17/11/2023
" ကျနော်နေတဲ့ ရွာကလေး "
ရှေးကဘိုးဘေး ၊ တည်ထောင်ပေးတဲ့
တို့မွေးဖွားရာ ရွာကလေး။
ပန်းမြတ်ရဂုံ ၊ ပန်းပေါင်းစုံသော
ကုံလုံပြန့်မွှေး ၊ လေချိုအေးနှင့်
ရှုငေးသာစွ ၊ စမ်းမြမြလျင်
ပျားလှလိပ်ပြာ ၊ ပိတုန်းဖြာဝေ
သာယာရှုမော တို့ရွာတော။
ရွာနေပြည်သား ၊ လူအများက
ဥာဏ်အားပြည့်ဝ ၊ ကျန စည်းကမ်း
ရေဖြန်း ပေါင်းသင် ၊ မြောင်းဘောင်ပြင်၍
ရိပ်ပင် ခြံရံ ၊ နည်းလမ်းမှန်ဖြင့်
နယ်ခံရွာသား ဖြစ်သင့်သည်။
အလုအယက် ၊ အတ္တဖက်လျက်
ကိုယ့်ထက်သူသာ ၊ စည်းရိုးကာဖို့
မြေယာပိုင်းခြား ၊ ပန်းရုံကြား၌
စည်သားအားစိုက် ၊ ပိုက်စိတ်တိုက်မျှ
စိတ်ကြိုက်ချယ်လှယ် ၊ ကြောက်မက်ဖွယ်သို့
ရန်စွယ်လွန့်လူး ၊ ရန်ပွဲ မြူး၍
သူဦး ကိုယ်သာ ၊ ပိုင်ဆိုင်ရာဖြင့်
ပိုင်ရာ မဲ့များ ၊ ရှို့မီးပွားလျက်
တုတ်ဓားလက်နက် ၊ ပြည်ရွာပျက်ဖို့
ဖျက်ကြမှာလား တို့ရွာသား။
ပန်းလှမေတ္တာ ၊ ပန်းစုံစွာသည်
ကြင်နာသနား ၊ နှလုံးသားနှင့်
တိုးပွားရွှင်မြူး ၊ ဝန်မှုံ ကူးသည့်
လွန့်လူးပံ့မြှောက် ၊ ဝတ်ရည်သောက်နှင့်
တလျောက်စိတ်ဝမ်း ၊ စိမ့်နှင့် စမ်းနှင့်
အေးချမ်းစေ့ချင် ၊ ပညာယှဉ်၍
ရွာရှင်လူသား အမျိုးများ။
တိုးတက် စေအောင် လုပ်မှာလား။
ကျိုးပျက် ကျေအောင် လုပ်မှာလား။
မျိုးပျက် သေအောင် လုပ်မှာလား။ ။
" သစ်ရိပ်ညို "