Friends of Medical Action Myanmar

Friends of Medical Action Myanmar Medical Action Myanmar is a medical charity based in Yangon - treating HIV/Aids, Malaria, Tuberculosis and child malnutrition.

People in Myanmar have very limited access to medical aid. The poor regions in particular have few to no health services and we want to solve this issue. We are trying to tackle the problems by setting up a network of clinics in which basic medical aid is provided. In order to be cost efficient, the aim is to work on a large scale. Besides medical treatment, our organization also focuses on preven

tative education. However, in cases of malaria and tuberculosis prevention is not needed due to the fact that treatment helps reducing the spread of the virus. Therefore, mostly HIV prevention is provided. This takes form in activities like condom and needle distribution and the treatment of sexual transmittable diseases. To further prevent the spread of HIV, we treat pregnant HIV + women in order to keep the disease away from their unborn babies. For people with insufficient funds, all medical services will be free. For others, some medical services will be charged. This will clear money for additional patients and encourage personal responsibility.

14/11/2025

HIV လား AIDS လား

လူတစ်ယောက်မှာ ခုခံအားကျဆင်းမှုကူးစက်ရောဂါဖြစ်လာတာနဲ့ ပတ်ဝန်းကျင်က AIDS ဆိုပြီးအလွယ်တကူပြောနေတတ်ကြပါတယ်။

ဒါဟာ HIV နဲ့ AIDS မကွဲပြားတဲ့ ကျန်းမာရေးအသိအမြင်တွေကြောင့် ဒီလို ခေါ်မိနေခြင်းပဲဖြစ်ပါတယ်။

HIV နဲ့ AIDS က တူညီသလိုနဲ့ မတူညီပါဘူး။ အလွယ်တကူ ပြောရရင်တော့ HIV ဆိုတာ ရောဂါပိုး AIDS က ရောဂါလို့အလွယ်တကူမှတ်လို့တော့ရပါတယ်။

HIV ပိုးကူးစက်ခံရတဲ့အခါ ခုခံအား ဆဲလ်တွေပျက်စီးပြီး အခွင့်ရေးယူရောဂါတွေ ဝင်ရောက်လာပါတယ်။ နဂိုရှိတဲ့ HIV အပြင် ဒီလို အခွင့်ရေးယူရောဂါတွေဝင်လာပြီး ရောဂါပေါင်းစုံ သွားတဲ့ နောက်ဆုံးအဆင့်ကို AIDS လို့ခေါ်ပါတယ်။

HIV အဆင့်မှာ ART ကုသမှုနဲ့ အလွယ်တကူ ခုခံအားစနစ်ကို ပြန်ကောင်းအောင်လုပ်နိုင်ပါတယ်။ တခြားအခွင့်ရေးယူရောဂါတွေ ဝင်မလာစေဘဲ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကိုလဲ မထိခိုက်စေဘဲ ကျန်းမာ အသက်ရှည်စွာနဲ့ လူ့သက်တမ်းစေ့နေနိုင်ပါတယ်။

AIDS အဆင့်မှာ ဆေးကုသမှုခံယူမယ်ဆိုရင်လဲ အစွမ်းထက်လှတဲ့ ART ဆေးတွေကြောင့် နဂိုထက်ပိုပြီး ကျန်းမာရေး က တိုးတတ်လာနိုင်ပေမယ့် နောက်ဆက်တွဲရောဂါတွေကြောင့် ထိခိုက်မှုတွေကတော့ ပြန်ကောင်းနိုင်ဖို့ခဲယဉ်းပါတယ်။ လုံးဝ ဆေးကုသမှုမခံယူရင်တော့ အသက်သေဆုံးနိုင်ပါတယ်။

ဒါဆို HIV နဲ့ AIDS ရဲ့ တူသလိုနဲ့ မတူတာတွေ၊ ဘယ်အခြေနေမှ AIDS လို့သတ်မှတ်လို့ရတာလဲဆိုတာတွေကို ရှင်းသွားမယ်လို့ ထင်ပါတယ်။

မေးမြန်းချင်တယ်၊ လျှို့ဝှက်စွာတိုင်ပင်ဆွေးနွေးလိုတယ်၊ ဆေးကုသမှုခံယူလိုတယ်ဆိုရင် Page Messenger ၊ Hotline နဲ့ Viber နံပါတ် ၀၉၄၅၃၅၁၂၀၁၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ထွန်းအခမဲ့ဆေးခန်း

06/08/2025

💁ကွန်ဒုံးမသုံးဘဲ နေချင်လို့ PrEPသောက်မယ်.....

ဒါဆိုသင်က PrEP နဲ့ပတ်သက်ပြီး နားလည်မှုတွေလွဲနေပြီနော်။

🧑‍🔬PrEP က ပို၍လုံခြုံအောင် ကာကွယ်ခြင်းပါ။ နဂိုရှိပြီးသား ကာကွယ်ရေးနည်းလမ်းတွေကို
ပယ်ဖြတ်ဖို့ အစားထိုးဖို့ သောက်ရတဲ့ဆေး “လုံးဝ လုံးဝ” မဟုတ်ပါဘူး။

🧑‍⚕️ဘာကြောင့် မဟုတ်တာလဲဆိုရင် PrEP က HIVကိုကာကွယ်ပေးနိုင်ပေမယ့် ကာလသားရောဂါတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ကာလသားရောဂါတွေ ဆိုတာလဲ HIV လိုနာမည်မကြီးပေမယ့် ပျောက်အောင်ကုသလို့ မရတဲ့ရောဂါတွေ၊ HIV ထက်ပိုပြီး ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတွေ ရှိပါတယ်။ ကာလသားရောဂါတွေကပေးနိုင်တဲ့ အန္တရာယ်တွေကိုလဲလျော့ မတွက်သင့်ပါဘူး။

🙋ဒါကြောင့် PrEPသောက်မယ်ဆိုရင် ကွန်ဒုံးမသုံးဘဲ ပလိန်းနေဖို့အတွက် သောက်ခြင်းထက် ပိုလုံခြုံအောင် ထပ်ဆောင်းကာကွယ်ဖို့ PrEP သောက်ခြင်းကသာ ပိုကောင်းပါတယ်။

🙆နားလည်မှုတွေ မလွဲပါနဲ့... ကာကွယ်မှုတွေကို လျော့ချဖို့မဟုတ်ဘဲ ပိုလုံခြုံအောင် ထပ်ဆောင်းကာကွယ်ဖို့ PrEPကိုရွေးချယ်ပါ။

🧑‍⚕️PrEP အကြောင်းပိုမိုသိလိုတယ် ဝန်ဆောင်မှုတွေ ရယူချင်တယ်ဆိုရင် ထွန်းအခမဲ့ဆေးခန်းကို လှမ်းလာခဲ့လိုက်နော်။

🚨အသေးစိတ်ကို Page Messenger နှင့် 09453512012 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ထွန်းအခမဲ့ဆေးခန်း #ကာလသား

11/06/2025

ငွေကြေး တစ်ပြားတစ်ချပ်မှ ကုန်စရာမလိုဘဲ ဆစ်ဖလစ် ဂနို ကြွက်နို့ အပါအဝင် လိ-င်မှတဆင့်ကူးစက်ရောဂါများကို အခမဲ့ကုသမှုခံယူနိုင်ပါတယ်။

ဆရာဝန် စမ်းသပ်ခ ပေးစရာမလို၊ ဆေးဖိုးပေးစရာမလို၊ ဓာတ်ခွဲစစ်ဆေးမှုအတွက် ပိုက်ဆံပေးစရာမလို အလှူငွေထည့်စရာလဲ “လုံးဝ လုံးဝ မလို”ပါဘူး။ မည်သည့် လက်ဆောင်ပစ္စည်းမှလဲ ပေးစရာမလိုပါဘူး။

အမျိုးသား၊ အမျိုးသမီး၊ LGBT+ များအပါအဝင် လူကြီး လူငယ်မရွေး မည်သူမဆို “အခမဲ့... အမှန်တကယ် ကုသမှုခံယူနိုင်ပါတယ်”။

အခမဲ့ ဝန်ဆောင်မှုရယူနိုင်တဲ့ ဆေးခန်း ၆ ခု ရှိပါတယ်။ ကိုယ်နဲ့နီးစပ်ရာ ဆေးခန်းတွေမှာ မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အခမဲ့ ကုသမှုခံယူနိုင်ပါတယ်။ အခါကြီး ရက်ကြီး ပိတ်ရက်များမှအပ နေ့စဉ် ဆေးခန်းဖွင့်ပါတယ်။

မေးမြန်းစုံစမ်းလိုပါက ၀၉ ၄၅၃၅၁၂၀၁၂ ကို ရုံးချိန်အတွင်းဖုန်းဆက်၍ဖြစ်စေ၊ Page Messenger မှ စာပို့၍ဖြစ်စေ၊ Viber မှ စာပို့၍ဖြစ်စေ မေးမြန်းနိုင်ပါတယ်။

၁။ ထွန်းပိတောက်(၁) အခမဲ့ ဆေးခန်း
ဘားအံလမ်း နှင့် မင်းလှလမ်းထောင့် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၊ စနေမ မှတ်တိုင်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ၀၉၄၄၆၀၃၉၂၀၂

၂။ ထွန်း(ကြာပန်း) အခမဲ့ ဆေးခန်း
၁၁ ကွေ့အနီး၊ ပီမိုးနင်းလမ်း နှင့် တောင်ငူလမ်းတောင့်၊ ၁/၁၁ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ၀၉၂၅၄၆၁၈၁၃၉

၃။ ထွန်း(သစ်ခွ) အခမဲ့ ဆေးခန်း
၅၆၉၊ သမစိတ္တလမ်း၊ ၁၉ ရပ်ကွက်၊ ရွှေရင်အေးဈေးအနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ၀၉၇၇၂၆၇၄၅၁၈

၄။ ထွန်း(စံပယ်) အခမဲ့ ဆေးခန်း
၄၆၈/၄၆၉၊ ဗညားဒလလမ်း၊ ၈ ရပ်ကွက်၊ နဝရတ်ဈေးအနီး၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၀၉၄၂၂၀၆၃၂၃

၅။ ထွန်း(မေတ္တာရိပ်နှင်းဆီ) အခမဲ့ ဆေးခန်း
ဒ/၂၉၊ ဗိုလ်တာရာလမ်း၊ အောင်ချမ်းသာ(၃) ရပ်ကွက်၊ အောင်ချမ်းသာမှတ်တိုင်အနီး၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်ူးဒေသကြီး။ ၀၉၂၅၀၆၄၅၉၂၁

၆။ ထွန်း (ဇီဇဝါ) အခမဲ့ ဆေးခန်း
၁၂၇၆၊ ရတနာမြင့်မို့ရ်လမ်း၊ ၁၄၀ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး။ ၀၉၈၈၃၉၆၂၃၁၇

သင့်ရဲ့ Privacy အတွက်လဲ စိုးရိမ်စရာမလိုဘဲ လျှို့ဝှက်လုံခြုံစွာနဲ့ ကုသမှုခံယူနိုင်ပါတယ်။

#ထွန်းအခမဲ့ဆေးခန်း #ကြွက်နို့ #ဂနို #ကာလသား

06/02/2025

ထွန်းအခမဲ့ ဆေးခန်းများတွင် PrEP နှင့် ART ဝန်ဆောင်မှုရယူနေသော သူများအားလုံး မိမိတို့၏ဆေးခန်း ရက်ချိန်းများ အတိုင်း ဆက်လက်၍ ဝန်ဆောင်မှုများ အခမဲ့ ရယူနိုင်ပါသည်။

ဆေးထုတ်ယူခြင်းများနှင့်ပတ်သက်၍မေးမြန်းလိုပါက Page Messenger နှင့် 09453512012 ကို ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

#ထွန်းအခမဲ့ဆေးခန်း

Thank-you Blue Temple for the creation of our beautiful new clinic in Thanlyin.
03/12/2024

Thank-you Blue Temple for the creation of our beautiful new clinic in Thanlyin.

27/09/2024

Today is our first day of construction for a new clinic in Thanlyin, it will be entirely made out of bamboo. The building is 195 m2 and will serve for Malaria, TB, and HIV.

www.housing-now.org

On World Mental Health Day we should all be mindful of our mental health - Our MAM Counsellors work tirelessly with our ...
10/10/2023

On World Mental Health Day we should all be mindful of our mental health - Our MAM Counsellors work tirelessly with our patients to help them take their medications regularly and to provide a safe space for them to discuss all their problems.

19/04/2023

သင်္ကြန်ရုံးပိတ်ရက်လေး ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ထွန်းအခမဲ့ ဆေးခန်းများ အားလုံးကို ပုံမှန်အချိန်တိုင်း ပြန်လည်ဖွင့်လှစ်ထားပါတယ် ခင်ဗျ။

ဆေးခန်းလိပ်စာများ နှင့်ဆေးခန်းတစ်ခုခြင်းစီမှာရရှိနိုင်တဲ့ ကျန်းမာရေးစောင့်ရှောင့်မှုများကို အောက်ပါ link တွင် ကြည့်ရှူနိုင်ပါတယ်ခင်ဗျ။

https://www.facebook.com/101313201255831/posts/1024097332310742/?mibextid=Nif5oz

မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျ။


#ထွန်းဆေးခန်း

21/02/2023

ကိုယ်ချစ်ရတဲ့သူမှာ HIV ပိုး ရှိနေခဲ့ရင်ရော.....

ကိုယ်ချစ်ရတဲ့သူမှာ ဒီရောဂါပိုးရှိနေတယ်လို့ သိလိုက်ရင် အနည်းနဲ့ အများတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ကြမှာပါပဲ။ကိုယ့်အတွက်ရော သူ့အတွက်ရောပေါ့။

ဒီရောဂါအကြောင်းသေချာမသိတဲ့သူတွေ ကျန်းမာရေးအသိမရှိတဲ့သူတွေဆို ပိုပြီး စိုးရိမ်ကြောက်ရွံ့မိမှာပဲပေါ့

ဒီအခြေနေမှာ စိုးရိမ်ကြောက်ရွံ့ မှု‌တွေ နောက် ကို လိုက်ပါနေမိတယ်ဆိုရင် ကိုယ်ပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားကိုပဲ အာရုံစိုက်ကြည့်ပါ။

ချစ်တယ်ဆိုတာ "ကောင်းအဆိုးတွေ အားလုံးကို အတူတူရင်ဆိုင်ပြီး နေ့ရက်တိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ချစ်နေခြင်းတွေနဲ့ ရှေ့ဆက်သွားကြဖို့ ပြောခဲ့ကြတာပဲမဟုတ်လား" ....

ချစ်ရတဲ့သူမှာ ဒီရောဂါရှိနေခဲ့ရင်လည်း အတူတူ အချစ်ခရီးလမ်းကိုလျှောက်လှမ်းလို့ရပါတယ် ဆက်လက်ချစ်နေခြင်းတွေနဲ့ ရှေ့ဆက် ရှင်သန်လို့ရပါတယ်။

ဒီရောဂါက ကုရာနတ္ထိဆေးမရှိမဟုတ်ပါဘူး။ သွေးတိုး ဆီးချိုရောဂါတွေလိုပါပဲ အမြစ်ပျတ်အောင် ကုသလို့မရပေမယ် ဒီရောဂါကို ထိန်းချုပ်နိုင်တဲ့ ART ပိုးထိန်းဆေးရှိပါတယ်။

ဆေးကိုသာအချိန်မှန်သောက်မယ် ကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင် တစ်နှစ် တစ်နှစ်ခွဲ အတွင်း HIV ပိုးကောင်ရေကို စက်နဲ့ ရှာဖွေစစ်ဆေးလို့ မတွေ့သည် အခြေနေ အထိ ထိန်းချုပ်နိုင်ပါတယ်။ ဒီအခြေနေရောက်တဲ့အခါ အကာကွယ်မဲ့လိင်မှုကိစ္စပြုရင်တောင် မိမိချစ်သူစီ သို့ HIV ပိုးမကူးစက်ပါဘူး။

ဂရုစိုက်ပေးခြင်းတွေ ၊ချစ်ပေးခြင်း တွေက ကိုယ်နဲ့သူနဲ့ကြားမှာ ဆက်သွယ်ပေးမယ် လေးနက်တဲ့ မေတ္တာတရားတွေကို ဖြစ်စေသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေကိုဖြစ်စေပါတယ်။

ချစ်မြတ်နိုးတဲ့ သူတွေရှိမယ် ချစ်ခြင်းတရားတွေရှိမယ်ဆိုရင် အချိန်တိုအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးတရားတွေကိုဖြစ်စေမှာပါ။

ဒါအပြင် ဒီရောဂါဆိုတာ ပွေ့ဖက်နမ်းခြင်း၊ တအိမ်တည်း အတူတူနေခြင်း၊ အစားတူတူစားခြင်း၊ အစားသောက်ချက်ပြုတ်ခြင်းတွေကနေမကူးပါဘူး။ ဒါကြောင့် ချစ်သူနဲ့ အတူတူနေလို့ရပါတယ် တစ်ယောက်ကို တစ်ယောက် ချစ်လို့ရပါတယ် လက်ထက်လိုလည်းရပါတယ်။ လိင်မှုကိစ္စတွေပြုတဲ့အခါတွေမှာလည်း ပိုးမထိန်းနိုင်သေးတဲ့အချိန်မှာဆို ကွန်ဒုံးသုံးမယ် ဒါဆိုရင် လုံခြုံစိတ်ချရပြီး ပျော်ရွှင်နိုင်မှာပါ။

ချစ်တယ်ဆိုတာ အတူတူရှိနေဖို့‌ နီးစပ်နေဖို့ပဲလေ.... ဝေးကွာသွားစေဖို့ ချစ်ခဲ့ကြတာမှ မဟုတ်တာ၊ အတူတူရင်ဆိုင်ပြီး ချစ်ခြင်းတရားတွေနဲ့ လှပတဲ့နေ့ရက်တွေကို ဖန်တီးနိုင်ပါတယ်.......

ချစ်ခြင်းတရားတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

#ထွန်းပိတောက်၂ #ပိုးထိန်းဆေး

07/02/2023

Address

No. (38/B), Pyihtaungsu Street, Near Kokkine Swimming Club Lane, Thathana Yeikthar Quarter, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when Friends of Medical Action Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Friends of Medical Action Myanmar:

Share