုင်ပါတယ်။

𝗟𝗼𝗻𝗴-𝘁𝗲𝗿𝗺 𝗘𝗳𝗳𝗲𝗰𝘁𝘀

ခနတာသာချစ်လိုက်ရတာ နာကျင်ရတော့အကြာကြီးဆိုသလိုပဲ long-term effects တွေဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲ့တာတွေကတော့။
1️⃣ Bronchitis တို့ Asthma တို့လိုရောဂါတွေစွဲကပ်တာ။
2️⃣ Heart Disease and stroke ဖြစ်နိုင်ချေတွေပိုများလာတာ။
3️⃣ Toxic ဖြစ်တဲ့ pollutants တွေကိုထိ‌တွေတာများတာကြောင့် အဆုတ်ကင်ဆာဖြစ်တာ။
4️⃣ Immune System ကိုအားနည်းစေတာကြောင့် အခြား infections တွေတိုးလာနိုင်တာတွေ ဖြစ်စေနိုင်ပါတယ်နော်။

ဘယ်လိုလူမျိုးတွေက သတိထားဂရုစိုက်ရမလဲ။🤔

ကလေးတွေနဲ့ လူကြီးပိုင်းတွေကတော့ ဂရုစိုက်ရမဲ့အထဲပါ ပါတယ်။ ဘာလို့လဲဆို‌တော့
ကလေးတွေအနေနဲ့ ငယ်ရွယ်သေးတာမလို့ immune system က adult တွေလောက် အားမကောင်းကြပါဘူး။ သက်ကြီးရွယ်အိုတွေဆိုရင်တော့ immune system ကအသက်ကြီးလာတာနဲ့အမျှကျဆင်းလာလို့ပါ။ ဒါ့အပြင် ကားတွေထူထပ်ကြီး ကျပ်သိပ်တဲ့နေရာမှာ နေတဲ့လူတွေကလည်း risk တော်တော်များပါတယ်။☝🏻

𝗛𝗼𝘄 𝘁𝗼 𝗥𝗲𝗱𝘂𝗰𝗲 𝗛𝗲𝗮𝗹𝘁𝗵 𝗥𝗶𝘀𝗸𝘀 🤷🏻‍♂️

Air Pollution တွေကိုလျော့ချဖို့ဆိုရင် တစ်ဦးကအစ အများထိတိုင်ဆိုသလိုပဲ individuals တွေကနေစပြောင်းလို့ရပါတယ်။
ဘယ်လိုလုပ်ရသလဲဆိုရင်
😷 မြို့တွင်းလိုမျိုး high pollution area တွေရောက်ရင် maskတက်တာမျိုး၊
🍃 ကိုယ့်အိမ်ထဲမှာ air purifier တွေသုံးပေးတာမျိုး၊
🚗 ဓာတ်ဆီ၊ဒီဇယ်သုံးတဲ့ vehicles အသုံးပြုမှုကို လျော့ချပြီးတော့ green transportation တွေဖြစ်တဲ့စက်ဘီးနဲ့ပဲဖြစ်ဖြစ် လမ်းလျှောက်တာပဲဖြစ်ဖြစ် လုပ်တာမျိုးတို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ကိုယ့်ဘက်ကသာ awareness ရှိပြီး action တွေစလုပ်မယ်ဆိုပြီး လုံးဝကာကွယ်နိုင်တဲ့အရာပါနော်။🤸🏻

ဒီစာလေးဖတ်ပြီးပြီဆိုတော့ quiz လေးကို comment မှာ ဖြေကြည့်သွားလို့ရတယ်နော်~ 😉

🖼️
📝
🐦
©️

Causes of air pollutionမနက်မိုးလင်းလို့ မြူတွေဆိုင်းနေပြီဆိုပြီး လေတစ်ဝကြီးရှုပြီး  exercise လုပ်နေတဲ့သူတွေရှ်ိကြလား။ ဒါ...
15/02/2025

Causes of air pollution

မနက်မိုးလင်းလို့ မြူတွေဆိုင်းနေပြီဆိုပြီး လေတစ်ဝကြီးရှုပြီး exercise လုပ်နေတဲ့သူတွေရှ်ိကြလား။ ဒါဆိုရင်တော့ အထူးသတိထားပါလို့ပြောချင်ပါတယ်

တစ်ကယ်တော့ ဒီမြူတွေက လေထုညစ်ညမ်းနေခြင်းရဲ့ အရိပ်အယောင်တွေပါ။ ဒါဆိုရင် လေထုညစ်ညမ်းခြင်းရဲ့ အဓိကအကြောင်းကဘာတွေဖြစ်နိုင်မလဲဆိုတာ ဒီတစ်ပတ် Ta Kite Sar ကနေပြောပြသွားမှာပါ

🏭 Industrial Emissions
စက်ရုံအလုပ်ရုံတွေက စွန့်ထုတ်လုပ်လိုက်တဲ့ sulfur dioxide, nitrogen oxides, carbon monoxide တွေက လေထုညစ်ညမ်းမှုရဲ့ တရားခံတွေဖြစ်ပါတယ်။
🚗🛫 Transportation
PM 2.5 လို့ခေါ်တဲ့ အရွယ်အစား 2.5 micrometer သာရှိတဲ့ fine particulate matter တွေက ကားနဲ့ တစ်ခြားသော ယာဉ်တွေဆီကနေ စွန့်ထုတ်လိုက်တာဖြစ်ပြီး လူတွေရဲ့ အဆုတ်ကို အန္တရာယ်ဖြစ်စေပါတယ်။
🌋Natural Processes
လေထုညစ်ညမ်းမှုက လူတွေကြောင့်ချည်းပဲဖြစ်နေတာတော့ မဟုတ်ပါဘူး။ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းကြောင့်စတဲ့ သဘာဝတရားတွေကြောင့်လဲ လေထုညစ်ညမ်းမှုကဖြစ်လာနိုင်ပါတယ်။
ဒီနေ့မှာတော့ Ta Kite Sar ကနေ လေထုညစ်ညမ်းခြင်းရဲ့ အကြောင်းအရင်းတွေကိုပြောပြပြီးပြီးဆိုတော့ နောက်အပတ်တွေမှာလဲ Air pollution ခြင်းကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေနဲ့ဘယ်လိုကာကွယ်ရမလဲဆိုတာကို stay tune ပါ။ ☝🏻😁
Quiz : What is PM 2.5?
A 2.5 micrometer fine particulate matter
B 2.5 micro centimeters fine particulate matter
C 2.5 centimeters fine particulate matter
D 2.5 millimeters fine particulate matter

🖼️
📝
🐦
©️

Fun facts about Air pollution

❝ပညာလည်းယူ ကုသိုလ်လည်း ပါဝင်လှူ ❜❜ 👐🕯 မန္တလေးမြို့တစ်ဝိုက်မှာရှိတဲ့ အခမဲ့စာသင်ကျောင်းမှ ကလေးတွေရဲ့ ပညာဆီမီးကို အတူတကွ ထွ...
06/02/2025

❝ပညာလည်းယူ ကုသိုလ်လည်း ပါဝင်လှူ ❜❜ 👐

🕯 မန္တလေးမြို့တစ်ဝိုက်မှာရှိတဲ့ အခမဲ့စာသင်ကျောင်းမှ ကလေးတွေရဲ့ ပညာဆီမီးကို အတူတကွ ထွန်းညှိပေးနိုင်မယ့် အစီအစဉ်လေးတစ်ခု 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 ကနေ ယူဆောင်လာပါပြီ 📣

မြန်မာနိုင်ငံမှာ သိသင့်သိထိုက်တဲ့ ကျောင်းပြင်ပအသိပညာတွေကို နားလည်သင်ယူဖို့ လိုအပ်နေတဲ့ ကလေးငယ်တွေဟာ ထောင်နဲ့ချီရှိနေကြဆဲပါပဲ။ ဒီလို နားမလည်ရာ၊ မသိရာကနေ မမှားသင့်တဲ့အမှားပေါင်းများစွာ ဖြစ်ပေါ်မလာဖို့ ရည်ရွယ်ပြီး Lantern Bridge အဖွဲ့အစည်းလေးကို စတင်တည်ထောင်ခဲ့ပါတယ်။

ဒီရည်ရွယ်ချက်နဲ့အတူ 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 ဟာ မန္တလေးမြို့တစ်ဝိုက်မှာရှိတဲ့ အခမဲ့စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းရှိ ကလေးငယ်ပေါင်း (200) နီးပါးကို ကျောင်းပြင်ပသင်ခန်းစာအနေနဲ့ Comprehensive Sexualitiy Education ကိုသင်ကြားပို့ချပေးခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ ယခုလည်း ထပ်မံသင်ကြားပို့ချပေးနိုင်ရေးအတွက် “𝐋𝐢𝐠𝐡𝐭 𝐨𝐟 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝” ဆိုတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 လေးကို ယူဆောင်လာခဲ့လာပါပြီ။ ဒီ 𝐏𝐫𝐨𝐣𝐞𝐜𝐭 လေးမှာကျွန်တော်တို့ Blue Finch Foundation ကလည်း Media Partnership အနေနဲ့ ပါဝင်ထားပါတယ်။

“𝐋𝐢𝐠𝐡𝐭 𝐨𝐟 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝” 𝐏𝐫𝐨𝐣𝐞𝐜𝐭 အလှူမှာ ဘယ်လို ပါဝင်နိုင်မလဲ ❓

ငွေကျပ် တစ်သောင်းတန်ဖိုးရှိတဲ့ 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 လေးတွေကို ဝယ်ယူပြီး ဒီ project လေးမှာ ပါဝင်နိုင်ပါပြီ။
𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 ရောင်းရငွေတွေကို 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 ကနေ အနာဂတ်မှာကျင်းပမယ့် 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေမှာ အသုံးပြုသွားမှာမို့ ကိုယ်တိုင်လည်း အတန်းတက်ရင်း အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးငယ်တွေအတွက်
✅ သိသင့်သိထိုက်တဲ့ ဗဟုသုတများစွာ၊
✅လိုအပ်တဲ့ 𝐒𝐤𝐢𝐥𝐥𝐬 တွေကို ကူညီဖြန့်ဝေပေးနိုင်ဖို့ ပါဝင်နိုင်မှာပါ။

တစ်ဖက်မှာလည်း 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 နဲ့ ပူးပေါင်းထားတဲ့ 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 တွေမှာ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐈𝐄𝐋𝐓𝐒, 𝐆𝐄𝐃 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧, 𝐒𝐀𝐓, 𝐃𝐮𝐨𝐥𝐢𝐧𝐠 နဲ့, 𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 အစရှိတဲ့ အတန်းတွေကို 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး အများဆုံး 𝟏𝟎𝟎% 𝐎𝐟𝐟 အထိ အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

𝐆𝐢𝐟𝐭 𝐜𝐚𝐫𝐝 လေးတွေကို Sale Close ပြီးနောက် 𝟔 လ အတွင်း (𝟒.9.𝟐𝟎𝟐𝟓 အထိ) အသုံးပြုနိုင်မှာဖြစ်လို့ ချစ်သူ၊မိတ်ဆွေသူငယ်ချင်းတွေကို 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 နေ့အတွက်လက်ဆောင်ဖြစ်ဖြစ်၊ မွေးနေ့လက်ဆောင်အတွက်ဖြစ်ဖြစ် ပေးဖို့ဆိုရင်အရွေးချယ်သင့်ဆုံး 𝐏𝐫𝐞𝐬𝐞𝐧𝐭 လေးဆိုလည်း မမှားပါဘူးနော်🤭

🔹ဒီ “𝐋𝐢𝐠𝐡𝐭 𝐨𝐟 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝” 𝐏𝐫𝐨𝐣𝐞𝐜𝐭 ဆိုတဲ့ အစီအစဉ်လေးမှာ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ်ဆိုရင်တော့ 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 လေးတွေကို 𝟒.𝟐.𝟐𝟎𝟐𝟓 ကစပြီး 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာလာရောက်၀ယ်ယူနိုင်ပါတယ်။

🙌 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 တွေရောင်းတာကိုတော့ 4.𝟑.𝟐𝟎𝟐𝟓 မှာ အရောင်းရပ်သွားမှာမို့ နောက်ကျသွားလို့ မဝယ်လိုက်ရဘူးမဖြစ်ရလေအောင် အမြန်ဆုံး လာရောက်ဝယ်ယူထားမှ စိတ်ချရမယ်နော်။

English Version
🕯 Lantern Bridge is launching a project to help bring light to the education of children in free schools around Mandalay 📣
In Myanmar, many children still need to learn essential life skills and knowledge outside of their regular schooling. To prevent mistakes from lack of understanding, Lantern Bridge was created to help children gain this extra knowledge.
So far, Lantern Bridge has helped nearly 200 children from free schools and monastic schools in the Mandalay area by providing additional lessons. Now, they are launching a new project called the "Light of Knowledge Gift Card" to continue supporting this cause. Blue Finch Foundation is also joining as a Media Partner.
How can you get involved in the “Light of Knowledge Gift Card” Project? ❓
You can buy a 10,000 MMK Gift Card, which you can use for discounted classes at organizations partnered with Lantern Bridge. These classes include General English, IELTS, GED preparation, SAT, Duolingo, Korean language, and more, with discounts of up to 100%! The money raised from selling these gift cards will be used for future Lantern Bridge projects, which will help children gain the knowledge and skills they need for a brighter future.
Gift cards can be used for 6 months after the sale ends (until September 4, 2025). It’s a great gift for Valentine’s Day, birthdays, or any special occasion 🤭
If you’d like to be a small part of helping these children’s future, you can buy the Gift Card starting from 4th February 2025 through Lantern Bridge’s page Messenger.
🙌 Gift Card sales will end on 4th March 2025, so make sure to get yours soon and be part of this important cause!

Discount information

𝐂𝐨𝐧𝐯𝐞𝐫𝐬𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 ကနေ
ဖွင့်လှစ်ထားတဲ့ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 အတန်းတွေအတွက် 𝟏𝟎𝟎% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐁𝐫𝐢𝐠𝐡𝐭 𝐇𝐢𝐥𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 မှ ဖွင့်လှစ်ထားတဲ့ 𝐈𝐄𝐋𝐓𝐒, 𝐒𝐀𝐓 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨, 𝐆𝐄𝐃 𝐑𝐋𝐀 အစရှိတဲ့ 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬 များအတွက် 𝟏𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐇𝐲𝐩𝐞 𝐓𝐡𝐢𝐧𝐤 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ 𝟏 𝐛𝐲 𝟏 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐚𝐬𝐬 များရဲ့ ပထမတစ်လစာအတွက် 𝟏𝟓% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐨𝐟𝐟

𝐇𝐞𝐫𝐞 𝐘𝐨𝐮𝐭𝐡𝐬 မှ ဖွင့်လှစ်ထားတဲ့ အတန်းတိုင်းအတွက် 𝟕% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐎𝐟𝐟

𝐅𝐨𝐫 𝐂𝐞𝐥𝐥s မှ 𝐑𝐋𝐀 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 အတွက် 𝟓% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 နှင့် 𝐑𝐋𝐀 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬 အတွက် 𝟏𝟎% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐒𝐞𝐨𝐧𝐛𝐚𝐞 𝐂𝐥𝐚𝐬𝐬 - 선배 클라스 မှ ဖွင့်လှစ်တဲ့အတန်းတိုင်းအတွက် 𝟏𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐎𝐟𝐟

𝐊𝐨𝐫𝐞𝐚𝐧 𝐇𝐨𝐥𝐢𝐜 - 𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ကနေ
𝐁𝐚𝐬𝐢𝐜 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬 နဲ့ 𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐂𝐥𝐚𝐬𝐬 တွေအတွက် 𝟐𝟓% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐆𝐮𝐫𝐮 ကနေ ဖွင့်လှစ်ထားတဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 အတွက် 𝟑𝟎% 𝐨𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐁𝐨𝐮𝐧𝐜𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 ကနေ ဖွင့်လှစ်ထားတဲ့ 𝐓𝐡𝐞 𝐍𝐞𝐰 𝐖𝐚𝐲 𝐓𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 အတွက် 𝟒𝟒% 𝐨𝐟𝐟 (80000 MMK) 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐎𝐧𝐞 𝐂𝐥𝐢𝐜𝐤 𝐢𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 မှ 𝟐𝟎% 𝐨𝐟𝐟 𝐟𝐨𝐫 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬𝐞𝐬 နင့်𝟏𝟎% 𝐨𝐟𝐟 𝐟𝐨𝐫 𝐎𝐧𝐞 𝐨𝐧 𝐨𝐧𝐞 𝐜𝐥𝐚𝐬𝐬𝐞𝐬 ရရှိမှာဖြစ်ပါတယ်။


Hello Hello ယူတို့ကော STEM jobs တွေအတွက်ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကအကောင်းဆုံးလဲဆိုပြီးစဉ်းစားဖူးကြလား။🤔မစဉ်းစားဖူးဘူးဆိုရင...
03/02/2025

Hello Hello ယူတို့ကော STEM jobs တွေအတွက်ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကအကောင်းဆုံးလဲဆိုပြီးစဉ်းစားဖူးကြလား။🤔
မစဉ်းစားဖူးဘူးဆိုရင်လဲ မစဉ်းပါနဲ့တော့ ဘာလို့ဆို BFF ကနေ sharing လုပ်ပေးသွားမှာမလို့ပါ။😉
𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐭𝐞𝐬 🇺🇸
US က research institution ပိုင်းမှာလဲထိပ်မှာရပ်တည်နေတဲ့အပြင် STEM opportunities တွေတော်"များ"ကိုလည်း ရရှိနိုင်ပါတယ်။ အဓိကအားဖြင့် technology, engineering and medical research ပိုင်းတွေမှာပိုများပါတယ်။ San Francisco, Boston နဲ့ Seattle လိုမြို့တွေက STEM career အတွက် လစာလဲကောင်းပြီး အလုပ်လဲမရှားမဲ့မြို့ပါနော်။✨
Germany 🇩🇪
Germany ဆိုတာနဲ့ engineering, automotive technology နဲ့ renewable energy ပိုင်းမှာဦးဆောင်နေတဲ့နိုင်ငံအနေနဲ့ နာမည်ကြီးပါတယ်။ STEM field‌ တွေအတွက်လည်း government support ကလဲရှယ်ကောင်းပါတယ်။ Berlin နဲ့ Munich မြို့တွေမှာဆိုရင်လဲ engineers တွေနဲ့ scientists အတွက်အလုပ်အ‌ကိုင်ကောင်းတွေက စောင့်ကြိုနေလျှက်ပါနော်။🤚🏻
United Kingdom 🇬🇧
London boys တွေနဲ့နာမည်ကြီးတဲ့ UK ဟာဆိုရင်လဲ London, Cambridge နဲ့ Oxford လိုအချက်အချာကျတဲ့ မြို့တွေမှာ technology, pharmaceutical နဲ့ AI( artificial intelligence) နဲ့ဆိုင်တဲ့ research work တွေပေါ်များပါတယ်။ ဒါကြောင့်မလို့ STEM professionals တွေအတွက် UK ကလည်းဦးတည်ပြီး သွားသင့်တဲ့နိုင်ငံတစ်ခုပါပဲနော်။ 🤩
𝐂𝐡𝐢𝐧𝐚 🇨🇳
STEM fields တွေနဲ့ပတ်သတ်တယ်ဆိုရင် ပေါက်ဖော်ကြီးတို့ နိုင်ငံကိုလည်း မေ့ထားလို့ကမရပြန်ပါဘူး။ AI, robotics နဲ့ space technology ပိုင်းမှာကြီးကြီးတက်ကို တိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် global STEM powerhouse တစ်ခုသဖွယ်ဖြစ်နေတာပါ။ Beijing နဲ့ Shenzhen မှာတော့ tech နဲ့ engineering တို့နဲ့ဆိုင်တဲ့ job markets ကတော့လက်ညှိုးထိုးမလွဲကိုပေါတဲ့ မြိုတွေပါ။💯
ဒီနိုင်ငံတွေကတော့ STEM အတွက်ကောင်းမွန်တဲ့ လုပ်ပိုင်ခွင့်တွေကိုပေးစွမ်းနိုင်ပါတယ်။ အဲ့တာကြောင့်မလို့ STEM နဲ့ပတ်သတ်ပြီးသွားမယ်ဆို ဒီနိုင်ငံတွေကိုအဓိကရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်နော်။😉💅🏻
Quiz
Which country is rapidly advancing in AI.
A. China
B. Canada
C. Australia
D. United Kindom
📝
🖼️
🐦
©️
D. United Kingdom

Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when Blue Finch Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Blue Finch Foundation:

Share