http://www.globalplatforms.org/myanmar
ခေတ်ရေစီးကတော့စီးလျက်စီးမြဲပင်ဖြစ်သည်။ ပြောင်းလဲမှုကို ကျွန်တော်တို့ငြင်းပယ်လို့မရ တော့ချေ။ ကမ္ဘာ ကြီးဟာရွာတစ်ရွာဖြစ်လာခဲ့ပြီဟူသော အယူအဆများသည်လည်း သွေးထွက်အောင် မှန်လာခဲ့ပြီဖြစ်သည် ။ တစ်နိုင်ငံချင်းသီးခြားရပ်တည်၍မရသော အခြေ အနေကိုကျွန်တော်တို့ ငြင်းပယ်၍မရတော့။ ဈေးကွက်သစ် များပေါ်ထွက်လာသည်။ ထို့အတူ မညီမျှမှုများ ပိုမိုတိုးပွားလာသည်။
၂၁ ရာစု၏စိန်ခေါ်မှုအသစ်များကို ဘ
ယ်သူတွေဖြေရှင်းကြမလဲ ဆိုတဲ့ မေးခွန်းတစ်ခုထွက်ပေါ် လာပါတယ်။ဟုတ်ကဲ့ လူငယ်တွေဖြေရှင်းကြရပါမယ်။ လူငယ်တွေဟာ အနာဂတ်ခေါင်းဆောင် တွေမဟုတ်တော့ပါဘူး။ ယနေ့ခေတ်ရဲ့  ခေါင်းဆောင်တွေဖြစ်ပါတယ်။စွမ်းရည်ပြည့်ဝပြီးရည်မှန်းချက်ကြီးမားတဲ့ မျိုးဆက်သစ်လူငယ်တွေကို ကျွန်တော်တို့ကမ္ဘာကြီးက လိုအပ်နေပါပြီ။လူငယ်တွေဘာလုပ်ကြသလဲ ….. လူငယ်တွေဘယ်သွားနေကြသလဲ….လူငယ်ဆိုတာ ဘာလဲ ……လူငယ်တွေ ဆုံစည်းမိကြပြီဆိုရင် တစ်ခုခုတော့ လုပ်ဖြစ်ကြပါတယ်။ လူငယ်တွေဆုံစည်းတွေ့ ဆုံပြီး တရားမျှတတဲ့လူဘောင်အဖွဲ့ အစည်း ဆီကို ချီတက်ကြဖို့ လိုပါတယ်။ ဘယ်နေရာမှာတွေ့ကြမလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေ တစ်ပိုင်းတစ်စကို Global Platform က အဖြေထုတ်ပေးလိုက်ပါပြီ။ ဟုတ်ကဲ့ Global Platform မှလူငယ်တွေ့ ဆုံကြပါမယ်။ Global Platform ဆိုတာ လူငယ်တွေအတူတကွစုဝေးတွေ့ဆုံပြီး အတွေးသစ်၊ အမြင်သစ်၊ အသိသစ်တွေတိုးပွားလာ အောင် သင်ယူမည့်နေရာ၊ အတွေ့အကြုံ တွေ ဖလှယ်ကြမည့်နေရာ ဖြစ်ပါတယ်။Global Platformက ပြောင်းလဲမှု ကိုဖော်ဆောင်မည့်လူငယ်တွေကို စွမ်းရည်မြှင့်သင်တန်းတွေပေးမှာဖြစ်ပါတယ်။ ဘယ်လိုသင်တန်း တွေလဲဆိုတော့ campaigning, leadership, governance, creative activism နဲ့ active citizenship စသည့် သင်တန်းတွေဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ် အလုပ်ရုံဆွေးနွေးပွဲတွေ၊ ရုပ်ရှင်ပြပွဲတွေ၊ အသိပညာဖလှယ်မှု အစီအစဉ်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ လည်းစဉ်ဆက်မပြတ်လုပ် ဆောင်နေပြီးဒီထက်ပိုပြီး အစီအစဉ်အသစ်တွေ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားဖို့ရည်ရွယ် ထားပါတယ်။ လူငယ်တွေအချင်းချင်း တွေ့ဆုံခွင့် ရပြီးသူတို့အိပ်မက်တွေ မျှဝေကြမယ်။ ပူးပေါင်းဆောင် ရွက်ကြမယ်။ မတရားမှုတွေ၊မညီမျှမှုတွေကို လူငယ် တွေရဲ့  စုစည်းမှုအင်အားနဲ့တိုက်ဖျက်သွားနိုင်အောင် ရည်ရွယ်ပါတယ်။