DhammaYoungChi

DhammaYoungChi Dhammayoungchi Dhammadarna Foundation
(ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်း)

ဆိုင်အမှတ်(၉၀) ၊ အ​ဆောင်(၄) ၊ ပထမထပ် ၊ သိမ်ကြီး​စျေး(စီ)ရုံ ၊
​ရွှေတိဂုံဘုရားလမ်း ၊ ရန်ကုန်မြို့။ ဖုန်း- ၀၁ – ၃၈၂၉၃၅၊
ဓမ္မ​ရောင်ခြည် ဓမ္မဒါန​ဖောင်​ဒေးရှင်း (ပင်မ) – 01-382935, 09785382935
ဦးလှမျိုး – 095079674 ,
ဦး​အောင်မြင့် - 01-555603, 095182455
ဦးမြင့်သိန်း - 095143998


ဦးလှမင်းထွန်း – 095015446 , 01201922,
ဦး​ကျော်ဇင်ချစ် -- 09-5136385,
ဦး၀င်း​အောင်​ကျော် -- 09-420054292
ဦး​​သော်လွင်မျိုး -- 09-5014474

05/08/2024
ဘုန်းကြီးကငါတို့ကို စောင်းပြောနေတယ်မထင်ပါနဲ့ ...တည့်တည့်ပြောတာပါ ...ငုတ်တိုင်တွင်ကြိုးဖြင့်ချည်ထားသော ခွေးကို ကြည့်ပါ .....
05/08/2024

ဘုန်းကြီးက
ငါတို့ကို စောင်းပြောနေတယ်မထင်ပါနဲ့ ...
တည့်တည့်ပြောတာပါ ...

ငုတ်တိုင်တွင်
ကြိုးဖြင့်ချည်ထားသော ခွေးကို ကြည့်ပါ ... ။

ထိုခွေးသည်
အိပ်လျှင်၄င်း ထိုင်လျှင်၄င်း
သွားလာလှုပ်ရှားလျှင်၄င်း
ငုတ်တိုင်အနီး၌သာလျှင်ရှိ၏ ... ။

ငုတ်တိုင်အနီး၌သာလျှင်လှည့်ပတ်၍နေ၏ ... ။
ငုတ်တိုင်နှင့် ဝေးရာသို့မရောက်နိုင် ...

အဘယ်ကြောင့်ဆိုသော် ငုတ်တိုင်တွင်
ကြိုးဖြင့်ချည်နှောင်ထားသည်၏ အဖြစ်ကြောင့်တည်း ...

ဤလောက၌ အကြားအမြင်
ဆင်ခြင်ဉာဏ်နည်း သူတို့သည်လည်း
စည်းစိမ်ဥစ္စာကို တွယ်တာစွဲလန်းလွန်းကုန်၏ ... ။

မိမိကိုယ်ကို၄င်း ၊ မိမိနှင့်ပတ်သက်သော
သား သမီး ဇနီး ခင်ပွန်း ပစ္စည်း အိုးအိမ် ရာထူး
အခွင့်အလမ်း ကျော်ဇောခြင်းတို့ကို၄င်း
တွယ်တာ မက်မော လွန်းကုန်၏ ... ။
နှစ်သက်စွဲလန်းကြကုန်၏ ... ။

ထိုလူမျိုးသည် ငုတ်တိုင်၌
ချည်ထားသော ခွေးကဲ့သို့တည်း..

ဘုန်းကြီးပြောလို့ စိတ်မဆိုးကြနဲ့ ... ။

မြတ်စွာဘုရားက
ခန္ဓဝဂ္ဂသံယုတ် ဂဒ္ဒုလဗဒ္ဓသုတ်မှာ
တစ်ကယ်ဟောထားတာနော် ... ။

ကျေးဇူးတော်ရှင်
ဖားအောက်တောရ_ဆရာတော်ဘုရားကြီး

🍀မေတ္တာဖြင့်

Crd :

🙏သီတင်းကျွတ်လပြည့်နေ့                (သို့)     အဘိဓမ္မာအခါတော်နေ့🙏သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အဘိဓမ္မာအခ...
25/10/2023

🙏သီတင်းကျွတ်လပြည့်နေ့
(သို့)
အဘိဓမ္မာအခါတော်နေ့🙏

သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြသည်။

ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။

ထိုအစဥ်အလာကား မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ မယ်တော်မိနတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော်မူပြီး သင်္ကသာနဂိုရ်ပြည်တောင်တံခါးသို့ ဆင်းသက်တော်မူရာအခါ၌ နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည် အစဥ်အလာကို ဆက်လက်ထိန်းသိမ်းကာဖြင့် ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်း ဖြစ်၏။

ဘိုးဘွား မိဘ ဆရာသမားများအား...
ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှားမိခဲ့သည် ရှိသော်...အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့် မိဘဆရာ ပူဇော်ပွဲများ၊ဝါကျွတ်သည့်အခါ အပြစ်ရှိက အချင်းချင်း တောင်းပန် ပြောကြားသော ပဝါရဏာနေ့ အခမ်းအနားများ၊ မီးထွန်းပွဲအခမ်းအနား စသည်ဖြင့်ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့် နေ့ထူးနေ့မြတ်ပင် ဖြစ်သည်။

သီတင်းကျွတ်ကာလတွင် ဗုဒ္ဓဘာသာဝင်တို့၏ လှူဒါန်းခြင်းအမျိုးမျိုးတွင် ရဟန်းသံဃာတော်များအား သင်္ကန်းလှူဒါန်းခြင်းသည် မွန်မြတ်သော အလှူတစ်ခုဖြစ်ပြီး အကျိုးထူးများခံစားရစေခြင်းကို ရေးသား၍ ဓမ္မဒါနပြုလိုက်ပါတယ်။

သံဃာတော်များသီတင်းသုံးရာ ကျောင်းတိုက်တို့မှာ အဖွဲ့အစည်းဖြင့်လည်းကောင်း၊
မိသားစုဖြင့်လည်းကောင်း၊တစ်ဦးတစ်ယောက်တည်းသော်လည်းကောင်းကျောင်းတိုက်တို့တွင်
သီတင်းသုံးသည့် သံဃာတော်များအား သင်္ကန်းများ ကပ်လှူလေ့ရှိကြပါတယ်။

⚜️မိမိတို့ချွေးနည်းစာများဖြင့် သင်္ကန်းများကပ်လှူသည့်အခါ ထိုအလှူကို အကြောင်းပြု၍ ကောင်းကျိုးတွေ
ဘယ်လောက်ရတယ်ဆိုတာ သိရှိထားရင် မိမိတို့ အလှူပေါ်မှာ ပိုပြီးတော့ ဝမ်းမြောက်ဝမ်းသာ
ဖြစ်ရပါတယ်။ ပို၍လည်း အကျိူးပေးထက်သန်ပါတယ်။

သင်္ကန်းကပ်လှူခြင်း အကျိုးများကတော့.....

⚜️ဖြစ်လေရာ ဘဝအဆက်ဆက်တွင် အဝတ်အထည်အတွက် စိုးရိမ်ပူပန်မှုကင်းဝေးစေခြင်း
⚜️ရုပ်ဆင်းအင်္ဂါလှပတင့်တယ်စေခြင်း
⚜️ကိုယ်ရောင်ကိုယ်ဝါ တောက်ပစေခြင်း
⚜️ခေတ်ကာလ အလျောက် ပေါ်ပေါက်လာသည့် အဝတ်အထည်တို့ကို စိတ်ထဲမှ တောင့်တရုံဖြင့်
ထိုအဝတ်အထည်တို့မှာ ပုံစံတစ်မျိုးမျိုးဖြင့် မိမိလက်သို့ရောက်ရှိလာနိုင်ခြင်းဆိုတယ့် အကျိုးတရားများကို ရရှိစေပါတယ်။
⚜️သင်္ကန်းများကပ်လှူရခြင်းဖြင့် လောကီကောင်းကျိုးချမ်းသာ၊လောကုတ္တရာကောင်းကျိုးချမ်းသာ အဖြာဖြာတို့ကို ရရှိနိုင်မှာဖြစ်လို့ ဓမ္မမိတ်ဆွေများအားလုံး သင်္ကန်းများ လှူဒါန်းရင်း ကောင်းကျိုးချမ်းသာ
များခံစားနိုင်ကြပါစေ။🙏🙏🙏

Credit:

ဘုရားပေးတဲ့ ယတြာ-------------------ဆရာကြီးစန္ဒြဆိုတာကမြန်မာပြည်ရဲ့ ဗေဒင်နဲ့ လက္ခဏာပညာမှာ နိုင်ငံ့ ခေါင်းဆောင်တွေ၊ သူဌေးတ...
31/07/2023

ဘုရားပေးတဲ့ ယတြာ
-------------------
ဆရာကြီးစန္ဒြဆိုတာက
မြန်မာပြည်ရဲ့ ဗေဒင်နဲ့ လက္ခဏာပညာမှာ နိုင်ငံ့ ခေါင်းဆောင်တွေ၊ သူဌေးတွေ၊ ရုပ်ရှင်လောက သားတွေနဲ့ပြည်သူတွေပါလေးစားဂုဏ်ပြုခြင်းခံရတဲ့ တကယ့်ပါရမီရှင် ပုဂ္ဂိုလ် တဦးပါ။

ဘယ်အသက်ရွယ်မှာသေမလဲ၊ ဘယ်အချိန်မှာဘာဖြစ်မယ် ဘယ်အချိန်မှာအောင် မြင်မယ် ဘယ်အချိန်ပြည်ပကို ခရီးထွက်ရမယ်ဆိုတာကအစ အတတ်ဟောနိုင်တဲ့အအောင်မြင်ဆုံး မြန်မာ့လက္ခဏာဗေဒင်ပညာရှင်။

ဒါပေမဲ့ သူ့ဟောခန်းမှာ ရဟန်းသာမဏေများနဲ့သီလရှင်များအား မဟောပါ ဆိုပြီးဆိုင်းဘုတ်ချိတ်ထားသတဲ့

ဒါနဲ့ ပတ်သက်ပြီး ဆရာစန္ဒြကို မေးမြန်းကြည့်တဲ့အခါ

တပည့်တော်က ရဟန်းသာမဏေများနဲ့ သီလရှင်များကို မကောင်းတဲ့အတိတ်နိမိတ်မြင်လို့ကြိုတင်နိမိတ်ဖတ်ဟောတဲ့အခါ လွဲတာကများတယ်။

ရဟန်းသံဃာများဟာ
နေ့စဉ်အမြဲ ဘုရားကိုသောက်တော်ရေ၊ပန်းတော်၊ ဆွမ်းတော်စတဲ့ ဘုရားဝေယျာဝစ္စ။ ပရိတ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တဲ့ ဓမ္မာနုဿတိ။ ကျောင်း အိပ်ရာနေရာ တံမြက်လှည်းခြင်းစတဲ့ ကုသိုလ်ကိစ္စတွေကို နေ့စဉ်မပြတ် ပြုလုပ်ကြတာများတော့ နောင်ဖြစ် လာမည့် မကောင်းတဲ့ အတိတ်နိမိတ်တွေဟာ မဖြစ်နိုင်ကြတော့ဘူး။

ကုသိုလ်စရဏတရားတွေ
မပြတ်ပြုလုပ်နေသူတွေကို သူဟောရင် လွဲတာက များတယ် တဲ့။ ဒါကြောင့် ရဟန်းသံဃာများနဲ့ သီလ ရှင်များကို တပည့်တော် ဗေဒင်မဟောခြင်းပါလို့ ဆိုပါတယ်။

ဆရာကြီးဟာ သူ့အသက် ၇၂နှစ်မှာ သေမယ်လို့သူ့ပညာအရသိတဲ့အခါ ဗေဒင်လက္ခဏာ ပညာကို ခဏရပ်နားကာ ဆရာတော်ကြီးတွေရဲ့အဆုံးအမကိုခံယူပြီး အညာဘက်ကိုသွား နွားတွေဝယ် ဘေးမဲ့လွတ်၊ ရေးရှားတဲ့ဒေသတွေမှာရေတွင်းရေကန်တွေတူးလှူစတဲ့ ကုသိုလ်တွေကိုပြုလုပ်ခဲ့ပါတယ်။

အသက် ၇၂နှစ်မှာမသေခဲ့တဲ့အတွက် သူ့ပညာတွေကို အပြီးအပိုင် စွန့်လွှတ်ပြီး ရဟန်းဝတ်ပါတယ်။

ရဟန်းဘဝနဲ့ ဗုဒ္ဓတရားတော်များက လူတယောက်ရဲ့ကံဇာတာကို ပြောင်းလဲ
ပေးနိုင်ကြောင်း ဆောင်းပါးများကို ရေးသားခဲ့ပါတယ်။

အသက်၈၃နှစ်မှ ရွှေပြည်သာက ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ
လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာကြီးရဲ့ဘဝအတွေ့ အကြုံ သင်ခန်းစာတွေကို ကြည့်ခြင်းအားဖြင့် ကုသိုလ်အလုပ်တွေကို စဉ်ဆက်မပြတ်ပြုလုပ်နေသူတို့အဖို့ ကံဆိုး ကံညံ့တွေမကျရောက်နိုင်ဘူး။

မကောင်းတဲ့အတိတ်တွေ နိမိတ်တွေဟာ အကောင်းဘက်ကို ရောက်ရှိသွားနိုင်တယ် ဆိုတာတွေ့ရပါတယ်။

ဒါ့ကြောင့် ကိုယ့်ဘဝမှာ မကောင်းတဲ့ အတိုက်အခိုက်တွေကြုံလာလို့ပဲ ဖြစ်ဖြစ်၊

အလုပ်အကိုင် အဆင်မပြေလို့ဘဲ ဖြစ်ဖြစ်၊ ဗေဒင်ကကိုယ့်ကိုယ် ကံဆိုးကံညံ့ရှိနေတယ်လို့ဘဲ ဟောဟော လုပ်နိုင်သ၍ကုသိုလ်ကောင်းမှုတွေကိုသာ တိုးတိုးပြီး နေ့စဥ်လုပ်နိုင်သ၍ ကုသိုလ်ပြုကြပါလို့
တိုက်တွန်းပါရစေ။

ဓမ္မရောင်ခြည် ဓမ္မဒါန ဖောင်ဒေးရှင်း ၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ဆရာ​တော်ကြီးများထံမှ သြဝါဒခံယူပွဲကို ၂၊၇၊ ၂၀၂၃ ​တနင်္ဂ​န...
21/06/2023

ဓမ္မရောင်ခြည် ဓမ္မဒါန ဖောင်ဒေးရှင်း ၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ဆရာ​တော်ကြီးများထံမှ သြဝါဒခံယူပွဲကို ၂၊၇၊ ၂၀၂၃ ​တနင်္ဂ​နွေ​နေ့ နေ့လည် ၂နာရီတွင် ရန်ကုန်မြို့ မိုးကုတ်ဝိပသနာအဖွဲ့ချုပ် ပိဋကတ်တိုက် စာအုပ်ဆိုင်အ​ပေါ်ထပ် ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဓမ္မ​ရောင်ခြည်၏ ဓမ္မမိတ်​ဆွေများအားလုံး ကြွ​ရောက်ချီးမြှင့်ကြပါရန် ​လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အလုပ်အမှု​ဆောင်အဖွဲ့
ဓမ္မ​ရောင်ခြည် ဓမ္မဒါန​ဖောင်​ဒေးရှင်း

Pl share

မဟာပဋ္ဌာန်းတရားတော်မြတ်ကို ကြည်ညို၍ ပူဇော်နေကြသူများ"ပူဇကော လဘတေ ပူဇံ" ပူဇော်သင့် ပူဇော်ထိုက်တဲ့ ဘုရား တရား သံဃာကို ပူဇေ...
09/05/2023

မဟာပဋ္ဌာန်းတရားတော်မြတ်ကို
ကြည်ညို၍ ပူဇော်နေကြသူများ

"ပူဇကော လဘတေ ပူဇံ" ပူဇော်သင့် ပူဇော်ထိုက်တဲ့
ဘုရား တရား သံဃာကို ပူဇော်ရင် ကိုယ်လည်း ပြန်ပြီး
အပူဇော်ခံရတယ်။

ဘုရားကို ပူဇော်ရင် ဖြစ်လေရာ ဘဝမှာ ဘုန်းတန်ခိုး
ကြီးတယ်၊ တရားတော်ကို ပူဇော်ရင် ဖြစ်လေရာ ဘဝ
မှာ ပညာကြီးတယ်၊ သံဃာတော်ကို ပူဇော်ရင် ဖြစ်လေ
ရာ ဘဝမှာ စည်းစိမ်ဥစ္စာကြီးမားတယ်။

မန္တလေးမြို့ မစိုးရိမ်ဆရာတော်ကြီးကတော့ ပဋ္ဌာန်းတရား
တော်ကို ပူဇော်သောအားဖြင့် သက်တော် ကိုးဆယ်ကျော်တိုင်
အောင် ပဋ္ဌာန်းစာဝါကို နေ့စဥ် နေ့တိုင်း ပို့ချသွားပါတယ်၊
မစိုးရိမ်တိုက်ကပဲ ပဋ္ဌာန်းဆရာတော်ဦးဝိသုဒ္ဓက တစ်သက်
လုံးပဋ္ဌာန်းတရားတော်ကို ဟောပြောသွားပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းက ခင်ဦးတောရ မူလပဋ္ဌာန်း
ဆရာတော်၊ စစ်ကိုင်းတောင်ရိုးက ပဋ္ဌာန်းသိပ္ပံဆရာ
တော်၊ မန္တလေးမြို့ရွှေရေးဆောင်ကျောင်းတိုက် ပဋ္ဌာန်း
ဆရာတော် ဦးဝဇိရဗုဒ္ဓိတို့ကလည်း တစ်သက်လုံး ပဋ္ဌာန်း
စာဝါတွေပို့ချပြီးတော့ ပဋ္ဌာန်းတရားတော်ကို ပူဇော်သွား
ကြပါတယ်။

ဘုန်းကြီးတို့ရဲ့ ကျေးဇူးတော်ရှင် တောင်မြို့မဟာဂန္ဓာရုံ
ဆရာတော်လည်း ပဋ္ဌာန်းတရားတော်ကို လူတွေနားလည်
အောင် အကျယ်တဝင့်ဟောပြောသွားတယ်၊ရေးသားသွား
တယ်၊ ယခုလက်ရှိ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ
ဗန်းမော်ဆရာတော်လည်း ပဋ္ဌာန်းတရားတော်ကို ကိုယ်တိုင်
ရွတ်ဖတ်ပူဇော်သလို ဒကာဒကာမတွေ ရွတ်ဖတ်ပူဇော်ကြဖို့
အခါသင့်လို့ အခွင့်ကြုံတိုင်း တိုက်တွန်းနှိုးဆော်နေတာ တွေ့
ရတယ်။

မင်းကွန်းတိပိဋကဓရဆရာတော်လည်း ပဋ္ဌာန်းတရားတော်ကို
ကြည်ညိုလေးစားသူတွေထဲမှာ ရှေတန်းက ပါဝင်တယ်၊ ဆရာ
တော်ရဲ့ ယုံကြည်ချက်က ပဋ္ဌာန်းတရားတော်က သဘာဝဘေး
ရန် အန္တရာယ်တွေကို ဖယ်ရှားပစ်နိုင်တယ်လို့ ယုံကြည်တယ်။
ယုံကြည်တဲ့အတိုင်းလည်း ပဋ္ဌာန်းတရားတော်ကို ကိုယ်တိုင် ရွတ်
ဖတ် ပူဇော်သလို သူ့တပည့် ရဟန်းသံဃာတော်များနဲ့ ဒကာ ဒကာ
မတွေကိုလည်း ရွတ်ဖတ်ပူဇော်ကြဖို့ တိုက်တွန်း နှိုးဆော်စည်းရုံးလေ့
ရှိပါတယ်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီး၏ အဓိပတိဆရာတော်လည်း
ပဋ္ဌာန်းတရားတော်ကို ကြည်ညိုလေးစားရာမှာ ရှေ့တန်းက ပါဝင်
ပါတယ်၊ သူကိုယ်တိုင်လည်း ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ်ပူဇော်
သလို သူ့တပည့် သံဃာတော်များနဲ့ ဒကာဒကာမတွေကိုလည်း ရွတ်
ဖတ်ပူဇော်ကြဖို့ စည်းရုံးလေ့ရှိပါတယ်။

" မင်းတို့ ပဋ္ဌာန်းတရားတော်ကို အရွတ်အဖတ် မပျင်းကြနဲ့၊ ပဋ္ဌာန်း
တရားတော်က တကယ့် ဘုရားဟော အစစ်၊ ရွတ်ဖတ်ပူဇော်နေတဲ့
အချိန်တိုင်း ဘုရားနဲ့ တွေ့နေရတာ၊ ဘုရားနဲ့ တွေ့မှ သဒ္ဓါတရားတွေ
ဖြစ်ပေါ်လာပြီး ကိုယ့်သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွါးလာမှာ၊
ဒီ ကုသိုလ်တရားတွေက ငါတို့ရဲ့ ဘဝကို မြှင့်တင်ပေးမှာ၊ ငါဆို
ငယ်ငယ်လေးကတည်းက နေ့စဥ်မပြတ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်လာ
တာ၊ ဘယ်နေ့မှ မရွတ် မဖတ်ဘဲ မဖြတ်ကျော်ဘူး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ၊
ပစ္စယနိဒ္ဒေသပါဠိတော်ကို တစ်နေ့ ၂၄ ကြိမ် ပူဇော်တယ်၊ အလွတ်
ရွတ်ရင် စိတ်ပြန့်လွင့်မှာ စိုးလို့ စာအုပ်ကြည့်ပြီး ပူဇော်တာ၊ လမ်း
လျှောက်ရင်း ပဋ္ဌာန်းပဥှာဝါရ ဝိဘင်္ဂပါဠိတော်ကို ရွတ်ဖတ်ပူဇော်
တယ်။

ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း
လေးထောင်ကို ပူဇော်တဲ့ အနေနဲ့ သီရိဓမ္မာသောကမင်းကြီးက စေ
တီပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ်သောင်းလေး
ထောင်၊ ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင် လှူခဲ့တာ။

ငါတို့က သူ့လို ဘယ်လှူနှိုင်မှာလဲကွ၊ ဒါ့ကြောင့်မို့ ငါလည်း ဓမ္မ
က္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အလေးအမြတ်အာရုံပြု
ပြီး ပဋ္ဌာန်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသပါဠိတော်ကို အခေါက်ရေ
ရှစ်သောင်းလေးထောင်ပြည့်အောင် ရွတ်ဖတ်ပြီး ပူဇော်မယ်လို့
အဓိဋ္ဌာန်ထားတယ်၊ မင်းတို့ အရွတ်မပျင်းကြနဲ့၊ ပဋ္ဌာန်းတရားတော်
ကို နေ့စဥ် ပူဇော်ဖို့ မမေ့ကြနဲ့၊ ကုသိုလ်လည်း ရတယ်၊ စိတ်ဓာတ်လည်း
စင်ကြယ်သန့်ရှင်းတယ်၊ ရုပ်ရည်အဆင်းလည်း ကြည်လင်တယ်၊
ကျက်သရေ ရှိတယ်၊ သာသနာ့အလုပ်တွေ ပြီးစီး အောင်မြင်ဖို့
အတွက်လည်း အများကြီးအထောက်အကူဖြစ်တယ်။

ဘုန်းကြီးတို့ကိုယ်တိုင်လည်း ပဋ္ဌာန်းတရားတော်ကို ကြည်ညိုလေး
စားလို့ ပဋ္ဌာန်းစာဝါကို ပို့ချလာတာ နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီ၊
ပဋ္ဌာန်းတရားတော်ကို လေးလေးနက်နက် စူးစမ်းဆင်ခြင်တဲ့ အလေ့
အထရှိရင် ကျိုးကြောင်းဆင်ခြင်ဉာဏ်ထက်သန်အားကောင်းလာနိုင်
တယ်လို့ ယုံကြည်နေမိပါတယ်၊ မစိုးရိမ်ဆရာတော် မိန့်ကြားခဲ့တဲ့အတိုင်း
ပဋ္ဌာန်းတရားတော်က ဘုန်းကြီးတို့ရဲ့ ဘဝကို မြှင့်တင်ပေးနေပါတယ်၊
ဘုန်းကြီးတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘဝကိုလည်း အန္တရာယ်ကင်း
အောင် ဘေးရှင်းအောင် ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာ
တွေနဲ့ ပြည့်စုံအောင် မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်နေမိပါတယ်။

အဓိပတိပစ္စည်းမှာ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့အတိုင်း
ဘယ်လုပ်ငန်းပဲ လုပ်လုပ် တကယ်ကို ထက်သန်တဲ့ ဆန္ဒ၊ တကယ်ကို
ထက်သန်တဲ့ ကြိုးစား အားထုတ်မှု၊ တကယ်ကို ထက်သန်တဲ့ စိတ်ဝင်
စားမှု၊ တကယ်ကို ထက်သန်တဲ့ စူးစမ်းလေ့လာ ဆင်ခြင်သုံးသပ်မှုနဲ့
ပြည့်စုံအောင် ကြိုးပမ်းအားထုတ်မယ်ဆိုရင် ဘယ်အလုပ်ပဲ ဖြစ်ဖြစ်
အောင်မြင်နိုင်ပါတယ်။ ရဟန်းသံဃာတွေရော ဒကာဒကာမတွေရော
ဘယ်အလုပ်ပဲ လုပ်လုပ် အဓိပတိတရားလေးပါးကို လက်ကိုင်ထားပြီး
ကြိုးစားအားထုတ်နိုင်ကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။ ကြိုးစား
အားထုတ်တဲ့ အတိုင်းလည်း ပင်လယ်ကြီးလို ကျယ်ပြန့် နက်ရှိုင်းတဲ့
ပဋ္ဌာန်းတရားတော်ရဲ့ အရသာကို ခံစားနိုင်ကြပါစေ။ ကောင်းကျိုးလို
ရာ ဆန္ဒ ပြည့်ဝ ကြပါစေ။

ဓမ္မရောင်ခြည်မိသားစုများနဲ့ မဟာပဋ္ဌာန်းတရားတော်ကို အစဥ်ထာဝရ
ရွတ်ဖတ်ပူဇော်နေကြသူများ၊ ရွတ်ဖတ်ပူဇော်နိုင်အောင် စဥ်ဆက်မပြတ်
လှူဒါန်းနေကြသူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လောကနဲ့
သာသနာတော်ကို အစဥ်ထာဝရ အလှဆင်နိုင်ကြပါစေ။

ဓမ္မဝိလာသ
ဂန္ဓာရုံဘုံကျော်ဆရာတော်

.   …🔹 ကဆုန်လပြည့်နေ့       နေမဝင်ခင်အချိန်လေးမှာ …      မာန်နတ်နဲ့ နောက်လိုက်နောက်ပါ       စစ်သည်အပေါင်းကို အောင်နိုင်ခ...
03/05/2023

. …
🔹 ကဆုန်လပြည့်နေ့
နေမဝင်ခင်အချိန်လေးမှာ …
မာန်နတ်နဲ့ နောက်လိုက်နောက်ပါ
စစ်သည်အပေါင်းကို အောင်နိုင်ခဲ့တာဟာ
ကဆုန်လပြည့်နေ့ မြတ်ဗုဒ္ဓရဲ့
အပြင်အောင်ပွဲတစ်ခုပဲပေါ့။
အဲဒီအချိန်မှာ ဘုရားမဖြစ်သေးဘူး။

အားလုံးရန်တွေ ရှင်းသွားတဲ့နောက်မှာ
ဘုရားအလောင်းဟာ
အာနာပါနသတိ ကမ္မဋ္ဌာန်းနဲ့
ဆက်ပြီးတော့ ဈာန်တရားကို ပွားများ
အားထုတ်လိုက်တာ
ပထမယံလို့ ဆိုတဲ့ ၁၀နာရီအတွင်းမှာ
ပုဗ္ဗေနိဝါသအဘိညာဉ်ကို ရှင်းရှင်းကြီး
ထပ်မံရရှိတယ်။

ဒုတိယမစ္ဇျိမယံလို့ဆိုတဲ့
၁၀နာရီမှ နာရီပြန်နှစ်ချက်လောက်
အလယ်ပိုင်းမှာ
ဒိဗ္ဗစက္ခုဉာဏ်ကို ရရှိတယ်၊
ဒါဟာ သမထကျင့်စဉ်နဲ့ရရှိတဲ့
အဘိညာဉ်နှစ်ခုကိုဖော်ပြတာ
ပု ဒိ အာ ဆိုတာပေါ့။

သမထကျင့်စဉ်နဲ့
အစွမ်းထက်တဲ့ ဒီဉာဏ်နှစ်မျိုးကို ရပြီး
နောက်ပိုင်းကိုရောက်တော့
အာနာပါနသတိကို အခြေခံပြီး
ဝိပဿနာရှုတာ၊

အဲဒီ ဝိပဿနာရှုလိုက်ပြီဆိုတော့မှ
သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်၊
သဒါဂါမျမိမဂျ, သဒါဂါမျမိဖိုလျ၊
အနာဂါမ်မိမဂ်, အနာဂါမ်မိဖိုလ်၊
အရဟတ္တမဂ်, အရဟတ္တဖိုလ် လို့
မဂ်လေးပါး ဖိုလ်လေးပါး
တစ်ဆင့် တစ်ဆင့်တက် ရသွားပြီး

နောက်ဆုံးမှာ ကဆုန်လပြည့်နေည
နံနက်အာရုဏ်တက်ခါနီး အချိန်လေးမှာကပ်ပြီး
အာသဝက္ခယ အဘိညာဉ်ကိုရရှိပြီး
ဘုရားရဲ့ ဂုဏ်ထူးဝိသေသတွေအားလုံးရရှိ
ဘုရားအဖြစ်သို့ ရောက်သွားတယ်။

#မြတ်ဗုဒ္ဓရဲ့အောင်ပွဲများဆိုတာ

- နေမဝင်ခင် အချိန်မှာ
အကြမ်းဖက်တိုက်ခိုက်လာတဲ့
မာန်နတ်သားကို အောင်နိုင်လိုက်တဲ့
#ဒေဝပုတ္တာမာန်ကိုအောင်မြင်ခြင်း။

- အာရုဏ်မတက်ခင် အချိန်လေးမှာ
အာသဝက္ခယဉာဏ်ကိုရသွားတဲ့ အချိန်မှာ
သံသရာထဲမှာ ပါလာခဲ့တဲ့
ကိလေသာတွေအားလုံးကို ဖယ်ရှားလိုက်လို့
#ကိလေသာမာန်ကိုအောင်တယ်။

- ကိလေသာမာန်ကို အောင်ခြင်းအားဖြင့်
ကိလေသာရဲ့ အကူအညီနဲ့ ဘဝတစ်ခုကို
ဖန်တီးမယ့် ကံတရားဖြစ်တဲ့
#အဘိသင်္ခါမာန်ကိုလည်းအောင်လိုက်တယ်။

- ဘဝတစ်ခု ​ ရောက်နေရင်
သေဆုံးရခြင်း ဆိုတာတွေက
မပြတ်လာမှာဖြစ်တယ်၊
နောင်ဘဝမှာ သေစရာ
ခန္ဓာမရတော့သည့်အတွက်ကြောင့်
သေခြင်းတရားဆိုတဲ့
#မဉ္စုမာန်ကိုလည်းအောင်မြင်လိုက်တယ်။

- ကိလေသာကိုအောင်လိုက်တာဖြစ်လို့
ကိလေသာနဲ့ ကံတို့ပေါင်းစပ်ပြီး ထုတ်တဲ့
ခန္ဓာဆိုတာလည်း နောက်ဘဝမှာ
ထုတ်နိုင်ဖို့ရာ မရှိတော့ဘူး။
ဒါကြောင့်မို့
#ခန္ဓာ့မာန်ကိုလည်းအောင်တယ်။

မြတ်ဗုဒ္ဓရဲ့
ကဆုန်လပြည့်နေ့ အောင်ပွဲတွေဟာ
နေမဝင်ခင်က
မာန်နတ်သားဆိုတဲ့ ဒေဝပုတ္တမာန်ကို အောင်တယ်၊

သန်းခေါင်ကျော်လို့ မိုးသောက်ယံအချိန်မှာ
ကိလေသာတွေကို အောင်လိုက်တယ်၊၊
ကိလေသာအောင်ခြင်းအားဖြင့်
ကံကိုလည်း အောင်ပြီးသားဖြစ်သွားတယ်။
ခန္ဓာကိုလည်း အောင်ပြီးသား ဖြစ်သွားတယ်။
သေခြင်းတရားကိုလည်း
အောင်မြင်ပြီးဖြစ်သွားတယ်။

ဒါကြောင့်မို့
မာန်ငါးပါးကို အောင်တာဟာ
ဒီ ကဆုန်လပြည့်နေ့။
ဒါတွေဟာ မြတ်စွာဘုရားရဲ့
ကဆုန်လပြည့်အောင်ပွဲများပဲ ဖြစ်တယ်ပေါ့။ { ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး }
🙏 🙏 🙏
[“ ကဆုန်လပြည့်နေ့ မြတ်ဗုဒ္ဓ၏အောင်ပွဲများ”
တရားတော်မှ ပူဇော်ပါသည် ]

 #ဓမ္မရောင်ခြည်ကိုရင်စီမံကိန်းများကိုအသိပေးပါရစေ၁။  #ကိုရင်ဝတ်ပေးခြင်းကိုရင်တပါးစာ ၄​သောင်းနှုန်းဖြင့်အလှူခံပါတယ်။ ကိုရင...
25/04/2023

#ဓမ္မရောင်ခြည်ကိုရင်စီမံကိန်းများကိုအသိပေးပါရစေ

၁။ #ကိုရင်ဝတ်ပေးခြင်း

ကိုရင်တပါးစာ ၄​သောင်းနှုန်းဖြင့်အလှူခံပါတယ်။ ကိုရင်ဝတ်မယ့်​နေရာများကို ​ထောက်ပံ့လှူဒါန်းပါတယ်(အမြဲဝတ်မယ့်ကိုရင်စု​ဆောင်းတာပါ)
​ကျေးရွာတိုင်းမှာကိုရင်ဝတ်​ပေးကြပါ။ မြဲ​အောင်​စောင့်​ရှောက်​ပေးကြပါ။

၂။ #စာသင်သားကိုရင်ထောက်ပံ့လှူဒါန်းခြင်း

စာသင်သားကိုရင်တပါးကိုအနည်းဆုံးတစ်လတစ်​သောင်းလှူ​ပေးမယ့်အလှူရှင် ရှာ​ဖွေပါတယ်။ ရလာရင် အလှူရှင်နဲ့အနီးဆုံး​​ကျောင်းတိုက်က စာသင်သားကိုရင်ကို ချိပ်ဆက်​ပေးပါတယ်။ အလှူရှင်ကိုယ်တိုင်လစဥ်သွား​တွေ့ အား​ပေး ​လှူဒါန်း​​စေတာဖြစ်ပါတယ်။ (မိဘသဖွယ်)
သွားလှူဖို့အခက်အခဲရှိရင်လည်း ဓမ္မ​ရောင်ခြည်သာသနာပြုကိုယ်စားလှယ်များက လှူဒါန်း​ပေးပါတယ်။

သာသနာကိုချစ်မြတ်နိုးတဲ့ ခမည်း​တော်၊ မယ်​တော်များ များစွာလိုအပ်ပါတယ်။
မြို့အလိုက်အကျိုး​ဆောင်​ပေးမယ့် ​​စေတနာရှင်များလည်းလိုအပ်ပါတယ်။

ကိုရင်စီမံကိန်းများနှင့်ပတ်သက်လို့​ ဆောင်ရွက်လိုပါက အကျိုး​ဆောင်ဓမ္မ​ရောင်ခြည်အဖွဲ့နဲ့ ဆက်သွယ်ပါရန်....

ဓမ္မရောင်ခြည် ဓမ္မဒါန ဖောင်ဒေးရှင်း
၀၉၅၀၇၉၆၇၄/ ၀၉၂၅၂၈၀၈၂၉၁

Kpay/ Wavepay
****************
Daw Tin Aye Maw
09784266646

အနည်းဆုံးကိုရင်​လေးတပါးဝတ်​ပေးကြပါ။ စာသင်သားကိုရင်​လေးတပါးကို​ စောင့်​ရှောက်လှူဒါန်း​ပေးကြပါ။ မိမိ​ကြောင့် သာသနာမှာ ကိုရင်​လေးတပါးမြဲ​သွားအောင် စွမ်း​ဆောင်လိုက်ပါ။

#ပြိုင်တူတွန်းရင်ရွေ့နိုင်ပါသည်

Pl share

20/04/2023
ညနေအလုပ်ကအပြန်အိမ်ကိုရောက်တာနဲ့ အမေနဲ့ဇနီးသည်ပြောနေတဲ့စကားတွေကိုကြားနေရတယ်..." သမီးရယ် အမေရောဂါနဲ့ ဒီးဟင်းတွေနဲ့ စားလို့...
19/04/2023

ညနေအလုပ်ကအပြန်အိမ်ကိုရောက်တာနဲ့

အမေနဲ့ဇနီးသည်ပြောနေတဲ့စကား
တွေကိုကြားနေရတယ်...

" သမီးရယ် အမေရောဂါနဲ့ ဒီးဟင်းတွေနဲ့ စားလို့မှမရတာ
တခြားဟင်းမရှိတော့ဘူးလား"

"ဒီမှာ တော်သားရတဲ့လစာနဲ့ ဒီဟင်းနဲ့ပဲစားရတာကံကောင်းတယ်မှတ်"

မိန်းမဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့ကျွန်တော် ဒေါသတွေဖြစ်မိတယ်
ပြီးတော့မိန်းမဖြစ်သူကိုပြောလိုက်တယ်……

"မင်းကလဲကွာ အမေမှာဒီဟင်းတွေနဲ့မတည့်ပါဘူး မစားနဲ့လို့
ဒေါက်တာကမှာထားတယ်လေ ဒီလောက်တော့မင်းနားလည်ရမှာပေါ့"

"ဒီလောက်စားချင်နေရင် ရှင့်အမေကိုရှင်ကိုယ်တိုင်ချက်ကျွေးလိုက်……"

မိန်းမဖြစ်သူကမကျေမနပ်နဲ့အခန်းထဲဝင်ပြီးတံခါးကိုဆောင့်ပိတ်လိုက်တယ် ဝုန်း…
ကျွန်တော်အမေဘက်ကိုလှည့်ပြီးအမေကိုကြည့်လိုက်တော့အမေရဲ့မျက်ဝန်းအိမ်
မှာမျက်ရည်စတွေတွဲခိုနေတာတွေ့လိုက်ရတယ်……

"အမေ မငိုပါနဲ့နော် အမေဒီးဟင်းတွေလဲမစားနဲ့ အမေတွက် သားခေါက်ဆွဲ
တစ်ပွဲလုပ်ပေးမယ်နော်"

"မလုပ်ပါနဲ့သားရယ် အမေစားနိုင်ပါတယ် သားလဲအလုပ်ကပြန်လာတာ
ပင်ပန်းနေမှာပေါ့ နားလိုက်တော့နော်……"

"ရပါတယ် မေမေရယ် သားမပင်ပန်းပါဘူး မေမေကိုအခုခေါက်ဆွဲတစ်ပွဲ
ပြင်ပေးမယ်နော် ပြီးရင်သားပြောစရာရှိတယ်မေမေ သားခေါက်ဆွဲပြင်လိုက်မယ်နော်"

"နေပါအုံးသားရယ် ပြောစရာရှိတာအရင်ပြောပါ"

"ဒီလိုပါ အိမ်မှာနေရတာကလဲအမေမှာအဆင်မပြေဘူးလေ ပြီးတော့သားမိန်းမ
ကလဲအမေကိုဆိုအမြဲတမ်းအပြစ်ပြောနေတာ အမေလဲစိတ်ဆင်းရဲရတယ်
ဒီတော့အမေအဆင်ပြေအောင်သားစီစဉ်ထားတယ်"

"မပြောပါနဲ့တော့သားရယ်"

အမေ့မှာပြောရင်းမျက်ရည်တွေကျလာခဲ့တယ် ငိုနေတဲ့ကြားကနေမပီသတဲ့
စကားလေးတွေနဲ့အမေဆက်ပြောတယ်……

"သားပြောမှာကိုအမေသိပါတယ် သားမေမေကိုဘိုးဘွားရိပ်သာမှာ
ထားချင်တာမလား မေမေသဘောပေါက်ပါတယ် ဒါပေမဲ့သားးးးးရယ်
အမေ့သားလေးကိုအမေ့ကအခုချိန်ထိမျက်စိအောက်ကအပျောက်ခံခဲ့တာ
မဟုတ်ဘူးအမေ့မှာ မျက်စိတွေမမြင်နိုင်ရင်တောင်မှအမေသားလေးရဲ့
အသံလေးကိုတော့ကြားချင်မိတာပေါ့ ဒါပေမဲ့ သားအဆင်ပြေမယ်ဆိုတော့လဲ
သားထားတဲ့နေရာလေးမှာအမေသွားနေရမှာပေါ့ သားရယ်"

မေမေရဲ့စကားသံတွေကိုနားထောင်ရင်း ကျွန်တော်မျက်ရည်ကျခဲ့မိတယ်
ဒါပေမဲ့ကျွန်တော်ဘာတက်နိုင်တော့မှာလဲ မိန်းမဖြစ်သူကလဲ
အမေကိုပဲအမြဲတမ်း ပြဿနာရှာနေတာ ဟူးးးးးးး
မထူးတော့ပါဘူးလေ အမေ့ကိုဘိုးဘွားရိပ်သာမှာပဲ လိုက်ပို့တော့မယ်……

"မငိုပါနဲ့တော့အမေရယ် အမေအဆင်ပြေအောင်သားအကောင်းဆုံးလုပ်ပေး
မယ်နော် အမေကိုညနေကြရင် သားလိုက်ပို့မယ်နော် အမေပစ္စည်းတွေ
စုံအောင်ထည့်ထားလိုက်ပေါ့ အခုသား ခေါက်ဆွဲပြင်လိုက်အုံမယ်နော်"

"မလုပ်ပါနဲ့တော့သားရယ် အမေမစားချင်တော့ပါဘူး သားလဲသွားနားတော့လေ
အမေလဲရှိတဲ့အဝတ်စားလေးတွေထည့်ထားလိုက်မယ်…"

အမေနားကနေကျွန်တော်ထွက်လာပြီးအခန်းပေါက်ဝရောက်လို့အမေကိုလှည့်
ကြည့်လိုက်တော့ စိတ်မကောင်းစွာနဲ့အမေကျွန်တော်ကိုကြည့်နေတာကို
တွေ့လိုက်ရတယ် ခွင့်လွှတ်ပါမေမေရယ်လို့ စိတ်ထဲနေတောင်းပန်မိတယ်
ညနေလဲရောက်ရော ကျွန်တော်အခန်းထဲကထွက်လာတော့ အမေမှာ
အဝတ်ဟောင်းလေးနှစ်စုံလောက်ကို ရင်ခွင်မှာပိုက်ပြီး စောင့်နေတာကို
တွေ့လိုက်ရတယ်…

"အမေအဆင်သင့်ဖြစ်ပြီလား အကုန်ထည့်ပြီးပြီးလားဟင်"

"ထည့်ပြီးပါပြီသားရယ် အမေမှာ ဘာမှထူးထူးထွေထွေမရှိတာ"

"အဲဒါဆိုသွားရအောင်နော်"

အမေ့ကိုခေါ်ပြီးဘိုးဘွားရိပ်သာကိုလိုက်ပို့ဖို့ထွက်ခဲ့တယ် လမ်းတစ်လျှောက်မှာလဲ
စကားတစ်ခွန်းမှမပြောခဲ့ကြဘူး အမေ့မှာတော့ကျွန်တော်စိတ်ချမ်းသာအောင်လို့
ရင်ထဲမှာဘယ်လောက်ပဲစိတ်ဒုက္ခတွေများနေပါစေ အမေမျက်နှာမှာအပြုံး
မပျက်ခဲ့ဘူး အမေဝမ်းနည်းနေမယ်ဆိုတာသားသိပါတယ်အမေရယ်……

အမေဖြစ်သူမှာလဲသားစိတ်ချမ်းသာဖို့တာလိုက်လျှောခဲ့ရတာ ရင်ထဲမှာတော့
ကြေကွဲနေမိတာပေါ့ သားရယ် လူတွေပြောပြောနေတဲ့ဘိုးဘွားရိပ်သာဆိုတာ
အမေတို့လိုလူတွေအတွက်တော့ဒုက္ခသယ်စခန်းတစ်ခုပေါ့ ဘယ်မိဘမှ
ကိုချစ်တဲ့သားသမီးခွဲခွါချင်တာမဟုတ်ပါဘူး ကိုယ်မွေးထားတာသားသမီး
ရှိရဲ့သားနဲ့ ဘိုးဘွားရိပ်သာမှာလာနေရတဲ့ အမေတို့လိုလူတွေကို
အမေသနားမိတယ်သားရယ် ငါ့သားငယ်ငယ်လေးတုန်းက အမေတို့ကများ
သားကိုမိဖမဲ့ကျောင်းမှာပို့ခဲ့ရင်ငါသားလေးကြီးလာရင်အမေတို့ကိုစိတ်ဆိုးမှာပဲ
နော် မိဘရှိရဲ့သားနဲ့သားအရင်းတစ်ယောက်လုံးကိုမိဘမဲ့ကျောင်းမှာပစ်ထား
ရလားလို့ သားလေးတွေပြီးစိတ်နာနေမှာပေါ့ အခုလဲအမေတို့အဖြစ်ကအဲလို
ပါပဲ ကိုယ့်အသက်နဲ့ရင်းပြီးမွေးခဲ့ရတဲ့သားသမီးတွေရှိပေမဲ့လည်း ဘိုးဘွားရိပ်သာ
ဆိုတဲ့နေရာကိုအမေ့သားလေးကလိုက်ပို့ခဲ့တယ်နော် အမေစိတ်မဆိုးပါဘူး
သားရယ် အမေ့သားလေးစိတ်ချမ်းသာရင်အမေကျေနပ်ပါပြီသားရယ်…

အတွေးကိုယ်စီနဲ့ပဲဘိုးဘွားရိပ်သာထဲသုိ့ ဝင်လာခဲ့တယ်
အမေနေရမဲ့အခန်းကိုလိုက်အပို့ဧည့်ခန်းကိုဖြတ်အလျှောက် ကြည့်လိုက်တော့
tvကြည့်နေတဲ့သူတွေရယ် အားငယ်စွာနဲ့ကြည့်နေတဲ့မျက်လုံးတွေရယ်
တစ်ယောက်မှရည်မောပျော်ရွှင်တာကိုမတွေ့ရဘူး အမေနေမဲ့အခန်းလေးထဲမှာ
နေရာတကျစီစဉ်ပေးပြီး ကျွန်တော်ပြန်ဖို့အတွက်အမေ့ကိုနူတ်ဆက်လိုက်တယ်

"အမေ သားသွားတော့မယ်နော် အမေဘာပဲလိုလို သားဆီကိုအကြောင်းကြား
နော်သားလဲမကြာခဏလာပါ့မယ်"

"သားလမ်းမှာကားကိုဂရုစိုက်မောင်းနော်"

အမေကိုခေါင်းလေးငြိမ့်ပြပြီးကျွန်တော်ထွက်လာခဲ့တယ် အိမ်ကိုပြန်ရောက်တော့
မိန်းမဖြစ်သူနဲ့သူ့အမေနဲ့က ကျွန်တော်အမေနေတဲ့အခန်းလေးကို
အကုန်ရှင်းနေတယ်အမေပစ္စည်းမှန်သမျှ အမှိုက်ပုံးထဲထည့်နေတယ်
ကျွန်တော်ဒေါသကြီးစွာနဲ့ အော်မေးလိုက်တယ်

"ဒါကဘာဖြစ်တာလဲ ဘာလုပ်တာလဲလို့ငါမေးနေတယ်လေ"

"ရှင်မြင်တဲ့အတိုင်းပဲလေ ရှင့်အမေအခန်းကိုရှင်းပြီး ကျမအမေခေါ်ထားမို့
အဖော်ရအောင်လို့"

"အော် မင်းကငါ့အမေကြတော့အိမ်မှာမထားချင်ဘူးမင်းအမေကြတော့
အဖော်ရအောင်လို့ဟုတိလား တောက်…မင်းကွာ ဒီမှာငါ့အမေပစ္စည်းကို
မင်းလက်ဖျားနဲ့တောင်မတို့နဲ့တော့ အခုနေတာမင်းအိမ်မဟုတ်ဘူး
ငါ့အမေအိမ် မင်းမကျေနပ်ရင်ဆင်းသွားးးးးးဆင်းသွားးးးး"

အမေခန်းထဲကိုဝင်ပြီးကြည့်တော့အခန်းထောင့်တစ်နေရာလေးမှာ ညဆိုရင်
အမေလိမ်းနေကြဆေးဗူးလေးကိုတွေ့ရတယ် အမေကဒီဆေးမလိမ်းရင်
ညညဆိုအိပ်မရဘူး အမေအိပ်မပျော်ပဲနေမှာလိမ့်မယ် ငါအမေဆီကိုသွားပို့
ရမယ်အခုပဲသွားမယ် ကျွန်တော်အမေဆီကိုအပြေးရောက်ခဲ့တယ်

ကျွန်တော်ရောက်သွားတော့အမေမှာမအိပ်သေးပဲခုံတစ်လုံးမှာထိုင်ပြီး
ထမင်းစားအရေးကိုထမင်းရှင်တွေကိုဆုတောင်းပေးနေတာကိုတွေ့လိုက်ရတယ်
အမေကျွန်တော်ကိုမြင်တော့ မျက်ရည်တွေကိုအမြန်သုတ်လိုက်တယ်
ပြီးတော့ကျွန်တော်ကိုမေးတယ်……

"ဘာလာလုပ်တာလဲသားရယ်"

ကျွန်တော်လဲဆေးဗူးလေးကိုအမေ့လက်ထဲထည့်လိုက်တယ်

"သားရယ်ဆေးဗူးမေ့နေတာများပင်ပန်းခံပြီးလာပေးနေရလားသားရယ်
မနက်မှလာပေးလဲရတာပါပဲ ညဘက်ကားမောင်းတာကောင်းတာမဟုတ်ဘူး
အမေ့သားလေးတစ်ခုခုဖြစ်မှာစိုးရိမ်မိတယ်သားရယ်""

"သားဆေးဘူးလာပို့တာမဟုတ်ဘူးမေမေ
မေမေကိုသားလာခေါ်တာ သားမှားခဲ့တာတွေကိုသားတောင်းပန်ပါတယ်
မေမေရယ် "

"သားရယ်မေမေကသားကိုဘယ်တော့မှအပြစ်မတင်ခဲ့ပါဘူး
သားကိုချစ်လွန်းလို့မေမေအသက်နဲ့ရင်းပြီးတော့တောင်မှလူလောကထဲကို
ခေါ်လာခဲ့ပြီပဲ တခြားအကြောင်းအရာတွေပြောစရာလိုသေးလို့လားသားရယ်"

"မေမေသားတို့အိမ်ပြန်ကြရအောင်နော်………"

အမေ့မှာကျွန်တော်ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုပ်ပေးရင်း
ကျွန်တော်တို့သားအမိနှစ်ယောက်အိမ်ကိုပြန်ခဲ့ကြတော့တယ်………

********************************************
မိဘဆိုတာက သားသမီးဘယ်လောက်များများ

ခါးလဲလှအောင် ဝမ်းလဲဝအောင်

လုပ်ကျွေးနိုင်ခဲ့တယ်…………

သားသမီးတွေအများကြီးရှိပေမဲ့ မိဘနှစ်ပါးကိုကြ ခါးမလှချင်နေပါစေ

ဝမ်းဝအောင်တော့လုပ်ကျွေးနိုင်ပါစေ……………

Response Motor မှ ပြန်လည်မျှဝေခြင်းပါ

Address

သိမ်ကြီးဈေး စီရုံ အဆောင် ၄ ပထမထပ်
Yangon

Alerts

Be the first to know and let us send you an email when DhammaYoungChi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share