01/02/2025
ဆရာ၊ ဆရာမတွေအတွက်ပါ။ ဆရာ၊ ဆရာမတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူဖို့စိတ်ဝင်စားပါသလား။ ဒါဆိုရင် အကောင်းဆုံးသင်ကြားခြင်းနှင့်အောင်မြင်ခြင်း(TEA) ဆိုတဲ့ ပညာတော်သင်အစီအစဉ်က သင်တို့အတွက် လျှောက်လွှာတင်ဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ TEA ပညာတော်သင်အစီအစဉ်ဆိုတာ သီတင်းပတ်ခြောက်ပတ်ကြာ တက်ရောက်ရတဲ့ ပညာတော်သင်အစီအစဉ်တစ်ခုဖြစ်ပြီး နိုင်ငံတကာက ဆရာ၊ ဆရာမတွေအတွက် သူတို့ရဲ့သင်ကြားရေးစွမ်းရည် ပိုပြီး တိုးတက်ကောင်းမွန်ဖို့နဲ့ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်တဲ့ ဗဟုသုတအကြောင်းအရာတွေ ပိုပြီးတိုးပွားလာစေမယ့် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီပညာတော်သင်အစီအစဉ်အကြောင်း ပိုပြီးသိရဖို့အတွက် https://mm.usembassy.gov/fulbright-teaching-excellence-and-achievement-program/ မှာဝင်ကြည့်ပြီး လျှောက်လွှာတွေကို [email protected] ဆီကို ၂၀၂၅ မတ် ၁၀ မတိုင်ခင် အီးမေးလ်ပေးပို့ပြီး လျှောက်ထားနိုင်ပါတယ်။
Calling all teachers! Are you interested in studying in the U.S.? This is your chance to apply for the Fulbright Teaching Excellence and Achievement (TEA) Program! The TEA Program is a six-week program that provides international teachers with an opportunity to enhance their teaching skills and increase their knowledge about the United States. Please visit https://mm.usembassy.gov/fulbright-teaching-excellence-and-achievement-program/ to learn more and download the application form. Applications can be submitted via email to [email protected].
The deadline for applications is March 10, 2025.