01/10/2020
လေကြောင်းလုံခြုံရေးဟုဆိုရာ၌
မည့်သို့သော အချိန်ကာလ
မည်သို့သော အကျပ်အတည်းမျိုးမှာပင်ဖြစ်စေ
သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ
ခရီးသွားပြည်သူများ,လေကြောင်းဆိုင်ရာ လူပုဂ္ဂိုလ်/ပစ္စည်းများ
နှင့် အခြားသော ဆက်စပ်ထိခိုက်မှုခံရနိုင်သည်များကို
လုံခြုံမှုရှိအောင် စွမ်းစွမ်းတမံဆောင်ရွက်ခြင်းပင်ဖြစ်သည်.
လေကြောင်းလုံခြုံရေး ဟူသည်မှာ
မည်သို့သော ကန်သတ်ချက် အကျပ်အတည်းရှိသည်ဖြစ်စေ
လျော့ပေါ့ ဆောင်ရွက်၍ မရသော
အချိန်တိုင်းတွင် တိကျစွာဆောင်ရွက်ရန် လိုအပ်သော
လုပ်ငန်းစဥ်တစ်ခုပင်ဖြစ်သည်..
( ပုံညွှန်း. Pandemic ကာလအတွင်း
သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ.
အပင်ပန်းခံတာဝန်ထမ်းဆောင်နေသော.
လေကြောင်းလုံခြုံရေးအဖွဲ့ဝင်များ. )