19/08/2026
"ငါ့မှာ HIVပိုးရှိနေမလား" ဆိုတဲ့ သံသယစိတ်တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတာဟာ ရင်ထဲမှာ အမြဲတမ်း ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ထမ်းထားရသလိုပဲ စိတ်ပင်ပန်းစရာ ကောင်းပါတယ်။ ဒီလို စိုးရိမ်စိတ်တွေကနေ လွတ်မြောက်ပြီး စိတ်အေးလက်အေးနဲ့ ရှေ့ဆက်နိုင်ဖို့ဆိုရင် မဗေဒါမှာ အခမဲ့သွေးစစ်လိုက်ခြင်းက အကောင်းဆုံးသော အဖြေပါပဲ။
ပထမဆုံးအနေနဲ့ မဗေဒါမှာ “အခမဲ့" သွေးစစ်ပေးတာမို့လို့ ဘာကုန်ကျစရိတ်မှ ပူစရာမလိုပါဘူးရှင်။ သွေးစစ်ရုံတင် မဟုတ်ဘဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိချင်တာတွေကို နွေးနွေးထွေးထွေး တိုင်ပင်ဆွေးနွေးပေးမှာမို့လို့ ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ ရပါတယ်ရှင်။
အရေးကြီးဆုံးကတော့ သွေးစစ်ပြီးရင် ရက်ပေါင်းများစွာ စောင့်နေစရာမလိုဘဲ နာရီပိုင်းအတွင်းမှာတင် အဖြေသိရတာ ကြောင့် မလိုအပ်ဘဲ ရင်တုန်နေရတဲ့ အချိန်တွေကို လျှော့ချပေးနိုင်ပါတယ်ရှင်။ အကယ်၍ အဖြေက HIVပိုးရှိနေတယ် ဆိုရင်တောင်မှ စိတ်ဓာတ်မကျပါနဲ့နော်။ "ART ဆေးရရှိအောင်လည်း မဗေဒါကပဲ အခမဲ့ချိတ်ဆက် ဆောင်ရွက်ပေးမှာမို့လို့ အစအဆုံး စိတ်ချလက်ချ အားကိုးလို့ ရပါတယ်ရှင်။
အခမဲ့သွေးစစ်ရန်နှင့်ဆေးခန်းပြရန်
Booking link https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန် -
09-880005924
#ကာလသားရောဂါ # အိတ်ချ်အိုင်ဗွီ #မဗေဒါ