I Am A Bill website သည္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ႏွစ္ခုတြင္ တင္သြင္းေဆြးေႏြးေနေသာ ဥပေဒၾကမ္းမ်ားအျပင္ ယင္းလႊတ္ေတာ္ႏွစ္ရပ္ကို ပူးေပါင္းထားသည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ တင္သြင္းေဆြးေႏြးေနေသာ ဥပေဒၾကမ္းဆိုင္ရာ အခ်က္အလက္မ်ားအား မည္သူမဆို အလြယ္တကူ ရယူရွာေဖြနိုင္ရန္ ေရးဆြဲျပင္ဆင္ထားေသာ website တစ္ခု ျဖစ္ပါသည္။
၁။ လႊတ္ေတာ္တြင္း ဥပေဒၾကမ္းမ်ား၏ တင္သြင္းေဆြးေႏြးေနမႈ အေျခအေနမ်ားကို အခ်ိန္ႏွင့္ တေျပးညီ ေဖာ္ျပေပးနိုင္ရန္။
၂။ ဥပေဒျပဳေရး အခန္းက႑တြင္ နည္းပညာအေထာက္အပံ့ကို ရယူ၍ ျပည္သူ႔အသံရယူရန္ ႏွင့္ ျပည္သူမ်ား၏ ပါဝင္မႈကို ပိုမိုျမႇင့္တင္ေပးနိုင္ရန္။
၃။ ဥပေဒၾကမ္းမ်ားကို ျပည္သူမ်ား အခ်ိန္မေရြးအလြယ္တကူရယူနိုင္ရန္ ႏွင့္ အလြယ္တကူနားလည္နိုင္ရန္။
ဥပေဒၾကမ္းဆိုင္ရာ အခ်က္အလက္မ်ားကို ေဖာ္ျပရာတြင္
၁။ ဥပေဒၾကမ္းတင္သြင္းသူဆိုင္ရာ အခ်က္အလက္ (လႊတ္ေတာ္ကိုယ္စားလွယ္ (သို႔မဟုတ္) လႊတ္ေတာ္ေကာ္မတီ (သို႔မဟုတ္) ၀န္ႀကီးဌာန)၊
၂။ ဥပေဒၾကမ္း အမ်ိဳးအစား၊
၃။ လက္ရွိအခ်ိန္တြင္ ဥပေဒၾကမ္း ေရာက္ရွိေနသည့္အဆင့္၊
၄။ ဥပေဒၾကမ္း စတင္တင္သြင္းသည့္အခ်ိန္မွ လက္ရွိအခ်ိန္အထိ ေဆြးေႏြးမႈအဆင့္ဆင့္
စသည္တို႔ကို ရွင္းလင္းစြာ ေဖာ္ျပထားပါသည္။
အေကာင္အထည္ေဖာ္ ေဆာင္ရြက္သည့္ အဖြဲ႕အစည္းမ်ား
I Am A Bill website စီမံကိန္းကို ၿငိမ္းခ်မ္းမၽွတလူမႈဖြံ့ၿဖိဳးေရးအဖြဲ႕က ၂၀၁၇ ခုႏွစ္တြင္ စတင္ အေကာင္အထည္ ေဖာ္ခဲ့ပါသည္။ ဘ႑ာေရးဆိုင္ရာကို US Aid ႏွင့္ FHI360 က ပံ့ပိုးေပးပါသည္။
ထို႔အျပင္ လိုအပ္သည့္သတင္းအခ်က္အလက္ အရင္းအျမစ္မ်ားရရွိရန္ ပြင့္လင္းလႊတ္ေတာ္ (OpenHluttaw)၊ အာနႏၵာ ေဒတာ (ananda data) တို႔ႏွင့္ ပူေပါင္းေဆာင္ရြက္လ်က္ရွိၿပီး နည္းပညာဆိုင္ရာမ်ားအား Zinotech ျဖင့္ ပူးေပါင္း အေကာင္ထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိပါသည္။
ေဆာင္ရြက္သည့္လုပ္ငန္းစဥ္မ်ား
ယခုလႊင့္တင္ထားေသာ I Am A Bill website တြင္ ပါ၀င္သည့္ အသုံးျပဳနိုင္မႈ (features) မ်ား၊ အခ်က္အလက္မ်ားသည္ အစပ်ိဳးကာလ(Beta version)တြင္သာ ရွိပါေသးသည္။ ယခုအခ်ိန္တြင္ လက္ရွိလႊတ္ေတာ္သက္တမ္း (ဒုတိယအႀကိမ္) ၏ ဥပေဒၾကမ္းဆိုင္ရာ ေဆြးေႏြးခ်က္မ်ားကို တင္ဆက္သြားမည္ ျဖစ္ပါသည္။
ေနာက္ပိုင္းတြင္ ေဆြးေႏြးဆဲဥပေဒၾကမ္းမ်ား၏ လုပ္ထုံးလုပ္နည္းအဆင့္ဆင့္ျဖစ္သည့္ ဥပေဒၾကမ္း တင္သြင္းျခင္း၊ ဥပေဒၾကမ္းေကာ္မတီမွ အစီရင္ခံစာတင္သြင္းျခင္း၊ ေဆြးေႏြးျခင္း၊ ျပင္ဆင္ျခင္း၊ အတည္ျပဳျခင္း စသည့္ အေျခအေနမ်ားကိုပါ အမ်ားျပည္သူ ရွင္းလင္းလြယ္ကူစြာ သိရွိနားလည္နိုင္ေစရန္ႏွင့္ သတင္းအခ်က္အလက္မ်ား ပံ့ပိုးေပးနိုင္ရန္ အခ်ိန္ႏွင့္ တေျပးညီ တင္ဆက္သြားမည္ ျဖစ္ပါသည္။
ထို႔ျပင္ အသုံးျပဳသူမ်ား၏ အႀကံျပဳခ်က္မ်ားကိုရယူၿပီး ပိုမို ေကာင္းမြန္မည့္ web platform တစ္ခု ျဖစ္လာေစရန္လည္း စဥ္ဆက္မျပတ္ ေဆာင္ရြက္သြားမည္ ျဖစ္ပါသည္။
========================================
< Unicode >
I Am A Bill website သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ခုတွင် တင်သွင်းဆွေးနွေးနေသော ဥပဒေကြမ်းများအပြင် ယင်းလွှတ်တော်နှစ်ရပ်ကို ပူးပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းဆွေးနွေးနေသော ဥပဒေကြမ်းဆိုင်ရာ အချက်အလက်များအား မည်သူမဆို အလွယ်တကူ ရယူရှာဖွေနိုင်ရန် ရေးဆွဲပြင်ဆင်ထားသော website တစ်ခု ဖြစ်ပါသည်။
ရည်ရွယ်ချက်များ
၁။ လွှတ်တော်တွင်း ဥပဒေကြမ်းများ၏ တင်သွင်းဆွေးနွေးနေမှု အခြေအနေများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနိုင်ရန်။
၂။ ဥပဒေပြုရေး အခန်းကဏ္ဍတွင် နည်းပညာအထောက်အပံ့ကို ရယူ၍ ပြည်သူ့အသံရယူရန် နှင့် ပြည်သူများ၏ ပါဝင်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်။
၃။ ဥပဒေကြမ်းများကို ပြည်သူများ အချိန်မရွေးအလွယ်တကူရယူနိုင်ရန် နှင့် အလွယ်တကူနားလည်နိုင်ရန်။
ဥပဒေကြမ်းဆိုင်ရာ အချက်အလက်များကို ဖော်ပြရာတွင်
၁။ ဥပဒေကြမ်းတင်သွင်းသူဆိုင်ရာ အချက်အလက် (လွှတ်တော်ကိုယ်စားလှယ် (သို့မဟုတ်) လွှတ်တော်ကော်မတီ (သို့မဟုတ်) ၀န်ကြီးဌာန)၊
၂။ ဥပဒေကြမ်း အမျိုးအစား၊
၃။ လက်ရှိအချိန်တွင် ဥပဒေကြမ်း ရောက်ရှိနေသည့်အဆင့်၊
၄။ ဥပဒေကြမ်း စတင်တင်သွင်းသည့်အချိန်မှ လက်ရှိအချိန်အထိ ဆွေးနွေးမှုအဆင့်ဆင့်
စသည်တို့ကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။
အကောင်အထည်ဖော် ဆောင်ရွက်သည့် အဖွဲ့အစည်းများ
I Am A Bill website စီမံကိန်းကို ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့က ၂၀၁၇ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့ပါသည်။ ဘဏ္ဍာရေးဆိုင်ရာကို US Aid နှင့် FHI360 က ပံ့ပိုးပေးပါသည်။
ထို့အပြင် လိုအပ်သည့်သတင်းအချက်အလက် အရင်းအမြစ်များရရှိရန် ပွင့်လင်းလွှတ်တော် (OpenHluttaw)၊ အာနန္ဒာ ဒေတာ (ananda data) တို့နှင့် ပူပေါင်းဆောင်ရွက်လျက်ရှိပြီး နည်းပညာဆိုင်ရာများအား Zinotech ဖြင့် ပူးပေါင်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ
ယခုလွှင့်တင်ထားသော I Am A Bill website တွင် ပါ၀င်သည့် အသုံးပြုနိုင်မှု (features) များ၊ အချက်အလက်များသည် အစပျိုးကာလ(Beta version)တွင်သာ ရှိပါသေးသည်။ ယခုအချိန်တွင် လက်ရှိလွှတ်တော်သက်တမ်း (ဒုတိယအကြိမ်) ၏ ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးချက်များကို တင်ဆက်သွားမည် ဖြစ်ပါသည်။
နောက်ပိုင်းတွင် ဆွေးနွေးဆဲဥပဒေကြမ်းများ၏ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ဖြစ်သည့် ဥပဒေကြမ်း တင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီမှ အစီရင်ခံစာတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်း၊ အတည်ပြုခြင်း စသည့် အခြေအနေများကိုပါ အများပြည်သူ ရှင်းလင်းလွယ်ကူစွာ သိရှိနားလည်နိုင်စေရန်နှင့် သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန် အချိန်နှင့် တပြေးညီ တင်ဆက်သွားမည် ဖြစ်ပါသည်။
ထို့ပြင် အသုံးပြုသူများ၏ အကြံပြုချက်များကိုရယူပြီး ပိုမို ကောင်းမွန်မည့် web platform တစ်ခု ဖြစ်လာစေရန်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
========================================
English Version
I AM A BILL is a Engagement Platform for parliamentary engagement that serve three functions;
1.Bill tracking feature to know what amendments and changes have been made to the bill
2.A repository of Bill Submitted Histories, Bill and discussion that have been submitted to the Parliament for discussion and debate
3.Civic Engagement (vote on the bill, user can leave comment in each bill)