MOSAIC MYANMAR

Call Directions Website Contact the organization

MOSAIC MYANMAR Mosaic Myanmar is an independent registered national NGO based in Yangon, Myanmar.

We believe that all people, regardless of race, religion, or gender, are empowered and have the right to participate fully in their societies and to lead a dignified social and economic life. The organisation uses education to empower marginalized communities, including religious and ethnic minorities, as well as marginalized individuals, such as women and members of the LGBTQ community. Mosaic Myanmar follows the mission statement that all people, regardless of religion and ethnicity, should have the right to participate in their societies and lead dignified social and economic lives. The organisation strives towards realizing these goals by partnering with community leaders, local organizations, and policy-makers to host educational workshops in which they equip marginalized communities with the knowledge, skillset, and tools to enable them to work towards a peaceful and democratic society. The organisation is dedicated to the empowerment of religious minorities as well as the advocacy surrounding the importance of religious diversity in Myanmar. Mosaic Myanmar seeks to overcome existing tensions between ethnic and religious groups by using education and open dialogue to ignite social and political change in the country. Mosaic Myanmar facilitates round-table discussions between community leaders to give them a platform to voice their concerns and develop comprehensive, inclusive, and sustainable solutions.

🎙️ Inclusive Future Myanmar Podcast | Episode (3.1)“မျက်မှောက်ခေတ် မြန်မာပြည်တွင် ဗုဒ္ဓဘာသာ၏ ပြောင်းလဲလာသော အခန်းကဏ္ဍ” န...
06/10/2026

🎙️ Inclusive Future Myanmar Podcast | Episode (3.1)
“မျက်မှောက်ခေတ် မြန်မာပြည်တွင် ဗုဒ္ဓဘာသာ၏ ပြောင်းလဲလာသော အခန်းကဏ္ဍ”

နွေဦးတော်လှန်ရေးနဲ့အတူ ဖြစ်ပေါ်လာတဲ့ စံနှုန်းအသစ်တွေက မြန်မာလူ့အဖွဲ့အစည်းရဲ့ ဘာသာရေးအပေါ် သက်ရောက်မှုနဲ့ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍကို ဘယ်လို ပြောင်းလဲ ပုံသွင်းနေပါသလဲ။ ဒီနေ့ ထုတ်လွှင့်လိုက်တဲ့ Inclusive Future Myanmar Podcast အပိုင်း (၃.၁) မှာတော့ တော်လှန်ရေးကာလအတွင်း ဗုဒ္ဓဘာသာနဲ့ သံဃာ့အဖွဲ့အစည်းများအပေါ် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲများကို အဓိကထား ဆွေးနွေးထားပါတယ်။

💡 ဒီအပိုင်းမှာ ဘာတွေကို နားဆင်ရမလဲ ?
• တော်လှန်ရေးစံနှုန်းများက ဗုဒ္ဓဘာသာအပေါ် သက်ရောက်ပြောင်းလဲစေပုံ။
• မြန်မာ့နိုင်ငံရေးမှာ ဘာသာရေး အခန်းကဏ္ဍကို အပြီးသတ် ဖယ်ထုတ်ပစ်ရန် ဖြစ်နိုင်ပါသလား။
•ဘာသာရေးခေါင်းဆောင်များနှင့် လူငယ်ထုကြား ပြန်လည်ညီညွတ်မှု ရရှိစေရန် မည်သည့် နည်းလမ်းများက အလုပ်ဖြစ်နိုင်မည်နည်း။

ဒီအပိုင်းကိုတော့ တင်ဆက်သူ “ပြာသို” က ဗုဒ္ဓဘာသာတွင် ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများကို နမူနာဖြစ်ရပ်များနှင့်တကွ အသေးစိတ် ဆွေးနွေးတင်ပြထားပါတယ်။

🎧 Podcast အပြည့်အစုံကို အောက်ပါ Link များမှတစ်ဆင့် ဝင်ရောက်နားဆင်နိုင်ပါတယ် -

👉 [Spotify Link] https://tinyurl.com/5sya874k

👉 [YouTube Link] https://tinyurl.com/tudmreau

01/10/2026

🎙️ "Inclusive Future Myanmar" Podcast – Episode 3 (Part- 2)

“နိုင်ငံရေး နဲ့ ဘာသာရေး ချိန်ခွင်လျှာ ကို ဘယ်လို ညှိကြမလဲ”

Episode 3 မှာ ဆရာ ထက်မင်းလွင် နဲ့ ကိုအောင်ကိုကို က “secularism လို့ခေါ်တဲ့ ဘာသာရေးနဲ့ နိုင်ငံရေး (သို့) ကျောင်းတော်နဲ့ နိုင်ငံတော် သီးခြားဖြစ်သင့်တယ်” ဆိုတဲ့ အမြင်အပေါ် သုံးသပ် ဆွေးနွေးထားပါတယ်။

📌 မြန်မာ့ နိုင်ငံရေးမှာ ဘာသာရေးအခန်းကဏ္ဍကို အပြီးဖယ်ထုတ်နိုင်သလား။
📌 ဘာသာရေး ပဋိပက္ခတွေ ထပ်ပြီးမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့နဲ့ နိုင်ငံတော်က ဘာသာရေးအဖွဲ့တွေနဲ့ ဘယ်လိုဆက်ဆံရေးရှိသင့်သလဲ။ နိုင်ငံတော်က ဘယ်လိုပုံစံနဲ့ ဝင်စွက်ဖက်သင့်သလဲ။

🎧 ဒီ Episode 3 (Part -2) ကို နားထောင်ပြီး သင့်အမြင်ကိုလည်း မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးမှာ ဘာသာရေး အခန်းကဏ္ဍက ဆက်ရှိနေသင့်လား ဒါမှမဟုတ် သီးခြားဖြစ်သင့်လား။ သင်ရောဘယ်လိုထင်ပါသလဲ။

Mosaic Myanmar နဲ့အတူ ပါဝင်ဆွေးနွေးဖို့၊ နားဆင်ဖို့၊ တွေးတောဆင်ခြင်ဖို့နဲ့ ဒီအစီအစဉ်ကို လူအများသိရှိနိုင်အောင် မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။

01/10/2026

ဘာသာရေးနဲ့နိုင်ငံရေးသပ်သပ်စီ စည်းခြားထား လုံးဝကို state က မစွက်ဖက်နဲ့ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ကျွန်တော် ပြောချင်တာကတော့ ဘာသာရေးခေါင်းဆောင်တွေနဲ့ စကားပြောကြည့်ပါ။ ဘာသာရေးခေါင်းဆောင်တွေ ဆီကနေပြီးတော့ ဖြစ်နေတဲ့ ပကတိ အခြေအနေတွေကို မြင်ရပါလိမ့်မယ်။

30/09/2026

ကျွန်တော် ဘာလေ့လာရလဲဆိုတော့ ထိုင်းမှာလည်းပဲ မွတ်စလင်မ်တွေကလည်း ကျောင်းဖွင့်လို့ရတယ်။ အဲဒီကျောင်းမှာ အစ္စလာမ် ဘာသာရေးအကြောင်းလည်း သင်လို့ရမယ်။ တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ National Curriculum ကိုလည်းသင်ရမယ်။ အစိုးရကလည်း ဒါကို လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးတယ်။ ဆိုတဲ့အခါကျတော့ မွတ်စလင်ဆိုတဲ့ identity ပေါ့နော် မွတ်စလင်ဆိုတာလည်း ပျောက်မသွားဘူး။ တစ်ဖက်မှာလည်းပဲ လူများစုနဲ့ အတူတူ ယှဉ်တွဲနေထိုင်လို့ရမယ်။ လူများစုနဲ့အတူတူ ပခုံးချင်းယှဉ်လို့ရမယ့် ပညာရေးလည်း သူကရနေတယ်။ အဲတော့ သူက သီးသန့် ရပ်ကွက်ထဲမှာ၊ လူ့အဖွဲ့အစည်းမှာ ဘေးရောက်သွားတာမျိုး မရှိဘဲနဲ့ သူ့ဟာလေးလည်း ထိန်းထားလို့ရမယ်။ ဘာသာရေးလည်း ထိန်းထားလို့ရမယ်။ ခုနကပြောတဲ့ အများနဲ့ကြားထဲမှာလည်း ပိုပြီးတော့ ပူးပေါင်းပါဝင်မှု ရအောင် လုပ်ပေးနိုင်တဲ့ စနစ်လို့ ကျွန်တော်ကမြင်တယ်။

29/09/2026

State က သာသနာတော်တွေကို ချီးမြှောက်ဖို့လိုတယ်။ ချီးမြှောက်တယ် ဆိုတဲ့ နေရာမှာ အစဉ်အဆက်ရှိခဲ့တဲ့ သမိုင်းကြောင်းအရ ရှိနေခဲ့တဲ့ မကျေနပ်မှုတွေ၊ ဒုက္ခ သုက္ခတွေကို ကျွန်တော်တို့က ကုစားနိုင်ဖို့။ အဲဒီမှာလည်းပဲ state က လူတွေ အချင်းချင်းကြားထဲမှာ ဘာသာ မတူတဲ့ အပေါ်မှာ မူတည်ပြီးတော့ ပဋိပက္ခမဖြစ်အောင်၊ ရန်ညှိုးမရှိအောင်ဆိုပြီးတော့ target ထားပြီးတော့ ရည်မှန်းချက်၊ ဦးတည်ချက်ထားပြီးတော့ လုပ်ပေးရမယ်။ ဘာသာဝင်တွေကိုရော၊ ဘာသာရေး ခေါင်းဆောင်တွေကိုရော။ ဘာသာရေးခေါင်းဆောင်တွေလို့ ပြောတဲ့အခါမှာ ခုနက ကျွန်တော်ပြောတဲ့အတိုင်းပဲ ဘာသာရေးခေါင်းဆောင်တွေ အတွက်က တကယ်လို့များ သင်္ဃန်းချွတ်ပြီးတော့ လူဝတ်နဲ့ပြန်နေချင်တယ် ဆိုရင် အဆင်ပြေအောင်။ ထိုင်းမှာ ဒီဟာဖြစ်နေပြီ။ ဘုန်းကြီးတွေအတွက် တက္ကသိုလ်တွေဟာ လူအနေနဲ့လည်း သူတို့တတ်သင့်တတ်ထိုက်တဲ့ ပညာတွေကို ထည့်သင်ပေးလိုက်တာပဲ။

28/09/2026

🎙️ "Inclusive Future Myanmar" Podcast – Episode 3 (Part- 1)

“နိုင်ငံရေး နဲ့ ဘာသာရေး ချိန်ခွင်လျှာ ကို ဘယ်လို ညှိကြမလဲ”

Episode 3 မှာ ဆရာထက်မင်းလွင် နဲ့ ကိုအောင်ကိုကို က “Secularism လို့ခေါ်တဲ့ ဘာသာရေးနဲ့ နိုင်ငံရေး (သို့) ကျောင်းတော်နဲ့ နိုင်ငံတော် သီးခြားဖြစ်သင့်တယ်” ဆိုတဲ့ အမြင်အပေါ် သုံးသပ် ဆွေးနွေးထားပါတယ်။

📌 မြန်မာ့ နိုင်ငံရေးမှာ ဘာသာရေးအခန်းကဏ္ဍကို အပြီးဖယ်ထုတ်နိုင်သလား။
📌 ဘာသာရေး ခေါင်းဆောင်တွေနဲ့ လူငယ်လူထုကြား ပြန်ပြီး ညီညွတ်နိုင်ဖို့ ဘယ်နည်းလမ်းက အလုပ်ဖြစ်မလဲ။

🎧 ဒီ Episode 3 (Part -1) နားထောင်ပြီး သင့်အမြင်ကိုလည်း မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးမှာ ဘာသာရေး အခန်းကဏ္ဍက ဆက်ရှိနေသင့်လား ဒါမှမဟုတ် သီးခြားဖြစ်သင့်လား။ သင်ရောဘယ်လိုထင်ပါသလဲ။

👉 Part 2 ကို ဆက်လက်တင်ဆက်ပေးသွားပါမယ်။

Mosaic Myanmar နဲ့အတူ ပါဝင်ဆွေးနွေးဖို့၊ နားဆင်ဖို့၊ တွေးတောဆင်ခြင်ဖို့နဲ့
ဒီအစီအစဉ်ကို လူအများသိရှိနိုင်အောင် မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။

27/09/2026

အမျိုးလို့ခေါ်တဲ့အခါမှာ ကျွန်တော်တို့က သဘောထားကြီးကြီး၊ ကျယ်ကျယ်ပြန့်ပြန့် စိတ်နှလုံးထားပြီး စဉ်းစားဖို့လိုတယ်။ ဉပမာ ဗမာ-မွတ်စလင်တွေပဲကြည့်ပါ။ ဗမာစကားပြောတယ်။ ဒီလူတွေက ဗမာစကားပဲပြောတယ်။ ကျန်တဲ့စကားလည်း ပြောနေတာမဟုတ်ဘူး။ အဲတော့ ဒီလူတွေက ဗမာ-မွတ်စလင်ပေါ့။ အဲဒါကို အဆက်ဆက် State ကနေနှိပ်ကွပ်ပြီးတော့ တခါမှမကြားဖူးတဲ့၊ ရောက်လည်းမရောက်ဖူးတဲ့ နယ်မြေ အစုံထည့်ထားတယ်။ ဒီမှာပဲနေ၊ ဒီမှာပဲကြီး၊ ဒီမှာပဲ သေကြမှာပဲ။အဲဒီတော့ အဲဒီဟာတွေ လုပ်မယ့်အစား ကျယ်ပြန့်တဲ့၊ အပွင့်သဘောဆောင်တဲ့ လူ့အဖွဲ့အစည်းကို ရောက်ဖို့ အမျိုးအဓိပ္ပါယ်ကို ဖွင့်ဖို့လိုတယ်လို့ကျွန်တော် ယူဆတယ်။

26/09/2026

အခုကျွန်တော်တို့ အာဏာသိမ်းတာလည်း ၅ နှစ်ပြည့်တော့မယ်။ အများစု မြန်မာနိုင်ငံမှာရှိတဲ့ ဆရာတော် သံဃာတော်ကြီးတွေအနေနဲ့ ဆိုရင် ဒီအာဏာသိမ်းတဲ့ဟာက ဘယ်လောက် တိုင်းပြည်အပေါ်မှာ ထိခိုက်နစ်နာတယ် ဆိုတဲ့ဟာကို သူတို့သိတာပဲလေ။ အဲဒီအခါကျတော့ လူထု ဗုဒ္ဓဘာသာဝင်တွေ အများစုအနေနဲ့က ဒီဟာကို ထောက်ခံတဲ့ဆရာတော်ကြီးတွေကို သူတို့ပြောင်ပြောင်တင်းတင်း ဝေဖန်လာတယ်။ ဆန့်ကျင်လာတယ်။ အဲဒီလို ဝေဖန်ဆန့်ကျင်လာတာနဲ့အမျှ ကျွန်တော် ဘာစိတ်ပူလဲဆိုရင် အရင်ကတည်းက ရှိနေတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ အထူးသဖြင့် လူငယ်ထု ကြားထဲမှာရှိနေတဲ့ divide ပေါ့။ သူတို့ကြားထဲမှာရှိနေတဲ့ အဟက ပိုကျယ်လာမယ်။ ပိုကြီးလာမယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့က မနေ့ တနေ့ကပဲ အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုကြီးနဲ့အတူ တိုင်းပြည်မှာ တကယ်ကို ဒုက္ခသုက္ခတွေက အများကြီးဖြစ်တယ်။...

25/09/2026

မြန်မာနိုင်ငံမှာ ကျွန်တော်တို့စဉ်းစားတဲ့အခါမှာ state က ဘာသာရေးမှာမပါရဘူး ဆိုရင် သမိုင်းအရ မဖြစ်နိုင်ဘူး။ အခုအချိန်အထိ ကျွန်တော်တို့မှာ သာသနာရေး ဝန်ကြီးဌာနလည်း ရှိတယ်။ ပြီးတော့ နိုင်ငံတော် အစိုးရက ချီးမြှောက်မှ ကျွန်တော်တို့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာက တိုးတက်မယ်၊ စည်ပင်မယ်၊ ပြန့်ပွားမယ်လို့ ဗုဒ္ဓဘာသာဝင်အများစုက ယူဆကြတယ်။ ကျန်တဲ့ဘာသာဝင်တွေ အတွက်မှာလည်း state လို့ခေါ်တဲ့ နိုင်ငံတော်က လုံးဝကိုပဲ သူတို့ကို လျစ်လျူရှုထားတဲ့ သဘောမျိုးဖြစ်နေပြီးတော့ အဲဒီလို လျစ်လျူရှုထားတဲ့သဘောမျိုး သက်ရောက်နေတာကြောင့် ဘာသာရေးအားဖြင့် ဘာသာဝင်တွေမှာ စဉ်းစားတာတွေက ခေတ်နဲ့မလျော်ညီတာတွေ၊ တိုင်းပြည်မှာ ဘာသာပေါင်းစုံ ရင်းရင်းနှီးနှီး ချစ်ချစ်ကြည်ကြည်နေနိုင်ဖို့ဆိုတဲ့ အခြေအနေဘက်ကို မဦးတည်ဘဲ ဆန့်ကျင်ဘက် အစွန်းတွေကို ဦးတည်နေတာတွေ။...

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ ဘာသာတရားတစ်ရပ်ဖြစ်ရုံသာမက လူမှုဘဝ၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပ...
25/09/2026

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ ဘာသာတရားတစ်ရပ်ဖြစ်ရုံသာမက လူမှုဘဝ၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာ့လူ့အဖွဲ့အစည်းမှာ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေဟာ ဗုဒ္ဓဘာသာ၊ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းတို့ရဲ့ ဆက်ဆံရေးအပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။

အခုထုတ်ဝေလိုက်တဲ့ Inclusive Future Myanmar စာတမ်း အမှတ်စဉ် (၃)၊ “မျက်မှောက်ခေတ် မြန်မာပြည်တွင် ဗုဒ္ဓဘာသာ၏ ပြောင်းလဲလာသော အခန်းကဏ္ဍ” မှာ သီတဂူဆရာတော်၊ မိုင်းဖုန်းဆရာတော်နဲ့ ဝင်းနိမ္မိတာရုံဆရာတော်တို့နဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်သုံးခုကို လေ့လာထားပါတယ်။ ဒီဖြစ်ရပ်တွေကနေတစ်ဆင့် သံဃာတော်တွေနဲ့ နိုင်ငံရေးရဲ့ ဆက်ဆံရေး၊ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ အမြင်တွေ နဲ့ ပြောင်းလဲလာတဲ့ လူမှုသဘောထားတွေကို ဆန်းစစ်ထားပါတယ်။

အနာဂတ်မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံတော်ရဲ့ ဆက်ဆံရေးကို ဘယ်လိုသတ်မှတ်ကြမလဲဆိုတာ ဆွေးနွေးကြတဲ့အခါ တချို့က နှစ်ခုကို ရှင်းရှင်းလင်းလင်း ခွဲခြားထားသင့်တယ်လို့ အဆိုပြုကြပါတယ်။ တချို့ကတော့ ဘာသာရေးဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့အတွက် အပြည့်အဝ ခွဲခြားဖို့ လက်တွေ့မှာ မလွယ်ကူဘူးလို့ ထောက်ပြကြပါတယ်။

ဒီမတူညီတဲ့ အမြင်တွေကို လေးစားမှုရှိရှိ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး Mosaic Myanmar က ဒီစာတမ်းကို မျှဝေလိုက်ပါတယ်။

📖 စာတမ်းအပြည့်အစုံ ဖတ်ရှုရန်

မြန်မာဘာသာ – https://shorturl.at/QLobY
အင်္ဂလိပ်ဘာသာ – https://shorturl.at/efta7

စာတမ်းအပေါ် သင့်အတွေးအမြင်၊ ဝေဖန်ချက်နဲ့ အကြံပြုချက်တွေကို Mosaic Voices မှတစ်ဆင့် [email protected] သို့ ပေးပို့မျှဝေနိုင်ပါတယ်။

(စာမူဆိုင်ရာအသေးစိတ်သတ်မှတ်ချက်များကို https://shorturl.at/RuYLQ မှာဖတ်ရှုနိုင်ပါတယ်။)

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

959961520090

Alerts

Be the first to know and let us send you an email when MOSAIC MYANMAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MOSAIC MYANMAR:

Shortcuts

Share